Chapters

လုပ်ဆောင်ချက် ၈၁ခု

Vol. 56 Ch. 867

လုပ်ဆောင်ချက် ၈၁ခု

Vol. 56 Ch. 867

ကိန်း၊ အကာရာတို့နှင့်အတူ နတ်ဘုရားရုန်းများကိုလေ့လာရင်း ဖေး သဘောတရာအချို့နှင့် အသိပညာတချို့ကို ဖမ်းဆုတ်မိလာသည်။ ထို့ကြောင့် သူ အလွတ်မှတ်ထားသော အချက်အလက်တချို့ကို နားလည်လာ၏။ ထို့ပြင် သူ့တွင် ကောင်းကင်ရဲတိုက်နှင့် သူမတူသော ဆက်နွယ်မှုရှိရာ ကိန်းနှင့် အကာရာတို့ထွက်သွားသည်နှင့် သူရုတ်တရက်နားလည်လာသည်။

ဖေး နတ်ဘုရားဘုရင်နန်းတော်ထဲရှိ ပလ္လင်ရှေ့မှ ကန်လေးရှိရာသို့လျှောက်သွားလိုက်၏။

ယခုတော့ ရွှေကြာဖူးတစ်ခုသာ ရင့်မှည့်နေပြီး ၎င်း၏ ပွင့်ဖတ်များပွင့်ဟနေသည်။ အခြားကြာပန်းရှစ်ခုမှာ မရင့်မှည့်သေးသည့်တိုင် ဖူးပွင့်ရန်နည်းကပ်နေပြီဖြစ်၏။

ဤ ကြာပန်းများက ဤနေရာတွင် ထာဝရရှိနေခြင်းဖြစ်သည်။ ဖေး နတ်ဘုရားဘုရင်နန်းတော်သို့‌ ပထမဆုံးရောက်စဉ်က ကြာရိုးကြာနွယ်များအဖြစ်သာရှိကြသေးသည်။ ၎င်းနောက်တွင်တော့ ကြာပန်းတစ်ခုက ဖူးလာပြီး ပတ်ပတ်လည်တွင် ကြာရိုးကြာဖူးများပြန်ကျဲ့ဖြစ်တည်လာ၏။ ယခုတွင်တော့ ကြားပန်းကိုးခုလုံး ပွင့်ခါနီးပြီဖြစ်ပေသည်။

အစတွင် ဤအရာများက အလှဆင်ရုံသက်သက်သာဖြစ်သည်ဟုတွေးကာ ကြာများကိုဖေးအလေးမထားခဲ့ပါ။

ဖေး သိပ္ပံရူးနှစ်ယောက်နှင့်အတူ ရုန်းများကို အကောင်းဆုံးကြိုးစား မှတ်သားစဉ်က သတင်းအချက်အလက်တစ်ချို့ကိုနားလည်နိုင်ပြီး နတ်ဘုရားရုန်းများအသုံးပြုပုံတစ်ချို့ကို သဲလွန်စရလာ၏။ ယခုတော့ ဤကြာပန်းများက ကောင်းကင်ရဲတိုက်အတွင်းရှိ စက်ယန္တရားအားလုံးကိုထိန်းချုပ်သည့်အရာများဖြစ်ပြီး ရဲတိုက်၏ ခုခံမှုသာမက တိုက်ခိုက်မှု၊ အစီအရင်ဝင်္ကပါနှင့် ပုံရိပ်ယောင်ဖန်တီးခြင်းများကိုပါ ၎င်းတို့ဖြင့်ထိန်းချုပ်နိုင်ပေသည်။

တကယ့်ကို မမှန်းဆနိုင်ခဲ့စရာဖြစ်သည်။ အမြဲလိုလိုပင် ဖေးမှာ ကောင်းကင်ရဲတိုက်က ၎င်း၏ အလှနှင့် အစွမ်းကို အကုန်အစင်ထုတ်ပြမရသေးဟု ထင်ခဲ့၏။

ပုံပြင်များထဲ၌ ကောင်းကင်ရဲတိုက်မှာ နတ်ဘုရားများပင် ပိုင်ဆိုင်လိုသော မြို့ပျံကြီးဟု အမြဲပါဝင်သည်။ လက်ရှိသိုင်းသူတော်စင် မာရာဒိုနာသည်လည်း လအဆင့်လူငယ်ဘဝက အခွှင့်အရေးတစ်ခုကြောင့် ကောင်းကင်ရဲတိုက်ထဲတစ်ကြိမ်ဝင်ခွှင့်ရခဲ့၏။ ပြန်ထွက်လာပြီးနောက်တွင်တော့ တဟုန်ထိုးတိုးတက်လာပြီး နေလို လလို ထင်ရှားလာတော့သည်။

ဖေး ကောင်းကင်ရဲတိုက်ကို လက်ဝယ်ရပြီးနောက်တွင်တော့ ပုံပြင်များထဲကမဟုတ်ဘဲ ချဲ့ကားခံကသည်ဟုထင်ခဲ့ရာ ယခုတော့ ထိုသို့မဟုတ်ဘဲ ကောင်းကင်ရဲတိုက်ကို ထိန်းချုပ်သည့် နည်းလမ်းမှန်ကိုသူ နားမလည်ကြောင်းသိလိုက်ရ၏။

ဖေးမျက်စိမှိတ်၍ သူမှတ်ထား‌သမျှကို ပုံဖောက်လိုက်သည်။ ထို့နောက်တွင်တော့ ဒရုဒ်ပုံစံပြောင်းလိုက်ရာ သူ့ရှေ့တွင် သိပ်သည်းသော သဘာဝဓာတ်များပေါ်လာတော့သည်။

ကြာပန်းပွင့်များကလည်း ထိုသဘာဝဓာတ်ကို ခံစားမိသည့်နှယ် စိတ်လှုပ်ရှားပြီး က သယောင် ယိမ်းနွဲ့နေ၏။

ဖေးလည်း ကြာပန်းအနားသွား၍ သူ့လက်ညှိုးဖြင့်ထိုးလိုက်သည်။ သဘာဝဓာတ်စွမ်းအားများက ပွင့်ကာနီး ကြာဖူးထဲသို့ ပြေးဝင်သွား၏။

အိပ်ပျော်နေသော မိန်းမလှလေးနိုးလာသကဲ့သို့ ကြာဖူးက ဖြည်းညှင်းစွာပွင့်အာလာသည်။

ပန်းပွင့်သည်ဖြစ်စဉ်က ဆတစ်ရာမြန်ထားသလို ကြာပန်းများက ဖြေးညှင်းစွာပွင့်အာလာသည်။ မကြာခင်မှာပင် ကြာပင်၏ အဆင့်ကိုးဆင့်တိုင်းမှ ကြာဖူးများက ကြာဖတ်ကိုးဖတ်စီဖြင့် ပွင့်အာလာကြသည်။ ရွှေရောင်တောက်ပနေသည့် ကြာပွင့်ဖတ်များကြားတွင် နှင်းကဲ့သို့ဖြူဖွေးနေသော ကြာဝတ်မှုန်ကိုးခုစီရှိနေပြီး ဘုရားသခင်၏ ဖန်ဆင်းမှုလို လှပနေ၏။

ပန်းပင်က အသက်ရှိသည့်နှယ် ဖေး၏ အရှေ့တွင်ယိမ်းနွဲ့နေသည်။ ၎င်းက ဖေးနှင့် ကစားနေသယောင်ယောင်ပင်။

တစ်ချိန်ထဲမှာပင် စွမ်းအင် စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်ကို ဖေးခံစားမိလိုက်သည်။ ဗဟို တောင်ထိပ်ပေါ်ရှိ နတ်ဘုရားဘုရင့်နန်းတော်ကို ဗဟိုထားပြီး ၎င်းက ကျယ်ပြန့်လာကာ ကောင်းကင်ရဲတိုက်ကို လွှမ်းခြုံသွား၏။ မြို့ကို ကိုယ်ပျောက်စေသော စွမ်းအားနှင့်မတူသည်က ဤစွမ်းအင်စက်ဝန်းကို ဖေးပင် ထိုးခွဲ၍ ရမည်မဟုတ်ပေ။ ၎င်းက ကြာပလ္လင်ဆင့်ကိုသုံး၍ မြို့ကိုထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်။

End