Chapters

ပိုးဟပ်ဖြူကောင်လေး ၁

Vol. 56 Ch. 871

ပိုးဟပ်ဖြူကောင်လေး ၁

Vol. 56 Ch. 871

ဖေးပထမထပ်သို့ရောက်သည်နှင့် ရယ်မောမိသွား၏။ ပထမဆုံး သူမြင်လိုက်ရသည်က ဂျက်စီကာကို ကာကွယ်ပေးရမည့်အစောင့်လေးဦးဖြစ်သည်။ ၎င်းတို့မှာ မျက်နှာများဖူးယောင်နေပြီး သားရဲသရေကြိုးဖြင့် တုပ်နှောင်ခံထားရ၏။

ထိုလူများအနက် အသန်မာဆုံးမှာ အဆင့်လေး စစ်သည်တော်ဖြစ်ရာ ၎င်းတို့အနေနှင့် အဆင့်ရှစ်စစ်သည်တော်ကိုပင် အမိန့်ပေးနိုင်သော သူကို အနိုင်မယူနိုင်သည်က အံ့ဩစရာမရှိပေ။

ကြည့်ရုံမျှပင် ဤသူများက ခုခံတိုက်ခိုက်ခဲ့ကြ၍ ရိုက်နှက်ကာတုတ်နှောင်ခံထားရကြောင်းသိနိုင်၏။ ကံကောင်းသည်က ရန်သူက သူတို့ကိုမသတ်ခဲ့ခြင်းဖြစ်သည်။

တခြားတစ်ဘက်တွင်တော့ ခပ်ဆန်းဆန်းဓားကွေးကိုကိုင်လျှက် အန္တရာယ်ရှိသောအရှိန်အဝါထုတ်ဖော်ထားသည် သူတစ်ဦးက ဖေးနှင့် ဟတ်စကီးတို့ကို အံ့ဩနေဟန်ဖြင့် ကြည့်နေ၏။ ထိုလူက ဓားစွမ်းအင် ထုတ်ဖော်လိုက်သူဖြစ်သည်။

ဖေး၏ မျက်မှောင်ကြုတ်မှုပျောက်သွား၏။ ထိုလူက ချမ်းဘော့ဒ်သားမဟုတ်ပေ။ သူက ခေါင်းလောင်းဘောင်ဘီနှင့် အဖြူရောင်နှင့် မီးခိုးကောင်စင်ကြား ဂျက်ကတ်ကိုဝတ်ဆင်ထား၏။ သူ့တွင် ဝါကျင့်ကျင့် မုတ်ဆိတ်ကျင်စွယ်များရှိပြီး မျက်လုံးများကလည်း အညိုရောင်ဖြစ်သည်။

ထိုလူက ဇင်းနစ်သားနှင့်ပင်မတူပေ။ လက်တလောမှ ချမ်းဘော့ဒ်သို့ရောက်လာသော အင်ပါယာခြားသားတစ်ယောက်ဖြစ်ပုံရ၏။

အဝေးတစ်နေရာတွင်တော့ ဖေးနှင့် ဟတ်စကီးတို့ကို လူသေအ‌လောင်းများလိုကြည့်နေသော လူငယ်လေးတစ်ယောက်ရှိနေသည်။ သူက ဂျက်စီကာနှင့် ရယ်မောပြောဆိုနေသည့် အနှောက်ယှက်ခံရ၍ စိတ်တိုသွားပုံရ၏။

" အဲ့နှစ်ယောက်ကိုသတ်ပစ် အဲ့ဇာတ်နိမ့်နှစ်ကောင်ကို မြန်မြန်သတ်ပစ်ကွာ " သူကစိတ်မရှည်ဟန်ဖြင့် ပြောသည်။

ဟတ်စကီးမှာ တုံးအသော်လည်း ဤအခြေအနေကို သူမကိုင်တွယ်နိုင်မှန်းသိသည်။ ထို့ကြောင့် ဘုရင့်အတွက် လမ်းဖယ်ပေးလိုက်၏။ ဖေးရှိနေသည်ဖြစ်ရာ သူ့ညီမအန္တရာယ်ကင်းပြီဖြစ်သည်။

အမိန့်ရထားသည့်တိုင် အဆင့်ရှစ်စစ်သည်တော်က မလှုပ်ရှားရဲသေးပေ။ သူ၏ အားအပြည့်တိုက်ခိုက်မှုကို တစ်စုံတစ်ဦးက ကြားဝင်ပိတ်ဆို့သွားသည်မဟုတ်ပါလော။

တက်လာသူနှစ်ဦးအနက် တစ်ဦးကဆရာသခင်တစ်ပါးဖြစ်ပြီး သူ့ဓားချက်ကိုကာဆီးလိုက်ပုံရ၏။ သို့သော်လည်း မည်သူက ဆရာသခင်မှန်းမသိပေ။ ပုံစံအရ ကြံ့ခိုင်သန်မာသော ခပ်ညိုညိုလူက ဆရာသခင်ဖြစ်ပုံကသော်လည်း ၎င်း၏ အပေါ်ယံအဆင့်က အဆင့်နှစ် သိုင်းစစ်သည်တော်သာဖြစ်သည်။

အရိုက်နှက်ခံထားရသော အစောင့်လေးဦးမှာ ဖေးကိုမြင်ပြီး အံ့ဩသွားကြသည်။ ထို့နောက် သူတို့ဘာသာသူတို့ တွေးလိုက်ကြ၏။ " အဲ့တာ ငါတို့သူဌေးရဲ့ လျှို့ဝှက်ချစ်သူ ချမ်းဘော့ဒ်ဘုရင်ရဲ့နောက်လိုက်မှတ်လား ခုတော့ပိုးဟပ်ဖြူကောင်လေးက အကူအညီရသားပဲ "

အစောင့်လေးဦးအနက် အငယ်ဆုံးကစိတ်ရှည်ပုံမရဘဲ ဖေးကိုလှမ်းအော်သည်။ " ပိုးဟပ်ဖြူလေး မင်းက ပြည်နဲ့စစ်တပ်တက္ကသိုလ်က ပါမောက္ခတစ်ယောင်မို့လို့ မင်းမှာအာဏာနည်းနည်းရှိတယ် ဒါပေမယ့် ဒီလူတွေကမရိုးရှင်းဘူး မင်းမကိုင်တွယ်နိုင်ဘူး မင်းမြန်မြန် ဘုရင်အလက်ဇန္ဒားကိုသွားခေါ် သူ့အမျိုးသမီးကို ထိပါးနေတဲ့သူရှိတယ်လို့ "

" ပိုးဟပ်ဖြူလေး " ထိုသို့အခေါ်ခံလိုက်ရခြင်းကြောင့် ဖေးနင်သွား၏။ " ငါတကယ်ပဲ ပိုးဟပ်ဖြူနဲ့တူနေလား "

" နေပါဦး သူတို့ပြောတာက ချမ်းဘော့ဒ်ဘုရင်ရဲ့အမျိုးသမီးက ထိပါးခံနေရတယ်ဟုတ်လား ဒါက ဂျက်ဆီကာကိုရည်ရွယ်....."

ဖေးနောက်ဆုံးတော့ နားလည်သွားသည်။ သူနှင့် ဂျက်ဆီကာအကြား ကောလဟာလများရှိသည်ကို သူသိသည်။ သို့သော်လည်း ၎င်းတို့က ဤမျှအထိကြီးမားမည်ဟုထင်မထားပေ။ ဂျက်ဆီကာ၏ အစောင့်များပင် ဂျက်ဆီကာက သူ့တိတ်တိတ်ပုန်းချစ်သူဟုထင်နေ၏။

ဖေးလည်း ဤကဲ့သို့သောအခြေအနေမျိုးမှ ထိုကောလဟာလကို သိရမည်ဟုထင်မထားပေ။ သူမည်သို့ တုန့်ပြန်ရမှန်းမသိဖြစ်သွား၏။

End