Chapters

ငါသွားပြီ ၂

Vol. 56 Ch. 862

ငါသွားပြီ ၂

Vol. 56 Ch. 862

ထို့နောက် ဖေးမှာ သွေးအေးသိမ်းငှက်ကိုးဖော်ကိုတစ်ချက်ကြည့်ပြီး အလင်းသူရဲကောင်းပုံစံပြောင်းလိုက်သည်။ ထို့နောက် ၎င်းတို့၏ ကိုယ်ထဲသို့ ရွှေရောင်စွမ်းအားများ ထည့်သွင်းပေးလိုက်၏။

သွေးအေးသိမ်းငှက်ကိုးဖော်မှာ ပထမတွင် အံ့ဩသွားသော်လည်း နောက်တွင်တော့ မျက်နှာတွင်ပျော်ရွှင်သောအမူအရာများပေါ်လာသည်။ နှစ်ပေါင်းများစွာကြာအောင် မပျောက်ဘဲဒဏ်ဖြစ်နေသော ကိုယ်တွင်းရှိ သူတို့၏ ဒဏ်ရာဟောင်းများက ရွှေရောင်စွမ်းအင်၏ ကုသမှုကြောင့်တဖြည်းဖြည်းပျောက်ကင်းလာသည်ကို သူတို့ခံစားမိလိုက်ကြ၏။

မှော်ဆန်လှသည်။ နေအဆင့်အရှင်၏ တန်ခိုးစွမ်းအားများက နက်နဲလှပေသည်။

“ ကျေးဇူးပါ အရှင်မင်းကြီး “ သွေးအေးသိမ်းငှက်ကိုးဖော်က ဒူးထောက်ပြီး ကျေးဇူးတင်စကားဆိုကြ၏။

“ စာရုံးအတွက် တာဝန်ထမ်းရင်း မင်းတို့တွေဆရာသခင်တွေနဲ့တိုက်ရခိုက်ရ ဒဏ်ရာရကြတာပဲ မင်းတို့နဲ့ ပထမဆုံးတွေ့ရတာဆိုတော့ ငါလက်ဆောင်မပေးလို့မဖြစ်ဘူး ဒီလိုကုသပေးတာဆိုတာ ဘောင်ထဲမှာပဲရှိသေးတာ ပြန်သွားရင် မင်းတို့မိုဒရစ်ဆီက နတ်ဘုရားဆေးတစ်ခုစီထုတ်ယူကြ အဲ့တာမင်းတို့အတွက် ငါ့လက်ဆောင်ပဲ “ ဖေးက ပြုံးလျက်ပြောလိုက်သည်။

ထို့နောက် မိုဒရစ်မှာ ဖေးကိုအရိုအသေပေးပြီးနောက် ငွေမျက်နှာဖုံးပြန်တပ်လျက် သိုင်းသူတော်စင်တောင်အဖွဲ့ဝင်တစ်ဦး၏ လမ်းပြမှုနောက် သူ့လူများကိုဦးဆောင်ကာ ထွက်ခွာသွားတော့၏။

သွေးအေးသိမ်းငှက်ကိုးဖော်ကို မိုဒရစ်က သိုင်းသူတော်စင်တောင်သို့ခေါ်လာသည်ဖြစ်ရာ ထိုလူများက သစ္စာရှိ သစ္စာတော်ခံများဖြစ်လာသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ဖေး အရေးကြီးကိစ္စများကို သူတို့ရှေ့၌ ရှောင်ရှားခြင်းမရှိဘဲ ပြောဆိုခဲ့သည်။

သို့သော်လည်း ဤလူများ၏ ခွန်အားက မိုဒရစ်ထက်ပိုမိုကြီးမား၏။ ၎င်းတို့သာ ခွန်အားပိုကြီးလာပါက အင်အားနှင့်အမျှ ရည်မှန်းချက်လည်း ကြီးလာမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဒဏ်ရာများကို ကုသပေးစဉ်က စိတ်ဝိညာဉ်ချိပ်စည်းများ ချန်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ဘာဖြစ်သည်ကို ကီလိုမီတာရာချီအကွာကပင် သိနိုင်နေပြီဖြစ်သည်။

ကမ်းပါးစွန်း၌ရပ်နေရင်း သူ့မျက်နှာကိုတိုက်ခတ်နေသော လေအေးအေးကြောင့် ဖေးပိုမို၍ စိတ်ကြည်လင်လာသည်။

လူအိုကြီး ဇိုးလက်တင်ပြသော သတင်းအချက်အလက်များကိုကြည့်ရင်း သူ၏ တိုက်ကြီးတစ်ဝှမ်းလှည့်လည်လိုသောစိတ်ပိုမိုကြီးထွားလာခဲ့၏။

စာရုံး၏ အစွမ်းမှာ တိုက်ကြီး၏ ဒေသငါးခု၌ နက်နက်နဲနဲရောက်ရန် ကွာဝေးသေးသည်ဖြစ်ရာ ဖေးရသည့်သတင်းအချက်အလက်များက အပေါ်ယံမျှသာဖြစ်သည်။ အစစ်အမှန်များကိုတော့ ဖေးကိုယ်တိုင်သွားရှာရမည်ဖြစ်သည်။

ဓားတစ်လက်၏ ကိုယ်ထဲမြှုပ်နှံခံထား‌ရသော ရွှေရောင်အရိုးစုက ဤရက်ပိုင်းအတွင်း ဖေးကိုဒုက္ခပေးနေသည်။

ထိုအရိုးစုက အနာဂတ်တွင် ထပ်မံပြဿနာရှာလာမည်လားမသိပေ။ ၎င်းက သူ့အပေါ်အတော်လေး မုန်းတီးတေကြောင်း သူခံစားမိ၏။ ထိုနတ်ဆိုး၏ ပစ်မှတ်က ချမ်းဘော့ဒ်ဖြစ်ပြီး အနာဂတ်တွင် ပူးကပ်စရာခန္တာရှိပါက ပြန်လာလိမ့်မည်ဖြစ်ပေသည်။

“ အဲ့တာကဘာပါလိမ့် စစ်တွေဖြစ်နေတာ အဲ့တာနဲ့ဆိုင်နေရာများလား အဲ့ကောင်လွတ်သွားတာက လွန်ခဲ့တဲ့နှစ်ဝက်ကပဲ အဲ့တာက ဖရိုဖရဲခေတ်ကာလ စရောက်တဲ့အချိန်ပဲ “

ဖေးလည်း ခေါင်းခါလိုက်ပြီး လေထဲသို့ လက်သီးတစ်ချက်ထိုးလိုက်သည်။ ရွှေရောင်နဂါးစွမ်းအင်တစ်ခုပြေးထွက်သွားပြီး နေရာလပ်နှင့်ပေါင်းစပ်သွား၏။ မည်သည့်ပြောင်းလဲမှုမျှ ဖြစ်မလာပေ။

သို့သော်လည်း လအဆင့်အထွတ်အထိပ်နှင့် အထက်ပုဂ္ဂိုလ်များဆိုပါက တောင်ကုန်းနှင့် မီတာ၁၀၀အကွာ လေထဲတွင်တောက်လောက်နေသော ဖောက်ထွင်းမြင်ရသည့် စွမ်းအင်များကိုတွေ့ရပေလိမ့်မည်။ ၎င်းတွင် ကြီးမားသောစွမ်းအားများပါ၍ ပျောက်ကွယ်မသွားပေ။

၎င်းက လက်သီးစိတ်ဝိညာဉ်ချိပ်စည်းများဖြစ်၏။ ရန်သူများသာ ဤနေရာသို့အတင်းဝင်လာပါက ပြာချခံရမည်ဖြစ်ပေသည်။ လက်သီူတစ်ချက်ထဲနှင့် ဖေးရပ်မသွားပေ ၂၁ချက်ထိုးပြီး တိတ်တဆိတ် စွမ်းအားများကိုပို့လွှတ်လိုက်၏။

End