Chapters

သန့်စင်ခြင်းမပြီးဆုံး ၂

Vol. 56 Ch. 866

သန့်စင်ခြင်းမပြီးဆုံး ၂

Vol. 56 Ch. 866

ဒဏ္ဍာရီဆန်ဆန် ပလ္လင်ထက်ရှိ ဆန်းကြယ်သောကျောက်တိုင်မှာ သန့်စင်ခြင်းဖြစ်စဉ်၌ စွမ်းအားအတော်များများကို စုပ်ယူထားသည်ဖြစ်၍ စတင်ပြောင်လဲလာပြီဖြစ်သည်။

၎င်း၏ အရွယ်အစားကြီးမားလာခြင်းမရှိသော်လည်း ကြမ်းတမ်းကာ ကျောက်တုံးကဲ့သို့ဖြစ်နေသော မျက်နှာပြင်ကွာကျလာပြီး အတွင်းမှ ချောမွေ့အလင်းပြန်နိုင်သော မျက်နှာပြင်ထွက်ပေါ်လာ၏။

အတွင်းပိုင်း၏ မျက်နှာပြင်မှာ ကျောက်စိမ်းဖြူရောင်ဖြစ်သည်။ ထိုမျက်နှာပြင်၌ မည်သည့်ပုံစံ ရုပ်ပုံမှထွင်းထုထားခြင်းမရှိဘဲ ပြောင်တလင်းဖြစ်နေ၏။ ၎င်းထံမှ နွေးထွေးသောအလင်းရောင်ထွက်ပေါ်နေပြီး ဖေးသာလျှင်ခံစားစိရှိနိုင်သော စိတ်ဝိညာဉ်ဆိုင်ရာလှုပ်ခတ်လှိုင်းများထွက်ပေါ်နေသည်။

ဒဏ္ဍာရီကြာပလ္လင်ရပ်တန့်သွားပြီးသော ဆန်းကြယ်သောကျောက်တိုင်ကြီး ငွေရောင်အလင်းတန်းလက်သွားပြီး လက်ဖျံရိုးလောက်ပြန်ကျုံ့သွားကာ ဖေးကိုယ်ထဲသို့ ဝင်သွားသည်။ ၎င်းက အရင်အခြေအနေသို့ ပြန်ကျရောက်သွားပြီး အိပ်ပျော်သွားသကဲ့သို့ဖြစ်သွား၏။

“ ဟမ် ‌ကမ္ဘာ့ကျောက်တုံးက လုံးလုံးကြီးမကုန်သွားဖူးဘဲ ဆယ်ပုံတစ်ပုံပဲ သန့်စင်ခံလိုက်ရတာကို “

ဆန်းကြယ်သော ကျောက်တိုင်၏ လှုပ်ရှားမှုကြောင့်အံ့ဩနေသောဖေးမှာ ဒဏ္ဍာရီကြာပလ္လင်ထက်တွင် အိပ်မက်ဆိုးပုံစံပြောင်းနေသော ကမ္ဘာ့ကျောက်တုံးက အကုန်အစင်သန့်စင်မခံရသေးကြောင်းတွေ့လိုက်ရ၏ ၎င်း၏ဆယ်ပုံတစ်ပုံသာအပြာရောင်ပြောင်းနေပြီး ကျန်ကိုးပုံက သွေးကဲ့သို့ရဲလျက်ရှိနေဆဲဖြစ်၏။

“ ဒါကမထူးဆန်းပါဘူး ဒီကမ္ဘာ့ကျောက်တုံးက အရင်တစ်ခုထက်အဆတစ်ရာလောက်ပိုကြီးတာကို အရင်တစ်ခုတုန်းက တစ်ထိုင်ထဲသန့်စင်လို့ရပေမယ့် ခုတစ်ခုကိုတော့ တစ်ထိုင်ထဲသန့်စင်လို့ဘယ်ရမလဲ ငါတို့နောက် ထပ် ထပ်ပြီး သန့်စင်ရင်တော့ အကုန်သန့်စင်လို့ပြီးမှာပါ “

ကိန်းမှာ ဒိုင်ယာဘလိုကမ္ဘာ၏ သက်ရှိစွယ်စုံကျမ်းတစ်ခုကို ဖေးအားချက်ချင်းရှင်းပြသည်။

ထိုနောက်သူက အတွေးများထပါဝင်လာပြီး ထပ်မံရှင်းပြ၏။ “ဒါပေမယ့် ကမ္ဘာ့ကျောက်တုံးရဲ့ သန့်စင်ပြီးသား အပိုင်းက သုံးလို့ရပြီး ကျောက်တုံးတစ်ခုထဲမှာ အဆိုးရော အကောင်းပါ စွမ်းအင်နှစ်မျိုးရှိပြီး စွမ်းအားတွေ တစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်တာမျိုးကရှားတယ် ဒီလိုမျိုးစွမ်းအင်နှစ်မျိုးပါတဲ့ ကမ္ဘာ့ကျောက်တုံးတွေက ကြောက်စရာအကောင်းဆုံးပဲဖြစ်ရမယ် “

“ အမ်း ကြည့်ရတာ ဒီဏ္ဍာကြာပလ္လင်ဆင့်က ဒီလောက်ပဲ သုံးလို့ရတယ်ထင်တယ် ငါတို့ဒီတစ်ခေါက်အတွက် ဒီလောက်ပဲပေါ့ “ အကာရာက ထိုသို့ပြော၏။ ထို့နောက် ရုတ်တရက် သူက အတွေးတစ်ခုဝင်လာပြီး စိတ်လှုပ်ရှားက ဖေး၏ ဝတ်ရုံစကို စွဲလျက်ပြောသည်။ “ နေဦး နင် နတ်ဘုရားရုန်းတွေကို အလွှတ်မှတ်ထားတယ်မှတ်လား အကုန်ချရေးပေးစမ်း ငါသိတယ် နင့်မှာ အသေမှတ်နိုင်တဲ့ မှတ်ညဏ်မျိုးရှိတယ်ဆိုတာ “

“ မင်းငါတို့ကို တွေ့တိုင်းပြေးနေတာ ဒီတစ်ခေါက် ပြေးမရတော့ဘူး မင်းပြေးမယ်ဆိုရင် ငါတို့....ငါ....တို့ “ ကိန်း ခနရပ်ပြီး ချိန်းခြောက်ရန်စကား တွေးလိုက်သည်။ “ ငါတို့ ဆက်အလုပ်မလုပ်တော့ဘူး ဟား..ဟားး..ဟားးး..”

ဖေးက နှစ်ယောက်လုံး၏ စိတ်လှုပ်ရှားနေမှုကိုကြည့်ပြီး ပြုံးလိုက်၏။ ထို့နောက် အားလုံး နတ်ဘုရားဘုရင့်နန်းတော်ပြန်ရောက်သည်နှင့် ဖေး နတ်ဘုရားရုန်းများကို ချရေးပေးလိုက်သည်။ သူချရေးသည်က အပုံတစ်ရာပုံတစ်ပုံမျှလောက်သာဖြစ်‌သော်လည်း တစ်နာရီခန့်အချိန်ယူပြီး စာမျက်နှာတစ်ရာလောက်ရေးလိုက်ရသည်။

ထို့နောက် သူ စုတ်တံကိုချ ပြောလိုက်၏။ “ ပုံရိပ်တွေ စာတွေ ပုံစံတွေကအများကြီးပဲ အကုန်လုံးတစ်ထိုင်ထဲချရေးပေးဖို့မဖြစ်နိုင်ဘူး ဒီမှာ နတ်ဘုရားရုန်း စာရွက်တစ်ရာရေးထားတယ် အရင်လေ့လာကျပေါ့ လေ့လာပြီးမှ နောက်ထပ် ထပ်ရေးပေးမယ် “

အကာရာနှင့် ကိန်းလည်း ဖေးစကားက အကြောင်းအကျိုးညီ၍ လက်ခံလိုက်ကြသည်။ ထို့နောက်နှစ်ယောက်သား မုန့်ရသည့် ကလေးလို စာရွက်များကိုကိုင်ကာ ဆန်းကြယ်သည့်ကျောက်တုံးခန်းရှိ ဓာတ်ခွဲခန်းသို့ ပေါ်တယ်ကိုဖြတ်၍သွားကြတော့သည်။

ယခုတော့ ဖေး အပျော်မျက်နှာနှင့်ကျန်ခဲ့၏။ ယခုသူ ‌ကောင်းကင်ရဲတိုက်၏ အကြီးဆုံးလျှို့ဝှက်ချက်ကိုတွေ့လိုက်ရပြီဖြစ်သည်။

End