Chapters

သေမှာမကြောက်သူများ ၂

Vol. 56 Ch. 870

သေမှာမကြောက်သူများ ၂

Vol. 56 Ch. 870

လူလွတ်အမျိုးသမီးတစ်ဦးအနေနှင့် နေရာသစ်ဖြစ်သောဤမြို့တွင်နေရခြင်းက ဂျက်စီကာအတွက် အတော်လေးခက်ခဲသည်။

ဖေးက ဤနေရာ၌ ကြာကြာနေဦးမည်မဟုတ်ရာ သူခရီးမဆက်ခင် ဤ အမျိုးသမီးငယ်လေးကို လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

ယခုက ညနေပိုင်းဖြစ်ရာ ဆိုရို့ကုန်သည်ကြီးများအဖွဲ့၏ ချပ်ဝတ်နှင့် အထည်ဆိုင်၌ အလုပ်များလူရှုပ်နေပေလိမ့်မည်။

သို့သော်လည်း ဖေးနှင့် ဟက်စကီးတို့ ဝင်သွားချိန်တွင်တော့ အလွန်အမင်းလူရှင်းနေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။

ယခုအချိန်၌ ခန်းမကျယ်ကြီး၌ အလုပ်သမားခြောက်ဦးသာရှိနေပြီး ၎င်းတို့က စုဝေးကာ ထူးဆန်းသောမျက်နှာထားနှင့် တီးတိုးပြောဆိုနေကြ၏။ သူတိုါက စိုးရိမ်ဟန်ဖြင့် လှေကားပေါ်ကိုကြည့်နေကြသည်။ ဖေးနှင့် ဟက်စကီးတို့ ဝင်လာသည်ကိုမြင်သော်လည်း နှုတ်ဆက်ခြင်းမရှိကြပေ။ အခြေအနေက အတော်လေးထူးဆန်းနေသည်။

ဖေးလည်း မျက်မှောင်ကြုတ်သွားသည်။

“ ရှင်ရောက်လာပြီပဲ “ အနက်ရောင်မျှော်စင်ကြီးကဲ့သို့ တောင့်တင်းခိုင်မာသော ဟက်စကီးကိုမြင်တော့ ဝန်ထမ်းတစ်ဦးက ကယ်တင်ရှင်မြင်လိုက်ရသကဲ့သို့ဖြစ်သွားကာ အားကိုးတကြီးခေါ်သည်။

ဟက်စကီး ဤနေရာသို့ရောက် များစွာမရောက်ဖြစ်သော်လည်း သူက ဘုရင့်လူယုံတော်သက်တော်စောင့်ဖြစ်ရာ မြို့တွင်နာမည်ကျော်ဖြစ်ပြီး ဆိုရိုကုန်သည်များအုပ်စုမှ ဝန်ထမ်းများအနေနှင့်သူ့ကို သိထားကြသည်။

အလုပ်သမားများက ဟတ်စကီးအနားပြေးလာကာ လှေကားကို လက်ညှိုးထိုး၍ တီးတိုးပြောကြ၏။

“ ဘာတွေဖြစ်တာလဲ “ ဖေး မေးလိုက်သည်။

“ ကျွန်တော့ညီမကို နှောက်ယှက်ရဲတဲ့သူရှိနေတာပဲ သူက လှေကားပေါ်တာ အဲ့မေယိုးရဲ့ ဘောတွေကိုကျုပ်တက်ပြီးခြေမွပစ်တော့မယ် “ ဟတ်စကီးက ဒေါသတကြီးအော်ပြီး လှေကားပေါ်ပြေးတက်သွား၏။ သူက ဖေးအနားတွင် အမြဲတည့်တိုးဆန်ဆန်နေတတ်လေရှိသဖြင့် ဟတ်စကီး၏ ရိုင်းစိုင်းမှုကို ဖေးနာလည်းပြီး စိတ်မရှိပေ။

ဖေးဘာမျှ မပြောဘဲ ဟတ်စကီးနောက်မှ လျှောက်တက်လိုက်သည်။

ဆိုရိုကုန်သည်ကြီးများအစည်းအရုံးက ချမ်းသာပြီး တိုက်ကြီးတစ်ခုလုံးတွင် လွှမ်းမိုးနိုင်သော အုပ်စုဖြစ်၏။ ထိုအုပ်စုကို နှောက်ယှက်ရဲသူက တုံးအသူ မဟုတ်ပါက နောက်ခံကောင်းသူဖြစ်ပေလိမ့်မည်။ ထိုသို့သော သူမျိုးကို ဟတ်စကီးကိုင်တွယ်နိုင်မည်မဟုတ်ပေ။

“ ဒေါက် ဒေါက် ဒေါက် “ ဟတ်စကီး လှေကားထိပ်သို့တက်နေစဉ်တွင်ပင် မောက်မာသောအသံတစ်သံက လှေကားထိပ်မှ ပေါ်ထွက်လာ၏။ “ ဟမ့် ဒီလိုဒေသတွင်းရုံးလေးမှာ သေမှာမကြောက်သေးတဲ့သူတွေရှိနေတာလား ဘယ်သူငါ့အပျော်ကိုလာနှောက်ယှက်ရဲတာလည်း သူ့တက်မလာစေနဲ့သတ်ပစ် “

ထိုအသံပြီးသည်နှင့် နောက်လိုက်ဖြစ်ပုံရသော လူထံမှ တုန့်ပြန်မှုထွက်ပေါ်လာသည်။ ဝှစ်ခနဲ မြည်သံနှင့်အတူ ဓားရောင်အလင်းက ဟတ်စကီး၏ မျက်နှာကိုဟပ်သွား၏။ ထိုလူက အားကိုထိန်းချုပ်ထားခြင်းမရှိ‌သလို သတ်ဖြတ်ခြင်းအရှိန်အဝါကိုလည်း ထုတ်ဖော်ထားသည်။

ဟတ်စကီးက ဖေး၏သက်တော်စောင့်ဖြစ်သော်လည်း သူက ပါရမီသိပ်မရှိသလို တုံးအရာ သိုင်းစစ်သည်တော်စွမ်းအင် လေ့ကျင့်ရာတွင်သိပ်မတော်ပေ။

ဟောခ့် ဆေးရည်က သူ့ခန္တာကိုကြံ့ခိုင်စေပြီးနောက် သူ့စစ်သည်တော်အဆင့်က အဆင့်၂သာရောက်သေးပြီး ထိုဓားချက်ကိုမကာကွယ်နိုင်ပေ။ ဂျက်ဆီကာကလည်း စိုးရိမ်တကြီးထအော်သည်။

ဖေးလည်း အံ့ဩသွားသည်။ “ အဆင့်ရှစ်စစ်သည်တော်တွေက ချမ်းဘော့ဒ်မှာတောင် ရှားပါးတယ် အဲ့တာဘယ်သူဖြစ်နိုင်မလဲ ငါလည်းအသံကြားရုံနဲ့မခွဲတက်ဘူး “

ဖေး အေးအေးဆေးဆေးပင် သက်ပြင်းရှိုက်ထုတ်ကာ ဓားစွမ်းအင်ကို ပျယ်စေလိုက်သည်။ ထို့နောက် ကြောင်အနေသော ဟတ်စကီးကို တွန်းဖယ်လိုက်ပြီး နှစ်ဦးသား ဒုတိယထပ်သို့ လျှင်မြန်စွာရောက်သွား၏။

End