← Chapters

အပိုင်း (၅၀၃) – တစ္ဆေအရည်အချင်းနှင့် မိုဒိဆန်း

Vol. 006 Ch. 503

အပိုင်း (၅၀၃) – တစ္ဆေအရည်အချင်းနှင့် မိုဒိဆန်း

Vol. 006 Ch. 503

ရှီမာယူယူသည် သတ္တိရှိသော ကုန်ရှန်ယိကို ကြည့်ကာ ပီတိဖြစ်မိပြီးပြောလေသည် “ငါတို့ကို ကြည့်  ပေးပါဦး ငါတို့က အကြာကြီးနေမှ စကားပြောရတာလေ”

ရှီမာယူယူ၏ အပြုံးကိုတွေ့လိုက်သောအခါ သူမ စိတ်ကောင်းဝင်နေသည်ကို ဝူလင်းယူ သိလိုက်သည်။ သူမသည် အံ့ဖွယ်အဆင့်တက်ပြီးသည့်အချိန်မှစပြီး ငိုနေကာ အားတင်းပြီးပြုံး ခဲ့ရသည်သာ။ ဒီတစ်ခါ သူမ စိတ်ပါလက်ပါပြုံးသည်မှာ ထိုအချိန်မှစပြီး ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအကြောင်းအားတွေးမိလိုက်သည်နှင့် သူသည် ရှီမန်ဖန်အား ခဏခဏကြည့်မိသည်။ သူက သူမကို ဘာလို့အစ်မလို့ ခေါ်ရတာလဲ။ သူ အကျိုးအကြောင်းမဆက်စပ်မိ သည့်အရာသည် ထူးဆန်းသော အကြောင်းပင်  ဖြစ်မည်။

သူ မည်မျှပင် ဉာဏ်ပြေးစေကာမူ ပြန်လည်ဝင်စားခြင်းကိုတော့ တွေးမိမည်မဟုတ်ပေ။

ရှီမာယူယူသည် ထလိုက်ကာ တင်ပါးမှဖုန်များကို ခါပြီး ပြောလိုက်သည် “ဖန်လေး ရှန်ဒုံမြို့တော်ကို ဘာသွားလုပ်မလို့လဲ”

“လူတစ်ယောက်ကို သွားရှာမလို့” ရှီမန်ဖန်သည်လည်း ရပ်လိုက်သည်။ “ကုန်တောင်ကြားက အမြဲတမ်း တစ္ဆေအရည်အချင်းရှိတဲ့မိုဒိဆန်း ကိုရှာနေခဲ့တာ၊ သူက အပြင်ပိုင်းဒေသကို ရောက်နေတယ်လို့ သတင်းကြားလို့ သူ့ ကို ခြေရာခံလိုက်ကြတယ်၊ နောက် ၂ရက်ကြာရင် သူ ရှန်ဒုံမြို့တော်ကို သွားမယ်လို့ သတင်းကြားခဲ့တယ် အဲဒါကြောင့် သူ့ကိုများတွေ့ရမလားလို့ သွားကြည့်မလို့”

“တစ္ဆေအရည်အချင်းမိုဒိဆန်း ဟုတ်လား၊ အဲလူက သူလိုချင်တာကို မရရအောင် လုပ်တတ်တဲ့လူမျိုး ဘာလို့ သူ့ကိုရှာတာလဲ” ရှီမာယူယူ နားမလည်ပေ။

“သူ့ကို အကူအညီတစ်ခုတောင်းစရာရှိလို့” ရှီမန်ဖန် ပြောလေသည်။

“ရှီမန်ဖန် သူမကို ဘာလို့အကုန်ပြောပြနေရတာလဲ” ကုန်ရှန်ယိသည် ရှီမန်ဖန်အား မကျေနပ်စွာ ကြည့် လေသည်။

“ငါဘယ်တော့မှ အစ်မကို လျှို့ဝှက်ထားတာမရှိဖူးဘူး” ရှီမန်ဖန် ပြန်ဖြေလေသည်။

“သိပြီ မင်း မိုဒိဆန်းကိုသွားရှာရင်တောင် သူက မင်းကို ဂရုစိုက်မှာမဟုတ်ဘူး သူက ခြေင်္သေ့လိုမျိုး ဝါးမျို သွားရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလေသည်။

“အစ်မ သူ့ကိုသိလို့လား” ရှီမန်ဖန်သည် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ငါ အသက်၁၀၀တုန်းက မြောက်ပိုင်းမိုကို သွားခဲ့တယ်မလား” ရှီမာယူယူ ပြောလိုက်သည်။ “အဲတုန်းက ငါသူနဲ့ တွေ့ပြီး သိခဲ့ရတယ်”

“မှတ်မိပြီ အဲတုန်းက အစ်မ မိတ်ဆွေအသစ်ရလာပြီး သူ့အကျင့်စရိုက်ကလည်း ထူးဆန်းတယ်လို့ ပြော ဖူးတယ် သူ့ကို အရှက်မရှိတဲ့ ဒိဆန်းဆိုလားပဲ ခေါ်တာလေ အစ်မပြောတဲ့ အဲလူက မိုဒိဆန်းပဲမလား”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“အဲဒါလည်း ကောင်းတာပဲ အစတုန်းက သူ့ကိုရှာဖို့ ယုံကြည်ချက်မရှိခဲ့ဘူး အခုတော့ အစ်မရှိနေတော့  ပြဿနာမရှိတော့ဘူး” ရှီမန်ဖန် ပြောလိုက်သည်။

“အသက် ၁၀၀တုန်းက ဟုတ်လား” ကုန်ရှန်ယိသည် ရှီမာယူယူအား အထင်သေးစွာ ကြည့်ကာ ပြော  လေသည် “မင်းလိုကောင်လေးက အသက် ၂၀ဝန်းကျင်ပဲ ရှိဦးမယ်မလား၊ ဘယ်လိုလုပ် အသက် ၁၀၀ ရှိမှာလဲ မဟုတ်ရင် မင်းရဲ့ အသက်ကို ဖုံးကွယ်ဖို့ နည်းလမ်းများရှိနေတာလား၊ ငါ့ကိုသင်ပေးပါလား”

ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “ဒီနည်းလမ်းကို မင်းကိုသင်ပေးဖို့ ငါ့မှာ နည်းလမ်းမရှိဘူး”

သေဆုံးပြီးနောက် ပြန်လည်ဝင်စားခြင်း…. သူမ မည်သို့လုပ်ခဲ့သည်ကို သူမကိုယ်တိုင် ပင် မသိပေ၊ တခြားလူကို ဘယ်လိုပြန်သင်မလဲ။

ဝူလင်းယူပင်လျှင် ရုတ်တရက် တစ်ခုခုကို နားလည်သွားသကဲ့သို့ ရှီမာယူယူကို တွေဝေစွာ ကြည့်လေသည်။

ကုန်ရှန်ယိသည် နှုတ်ခမ်းများတွန့်လိုက်ကာ ပြောလေသည် “ရပါတယ် ဒါဆိုလည်း မပြောပါနဲ့ ကောင်းပြီ  မြန်မြန်သွားကြမယ်”

“အိုခေ”

ရှီမန်ဖန်သည် သားရဲပျံကို ခေါ်ထုတ်လိုက်သည်။ ရှီမာယူယူသည် ထိုအကောင်ကို မြင်လိုက်သည့် အချိန် တွင် အမှန်တကယ်ပင် ဖီးနစ်ငှက်ဖြစ်နေသည်။

“မင်းမှာ ထိန်းကျောင်းပြီးသားဖီးနစ်ရှိနေတာပဲ တကယ်ပဲလိုချင်တာရသွားတာပဲ” ရှီမာယူယူ သည် ပြုံး  ပြီး ပြောလေသည် “မင်းတို့ကို လိုက်မမှီတာ မထူးဆန်းတော့ပါဘူး”

ရှီမန်ဖန်သည် ပြုံးသော်လည်း ဘာမှမပြောပေ။ သူတို့သည် ခရီးဆက်ကြလေသည်။

သူတို့သည် နောက်နှစ်ရက်အတွင်းပျံသန်းကြရာ ရှန်ဒုံမြို့တော်အပြင်ရောက်မှပင် ရပ်ကြလေသည်။

“ကျွီ ကျွီ”

စက္ကူကြိုးကြာတစ်ကောင်သည် ရှန်ဒုံမြို့တော်ထဲမှ ပျံသန်းလာကာ ကုန်ရှန်ယိ၏ နား အနားတွင် ဝဲနေပြီး မှ သူမလက်ထဲဆင်းသက်လေသည်။ သူမသည် ဝိညာဉ်စွမ်းအင် ထည့်လိုက်ရာ စာရွက်ဗြောင်အဖြစ်ပြောင်းသွား  လေသည်။

“မိုဒိဆန်း ကရှန်ဒုံမြို့တော်ကို ရောက်နေပြီးလို့ အခုလက်ရှိကို အဲဒီက အကြီးဆုံးတည်းခိုဆောင်မှာ တည်း နေတယ်လို့ ကြိုးကြာလေးကပြောတယ်” ကုန်ရှန်ယိသည် အားလုံးကို ပြောလိုက်သည်။

“ဒါဆို အဲမှာပဲနေလိုက်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူဘာလို့ ဒီကိုလာတာလဲဆိုတာ သိ လား၊ ဘယ်လောက်နေမှာတဲ့လဲ”

“သူဘာလို့လာတာလဲတော့ မသိဘူး ဒါပေမဲ့ သူဒီမှာ ၄ရက်နေမယ်လို့တော့ကြားတယ်၊ အခုတော့ သူက ဒီကိုရောက်နေတာ ၁ရက်ကြာပြီဆိုတော့ နှစ်ရက်ပဲအချိန်ရှိတော့တယ်” ကုန်ရှန်ယိပြောလေသည် “အချိန်က  တော့ ကြပ်နေပြီ သူ့ကိုပဲတိုက်ရိုက်သွား ရှာတာကောင်းမယ်”

“အခုလက်ရှိအခြေအနေကို အရင်သွားကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလေသည်။

“အိုခေ”

သူတို့မြို့အတွင်းဝင်ပြီးနောက်တွင် မိုဒိဆန်းတည်းခိုသော တည်းခိုဆောင်အား ရှာဖွေကာ ဝင်ကြလေ သည်။

သူတို့သည် အခန်း ၄ခန်းငှားလိုက်ကာ စားပွဲထိုးအား သတင်းမေးမြန်းရာတွင် မိုဒိဆန်းသည် မနက်ပိုင်း တွင် ထွက်သွားလေ့ရှိပြီး ညပိုင်းတွင် ပြန်လာတတ်သည်ဟု ဆိုသည်။ သည်လိုနှင့် အားလုံးသည် အခန်းများသို့ သွား နားကြလေသည်။

“ဖန်လေး အခုချိန်မှာ ငါဒီလိုပုံနဲ့ကတော့ မိုဒိဆန်း ကို သွားတွေ့ဖို့က အဆင်မပြေသေးဘူး မင်းပဲ သွားတွေ့ ကြည့်ပါလား အဆင်ပြေနိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အိုခေ”

“အဲအချိန်ကျရင်တော့ ငါမင်းအတွက် ဆေးလုပ်ပေးမယ် အရင်ဆုံးလည်ချောင်းကို ကုသရမယ်” ရှီမာယူယူသည် ဆက်ပြောလေသည်။

“အစ်မခရီးအဝေးကြီးလာခဲ့ရပြီ နားတော့လေ၊ ငါ့အသံက ရှင်းဆွေတောင်ကြားထဲကို ကျသွားကတည်း က ဒီလိုဖြစ်သွားတာ၊ ဒီနှစ်တွေမှာ အသားကျနေပြီ” ရှီမန်ဖန် ပြောလေသည်။

“ငါသိပါတယ်” ရှီမာယူယူ ပြောလေသည် “သွားကြမယ် ငါ့ကိုယ်ပိုင်နေရာကို ခေါ်သွားမယ်”

ပြောပြီးနောက်တွင် သူမသည် ရှီမန်ဖန်ကို ဝိညာဉ်စေတီအတွင်းခေါ်သွားလေသည်။ သူတို့ပျောက်သွား သည်နှင့် ဘေးအခန်းတွင် ကျင့်ကြံေသော ဝူလင်းယူသည် မျက်လုံးဖွင့် လာသည်။

“အစ်မ ဒါက ဝိညာဉ်စေတီမလား” ရှီမန်ဖန်သည် ဝိညာဉ်စေတီအတွင်းရှိ ပတ်ဝန်းကျင်ကို တွေ့သောအခါ အလွန်အံ့သြမိလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် ပြုံးပြီးခေါင်းညိမ့်လေသည် “ခါတိုင်းဆိုရင် ဒီမှာလူများတယ်၊ ဒါပေမဲ့ အခု သူတို့က ရင်မျိုးနွယ်မှာ တည်းနေကြလို့ ဒီနေရာက လွတ်နေ တာ”

“အဲဒါကြောင့်ကိုး ဒီမှာလူနေထားတဲ့ အရိပ်အယောင်တွေတွေ့နေတာ” ရှီမန်ဖန် ပြောလေသည် “ဒီကမ္ဘာ မှာ ဒီလိုတန်ဖိုးရှိပြီး ကောင်းတဲ့နေရာမျိုး ရှိတယ်လို့တွေး ဖို့တကယ်ခက်တယ်”

“ဒါတွေက ဒီခန္ဓာကိုယ်ပိုင်ရှင်ကို သူမအမေက ပေးခဲ့တဲ့ပစ္စည်းတွေ အဲတုန်းက သူမက ကျင့်ကြံလို့မရ  တော့ ဒါတွေကို သုံးလို့မရခဲ့တာတော့ နှမြောဖို့ကောင်းတယ်” ရှီမာယူယူသည် အမှန်တကယ်ပင် မူလ ခန္ဓာ ကိုယ်ပိုင်ရှင်ကို သနားမိသည်။

“ဒီနေရာက လောကအသေးတွေနဲ့တောင်ယှဉ်လို့ရတယ် မဟုတ်ဘူးဒါကတောင် ပိုကောင်းသေးတယ်” ရှီမန်ဖန်ပြောလေသည်။

ရှီမန်ဖန်၏ မျက်လုံးထဲမှ သိလိုစိတ်များကို ရှီမာယူယူတွေ့သောအခါ ပြုံးပြီးပြော လေသည် “ဒီက အချိန် တစ်ရက်က အပြင်က ၁၀ရက်နဲ့ညီတယ်၊ ငါ ဆေးသွားဖော်လိုက်ဦးမယ် မင်းအချိန်ရှိရင် ဒီမှာနေပြီး သေချာ ကျင့်ကြံလို့ရတယ်”

ပြောပြီးနောက်တွင် သူမသည် ဆေးအခန်းသို့သွားလေသည်။ ဝိညာဉ်လေးကို စိုက်ခင်းမှ ဆေးဖက်ဝင် ပစ္စည်းအချို့ကို ယူခိုင်းလိုက်လေသည်။ ထို့နောက်တွင် သူမသည် ဆေးပင်အခြောက်များကို ထုတ်ကာ သန့်စင်  ပြီးနောက် ဆေးစတင်ဖော်လေသည်။

တစ်ရက်အကြာတွင် သူမသည် ဆေးဖော့်အခန်းမှ ထွက်လာရာ ရှီမန်ဖန်သည် ဆေးဧရိယာတွင်  ပျော်ရွှင်စွာ လှည့်ပတ်သွားလာနေသည်ကို တွေ့လိုက်ရသည်။

“အစ်မ ပြီးသွားပြီလား” ရှီမန်ဖန်သည် သူမအသံကြားသည်နှင့် ပျံလာလေသည်။

ရှီမာယူယူသည် ဆေးပုလင်းအား သူ့လက်ထဲထည့်ပြီး ပြောလေသည် “၂ရက်တစ်ခါကို ၁လုံးသောက်  ပေး မင်းအခု ကိစ္စတွေရှင်းပြီးရင် ငါပြန်တဲ့အချိန်ကျမင်းကို ပြန်ခေါ်သွားမယ် အရင်ဆုံး အပြင်ထွက်ကြတာပေါ့”

“အိုခေ”

ရှီမာယူယူသည် သူ့အားအပြင်ခေါ်သွားလေသည်။ ထို့နောက်တွင် သူမသည် အိပ်ယာတွင် လဲကာ အနားယူလေသည်။

သူမ မျက်လုံးများဖွင့်လိုက်ချိန်တွင် နောက်တစ်နေ့ရောက်နေပြီဖြစ်သည်။

အပြင်မှ စကားသံများကို ကြားလိုက်သည့်အခါတွင် သူမ အိပ်ရာပေါ်မှဆင်းကာ လျှောက်သွားပြီး တံခါး ဖွင့်လိုက်သည်။ သူမသည် တံခါးအားမှီကာ မျက်နှာဆူပုပ်နေသော ကုန်ရှန်ယိကိုကြည့်လိုက်သည်။

ရှီမန်ဖန်သည် ဘေးတွင်ရပ်နေကာ သူမ စကားများကို နားထောင်နေလေသည်။

“ယူယူ အစ်မပြောတာမှန်တယ် မိုဒိဆန်းက လက်ပေါက်ကပ်ပြီး ညှိမရတဲ့လူပဲ ငါတို့ဘာပြောပြော သဘောမတူပဲ နှင်ထုတ်တယ်”

ရှီမာယူယူသည် ရှီမန်ဖန်အား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အကူအညီမဲ့ သကဲ့သို့ ဖြစ် နေသည်။

“သူ့အကျင့်ကတော့ အရင်အတိုင်းပဲ ထူးဆန်းနေတုန်းပဲထင်တယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက် သည် “လာခဲ့ ငါမင်းတို့ကို သင်ပေးမယ်”

All Chapters