ရေမွှေးအရည်အသွေးတက်လာပြီ!
Vol. 45 Ch. 674
ချင်လင်က လျှို့ဝှက်နည်းဝယ်မည်ကိုနှိပ်လိုက်ရာ ချက်ချင်းဂိမ်းထဲတွင်စာပေါ်လာသည်_
"ပစ္စည်းပို့လိုက်ပါပြီ... လက်ခံပေးပါ''
ထို့နောက် Jean လည်း TV ပေါ်မှပျောက်သွားသည်။
TV အစီအစဉ်က မိုးလေဝသခန့်မှန်းချက်ဖြစ်သွား၏။
ကျောက်မိုချင်းက တဘက်ပတ်ပြီး ရေချိုးခန်းထဲမှထွက်လာသည်။ ချင်လင်က အကြံနှင့်ရှေ့တိုးလာသော်လည်း ကျောက်မိုချင်းက မသတီပုံနှင့်_
"ရှင် သွား... ရေအရင်ချိုးလိုက်ဦး''
ချင်လင်မှာမတတ်သာဘဲ ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ တဘက်ပတ်ပြီး အပြင်ထွက်ကာ ကျောက်မိုချင်းဆီသွားမည်အပြုတွင် သူ့စိတ်ထဲမှဂိမ်းအသိပေးစာတက်လာသည်။
TV စျေးဝယ်အစီအစဉ်က ပစ္စည်းရောက်နေပြီ။
ချင်လင်ကချက်ချင်း ရေချိုးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်ရာ ပါဆယ်ထုပ်ကိုတွေ့သည်။
ပါဆယ်ကို အလားတူအဝါရောင်စက္ကူနှင့်ထုပ်ထားပြီး နည်းနည်းကြီးသည်။ သူဖွင့်လိုက်သောအခါ 'လျှို့ဝှက်နည်း'ဟုစာရေးထားသောသေတ္တာလေးတွေ့ရသည်။
ပါဆယ်ထဲတွင် ပလတ်စတစ်ရေမြှုပ်နှင့်ပတ်ထားသော ရေမွှေးနှစ်ပုလင်းလည်းရှိသည်။
သူကလျှို့ဝှက်နည်းသေတ္တာကိုယူပြီးဖွင့်လိုက်ရာ အထဲတွင် ပါဝင်ပစ္စည်းများရေးထားသောစာရွက်လေးရှိနေသည်:
(Jean ၏အထူးရေမွှေးလုပ်နည်း: အရည်အသွေး ၁)
(အထူးရေမွှေးလုပ်နည်းဖြစ်သည်။ အလှအပပညာရှင် Jean က သူ့အိမ်ထောင်ဘက်ကျေနပ်စေရန်ထုတ်လုပ်ထားသောအထူးရေမွှေးဖြစ်သည်။ ဆွဲဆောင်မှုရှိပြီး အိမ်ထောင်ဘက်ကိုကျေနပ်စေသည်။)
(ရေမွှေးလုပ်နည်းကို အသုံးပြုလိုပါသလား?)
ချင်လင်က အသုံးပြုမည်ကိုတန်းရွေးလိုက်သည်။ တခဏချင်း အချက်အလက်တွေတသီကြီး ချင်လင်စိတ်ထဲစွဲထင်လာပြီး ရေမွှေးထုတ်လုပ်သည့်အကြောင်းအသေးစိတ်ကို ပြည့်ပြည့်စုံစုံရလိုက်သည်။
ထို့နောက် သေတ္တာထဲမှရေမွှေးနှစ်ပုလင်းကိုယူလိုက်သည်။
(Jean ၏အထူးရေမွှေး: အရည်အသွေး ၁)
(အလှအပပညာရှင် Jean က သူ့အိမ်ထောင်ဘက်ကျေနပ်စေရန်ထုတ်လုပ်ထားသောရေမွှေးဒုတိယနည်းဖြစ်သည်။ ဖြန်းပြီးလျှင် အထူးအာနိသင်ရှိသည်:
ဆွဲဆောင်မှုရှိသောအမွှေးနံ့ +၁၊ အိမ်ထောင်ဘက်သဘောကျခြင်း +၁၊ အိမ်ထောင်ဘက်ပျော်ရွှင်စေခြင်း +၁၊ အိမ်ထောင်ဘက်*စိတ်လှုပ်ရှားစေခြင်း +၁၊ အိမ်ထောင်ဘက်** +၁!)
မှတ်ချက်ကြောင့် ချင်လင်နည်းနည်းကြောင်သွားသည်။
အရင််တစ်ခါနဲ့ သိပ်မတူ။
အရင်တစ်ခေါက်က အသက်ဝင်အောင်ဆွဲဆောင်ရုံဆိုရင် ဒီတစ်ခေါက်က နည်းနည်းဝရုန်းသုန်းကားနိုင်သည်။
အိမ်ထောင်ဘက်သဘောကျခြင်း +၁၊ အိမ်ထောင်ဘက်ပျော်ရွှင်စေခြင်း +၁၊ အိမ်ထောင်ဘက်*စိတ်လှုပ်ရှားစေခြင်း +၁၊ အိမ်ထောင်ဘက်** +၁ ။ ဒါတွေက ဆေးသုံးတဲ့အာနိသင်မျိုးနဲ့မတူဘူးလား?
သူနည်းနည်းရှက်မိသည်။
ဒီတော့ ဒီရေမွှေးကို အိမ်မှာပဲသုံးနိုင်တယ်ဆိုတဲ့သဘော။ အမျိုးသမီးတွေအပြင်မှာ သုံးမရဘူးပေါ့။
အတွင်းရေးရှိသူတချို့နဲ့ပြည့်တန်ဆာတွေအလုပ်လုပ်ဖို့လိုရင်တော့ ခြွင်းချက်ပေါ့။
မှတ်ချက်ထဲမှ"ဒုတိယနည်း''ဟူသောစာလုံးကိုလည်း ချင်လင်သတိထားမိသည်။
ဒီရေမွှေးက သောက်*ရမ်းအံ့ဩစရာကောင်းသည်ဟုသာပြောနိုင်တော့သည်။ အရင်ရေမွှေးရဲ့အရည်အသွေးကိုတောင်မြှင့်နိုင်သည်။
အမျိုးသမီးဖြစ်နေတာတောင် ဒီလောက်အကွက်မြင်နေတာ၊ အမျိုးသားသာဖြစ်ရင် ထိန်းမနိုင်လောက်။
ဒါကြောင့် ဒီလိုအမျိုးသမီးမျိုးနှင့်ကြုံရင် အမျိုးသားတွေကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကာကွယ်ရလိမ့်မည်။
ချင်လင်က အာနိသင်ကိုစမ်းကြည့်ချင်သည်။
သူကရေမွှေးနှစ်ပုလင်းနှင့် ချက်ချင်းဂိမ်းထဲမှထွက်ပြီး ရေချိုးခန်းတံခါးဖွင့်ကာ ကျောက်မိုချင်းဆီသွားပေးပြီး_
"အချစ်... ဒီမှာ မင်းအတွက်လက်ဆောင်''
ကျောက်မိုချင်းက ရေမွှေးနှစ်ပုလင်းကိုကြည့်ပြီး ချင်လင်ကိုမျက်စောင်းထိုးလိုက်သည်။
ဒီရေမွှေးမှာ ထူးထူးဆန်းဆန်းအာနိသင်တွေရှိနေမယ်ဆိုတာ တွေးစရာတောင်မလို။
သို့ရာတွင် ရေမွှေးကိုယူပြီး တစ်ပုလင်းအောက်ချ၍ နောက်တစ်ပုလင်းကိုဖွင့်ကာ သူမကိုယ်ပေါ်ဖြန်းလိုက်သည်။
အနံ့က အရမ်းကောင်းသည်။
သို့ရာတွင် ချင်လင်အနားကပ်လာသောအခါ သူ့နှာခေါင်းထဲအထူးရေမွှေးနံ့ရပြီး **စိတ်ဖြစ်လာသည်။
သူကချက်ချင်း ကျောက်မိုချင်းကိုထူးထူးဆန်းဆန်းပရိဘောဂပေါ်ဆွဲခေါ်လိုက်သည်။
ဒီအိမ်ကနည်းနည်းစိမ်းနေ၍ ကျောက်မိုချင်းရှက်နေသလိုလို...
…
နောက်တစ်နေ့_
ချင်လင်က ရုံချန်းထဲသွားပြီး ပစ္စည်းတချို့ဝယ်သည်။
မနေ့ညက ဆွဲဆောင်မှုရှိတဲ့ရေမွှေးကြောင့် ကျောက်မိုချင်းနဲ့မယုံနိုင်စရာကောင်းအောင်ပျော်ရသည်။
ဒီတော့ လျှို့ဝှက်နည်းရရင် ဒီလိုရေမွှေးမျိုး သူကိုယ်တိုင်ဖန်တီးနိုင်မည်။
ဒီပစ္စည်းကိုသူမြန်မြန်လုပ်ကြည့်ရမည်။ ဒါမှပစ္စည်းမပြတ်မှာ။
ပွင့်ပွင့်လင်းလင်းပြောရရင် Jean က မိန်းမဆိုးလေးတွေကိုဆွယ်ဖို့ကြိုးစားသည်ဟု ချင်လင်ထင်သည်။ မဟုတ်ရင် အမျိုးသားတွေကျေနပ်စေတဲ့ဒီလိုရေမွှေးမျိုး ဘာလို့အထူးထုတ်မလဲ?
ရေမွှေးထုတ်လုပ်ရာတွင် ရေသန့်စင်စက်၊ အတိုင်းအတာချိန်ခွက်များ၊ ဖန်ချောင်းများ၊ ဘွိုင်လာ၊ ရေမွှေးပုလင်းအလွတ် သို့မဟုတ် ဖြန်းဘူးကဲ့သို့ အထူးပစ္စည်းကိရိယာများလိုအပ်သည်။
ထို့အပြင် Jean ရေမွှေးကလည်း ပစ္စည်းအများကြီးလိုသည်။
တချို့ကို ရုံချန်းမှာဝယ်ရခက်သောကြောင့် နေရာအနှံ့သွားဝယ်ရသည်။
ချင်လင်ကအချိန်ယူ၍ ပစ္စည်းများအားလုံးဝယ်ပြီးနောက် အပန်းဖြေစံအိမ်ပြန်သယ်လာသည်။
အပန်းဖြေစံအိမ်ပြန်ရောက်လျှင် ချင်လင်က သူ့ပစ္စည်းများယူပြီး အတွင်းဘက်ဝင်လာသည်။
အတွင်းပိုင်းတွင် သီးသန့်အလုပ်ရုံဆောက်ထားသောကြောင့် ဒီလိုဂိမ်းပစ္စည်းများထုတ်လုပ်စမ်းသပ်နိုင်သည်။
ရေမွှေးလုပ်နည်းတွင် ပြင်ဆင်ခြင်း၊ ရောမွှေခြင်း၊ အချိန်ယူခြင်း၊ အအေးခံခြင်း၊ စစ်ယူခြင်းနှင့် တခြားအဆင့်များပါဝင်သည်။
အခက်ဆုံးအဆင့်မှာ ရောမွှေခြင်းနှင့်အချိန်ယူရခြင်းဖြစ်သည်။
ပါဝင်ပစ္စည်းအမျိုးမျိုးနှင့် အချိုးအစားအမျိုးမျိုးကိုရောစပ်ခြင်း၊ အချိန်ယူပုံမတူခြင်းတို့ကြောင့် အမှားလုပ်မိသည်နှင့် ရေမွှေးတစ်ခုလုံးအနံ့ပြောင်းသွားလိမ့်မည်။
နောက်ပြီး ရေမွှေးထုတ်သူမတူလျှင် ရေမွှေးချင်းတူမည်မဟုတ်။
ဖော်မြူလာချင်းအတူတူ သာမန်လူထုတ်သောရေမွှေးက ရေမွှေးသမ္ဘာရင့်တစ်ယောက်ကိုယှဉ်နိုင်မည်မဟုတ်ပေ။
စနစ်ကြောင့် ချင်လင်က အချက်အလက်ရရုံသာမက ကြွက်သားမှတ်ဉာဏ်လည်းရထားသည်။ အနည်းဆုံး Jean လုပ်နေကျရေမွှေးမျိုးကို သူကျွမ်းကျင်သည်။
ထို့ကြောင့် ကိရိယာများသန့်စင်၍ ပစ္စည်းများပြင်ဆင်ပြီးနောက် ချင်လင်က ကျွမ်းကျွမ်းကျင်ကျင်ရေမွှေးလုပ်တော့သည်။
ရေမွှေးလုပ်ဖို့ အကြာကြီးအချိန်ယူရသည်။ အထူးသဖြင့် အချိန်ယူသောအဆင့်ပင်။ Jean ရေမွှေးထုတ်ရန် သုံးပတ်ကြာသည်။
သို့သော် ကိစ္စမရှိ။ ဂိမ်းစနစ်နှင့် နေ့ဝက်အတွင်း ရေမွှေးကိုလတ်စသတ်နိုင်သည်။