စီရင်စုတိုင်း စိတ်စောနေ! ၃
Vol. 45 Ch. 673
အကောင်းဆုံးအရည်အသွေး ၂ ကိုမူ သူစားချင်လား ဆုံးဖြတ်ရဦးမည်။
ဒါ သူ့မျှော်မှန်းချက်သာ။ နောက်ဆုံးရလဒ်ဘယ်လိုထွက်လာမလဲက မင်မြို့တော်နှင့်မင်စီရင်စုတခြားနေရာများတွင် ရှန်းရွှေလက်ဆောင်ဆန်စိုက်ပျိုးမှုအခြေအနေအပေါ်မူတည်သည်။
…
အချိန်ကုန်လွန်သွားသည်။
မကြာမီ ညပိုင်းရောက်သွား၏။
ဒီနေ့ ချင်လင်၊ကျောက်မိုချင်းနှင့်လင်းဖန်က စံအိမ်ကမပြန်။ နောက်ဆုံး အပန်းဖြေစံအိမ်အတွင်းပိုင်းကိုအလှဆင်ပြီးပြီဖြစ်၍ ပြောင်းလို့ရပြီ။
ဒီညက အပန်းဖြေစံအိမ်တွင်ပြောင်းနေသောပထမဆုံးညပင်။
ချင်လင်က ကျောက်မိုချင်းအလုပ်မဆင်းခင် သူမရုံးခန်းထဲသွားလိုက်သည်။ သူတို့နှစ်ဦး ချင်းလင်စံအိမ်ရုံးခန်းဘက်မှထွက်လာသောအခါ လင်းဖန်က ဝမ်ချိုင်နှင့်စောင့်နေသည်။
ဝမ်ချိုင်ခေါင်းပေါ်တွင် မွေးနီရှိသည်။
အစပိုင်း ဝမ်ချိုင်က မွေးနီကိုသူ့ကိုယ်ပေါ်အတက်မခံဘဲ နှစ်ဖက်သတ်ကြသေးသည်။ ထိုပဋိပက္ခအတော်ကြာသွားပြီး နောက်ဆုံး ခွေးကအလျှော့ပေးလိုက်ရသည်။
ဝမ်ချိုင်ဘေးတွင် မင်းသမီးလေးဝတ်စုံဝတ်ထားသောမြေခွေးဖြူရှောင်ရွှယ်ရှိသည်။။ လင်းလန်ဇီက မာတီမီဒီယာဌာနကိုဆင်ခိုင်းထားခြင်းပင်။
အချိန်ကြာလာသည်နှင့် ရှောင်ရွှယ်က ရုံးခန်းနှင့်ရင်းနှီးလာသည်။ လန့်တတ်သော်လည်း ဝန်ထမ်းများကိုမကြောက်တော့။
ရှောင်ရွှယ်က ချင်လင်နှင့်ကျောက်မိုချင်းထွက်လာသည်ကိုမြင်လျှင် ချင်လင်ဆီခုန်တက်ပြီး ခြေထောက်မှတဆင့် လက်ထဲရောက်သွားသည်။ သူ့မျက်လုံးဝိုင်းဝိုင်းကြီးများနှင့်ခဏကြည့်ပြီးမှ သူ့လက်ထဲခေါင်းထိုးကာ ဇိမ်ယူနေသည်။
"သွားစို့... ဒီည အိမ်အသစ်မှာနေမယ်''
ချင်လင်ကပြုံးပြုံးနှင့်ပြောပြီး ကျောက်မိုချင်းနှင့်လင်းဖန်တို့ကို အပန်းဖြေစံအိမ်ခေါ်လာသည်။
အပန်းဖြေစံအိမ်တွင် ဝင်ပေါက်နှစ်ပေါက်ရှိသည်။
တစ်ပေါက်က ပင်မဧည့်ခန်းဝင်ပေါက်ဖြစ်ပြီး နောက်တစ်ပေါက်က တခြားဘက်မှာဖြစ်သည်။ သီးသန့်ကာထားသောဝင်းလေးတစ်ခုရှိပြီး ခြံစည်းရိုးနှင့်အရည်အသွေး ၂ မိုးမခပင်များပတ်လည်စိုက်ထားသည်။ အလွန်အနုပညာဆန်သည်။
ထိုဝင်ပေါက်မှာ အတွင်းပိုင်းဝင်ရန်သေချာလုပ်ထားခြင်းဖြစ်သည်။
ကျောက်မိုချင်းကရှေ့တိုးပြီး တံခါးလျှို့ဝှက်နံပါတ်ထည့်လိုက်သည်။ နောက်ခဏတွင် တံခါးပွင့်လာသည်။
သူတို့သုံးယောက်သာ ဒီလျှို့ဝှက်နံပါတ်ကိုသိသည်။ နောက်ပိုင်း သန့်ရှင်းရေးဝင်ရင်တောင် ဝင်ဖို့ထောက်ခံပေးရမည်။
တံခါးနောက်တွင် ဒုတိယထပ်တန်းရောက်သောဓာတ်လှေကားရှိသည်။
ဒုတိယထပ်ရောက်လျှင် ဓာတ်လှေကားပွင့်လာပြီး ဧည့်ခန်းကျယ်ကြီးကိုမြင်ရသည်။ ရုံချန်းပထမတန်းစားအိမ်၏နှစ်ဆခန့်ကျယ်သည်။
ဧည့်ခန်းထဲတွင် ပရိဘောဂအမျိုးစုံရှိသည်။ ဆုံလည်ထိုင်ခုံများ၊ လက်ဖက်ရည်စားပွဲ၊ ဆောင်းတွင်းမီးဖို၊ ဘတ်စကတ်ဘောနှင့် အိမ်မွေးတိရစ္ဆာန်သီးသန့်ခန်းလည်းရှိသည်။
ချင်လင်က ရှောင်ရွှယ်၊ ဝမ်ချိုင်နှင့် မွေးနီတို့ကို အိမ်မွေးတိရစ္ဆာန်ခန်းထဲခေါ်သွားပြီး_
"ဒီရှေ့လျှောက် ဒါမင်းတို့အိပ်ခန်းပဲ''
သုံးကောင်လုံးက အရမ်းဉာဏ်ကောင်းသည်။ အိပ်ခန်းဆိုသောအဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ကြသည်။ သူတို့ကချက်ချင်းအသံပေးပြီး အိမ်မွေးတိရစ္ဆာန်ခန်းထဲပြေးသွားကြ၏။
တိရစ္ဆာန်ခန်းက သေးသေးမဟုတ်။ အိမ်မွေးတိရစ္ဆာန်ပစ္စည်းပစ္စယအမျိုးစုံရှိသည်။
အပေါ်ထပ်ခန်းတွင်မူ_
လင်းဖန်အပေါ်ထပ်တက်သွားပြီးနောက် ချင်လင်ကပြည်တည်တည်မျက်နှာနှင့် ကျောက်မိုချင်းနားကပ်လာပြီး_
"အိပ်ခန်းထဲသွားစို့... ဒီည ဒါပထမဆုံးအတွေ့အကြုံပဲ!''
သူ့စကားကြောင့် ကျောက်မိုချင်းမျက်နှာရဲသွားပြီး သူ့ကိုမျက်စောင်းထိုးကြည့်သည်။ ဒီလူက နည်းနည်းအကျင့်ယုတ်။ ဒီတစ်ခေါက် အိပ်ခန်းထဲမှာ မတော်တရော်တွေလုပ်လိမ့်မည်။
ချင်လင်ကမစောင့်နိုင်တော့ဘဲ ကျောက်မိုချင်းကိုအပေါ်ထပ်အိပ်ခန်းထဲခေါ်သွားသည်။
သူတို့အိပ်ခန်းက ကျယ်တာချင်းအတူတူ အထဲတွင် ထူးထူးဆန်းဆန်းပုံပေါက်သောပရိဘောဂတချို့ရှိနေသည်။ ပရိဘောဂမျက်နှာပြင်က သေးသေးမဟုတ်၊ အထူးလုပ်ဆောင်ချက်တစ်ခုခုရှိပုံရသည်။
အလယ်တွင် သုံးလေးပတ်လှည့်နိုင်သောကုတင်အကျယ်ကြီးရှိသည်။
ထိုကုတင်ကိုမြင်ပြီး ကျောက်မိုချင်းမျက်နှာလှလှလေးပိုရဲသွားသည်။ သူ့ယောက်ျားက တဖြည်းဖြည်းလွန်လာပြီ။
တံခါးပိတ်ပြီးနောက် ချင်လင်ကခလုတ်တစ်ခုနှိပ်လိုက်သည်။ ပုံမှန်အလင်းရောင်မှိန်သွားပြီး ခဏအကြာ အထူးအငွေ့အသက်မျိုးရှိသောအလင်းရောင်ထွက်လာသည်။
ထိုအလင်းရောင်က ဘာမှန်းမသိသောအငွေ့အသက်မျိုးတိုးစေသည့်ပန်းဆီရောင်ဖြစ်ပြီး ယောက်ျား၊မိန်းမတို့ကိုအမှောင်စိတ်ဝင်စေသည်။
"ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်''
ကျောက်မိုချင်းမှာ ရှက်စိတ်မွှန်ပြီး ရေချိုးခန်းထဲပြေးဝင်သွားသည်။
ချင်လင်ဖမ်းချိန်မရလိုက်ဘဲ တံခါးပိတ်သွား၏။
ရေချိုးခန်းကလည်း အတော်ကျယ်သည်။ ရေချိုးကန်၊ အဝတ်လဲစင်၊ မျက်နှာသစ်ဘေစင်နှင့် တခြားအသုံးအဆောင်များရှိသည်။ ဆရာ့ဆရာကြီးများ၏အစွမ်းတွေအားလုံးကို စမ်းကြည့်နိုင်သည်။
တံခါးပိတ်သွားသောကြောင့် ချင်လင်မှာမတတ်သာဘဲ ကုတင်ပေါ်လှဲပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကိုလျှောက်သွားခိုင်းပြီး ဇာတ်ကွက်တာဝန်တွေ့လိုတွေ့ငြား ကံစမ်းကြည့်သည်။
နောက်ပြီး ဒီည ချင်လင်အတော်ကံကောင်းနေသည်။ ဂိမ်းဇာတ်ကောင်ကို TV ရှေ့သွားခိုင်းရာ အမှန်ပင် TV ရှိုးအစီအစဉ်ရှိနေသည်။
TV စျေးဝယ်အစီအစဉ်!
နောက်ပြီး TV ပေါ်မှာ ရင်းနှီးနေသောဇာတ်ကောင်ပေါ်လာသည်။ အရင်တစ်ခါလက်ထပ်တော့မယ့်တစ်ယောက်မလား?
အရင်တစ်ခေါက်က ဆွဲဆောင်မှုရှိသောရေမွှေးကို သူ့အိမ်ထောင်ဘက်စိတ်ကျေနပ်စေရန်ထွင်ခဲ့ခြင်းဖြစ်သည်။
အခု ထပ်ပေါ်လာပြန်ပြီ။ အဲလိုဆွဲဆောင်မှုရှိတဲ့ရေမွှေးမျိုး လေလံတင်ဦးမလို့လား?
အရင်က ကျောက်မိုချင်းရေမွှေးသုံးတိုင်း သူပိုပြီးစိတ်လှုပ်ရှားခဲ့သည်။
ရေမွှေးအရနည်း၍ ကျောက်မိုချင်းသုံးကုန်သွားပြီ။
ဒီည ဒီမှာနေတာပထမဆုံးမှန်းသိလို့ စနစ်က အငွေ့အသက်ကိုမြှင့်ပေးချင်တာများလား?
(အားလုံးပဲ မင်္ဂလာပါ... ကျွန်မက Jean ပါ... ကျွန်မအိမ်ထောင်ဘက်နဲ့လက်ထပ်ပြီးပါပြီ... ကျွန်မယောက်ျားအတွက်ရေမွှေးကောင်းကောင်းထုတ်နိုင်ခဲ့ပြီမလို့ အားလုံးကို ဒီရေမွှေးရဲ့လျှို့ဝှက်နည်းအကြောင်းလာမျှဝေတာပါ... တကယ်လို့ လျှို့ဝှက်နည်းဝယ်မယ်ဆိုရင် လျှို့ဝှက်နည်းတင်မကဘူး... နမူနာလည်း ရမှာပါ!)
TV က စကားပြောကြောင့် ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။
ဒါ သူ့အတွက်တကယ်အဆင်ပြေမယ့်အရာ။
နောက်ပြီး အရင်တစ်ခေါက်က ရေမွှေးပဲရတာ။
ဒီတစ်ခါ လျှို့ဝှက်နည်းရောလား?