Chapters

သန့်စင်ခြင်းမပြီးဆုံး

Vol. 56 Ch. 865

သန့်စင်ခြင်းမပြီးဆုံး

Vol. 56 Ch. 865

“ ဒါတွေက ရှေးဟောင်းနတ်ဘုရားရုန်းတွေပဲ သူတို့က......” ကိန်းပါးစပ်ဟလိုက်သော်လည်း စိတ်လှုပ်ရှားလွန်း၍ စကားပင်မပြောနိုင်ဖြစ်နေသည်။

“ ဒါနည်းစနစ်တစ်ခုကိုရေးထား....ဒါကကောင်းကင်ရဲတိုက်ကို ထိန်းချုပ်တဲ့နည်းစနစ် ဟာ အရမ်းကိုမြန်လွန်းတယ် ငါမမှတ်မိတော့ဘူး သွား မြန်မြန်ကူးယူရမယ် မြန်မြန်လေး “

အကာရာမှာ အလျှင်အမြန်ပင် သူ(မ)၏ သို့လှောင်နေရာလွှတ်မှ ကြီးမားသော ဒီဗီပုံဆောင်ခဲကိုထုတ်ယူကာ မှော်စွမ်းအားသွင်းလိုက်ပြီး ရုန်းများထွက်ပေါ်လာမှုကို အမြန် မှတ်တမ်းတင်လိုက်သည်။ သို့သော်လည်း သူချက်ချင်းပင် လက်မြှောက်လိုက်ရ၏။ ထို့နောက် သက်ပြင်းချလျက်ပြောလိုက်သည်။ “ ဒီနတ်ဘုရားရုန်းတွေက အဆင့်မြင့်လွန်းတယ် နားလည်ရခက်ခဲတယ် သာမန် ဒီဗီခရစ်စတယ်နဲ့မှတ်တမ်းတင်လို့မရဘူး ကြည့်ရတာ ကိုယ့်နားလည်နိုင်စွမ်းပဲ အားကိုးမှတ်ရတော့မယ် “

သိပ္ပံရူးနှစ်ယောက် မျက်လုံးကိုကျယ်ကျယ်ဖွှင့်ကာ ထွက်လာသမျှ ရုန်းစာလုံး သင်္ကေတပုံစံ ပုံရိပ်များကို မျက်တောင်မခတ်ပဲမှတ်သားကြတော့သည်။

ဖေးလည်း ဘာမှမပြောဘဲ လိုက်လံမှတ်သားနေလိုက်၏။

အံချီးဖွယ်စကေးသုံးခုကိုရပြီးနောက် ဖေးမှာ ပိုမိုထက်မြတ်လာရုံသာမက ဓာတ်ပုံမှတ်ညဏ်ကိုလည်းရလာခဲ့သည်။ မြင်သမျှကို ဓာတ်ပုံရိုက်ထားသကဲ့သို့ ဖေးမှတ်သားနိုင်၏။

ဒဏ္ဍာရီကြာပလ္လင်၏ ကိုးဆင့်မြောက်မှနေ၍ နတ်ဘုရားရုန်းများက ပုံရိပ်များ ပုံစံများ ရုန်းစာများအဖြစ် အဆက်မပြတ်ထွက်ပေါ်နေသေးသော်လည်း ဖေးက ၎င်းတို့ကိုနားလည်ရန်မကြိုးစားတော့ဘဲ အလွတ်မှတ်ထားရန်သာဆုံးဖြတ်လိုက်သည်။ ကျယ်ပြောများပြားလှသော အသိသညာများက သူ့ဦးနှောက်ထဲတွင် ကျောက်စာထွင်းထုထားသကဲ့သို့စွဲမြဲစွာမှတ်သားထား၏။

အကာရာနှင့် ကိန်းတို့မှာ ဤအပိုင်းတွင် ဖေးထက်ပို၍နိမ့်ကျသည်။

နှစ်ဦးလုံးက မှော်လေ့လာသူများဖြစ်ပြီး ညဏ်ထက်ကြသော်လည်း ‌အသက်ကြီးနေပြီဖြစ်ရာ အတော်ကြာအောင် မှတ်သားပြီးသည်နှင့် ခေါင်းများထုံလာ၏။ ထို့ကြောင့် ဆက်မကြည့်နိုင်တော့ဘဲ မှတ်သားနေသော ဖေးကိုသာ ကြည့်နေကြသည်။ နှစ်ဦး ဖေးအနှောက်အယှက်ဖြစ်၍ ရုန်းတစ်ခုလောက် မေ့သွားမည်စိုးကာ အသံပင်မထွက်ရဲပေ။

ထို အခြေအနေက နှစ်နာရီ သုံးနာရီလောက်ကြာသွားသည်။

ထိုကာလအတွင်း ဒဏ္ဍာရီပလ္လင်ဆင့်၏ ကိုးဆင့်လုံးက မတူညီသောနှုန်း၊ စည်းချက်၊ ကြိမ်နှုန်းတို့ဖြင့် ရွေ့လျားနေ၏။ ငွေရောင်ရုန်းများက အသက်ရှိနေသည့်အလား ထိုအဆင့်များမှထွက်လာကာ လေထဲရှိ စာ၊ ပုံစံ၊ ပုံရိပ်များနှင့် ပေါင်းစပ်သွားသည်။

ထိုဖြစ်ရပ်က တီဗီမှပုံရိပ်များ ရုပ်ရှင်အဖြစ်ထွက်လာသလို လျှင်မြန်လှ၏။

တောင်အတွင်း၌ ပြည့်နေသော အနီရောင်မိစ္ဆာစွမ်းအင်များမှာ ဖော့တုံးအနီးမီ ရေများအလား ဒဏ္ဍာရီပလ္လင်ဆင့်ထဲသို့ စုပ်ယူခံလိုက်ရသည်။ အချိန်ကုန်ဆုံးလာသည်နှင့် အနီရောင်စွမ်းအင်များတဖြည်းဖြည်းပါးလာ၏။

ဒဏ္ဍာရီက့ာပလ္လင်ထက်ရှိ ကမ္ဘာ့ကျောက်တုံးမှာလည်း တဖြည်းဖြည်းသန့်စင်ခံနေရပြီး ၎င်း၏ ထိပ်ဆုံးပိုင်မှာ အိပ်မက်ဆန်ဆန်အပြာရောင်အဖြစ် ပြောင်းလဲလာနေသည်။

တစ်ချိန်ထဲမှာပင် ကမ္ဘာ့ကျောက်တုံး၏ အရွယ်အစားက တဖြည်းဖြည်းသေးလာနေသည်ကိုမြင်နေရ၏။ ထိုသို့ပြောင်းလဲမှုက နှေးကွေးသော်လည်း ဖြစ်ပေါ်နေရာ ဤ ဒဏ္ဍာရီပလ္လင်အလုပ်လုပ်ခြင်းက စွမ်းအင်အလွန်ကုန်ကြောင်းသိနိုင်သည်။

တစ်နာရီကြာပြီးနောက် အချက်အလက်သောင်းသိန်းမက ခေါင်းထဲမှတ်ရသဖြင့် ဖေး ခေါင်းများထုံကျင်လာ၏။ သို့သော်လည်း တဝုန်းဝုန်းမည်သံများ တိတ်သွားသဖြင့် ခေါင်းတစ်ခုလုံးပေါက်ကွဲမည့်နှယ်ခံစားနေရသောဖေးအဖို့ အဆင်ပြေသွားသည်။

ဒဏ္ဍာရီပလ္လင်ဆင့်၏ လှုပ်ရှားမှုများ နှေးကွေးလာသကဲ့သို့ ငွေရောင်ရုန်းများမှာလည်း အသိုက်ထဲပျံသောငှက်သဖွယ် ဒဏ္ဍာရီပလ္လင်ဆင့်ထဲပြန်ဝင်သွားသည်။

တစ်ချိန်ထဲမှာပင် ပုံရိပ်များ၊ စာများ၊ ပုံစံများသည်လည်း လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

တောင်အတွင်းပိုင်းတွင်တော့ အိုက်စက်ပူလောင်မှုသာခံစားရတော့သည်။ ကြာပလ္လင်ဆင့်၏ အချင်းချင်းပွတ်တိုက်မှုကြောင့်ထွက်လာသော အပူအချိန်က ဤဧရိယာကို အတော်လေးပူလောင်စေသည်။

End