← Chapters

အင်တိုက်အားတိုက်! အကျိုးအမြတ်က ခန့်မှန်းရခက်! ၃

Vol. 45 Ch. 670

အင်တိုက်အားတိုက်! အကျိုးအမြတ်က ခန့်မှန်းရခက်! ၃

Vol. 45 Ch. 670

ကောင်းယောင်ယောင်က အပန်းဖြေစံအိမ်ဧည့်သည်များအကြောင်း အသေးစိတ်သိသူဖြစ်၍ ရှင်းပြသည်_

"အဲဒါ တော်ဝင်ပညာရှင်လီပါ... သူဒီစံအိမ်မှာအပန်း​ဖြေဖို့ တရုတ်သိပ္ပံအကယ်ဒမီကစီစဉ်ပေးတာပါ... နည်းဗျူဟာလက်နက်တွေအများကြီးဖွံ့ဖြိုးအောင်လုပ်ခဲ့တဲ့သူမလို့ သူဌေးနဲ့ပါမောက္ခလီခိုင်က သူ့ကိုအရမ်းလေးစားကြပါတယ်''

နည်းဗျူဟာလက်နက်သုတေသနအကြောင်းကြားပြီး ချန်လီလည်းလန့်သွားသည်။ တော်ဝင်ပညာရှင်လီဘယ်လောက်အရေးပါလဲ သူသိပြီ။

သူလည်း ဒီလိုတော်ဝင်ပညာရှင်မျိုးကိုလေးစားသည်။

လက်ရှိနိုင်ငံအတွင်းငြိမ်းချမ်းသာယာနေတာ ဒီလိုစီနီယာကြီးတွေရဲ့နေ့နေ့ညညသုတေသနလုပ်တဲ့အကျိုးကျေးဇူးတွေပဲလေ။

မကြာမီ ချင်လင်နှင့်ဆုံပြီး ချန်လီကလာရင်းကိစ္စကိုတန်းရှင်းပြသည်_

"သူဌေးချင်... ကျုပ်ဒီနေ့လာတာ ချင်းလင်ဓာတ်ခွဲခန်းကစာချုပ်ချုပ်တဲ့မြေအကြောင်းသိချင်လို့ပါ... အဲဒါ လေသန့်စင်တဲ့ပန်းပွားမြက်စိုက်ဖို့လား?''

"လက်ထောက်ချန် ဒီမြက်အကြောင်းသိလား?''

ချင်လင်ကပြုံးလိုက်ပြီး_

"ဒါပေမဲ့ ဓာတ်ခွဲခန်းစာချုပ်ချုပ်တာက ရှန်းရွှေလက်ဆောင်ဆန်စိုက်ဖို့ပါ... ကျွန်တော်တို့ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်ပြီးစိုက်ပျိုးတာအောင်မြင်ထားပါတယ်''

ရှန်းရွှေလက်ဆောင်ဆန်အကြောင်းကြားပြီး ချန်လီကြောင်သွားသည်။ ​ပြီးမှ တအံ့တဩနှင့်_

"သူဌေးချင်... ရှန်းရွှေလက်ဆောင်ဆန်ကိုစိုက်နိုင်တယ်လို့ပြောလိုက်တာလား?''

စီရင်စုက ချင်းလင်စံအိမ်ကိုအမြဲအာရုံစိုက်ထား၍ ရှန်းရွှေလက်ဆောင်ဆန်အကြောင်းသိသည်။ ရှန်းရွှေလက်ဆောင်ဆန်က တခြားဆန်တွေထက်ထူးခြားကြောင်းကိုပါသိသည်။

ရှန်းရွှေလက်ဆောင်ဆန်က ရှန်းရွှေတဝိုက်မှာပဲဖြစ်နိုင်တာ နှ​မြောစရာ။ တခြားနေရာတွေမှာ အောင်အောင်မြင်မြင်မစိုက်နိုင်သေး။

အခု သူဌေးချင်က ဒီလိုဆန်မျိုးကို ရုံချန်းမှာတကယ်စိုက်နိုင်ပြီလား?

ဒါမျိုးပေါ်လာတာနဲ့ ရုံချန်းကိုဘယ်လောက်တောင်အာရုံစိုက်ကြမလဲ?

မတွေးနိုင်လောက်အောင်ပဲ။

လေသန့်စင်နိုင်တဲ့ပန်းပွားမြက်နဲ့တင် အံ့ဩနေပြီ။ ဒါပေမဲ့ ရှန်းရွှေလက်ဆောင်ဆန်လို့မထင်ထားမိ။

ချန်လီကသတင်းရပြီး ကြာကြာဆက်မနေတော့။ ချင်လင်နှင့် သက်ဆိုင်ရာကိစ္စများဆွေးနွေးပြီး ခပ်သုတ်သုတ်ထွက်လာကာ စီရင်စုထဲပြန်လာသည်။

ဒီကိစ္စအကြောင်း စိတ်အဝင်စားဆုံးက စွန်းရှန်ပင်။ ချန်လီပြန်ရောက်လာသည်နှင့် တန်းမေးသည်_

"သတင်းရခဲ့ပြီလား? ချင်းလင်ဓာတ်ခွဲခန်းက ဘာလို့လယ်ကွက်တွေစာချုပ်ချုပ်တာလဲ?''

ချန်လီက ချက်ချင်းရှင်းပြသည်_

"စွန်းရှန်... ချင်းလင်ဓာတ်ခွဲခန်းက အသစ်တစ်ခုလုပ်တော့မှာ... သူတို့က ရှန်းရွှေလက်ဆောင်ဆန်ကိုပျိုးထောင်ပြီးစိုက်နိုင်သွားပြီ... လယ်ကွက်တွေစာချုပ်ချုပ်တာက ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်စိုက်ပျိုးဖို့ပဲ''

"နေဦး... ခင်ဗျားပြောတာ ရှန်းရွှေလက်ဆောင်ဆန်လား? အဲဒါမျိုးလား?''

ရုတ်တရက် စွန်းရှန်ကတားပြီး မသေချာသလိုမေးသည်။

"အင်း... အဲဒါမျိုးပဲ''

ချန်လီကခေါင်းညိမ့်အတည်ပြုလိုက်သည်။

သူ့အဖြေကြောင့် စွန်းရှန်ကချက်ချင်းလက်ငင်းပင်_

"ဒီကိစ္စကိုလိုက်ဖို့ ချက်ချင်းညွှန်ကြားထားပါ... ပြီးတော့ ရုံးပိုင်းလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ခိုင်းပါ''

ရှန်းရွှေလက်ဆောင်ဆန်အကြောင်း သူသိထား၍ ရုံချန်းမှာစိုက်နိုင်ရင် ဘယ်လိုအဓိပ္ပါယ်မျိုးဖြစ်လာမလဲ သူသိသည်။

တစ်ချိန်တည်းတွင် ရုံချန်းသာမက ချင်းလင်ဓာတ်ခွဲခန်းတာဝန်ခံများမှတဆင့် နင်းမြို့တော်နှင့်တခြားစီရင်စုများလည်း ရှန်းရွှေလက်ဆောင်ဆန်အကြောင်းသတင်းကြားသည်။

နေရာအသီးသီးမှာစပြီး စမ်းသပ်စိုက်ပျိုးတော့မည်ဖြစ်၍ လျှို့ဝှက်ထားစရာမလိုတော့။ စီရင်စုများကိုအသိပေးခြင်းက ဒီကိစ္စကိုအာရုံစိုက်အောင်လုပ်ခြင်းပင်။ ဒီလိုနှင့် ရှေ့လျှောက် ဓာတ်ခွဲခန်း၏စမ်းသပ်စိုက်ပျိုးမှုက ပိုပြီးအဆင်ချောလာမည်။

သို့ပေမဲ့ နင်းမြို့တော်ကစီရင်စုတွေ သတင်းရပြီးရင် အာရုံမစိုက်ဘဲနေနိုင်ပါ့မလား? ရှန်းရွှေလက်ဆောင်ဆန်က ဘာကိုကိုယ်စားပြုလဲသိသူတိုင်း တခြားအရာတွေထက်ပိုပြီး တန်ဖိုးထားကြလိမ့်မည်။

ဒီလိုအရာမျိုးကို သူတို့စီရင်စုမှာအောင်အောင်မြင်မြင်စမ်းသပ်စိုက်ပျိုးနိုင်ပြီဆိုတာနဲ့ ချင်းလင်ဓာတ်ခွဲခန်းကို 'လာစိုက်ပါ၊လာစိုက်ပါ' ဟုတောင်းဆိုကြလိမ့်မည်။

ချင်းလင်ဓာတ်ခွဲခန်းနဲ့ ချင်းလင်ဖရဲသီးစိုက်ပြီး အကျိုးအမြတ်ရနေတဲ့ရုံချန်းသားတွေကို အားမကျတဲ့သူရှိလို့လား?

ဒီလိုဆန်မျိုးကိုကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်ရင် တန်ဖိုးမြင့်ရုံသာမက ရောင်းရလည်းလွယ်ကူသည်။

ဒီကရလာမယ့်အကျိုးအမြတ်က စိတ်ကူးမရနိုင်အောင်ပင်!

All Chapters