← Chapters

ရှန်းရွှေလက်ဆောင်ဆန်တကယ်ဖြစ်ပြီ? အရည်အသွေးပိုကောင်းလာတယ်? ၂

Vol. 45 Ch. 667

ရှန်းရွှေလက်ဆောင်ဆန်တကယ်ဖြစ်ပြီ? အရည်အသွေးပိုကောင်းလာတယ်? ၂

Vol. 45 Ch. 667

"သူဌေးချင်က ရှန်းရွှေလက်ဆောင်ဆန်နဲ့ဧည့်ခံမယ်ထင်လား?''

"ထင်တာပဲ... အရင်က ပါမောက္ခလီခိုင်နဲ့သူဌေးချင် စမ်းသပ်နေတာမလား?''

"အင်း... လီရှင်းပြောတာ ကြားဖူးတယ်... အစက အပင်မပေါက်ဘူးတဲ့''

အမျိုးသမီးသုံးဦးမှာ ဟိုးအရင်ကစံအိမ်ရောက်ပြီး မူလခန်းမအနောက်ဘက်ခြံဝင်းမှစပါးပျိုးပင်များအကြောင်းသိထားကြသည်။ ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့က စံအိမ်မကြာခဏရောက်သောကြောင့်ပင်။ အထူးသဖြင့် လီရှင်းက အချိန်အတော်ကြာကြာနေခဲ့၍ အကြောင်းပိုသိသည်။ ချင်လင်နှင့်လီခိုင်က ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်နေမှန်း သူသိသည်။

သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်က ဘယ်လိုဆန်မျိုးလဲ၊ ဘယ်လောက်ရှားလဲ သူတို့လည်းသိသည်။ လောင်ယွမ်တို့မအောင်မြင်ကြောင်းကိုပါ ကြားဖူးသည်။

ချင်းလင်စံအိမ်ကရှန်းရွှေလက်ဆောင်ဆန်ထွက်နိုင်လားဆိုတာ မသေချာ။

သို့ရာတွင် သူတို့စကားကို တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က စိတ်ဝင်စားသွားသည်။

သူတို့နှစ်ဦးက အချင်းချင်းကြည့်လိုက်ကြသည်။

ပါမောက္ခလီခိုင်က ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်နေတာလား?

သူဌေးချင်ဧည့်ခံချင်တဲ့၊ စံအိမ်မှာစိုက်တဲ့ဆန်ဆိုတာ ရှန်းရွှေလက်ဆောင်ဆန်လား?

သူတို့နှစ်ဦး လှုပ်လှုပ်ရွရွဖြစ်လာသည်။

ဒါ ရှန်းရွှေလက်ဆောင်ဆန်!

ရှန်းရွှေလက်ဆောင်ဆန်၏အာဟာရကြွယ်ခြင်း၊ နုပျိုစေခြင်းအာနိသင်ကြောင့် တရုတ်သိပ္ပံအကယ်ဒမီမှအထူးပြုသုတေသနလုပ်ငန်းအဖြစ် စာရင်းပြုစုခဲ့ဖူးသည်။ လုပ်ငန်းခေါင်းဆောင်က အကြီးအကဲယွမ်ဖြစ်သည်။

ရလဒ်က သိတဲ့အတိုင်း၊ လုပ်ငန်းမအောင်မြင်ခဲ့။ နောက်ဆုံး သုတေသနကုန်ကျစရိတ်မြင့်မားခြင်းနှင့်စမ်းသပ်ရခက်ခဲလွန်းခြင်းကြောင့် လက်လျှော့ခဲ့ရသည်။

ရှန်းရွှေလက်ဆောင်ဆန်မှာ ပတ်ဝန်းကျင်လွှမ်းမိုးမှုများသည်။

တခြားနေရာပတ်ဝန်းကျင်များမှာ လိုအပ်သောအခြေအနေပြည့်စုံမှုမရှိ။ ထိုစမ်းသပ်စိုက်ပျိုးသောနေရာများတွင် မျိုးစေ့အများစုမပေါက်နိုင်ချေ။ ပေါက်ခဲ့ရင်တောင် အရသာဆိုးဝါးသည်။ အာဟာရသိပ်မရှိဘဲ စားမကောင်းပေ။

အခု ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဆန်တကယ်စိုက်နိုင်ပြီတဲ့လား?

ကြားရတာ စိတ်ကူးယဉ်ဆန်သော်လည်း ပါမောက္ခလီခိုင်၏ပျိုးထောင်နိုင်စွမ်းကိုတွေးမိသောအခါ ဖြစ်နိုင်ပုံရပြန်သည်။

တော်ဝင်ပညာရှင်လီက အမျိုးသမီးသုံးဦးကိုမမေးဘဲမနေနိုင်တော့_

"မင်းတို့သုံးယောက်ပြောတာ ပါမောက္ခလီခိုင်က ရှန်းရွှေလက်ဆောင်ဆန်စိုက်ထားတာလား?''

အမျိုးသမီးသုံးဦးမှာ အပန်းဖြေစံအိမ်တွင်အနားယူတာကြာပြီဖြစ်၍ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်အကြောင်းသိထားကြသည်။

တော်ဝင်ပညာရှင်လီ၏အမေးကို လင်းလျိုကရိုရိုသေသေပြန်ဖြေသည်_

"တော်ဝင်ပညာရှင်လီ... ကျွန်မ မပြောတတ်ဘူး... သူဌေးချင်ကတော့ ရှန်းရွှေလက်ဆောင်ဆန်စိုက်နေတာ အမှန်ပဲ''

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြန်သည်။

သူတို့မျက်လုံးထဲတွင် ပြောမပြတတ်သောမျှော်လင့်ချက်များနှင့်။

ချင်းလင်စံအိမ်သာ ရှန်းရွှေလက်ဆောင်ဆန်တကယ်စိုက်နိုင်ရင် လုံးဝအံ့ဩစရာကောင်းပြီး ဒီအ​ကြောင်း အုတ်အော်သောင်းတင်းဖြစ်ဦးမည်။

နောက်ဆုံး သူတို့စောင့်ဆိုင်းနေစဉ် ချင်လင်က စားပွဲထိုးခေါ်လာပြီး ဟင်းပွဲများတည်ခင်းသည်။ ပုံမှန်ဆေးစွပ်ပြုတ်အပြင် ဒီနေ့ထမင်းပန်းကန်ကို တော်ဝင်ပညာရှင်လီတို့စိတ်ဝင်စားနေကြသည်။

တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန် ဆက်မစောင့်နိုင်တော့။ မတ်တပ်ထရပ်ကာ သူ့ဆီလျှောက်သွားလိုက်သည်။ သူတို့က ကိုယ်စီထမင်းပန်းကန်မပြီး စူးစမ်းကြည့်သည်။

"သူဌေးချင်... ဒါ မင်းစံအိမ်မှာစိုက်တဲ့ရှန်းရွှေလက်ဆောင်ဆန်လား?''

တော်ဝင်ပညာရှင်လီက အလောတကြီးမေးသည်။

"တော်ဝင်ပညာရှင်လီ... ဒါ ရှန်းရွှေလက်ဆောင်ဆန်မှန်းသိတယ်လား?''

ချင်လင် ခေါင်းညိမ့်ပြသည်။

"တကယ် ရှန်းရွှေလက်ဆောင်ဆန်လား?''

တော်ဝင်ပညာရှင်လီ စိတ်လှုပ်ရှားသွားသည်။

"ဒီလိုဆန်မျိုးကို တကယ်စိုက်နိုင်လား?''

ပါမောက္ခရန်ကပြောပြောဆိုဆို တူကိုင်ပြီး ပါးစပ်ထဲနှစ်လုတ်ထည့်လိုက်သည်။

တစ်ခဏအတွင်း ထမင်းကိုအရသာခံလိုက်၏။

ရှန်းရွှေလက်ဆောင်ဆန်က သာမန်ဆန်တွေထက်ပိုအရသာရှိသည်။

အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်တွင် စားကောင်းခြင်း +၁ နှင့် အရသာ +၁ အရည်အသွေးရှိသောကြောင့် အရသာခံရလွယ်သည်။

"ဒီဆန်အရသာက အရင်သူဌေးချင်ယူလာတဲ့အရည်အသွေးမြင့်ဆန်နဲ့မယှဉ်နိုင်ပေမဲ့ သာမန်ဆန်နဲ့အတူတူလောက်ပဲ''

ပါမောက္ခရန်က တန်းပြောလိုက်သည်။

ပါမောက္ခရန်ပြောတဲ့အရည်အသွေးမြင့်ဆန်ဆိုသည်က အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ဖြစ်သည်။ အထူးဆေးစွပ်ပြုတ်နှင့်တွဲဖက်ပေးသောဆန်က အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ပင်။

သာမန်ဆန်က အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကိုခေါ်ခြင်းဖြစ်သည်။

တကယ့်သာမန်ရှန်းရွှေလက်ဆောင်ဆန်က ဒီလောက်အရသာမရှိမှန်း သူမသိ။ အရည်အသွေး ၁ ဆန်က သာမန်ဆန်ထက်တစ်ဆင့်မြင့်ပြီး အရည်အသွေး ၂ ကနှစ်ဆင့်မြင့်သည်။

တော်ဝင်ပညာရှင်လီလည်းတူကိုင်ပြီး နည်းနည်းစားကြည့်သည်။ သူလည်းအရသာရှိသည်ဟုခံစားရသည်။

"သူဌေးချင်... ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်ပြီးပြီလား?''

သူကတန်းမေးသည်။

အရသာနှင့်အထိအတွေ့က စံမီသော်လည်း ရှန်းရွှေလက်ဆောင်ဆန်ကို လက်ဆောင်ဆန်လို့ခေါ်ရတဲ့အကြောင်းရင်းက အရသာကြောင့်မဟုတ်။

ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ထက်အရသာပိုရှိသောဆန်တွေအများကြီးရှိသည်။

ရှန်းရွှေလက်ဆောင်ဆန်မှာ အာဟာရကြွယ်ခြင်းနှင့်နုပျိုစေခြင်းကြောင့် လက်ဆောင်ဆန်ဟုလူသိများခြင်းဖြစ်သည်။

ဒီအရည်အသွေးတွေရှိမှသာ ရှန်းရွှေလက်ဆောင်ဆန်အမှန်တကယ်ရသည်ဟုဆိုနိုင်သည်။

မဟုတ်ရင် မအောင်မြင်သောထုတ်ကုန်သာဖြစ်မည်။ အရသာနည်းနည်းပိုရှိပြီး ပိုစားကောင်းသောဆန်အဖြစ်သာသတ်မှတ်ရမည်။

"အစ်ကိုလီ စမ်းသပ်နေပါတယ်''

ချင်လင်က ရှင်းပြသည်_

"ရှန်းရွှေလက်ဆောင်ဆန်ရဲ့အချက်အလက်တွေကိုကိုးကားပြီး မကြာခင် စမ်းသပ်ပြီးပါလိမ့်မယ်''

လင်းလျိုတို့က ဒါတွေစိတ်မဝင်စား။ စားပွဲထိုးချပေးသည်နှင့် စတွယ်တော့သည်။

သူတို့အဖို့တော့ အရသာကောင်းသည်။ စားကောင်းသည်။

နောက်ပြီး အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကရခဲသည်။ အရင်က လီဖေးရဲ့ဇိမ်ခံပစ္စည်းများဆီကတောင် များများဝယ်မရချေ။

ပြီးတော့ လီဖေးက အရည်အသွေးနိမ့်ထုတ်ကုန်များနှင့်တောင် လှည့်စားသေးသည်။ အရသာနှင့်အထိအတွေ့က အခုစားနေသောဆန်ထက်အများကြီးညံ့သည်။

သူဌေးချင်သာ ရှန်းရွှေလက်ဆောင်ဆန်ကိုကိုယ်တိုင်စိုက်နိုင်ရင် ရှေ့လျှောက် သေချာပေါက်ဝယ်လို့ရမည်။ နေ့တိုင်း ရှန်းရွှေလက်ဆောင်ဆန်စားနိုင်မည်။ ဒါအရင်က စိတ်ကူးမယဉ်ရဲသောအရာပင်။

ထို့နောက် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်မှာ စားချင်စိတ်ပျောက်သွားတော့သည်။

သူတို့နှစ်ယောက်လုံး လီခိုင်၏စမ်းသပ်ချက်အဖြေကိုစောင့်မျှော်နေသည်။ တော်ဝင်ပညာရှင်လီကစိတ်လောပြီး ချင်လင်ကို လီခိုင်ဆီဖုန်းတောင်ဆက်ခိုင်းသည်။

သူတို့ဒီလိုဖြစ်နေတာ အံ့ဩစရာတော့မဟုတ်။

သုတေသနသမားများအဖို့ ဒီထက်ပိုစိတ်လှုပ်ရှားစရာမရှိတော့ပြီ။

နောက်ဆုံး...

နေ့လယ်ပိုင်းအတွင်း လီခိုင်က ချင်းလင်စံအိမ်တွင်စိုက်သောရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်ပြီးသွားသည်။ သူက စမ်းသပ်ချက်ကိုအပန်းဖြေစံအိမ်ယူလာသည်။

လီခိုင်က ချင်လင်ကိုမြင်မြင်ချင်း စိတ်လှုပ်ရှားသံနှင့်_

"ညီလေးချင်... စံအိမ်မှာစိုက်တဲ့ရှန်းရွှေလက်ဆောင်ဆန်ရဲ့ရလဒ်ကိုမှန်းကြည့်စမ်း? မင်းမှန်မှာမဟုတ်ဘူး''

လီခိုင်ကသိချင်အောင်လုပ်ပြီး တစ်ခုခုပြောတော့မည်ကို ချင်လင်မြင်သော်လည်း တစ်ချိန်လုံးစောင့်နေရသောတော်ဝင်ပညာရှင်လီက အလောတကြီးဝင်ပြောသည်_

"ပါမောက္ခလီခိုင်... သို့လောသို့လော လုပ်မနေပါနဲ့တော့... စမ်းသပ်ချက်အဖြေပြောစမ်းပါ''

တော်ဝင်ပညာရှင်လီပြော၍ လီခိုင်ကချက်ချင်းပင်_

"ကျွန်တော် စံအိမ်မှာစိုက်တဲ့ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်ခိုင်းပြီးတော့ ရှန်းရွှေကဆန်ရဲ့အချက်အလက်နဲ့ယှဉ်ကြည့်တယ်''

"အာဟာရတန်ဖိုးနဲ့နုပျိုစေတဲ့ဗီတာမင်အချက်အလက်တွေမှာ စံအိမ်မှာစိုက်တဲ့ရှန်းရွှေလက်ဆောင်ဆန်က ရှန်းရွှေကဆန်ထက်အများကြီးပိုမြင့်တယ်''

ဒါကိုကြားပြီး ချင်လင်မအံ့ဩမိ။ ရှန်းရွှေလက်ဆောင်ဆန်က သာမန်ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုမြင့်မည်ပင်။

သို့ရာတွင် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က ရလဒ်ကိုကြားပြီး လီခိုင်ဆီသတိလက်လွတ်လျှောက်သွားကာ စမ်းသပ်ချက်ကိုကြည့်လိုက်ကြသည်။

ရှန်းရွှေလက်ဆောင်ဆန်ကိုပျိုးထောင်ဖို့ခက်သည်။ အရည်အသွေးမြင့်ဆန်ကိုပျိုးထောင်ဖို့ ပိုတောင်ခက်သေးသည်။

ချင်းလင်စံအိမ်ကဘယ်လိုလုပ်ပြီး အရည်အသွေးပိုကောင်းတဲ့ဆန်စိုက်နိုင်တာလဲ?

All Chapters