Chapters

ငါသွားပြီ ၁

Vol. 56 Ch. 861

ငါသွားပြီ ၁

Vol. 56 Ch. 861

ရရှိလာသော သတင်းများကို ဖတ်ပြီးသည်နှင့် ဖေးစတင်၍ စိုးရိမ်လာသည်။

တိုက်ကြီး၏ ဒေသငါးခုလုံး ဖရိုဖရဲစတင်ဖြစ်နေပြီဖြစ်သည်။

သတင်းပေးပို့မှု၌ အသေးစိတ်ဖော်ပြမထားဘဲ ရိုးရှင်းသောအချက်အလက်များသာပါသော်လည်း မမြင်ရသော အမှောင်လက်ကြီးက တိုက်ကြီးကိုဖရိုဖရဲဖြစ်စေရန် ကြိုးကိုင်နေသည်ဟု ဖေးခံစားနေရသည်။

မယုံနိုင်စရာအတော်ကောင်းလှပေသည်။ မည်ကဲ့သို့သော အဖွဲ့အစည်းမျိုးက နတ်ဘုရားများအတွက်ပင်ခက်ခဲနိုင်သော တစ်တိုက်လုံးဖရိုဖရဲဖြစ်အောင်စွမ်းဆောင်နိုင်ပါသနည်း။

ဤကိစ္စနောက်ကွယ်၌ အမှန်ပင် နတ်ဘုရားများနှင့် နတ်ဆိုးများ ပါဝင်နေပါသလော။

နောက်ဆုံးသတင်းပေးပို့မှုကို ဖြည်းညှင်းစွာပိတ်လိုက်ပြီးနောက် ဖေး ခုံပေါ်တွင်ထိုင်ရင်း တိတ်ဆိတ်စွာအတွေးနက်သွား၏။ သူ အလွန်ရှုပ်ထွေးသော ကိစ္စကို တွေးတောမိနေဟန်ပေါ်သည်။

ခနနေတော့ ဖေးသက်ပြင်းချလိုက်၏။ “ ခြင်းတောင်သာကျိုးပဲ့နေရင် အကောင်းတိုင်းကျန်ခဲ့တဲ့ ကြက်ဥရှိမှာမဟုတ်ဘူး ဇင်းနစ်အင်ပါယာကိုကယ်ဖို့ဆိုရင် ငါအော်မွန်နဲ့ လီယွန်အင်ပါယာနှစ်ခုကို အနိုင်ယူယုံလောက်နဲ့မပြီးဘူး ငါအင်ပါယာအပြင်ကို ထွက်ကြည့်ရမယ်နဲ့ထင်တယ် “

“ အပြင်ကိုထွက်မယ် မင်းကြီး အရှင်မင်းကြီးဆိုလိုချင်တာက.....”

“ တော်တော်ကြာအောင် တိုက်ကြီးရဲ့ ဒီနေရာမှာနေခဲ့တာ အပြင်ဘက်ကဘာဆိုတာတောင်မသိရသေးဘူး ငါတို့ အပြင်ကိုထွက်ပြီး ဘာဆိုတာနကြည့်ဘဲ စစ်ပွဲမီးလျှံတွေ ဒီနေရာကို ပျံ့လာတဲ့အထိစောင့်မယ်ဆို နောက်ကျသွားပြီ ချမ်းဘော့ဒ်က အစွမ်းထက်ပြီးဆိုးရွားကောက်ကျစ်တဲ့ ရန်သူနဲ့ရင်ဆိုင်ရမယ်လို့ခံစားနေရတယ် ငါ‌ဒေသငါးခုရဲ့ အင်ပါယာတွေဆီခြေဆန့်ပြီး သူတို့ရဲ့ယဉ်ကျေးမှုနဲ့ အင်အားတွေကိုလေ့လာရမယ် သူတို့အကြောင်းကိုသိထားမှ သူတို့နဲ့ရင်ဆိုင်ရရင် ငါတို့ပြိုင်ဘက်ကင်းအခြေအနေမှာဆက်ရှိနေမှာ ငါဆရာသခင်တွေနဲ့ကြုံဆုံမယ် မိတ်ဆွေတွေဖွဲ့မယ် ငါ့ကိုယ်ငါထုဆစ်ရမယ် ဒါမှ နောက်အဆင့်တက်နိုင်မှာ “

ဖေး မတ်တပ်ရပ်ပြီး မြို့တော်ကို တစ်ချက်ကြည့်လိုက်သည်။ သူသာ အပြင်လောကသို့ထွက်မကြည့်ဘဲ ဤဒေသတွင်သာအခြေချနေပါက အားလုံး၏ နောက်တွင် နောက်ကျကျန်ခဲ့မည်ဖြစ်၏။ ကိစ္စများက အစဉ်မပြတ် ဖြစ်ပျက်နေသည်မဟုတ်ပါလော။

ရေအိုင်ငယ်သာသာ ဇင်းနစ်အင်ပါယာက လှိုင်းမည်မျှထန်မည်နည်း။ ငါးဘယ်လောက်ကြီးကြီး ရှိနိုင်မည်နည်း။

ဖေးဤကမ္ဘာသို့ရောက်သည်မှာ တစ်နှစ်ကြာပြီဖြစ်သကဲ့သို့ သူ့ခွန်အားနှင့် ချမ်းဘော့ဒ်ပြည်အင်အားမှာ ဤကာလအတွင်း တဟုန်ထိုးတိုးတက်ခဲ့သည်။ ယခု သူအပြင်လောကကိုထွက်ကြည့်ချိန်တန်ပြီဖြစ်သည်။

မိုဒရစ်လည်း ခနမျှ ခေါင်းငုံ့စဉ်းစားပြီး ပြောလိုက်၏။ “ အရှင်မင်းကြီး ကျွန်တော့ကို စီစဉ်ခွှင့်ပြုပါ “

ဖေး ခေါင်းခါလိုက်သည်။ “ ရတယ် မလိုဘူး ငါက ‌တိုက်ကြီးထဲ လိုက်လျှောက်သွားမှာ ခရီးစဉ်အတည်တကျရှိတာမဟုတ်ဘူး ပြီးတော့ စာရုံးရဲ့ အင်အားအများစုက မြေအောက်မှာရှိတာ ဘယ်သူမှ စာရုံးနဲ့ ချမ်းဘော့ဒ်ဆက်စပ်မှုကို သိတာမဟုတ်ဘူး မင်းသာလှုပ်လိုက်ရင် သတိကြီးတဲ့သုတွေ စာရုံးနဲ့ချမ်းဘော့ဒ်ဆက်စပ်မှုသတိထားမိသွားလိမ့်မယ့် ဒါက စာရုံးရဲ့ကြီးထွားမှုကို ရပ်တန့်စေနိုင်တယ် ငါသာ စာရုံးကို တစ်ခုခုခိုင်းဖို့လိုရင် ဒေသခံဦးစီးသူတွေကို ဆက်သွယ်လိုက်မယ် “

“ ကျွန်တော်သိပါပြီ မင်းကြီး စိတ်မပူပါနဲ့ ကျွန်တော်ကိုင်တွယ်လိုက်ပါမယ် “ မိုဒရစ်က တစုံတစ်ခုတွေးမိဟန်နှင့် ခေါင်းငြိမ့်သည်။

“ အင်ပါယာထဲက အခြေအနေတွေက ထူးဆန်းနေတယ် ပုံးကွယ်လှုပ်ရှားမှု‌တွေရှိနေတယ် ငါမနေ့က ကြီးကြီးမားမားလုပ်ခဲ့ပေမယ့် ရည်မှန်းချက်ကြီးသူတွေကတော့ ငါသွားတာနဲ့ လှုပ်ရှားကြတော့မှာပဲ မင်းလည်းအလုပ်များတော့မှာ ငါမင်းကိုဒီမှာဆက်မဆွဲထားတော့ဘူး “ ဖေး ပြင်ဆင်ထားသော သိုလှောင်လက်စွပ်ထုတ်ကာ မိုဒရစ်ကိုပေးလိုက်သည်။

“ ဒါငါမင်းအတွင် ပြင်ပေးထားတာပဲ ဒီပစ္စည်းတွေကို အကျိုးရှိရှိသုံး “

“ ကျေးဇူးပါ အရှင်မင်းကြီး “ မိုဒရစ်လက်စွပ်ကို တရိုတသေယူပြီး လက်တွင်တယုတယစွပ်လိုက်၏။

ဘုရင့်အနားတွင်နေသူတိုင်း ဘုရင်ချီးမြှင့်ပစ္စည်းများက အံ့ဖွယ်များဖြစ်သည်ကိုသိကြသည်။ မိုဒရစ် ဖေးအနားရောက်သည်မှာ မကြာသေးသော်လည်း ထိုကိစ္စကိုသိ၍ ပျော်ရွှင်စွာ လက်ခံခဲ့သည်။

End