ဒုတိယမြောက် ၁
Vol. 56 Ch. 863
ကြောက်မက်ဖွယ်ရာ နေအဆင့်စွမ်းအင်များမှာ ဘုရင်၏ ရူးသွပ်ဖွယ်ရာစွမ်းအင်များနှင့်အတူ သိုင်းသူတော်စင်တောင်တစ်ခုလုံးကိုချိပ်ပိတ်ထားသည်။ ထွင်းဖောက်မြင်ရသော ပုံဆောင်ခဲသဏ္ဍန် စိတ်ဝိညာဉ်စွမ်းအားများက တစ်တောင်လုံးကို တံတိုင်းသဖွယ်ကာရံထားသော်လည်း သာမန်လူများအနေနှင့် မြင်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ထိုချိပ်ပိတ်မှုက တစ်တောင်လုံးကို မမြင်ရသော မပျက်စီးနိုင်သည့် အကာအကွယ်အဖြစ်ကာကွယ်ပေးထား၏။
ထို ဝိညာဉ်ချိပ်စည်း ၂၂ခုက နှစ်ပေါင်း၁၀၀ကြာအောင် တည်ရှိနိုင်ပြီး ၎င်းနောက်မှ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ယခုချိန်မှစ၍ သိုင်းနတ်ဘုရားတောင်ကို စစ်သည်သောင်းချီ ဝန်းရံတိုက်ခိုက်လျှင်ပင် အကာအကွယ်ကျိုးပျက်နိုင်တော့မည်မဟုတ်ပေ။ နေအဆင့်အရှင်တစ်ချို့ပါဝင်မှသာလျှင် ကျိုးပျက်နိုင်ပေမည်။
ထိုကိစ္စများပြီးနောက် ဖေးမှာ ရှေးဟောင်အဆောက်အဦးအတွင်းပြန်ဝင်လိုက်ပြီး နတ်ဆိုးဘုရင်ဓားစာအုပ်မှ အခြေခံလက်သီးသိုင်းအချို့ကို လူဖီလေးအတွက်ကူးယူပေးလိုက်၏။ ထို့နောက် သိုင်းနတ်ဘုရားတောင်၏ အန္တရာယ်ကင်းသော နေရာများကိုမြေပုံရေးဆွဲပေးလိုက်၏။ သို့မှသာ လမ်းမှားပြီး သူ့လက်သီးချိပ်စည်းများထဲ မကျရောက်မည်ဖြစ်သည်။
ထို့နောက် မာထရီကို ဆင့်ခေါ်ပြီး စကားအချို့ပြောကာ သိုင်းနတ်ဘုရားတောင်မှထွက်ခွာလိုက်၏။
စိန့်ပီတာဘတ်မှာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပြီး မြို့တွင်း၌ အားလုံးက တင်းတင်းမာမာဖြစ်နေသည်။
စစ်မိန့်များ အဆက်မပြတ်ထွက်ပေါ်နေသေးသလို လူငယ်လေးများမှာလည်း တစ်ဦးပြီးတစ်ဦး စစ်မှုဝင်ထမ်းကြပြီး တတ်နိုင်သမျှ စစ်ရေးဗဟုသုတများကို လက်ခံယူနေကြ၏။ အင်ပါယာက သူတို့ကို စစ်ပွဲအတွင်းရှိ တပ်သားဘဝနှင့်အသားကျအောင်ပြုလုပ်နေသည်။
အင်ပါယာ၏ အမိန့်ကြောင့် အင်ပါယာအတွင်းရှိမိသားစုကြီးများနှင့် နိုဘယ်များမှာ အိတ်ဖွှင့်၍ စစ်အတွက် ငွေကြေးထောက်ပံ့ကြ၏။ဧရာမ စစ်ယန္တရာကြီးများ စတင်၍ တုန်ဟီးလှုပ်ရှားလာကြသည်။
အင်ပါယာ ရက်ဆင် ဇင်းနစ်ကိုထူထောင်ပြီးနောက် သူကအနားယူပြီး ဖွံဖြိုးတိုးတက်သည့်အစီအစဉ်ကိုလုပ်ခဲ့သည်။ ထို့ကြောင့် အင်ပါယာက အတော်လေးကြွယ်ဝ၏။ အနီးအနားရှိ အင်ပါယာငယ်များနှင့်စစ်ဖြစ်နေသော်လည်း တစ်ခါမျှ အင်အားကုန်မသုံးခဲ့ပေ။ အင်အားအပြည့်တစ်ကြိမ်သုံးသည်နှင့် အဆင့်4 5 အင်ပါယာများကိုပင်ယှဉ်နိုင်မည်ဖြစ်သည်။ အင်အားခုန်တိုးမှုကကြောက်မက်ဖွယ်ရာကောင်းလှ၏။
ဖေး စိန့်ပီတာဘတ်မြို့ပေါ် ဖြတ်ပျံစဉ် ဇင်းနစ်အင်ပါယာ၏ နန်းတော်ရှိ အဆောက်အဦးများကိုလှမ်းကြည့်မိသည်။ ထိုအဆောက်အအုံထဲ၌ ဇင်းနစ်၏ အုပ်စိုးသူ ပုန်းအောင်းနေမှန်း ဖေးတစ်ဦးသာသိပေသည်။ ထို အခြေအနေများကိုထိန်ချုပ်ရာတွင် ပြိုင်ဘက်ကင်းသည့် ပါရမီရှင်ရှိနေပါပ ဖေးမရှိလည်း စိန့်ပီတာဘတ်မှာ လုံခြုံပေသည်။
ထို့နောက် ဖေး ချမ်းဘော့ဒ်သို့ ပြန်ရောက်လာ၏။ ချမ်းဘော့ဒ်မှာ စစ်ပြင်ဆင်နေသည်။
ရွှမ်ကော်ကြောင့် ပျက်စီးသွားသော မြို့၏ အနောက်ခြမ်းမှာ ပြန်ပြင်ဆင်နေပြီဖြစ်ကာ တစ်ဝက်ပြီးနေပြီဖြစ်၏။
ကျစ်လီမြစ်၏ ဆိပ်ကမ်းကိုလည်း နောက်တစ်ဆင့်မြှင့်ထားပြီး ဝေလစစ်သင်္ဘောအသစ်များ ထိုနေရာတွင်ဆိုက်ကပ်ထားသည်။
မင်္ဂလာပွဲသို့ အရေးကြပုဂ္ဂိုလ်များအဖြစ် တက်ရောက်လာသော သံများ မြစ်တောင်ပိုင်းတွင် စခန်းချနေသော်လည်း ယခုတော့ အများစုမှာ ပြန်သွားကြပြီဖြစ်၏။
နဂါးလိုက်မဟာမိတ်အဖွဲ့၏ သံများသာ ဖမ်းဆီးခံရပြီး လက်နက်များသိမ်းဆည်ခံရကာ တည်ဆောက်ရေးလုပ်ငန်း၌ လုပ်အားပေးနေကြရသည်။
ဖေးဓားငါးလက်တောင်သို့ပြန်လာသော်လည်း နတ်ဘုရားဘုရင့်နန်းတော်၌ သူ့ဇနီးနှစ်ဦးကိုမမြင်ရပေ။
အစေခံများကိုမေးပြီးမှ အိန်ဂျလာက အယ်လန်နာကို သူနှင့်အတူတောထဲလိုက်ရန်ခေါ်သွားပြီး နဂါးသုံးကောင် ဘလက်ကီတို့နှင့်အတူ မဟာဘုရင်အဆင့်နတ်ဆိုးသားရဲတပ်လေ့ကျင့်ပေးနေကြောင်းသိလိုက်သည်။
ချမ်းဘော့ဒ်ပြည်၏ တင်းမာနေမှုကို မိဖုရားနှစ်ပါးသိကြပြီး သူတို့၏ အမျိုးသားအတွက် တစ်တပ်တစ်အားဖြစ်လာရန်ကြိုးစားနေကြခြင်းဖြစ်၏။
အတော်ကြာအောင်စဉ်းစားပြီးမှ သူစဉ်းစားထားခဲ့သော စွန့်စားမှုကို ချန်းဘော့ဒ်မှ မထွက်ခွာခင် ဆောင်ရွက်ရန်ဆုံးဖြတ်လိုက်သည်။
End