← Chapters

နယ်မြေပေါ်အမှောင်ဖုံးလာခြင်း ၂

Vol. 56 Ch. 860

နယ်မြေပေါ်အမှောင်ဖုံးလာခြင်း ၂

Vol. 56 Ch. 860

တဖြည်းဖြည်းနှင့် ဖေး၏ မျက်နှာအမူအရာမှာ တည်ကြည်သည့်ဘက်သို့ပြောင်းသွားသည်။

ဇင်းနစ်အင်ပါယာမှာ တိုက်ကြီး၏ မြောက်ဘက်တွင်ရှိသည်ဖြစ်ရာ သတင်းအရောက်နောက်ကျ၏။ ဖရိုဖရဲခေတ်ကာလ ကျရောက်ပြီဖြစ်သည်ကို သိသူများများစားစာအပိုင်း မရှိပေ။

ရှေးခေတ် ပညာရှိကြီးများ၏ ဟောကိန်းများက အသိအမှတ်ပြုခံလာရပြီဖြစ်သည်။

ဒဏ္ဍာရီခေတ်ကုန်ဆုံးခဲ့သည်မှာ နှစ်ထောင်ချီကြာခဲ့ပြီးနောက် မောက်မာသောလူများက မိစ္ဆာနတ်ဆိုးများကို လွှတ် လွှတ်ပေးမိကြ၏။ အမှောင်ထုကြီးက အဇာရိုတိုက်ကြီးကို ဖုံးလွှမ်းလာပြီး ဖရိုဖရဲဖြစ်မှုနှင့် အစီအစဉ်မကျမှုများအကြား လူသားတို့ကျရောက်လာကြသည်။ သွေးချောင်းစီးတိုက်ပွဲများ အစပျိုးလာပြီး ပုန်းကွယ်နေသော ကြောက်မယ်ဖွယ်ရာရန်သူများ တစ်ဦးပြီးတစ်ဦး ပြန်ပေါ်လာကြသည်။ တစ်ချိန်ထဲမှာပင် နတ်ဘုရားများနှင့် နတ်ဆိုးများ ပြန်ပေါ်လာမည်ဖြစ်ပြီး ၎င်းတို့၏ တိုက်ပွဲက တိုက်ကြီး၏ ကြမ္မာကိုဆုံးဖြတ်ပေးမည်ဖြစ်ပေသည်။

ဤအချင်းက ပျက်ဆီးခြင်းကို ကိုယ်စားပြုသည်လား မွေးဖွားခြင်းကို ကိုယ်စားပြုသည်လား မည်သူမျှမသိကြပါ။

ဇိုလက် အချိန်ကုန်လူပမ်းခံ၍ ကောက်ယူထားသောစာရင်းများ၌ ဇင်းနစ်အင်ပါယာ၏ အပြင်ဘက်ရှိ အင်ပါယာကြီးများ၏ လှုပ်ရှားမှုများက တိုက်ကြီး၏ ကံကြမ္မာကိုဆုံးဖြတ်နိုင်ပေသည်။

လွန်ခဲ့သည့်လဝက်မှစ၍ အတော်လေးအေးချမ်းသော ဤတိုက်ကြီး၌ စစ်ပွဲများစတင်၍ ပေါ်ပေါက်ခဲ့သည်။ တိုက်ကြီး၏ အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာတိုင်း၌ တစ်ပြိုင်ထဲပင် စစ်ပွဲများစတင်လာပြီး ဖရိုဖရဲဖြစ်လာ၏။

တိုက်ကြီး၏ အရှေ့ပိုင်း၌ အင်ပါယာကြီးလေးခုဖြစ်သော မန်ချက်စတာယူနိုက်တက်၊အာဆင်နယ်၊လီဗာပူး၊ချယ်ဆီးတို့က နှစ်တစ်ရာငြိမ်းချမ်းရေးစာချုပ်ကိုအဆုံးသတ်ကာ တိုက်ပွဲကိုစတင်လိုက်သည်။ တစ်ဖက်စီတွင် အင်ပါယာငယ်၂၀လောက်ပူးပေါင်းပါဝင်ကြပြီး အရှေ့ပိုင်းတိုက်ကြီးမှာ ငရဲကျတော့သည်။ မြစ်များက သွေးရောင်ပြောင်းသွားပြီး လူအမြောက်အများအသတ်ခံလိုက်ရ၏။

အနောက်ပိုင်းတွင်တော့ အင်အားကြီး အင်ပါယာနှစ်ခုဖြစ်သော အဆင့်ကိုးအင်ပါယာကြီး မက်ဒရစ်နှင့် ဘာစီလိုနာတို့မှာ နှစ်တစ်ရာငြိမ်းချမ်းနေရာမှ စတင်၍ တိုက်ပွဲများဆင်နွှဲလာကြသည်။ ပိုအဆင့်နိမ့်သည့်အင်ပါယာများဖြစ်သော ဗလန်ဆီယာ ဆီဗီလာ မာလာဂါတို့ကလည်း အသီးသီးဘက်ရွေး၍ ဝင်ရောက်တိုက်ခိုက်ကြသည်။ အနောက်ပိုင်းမြေကလည်း အရှေ့ပိုင်းထက်ပိုအခြေအနေကောင်းမနေပေ။ အင်ပါယာနှစ်ခုမှာ နောက်ပြန်ဆုတ်ရန်မဖြစ်နိုင်တော့ဘဲ အလောင်းများတောင်လိုပုံနေသည့်အထိ သတ်ဖြတ်တိုက်ခိုက်နေကြသည်။

တောင်ပိုင်းနယ်မြေတွင်လည်း အခြေအနေမကောင်းပေ။ တစ်ခုထဲသော အဆင့်ကိုးအင်ပါယာ ဘိုင်ယန်မြူးနစ်မှာ ပိုအားနည်းသော အော်မွန်၊ လေဗာကူဆင်၊ စတုဂတ်၊ ဘရမန်တို့၏ စိန်ခေါ်မှုကိုခံနေရသည်။ အဆင့်ခုနှစ် အဆင့်ရှစ်အင်ပါယာများက မဟာမိတ်ပြု၍ ဘိုင်ယန်မြူးနစ် ဒေသတွင်း အုပ်စိုးမှု ဖယ်ရှားရန်ကြိုးစားနေကြသည်။ ထိုအင်ပါယာမဟာမိတ်မှ အော်မွန်အင်ပါယာမှာ မြောက်ပိုင်းသို့ပင်ရောက်လာပြီး လီယွန်နှင့်ပူးပေါင်းကာ မြောက်ပိုင်းတွင်ပင် စစ်ခင်းလိုနေသည်။ ၎င်းက တစ်တိုက်လုံး စစ်ပွဲများ ဖုံးလွှမ်းနေကြောင်းပြနေ၏။

မြောက်ပိုင်းကတော့ ပိုမိုအေးချမ်းနေသည်။ သို့သော်လည်း လီယွန်အင်ပါယာက စိတ်ရူးပေါက်ကာ မြောက်ပိုင်းကိုစုစည်းလိုကာ အင်ပါယာဆယ်ခုမဟာမိတ်ဖွဲ့၍ ဇင်းနစ်ကိုစတိုက်တော့သည်။ ထို့ကြောင့်စတင်ပြီး မြောက်ပိုင်းတွင် ဖရိုဖရဲဖြစ်တော့၏။

အားလုံးနှင့်ယှဉ်လျှင်တော့ ဘုရားကျောင်းအုပ်စိုးသော အလယ်ပိုင်းက အပေါ်ယံတွင်ပိုမို ငြိမ်းချမ်းနေသည်။ ဘုရားကျောင်းအနေနှင့် ဘာသာရေးနှင့် သက်ဦးဆံပိုင်ဘုရင်စနစ်ပေါင်းစည်းထားသော တစ်တိုက်လုံးဖုံးလွှမ်းထားသည့် အင်ပါယာကြီးဖန်တီရန်အကြံအစည်ရှိသော်လည်း လူသိချင်းမရှိသေးပေ။

ဘုရားကျောင်း၏ ဗဟိုဌာနမှာ မြေထဲပင်လယ်၏ အလယ် စစ်စီလီကျွန်းပေါ်ရှိ ဝါအုလုတောင်ပေါ်တွင်ရှိကာ ၎င်းက အင်ပါယာများအကြားအဟန့်အတားအဖြစ်ရှိရင်း ရည်မှန်းချက်ကြီးမားသော အင်ပါယာများကို ဆန္ဒထိန်းချုပ်ရန် ဖိအားပေးထားသည်။

သို့တိုင်အောင် အဆင့်ကိုး အင်ပါယာကြီးမျာဖြစ်သော အင်တာမီလန်နှင့် အေစီမီလန်တို့မှာ အစစအရာရာပြင်ဆင်ထားပြီးဖြစ်သကဲ့သို့ မြင့်မြတ်မဟာမိတ်အဖွဲ့ဝင် ဂျူဗင်တပ်အင်ပါယာသည်လည်း နှစ်တစ်ရာတိုင်အင်အားကျဆင်းပြီးနောက် ကြမ်းတမ်းစွာပြန်အင်အားကြီးလာပြီဖြစ်သည်။

အလယ်ပိုင်းတိုက်ကြီး၌ စစ်ပွဲမဖြစ်သော်လည်း အင်အားစုများရှုပ်ထွနေပြီး အခြေအနေပိုကောင်းမနေပေ။ တိုက်ကြီး၏ အရှေ့ အနောက် တောင် မြောက် အလယ် အားလူံ အမှောင်ဖုံးလွှမ်းနေပြီဖြစ်သည်။ တစ်တိုက်လုံး သတ်ဖြတ်မှု သေဆုံးမှု သွေးများ အလောင်းများနှင့်ပြည့်နေသည်။

ပျောက်ဆုံးသည်မှာ ကြာမြင့်နေပြီဖြစ်သော အောက်လမ်းမှော်ဆရာများနှင့် အကြံဆိုးရှိသော ဩဇာရှိပုဂ္ဂိုလ်များပင် အကျိုးအမြတ်အတွင် စစ်ပွဲများကြားလှုပ်ရှားနေကြ၏။

ပန်ဒိုရာသေတ္တာပွင့်လာသည့်အလား နှစ်ထောင်ချီအေးချမ်းခဲ့သော တိုက်ကြီးမှာ စစ်ပွဲများနှင့် အလျှံငြီးငြီးတောက်လောင်လာပြီဖြစ်သည်။

End

All Chapters