Chapters

ဒုတိယမြောက် ၂

Vol. 56 Ch. 864

ဒုတိယမြောက် ၂

Vol. 56 Ch. 864

သူ အာကာရာနှင့် ကိန်းကို ကောင်းကင်ရဲတိုက်ထဲ ဆင့်ခေါ်လိုက်သည်။

ယခုက သိပ္ပံရူးနှစ်ယောက် ‌မြို့ထဲ ပထမဆူံအကြိမ်ရောက်ဖူးခြင်းမဟုတ်သော်လည်း နှစ်ဦးသား မှင်သက်ဆဲဖြစ်၏။ တစ်ခုမကျန်သော ရုပ်ထုများက မှော်စွမ်းအားအငွေ့အသက်ဖြင့် ထွင်းထားခြင်းကို ထိုနှစ်ဦး အလွန်သဘောကျနေသည်။

ဖေး၏ ဦးဆောင်မှုအောက်တွင် သုံးယောက်သား ခေးအော့ပလ္လင်၏အစွမ်းကိုသုံးကာ တောင်ဗဟိုရှိ ဆန်း‌ကျယ်သောအတွင်းသို့ နေရာကူးပြောင်းလိုက်ပြီး ဒဏ္ဍာရီလာကြာပလ္လင်ရှေ့ရောက်လာကြသည်။

“ သေချာရဲ့လား “ ကိန်းနှင့် အကာရာတို့က ဖေးကိုမမေးခင်အချင်းချင်း လေးနက်စွာကြည့်လိုက်ကြ၏။ “ စွမ်းအင်‌တွေကို ဒီအထဲထိုးသွင်းလိုက်တာနဲ့ မြို့နည်းနည်းပြောင်းလဲသွားမယ် ဒါကငါတို့တွက်ချက်မှန်းဆထားတာပါ မသေချာဘူး ကမ္ဘာ့ကျောက်တုံးတစ်လုံး ဖြုန်းမိသွားတာလဲဖြစ်နိုင်တာပဲ “

“ ငါ့မသိစိတ်ကတော့ အဲ့လောက်ဆိုးမသွားနိုင်ဘူးပြောနေတာပဲ “ ဖေး ထိုသို့ပြောကာ ပြုံးလျက်ကြာပလ္လင်ထံသို့သွားလိုက်၏။

ဒိုင်ယာဘလိုကမ္ဘာ၏ သာမန်ပုံစံမှရလာသော ကမ္ဘာ့ကျောက်တုံးကို ဖေးသန့်စင်ပြီး သူ့သွေးများကို ကြာပလ္လင်ထဲသို့တစ်စက်စီချလိုက်သည်။

ကြာပလ္လင်ထက်၌ ရပ်နေရင်း ဘုရင်အလက်ဇန္ဒားမှာ ချစ်သူနှင့်အတူရပ်နေသည်ဟုခံစားနေရ၏။ ထို့နောက် ဒိုင်ယာဘလိုကမ္ဘာ၏ အိပ်မက်ဆိုးပုံစံမှ ရခဲ့သော ကမ္ဘာ့ကျောက်တုံးကိုသူထုတ်ယူလိုက်သည်။

ထိုကျောက်တုံးက မိစ္ဆာငရဲစွမ်းအင်၏ စွန်းထင်းမှုကိုခံရသော ကမ္ဘာ့ကျောက်တုံးဖြစ်ပြီး လက်သီးသုံးစုပ်စာအရွယ်အစားရှိပေသည်။ ၎င်းက ဘဲဥပုံရှိပြီး ၎င်းထံမှထွက်ပေါ်နေသော မျက်စိစူးစေသည့် အနီရောင်အလင်းတန်းက တောင်အတွင်းပိုင်းတစ်ခုလုံးကို ရဲရဲနီသွားစေသည်။ ထို့နောက် ထူထဲသော မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာပြီး လေထုကိုသွေးကဲ့သို့စေးကပ်သွားစေ၏။

အကာရာနှင့် ကိန်းတို့မှာ အလေးအနက်ဖြစ်နေကြပြီဖြစ်သည်။ သူတို့နှစ်ဦးလုံးက အတော်လေးအတွေ့အကြုံရှိပြီး ရှေးဟောင်းလူသားများဟုပင်ဆိုနိုင်ပေသည်။ နှစ်ဦးလုံး ကောင်းကင်နှင့် ငရဲစစ်ပွဲ၌ အိန်ဂျယ်များနှင့် ဒီမွန်းများ တိုက်ခိုက်သည်ကို မြင်ဖူးကြ၏။ ဤ မိစ္ဆာစွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုလည်းသိကြသည်။ ၎င်းကြောင့် ရွာများပျက်စီး၊ မြေပြင်လွှာကွဲအက်၊ လူသေများ အလောင်းကောင်အဖြစ်ပြောင်းကာ သူရဲကောင်းများ ဒီမွန်အဖြစ်ကျရှုံးခဲ့သည်ကို မြင်ခဲ့ဖူး၏။

ဤစွမ်းအင်ကို ရင်းနှီးကြပြီး ၎င်းကိုမုန်းတီးကြသည်။

ထို စွန်းထင်းနေသော အိပ်မက်ဆိုးပုံစံ ကမ္ဘာ့ကျောက်တုံးကို ဒဏ္ဍာရီပလ္လင်ဆင့်ပေါ်၌ တင်ပြီးနောက် ဖေးသူ့ကိုယ့်အတွင်းမှ ဆန်းကြယ်သောကျောက်တိုင်ကိုဆင့်ခေါ်လိုက်၏။

မကြာခင်မှာပင် တုန့်ပြန်မှုကိုရလိုက်သည်။ ဒဏ္ဍာရီပလ္လင်ဆင့်က လှုပ်ရှားလာသကဲ့သော ဆန်းကြယ်သောကျောက်တိုင်မှာလည်း အိပ်ယာမှနိုးလာသည့်နှယ် ဖေးကိုယ်ထဲမှ ပြေးထွက်လာ၏။ အစ၌ ၎င်းက လက်ဖျက်ရိုးတစ်ခုသာသာရှိသော်လည်း တဖြည်းဖြည်းနှင့် မီတာ100လောက်ကြီးလာပြီး ပလ္လင်ထက်၌ တောင်အတွင်းပိုင်းကို ပင့်မထားလိုက်သည်။

မိစ္ဆာစွမ်းအင်ကို အာရုံခံမိသည်နှင့် ဒဏ္ဍာရီပလ္လင်ဆင့်ထံမှ မြည်ဟီးသံထွက်ပေါ်လာ၏။ ဖေးနှင့် သိပ္ပံရူးနှစ်ဦးလည်း ခေးအောပလ္လင်ထက် ပြန်ဆုတ်လိုက်ကြသည်။

ထို့နောက်တွင်တော့ ဒဏ္ဍာရီပလ္လင်ဆင့်၏ အဆင့်ကိုးဆင့်မှာ ဘယ်၊ ညာ စသဖြင့်အသီးသီးလည်ပတ်လာကြ၏။ ၎င်းနောက် ကြာပလ္ဘင်ဆင့်ထဲမှ ငွေရောင်ရုန်းများထွက်ပေါ်လာပြီး လေထဲတွင် စာများ၊ ပုံရိပ်များ၊ ပုံစံများဖြစ်ပေါ်လာသည်။ ၎င်းက တစ်စုံတစ်ခုကိုတွက်ချက်သည့်နှယ် ရှေးဖြစ်ဟောသည်နှယ်ဖြစ်သည်။

ဖေးကတော့ မြင်ဖူးပြီဖြစ်၍ သိပ်မအံ့ဩပေ။ အကာကာနှင့် ကိန်းတို့ကတော့ ပထမဆုံးဖြစ်ရာ စိတ်လှုပ်ရှားပြီး တုန်ရီနေကြသည်။ တစ်စုံတစ်ခုကိုရှာတွေ့သည့်အလား တောက်ပသောမျက်လုံးများနှင့် ရွှေရောင်ရုံးများကို စိုက်ကြည့်နေကြ၏။

End