သေမှာမကြောက်သူများ ၁
Vol. 56 Ch. 869
ချမ်းဘောဒ့်ဆို့ရောက်ရောက်ခြင်း စီမံခန့်ခွဲမှုဗဟို၌ ဖေးပြန်ပေါ်လာသည်။ ဌာနခြောက်ခု၏ အရာရှိများနှင့် ဝန်ကြီးရုံများအားလုံး အလုပ်ရှုပ်နေကြ၏။
ဝန်ကြီးများရုံးခန်းတွင် သူ့ယောက္ခမ ဘတ်ကိုတွေလိုက်ရပြီး ၎င်းတို့က တစ်နာရီကြာအောင်ပင် အစည်းအဝေးလုပ်နေကြသည်။
ဖေးထွက်ခွာခဲ့သည့်နောက် စီမံခန့်ခွဲမှုဗဟိုရှိအရာရှိအားလုံး ဝန်ကြီးဦးစီးနှင့်တွေ့ရန် အစည်းအဝေးခေါ်ခံရပြီး ၎င်းက လေးနာရီတိုင်ကြာမြင့်ခဲ့၏။
ထို့နောက်တွင်တော့ အရာရှိများ ပို၍ပင်အလုပ်များကြတော့သည်။
ဖေး၏ နောက်ဦးတည်ချက်က ချမ်းဘောဒ့်၏ အနက်ရောင်တောင်တန်းမြေအောက်ရှိ သူရဲခေါင်းမြို့ဖြစ်သည်။ ဖေးမှာအနားယူခြင်းမရှိဘဲ ချမ်းဘော့ဒ်၏ ပြည်သူနှင့်တပ် တက္ကသိုလ်သို့ ကျောင်းအုပ်ကြီးအဖြစ်သွားကာ တတိယနှစ်များကို စာသင်ကြားသည်။ သို့သော်လည်း ဖေးမှာ အချိန်နှင့်တပြေးညီအလုပ်လုပ်နေရသည့်အတွက် တစ်နာရီမှသာ ကြာမြင့်ခဲ့၏။
တက္ကသိုလ်၏ အကြီးဆုံးခန်းန်ပင် လူများပြည့်သွားသည်။ ဖေး၏ သင်ကြားမှုကိုနားထောင်ရန် စစ်တပ်မှအရာရှိများပင် နောက်နားတွင်လာရောက်နေရာယူကြသည်။
ထို့နောက်တွင်တော့ ဖေးမှာ တက္ကသိုလ်အတွက်ထိုနေ့ တာဝန်ရှိသော ပရော်ဖက်ဆာတစ်ဦးကို တာဝန်တစ်ခုပေးပြီး တက္ကသိုလ်မှ ထွက်ခွာလိုက်သည်။
ထို့နောက် မြို့တော်သူရဲခေါင်း၏ အမြင့်ပိုင်း၌ရှိသော ချမ်းဘော့ဒ်၏ စစ်ရုံးချုပ်သို့ဦးတည်လိုက်၏။ စစ်ရုံး၏ နံပါတ်တစ်ခန်းမထဲ၌ ဖေးပထမဆုံး လုပ်ထုံးစစ်အစည်းအဝေးကိုစလိုက်သည်။
လက်တလော၌ ချမ်းဘော့ဒ်တွင် အရည်အချင်းရှိသော စစ်သူကြီးများနှင့် စစ်သည်တော်များပြည့်နေသည်ဟု ဆိုနိုင်၏။ လအဆင့်စစ်သည်တော် ဆယ်ဦးလောက်ရှိပြီး ပါရမီအရှိဆုံးက လူအိုအားရန်နှင့် ဘရွတ်ခ်တို့ ဖြစ်ကြသည်။ အားရန်၏ နောက်ကြောင်းက ဆန်းကျယ်လှသော်လည်း သူ၏ စစ်ရေးအတွေ့အကြုံများက ကျယ်ပြန့်လှ၏။ တစ်ခါမျှ မယှဉ်ပြိုင်ဘူးသော်လည်း လူအိုကြီးအားရန်၏ စစ်ရေးပညာက အိမ်ရှေ့စံမင်းသား အာရှဗန်နှင့်ပင် ယှဉ်နိုင်သည်ဟု ဖေးထင်သည်။
ထိုအစည်းအဝေးက လေးနာရီပင်ကြာမြင့်ခဲ့၏။ ထိုအစည်းအဝေး၌ တိုင်းပြည်၏ ခုခံမှု၌ သူစိုးရိမ်းသည့်အရာများကိုပြောပြခဲ့သည်။ ထို့နောက် သူမရှိသည့်အချိန်၌ သုံးရန် သူ၏ ဝှက်ဖဲများကိုလည်း ပြထားခဲ့၏။
ချမ်းဘော့၏ ခံစစ်က ခိုင်မာပြီး စွမ်းအားကြီးရန်သူမှ တိုက်ခိုက်လာပါက အလွယ်တကူအသိမ်းပိုက်မခံရသည် သေချာမှ အစည်းအဝေးရပ်ကာ ထွက်လာခဲ့လိုက်သည်။ ဖေးထွက်သွားပြီးနောက် လူအိုအားရန်နှင့် ဘရွတ်ခ်တို့က ဆက်လက်၍ အစည်းအဝေးကျင်းပကြ၏။
ဖေးမှ ထုံစံအတိုင်းပင် သူ၏ ခပ်အအ ခပ်ညိုညို သန်မာသော အစောင့်ဖြစ်သူ ဘရွတ်ခ်နှင့် ရုပ်ဖျက်၍ မြို့ကိုပတ်တိုင်းခန်းလှည့်သည်။ မထွက်ခွာခင်၌ သူ့အစီအစဉ်အောက်၌ မြို့၏ အစီအစဉ်ကျမှုကို ပတ်ကြည့်မိချင်သွားသည်။ ၎င်းက သူအတွက် ရှားရှားပါးပါး စိတ်အေးလက်အေးရှိမှုပင်ဖြစ်သည်။
လေပြေအေးအေးကို လေညှင်းခံလျှောက်လှမ်းနေသော ဖေးမှာ တဖြည်းဖြည်း စိတ်ပြေလျော့လာပြီး ကြည်လင်လာသည်။ ထိုအခိုက်၌ သူဗိုက်ဆာလာ၏။
မကြာခင်မှာပင် ဆိုရို ကုန်သည်ကြီးများအစည်းအရုံး၏ ဆိုင်တစ်ခုရှေ့သို့ရောက်လာကြသည်။
“ အရှင်မင်းကြီး ဆိုင်ထဲဝင်ပြီး ခနလောက်နားဦးမလား “ ဟတ်စကီးက တစ်စုံတစ်ခု တွေးမိဟန်နှင့် တွေတွေဝေဝေပြောသည်။
ဖေးမှာ တည့်တိုးဆန်ပြီး ခပ်အအပုံစံနှင့် သူ့တော်စောင့်၏ တွေဝေဟန်ကိုပင် သတိမထားမိတော့ပေ။ သူ့စိတ်ထံ ဂျက်ဆီကာ၏ ပုံရိပ်ပေါ်လာ၏။ ထိုအခါ သူစိတ်လက်အေးချမ်းသွားသည်။ ထိုခံစားမှုကို ဖေးသတိမထားမိပေ။ သူက ပြုံးကာပြောလိုက်၏။ “ သွားကြတာပေါ့ “
ဂျက်ဆီကာက အလံစုံမြို့နောက် ဆုံခဲ့သည့် သူ့မိတ်ဆွေဟောင်းဖြစ်သည်။ စစ်ပွဲပြီးနောက် ဟတ်စကီးနှင့် ဂျက်ဆီကာ နှစ်ဦးစလုံး သူနှင့်အတူ ချမ်းဘော့ဒ်သို့လိုက်လာကြ၏။ ဟတ်စကီးက ဂျက်ဆီကာ၏ အကိုဖြစ်သော်လည်း သူကစည်းမျဉ်းအတိုင်းနေသူဖြစ်၍ ညီမဖြစ်သူထံသိပ်မရောက်ဖြစ်ပေ။
End