Chapters

ပိုးဟပ်ကောင်လေး ၂

Vol. 56 Ch. 872

ပိုးဟပ်ကောင်လေး ၂

Vol. 56 Ch. 872

မသိလိုက်ဖာသာပင် ဖေးမှာ ပြီတီတီမျက်နှာထားနှင့်လူငယ်လေး၏ ကာဆီးခံရသောဂျက်ဆီကာကို ကြည့်မိသွားသည်။ အရှက်ပိုနေသော ဂျက်ဆီကာပုံစံက ဖေးအတွက် ဆွဲဆောင်မှုရှိနေသည်။

ဘာကြောင့်မှန်းမသိ ဖေးရင်များတလှပ်လှပ်ခုန်လာပြီး ချစ်ရသောသူဟူသော စကားလုံးစိတ်ထဲတွင်ပေါ်လာ၏။

" ဒီလို သန့်စင်ပြီး စွဲဆောင်မှုရှိတဲ့ မိန်းကလေးမျိုးက ငါ့တိတ်တိတ်ပုန်းချစ်သူလေးသာဆိုရင် ..... မဟုတ်ဘူး ငါဘာတွေတွေးနေဆာလဲဟ " ဖေးအတွေးများ ရှုပ်ယှက်ခက်သွားသည်။

" ချမ်းဘော့ဒ်ဘုရင်ရဲ့ မိန်းကလေးဟုတ်လား နင်က တခြားသူစားထားပြီးသားပဲ ဒါတောင် အပျိုလိုလုပ်နေတယ် ကောင်မ " ပြီတီတီလူငယ်က အစောင့်၏ စကားကြောင့် ဒေါပွသွားပြီး ဟန်ဆောင်ယဉ်ကျေးမှုပင် မလုပ်တော့ပေ။ " ဒါပေမယ့် ငါ ဘုရင့်ချစ်သူကို လုတာမျိုးစိတ်ဝင်စားတယ် ငါနင့်ကို ပျင်းရင်တော့ ဘုရင် အလက်ဇန္ဒားဆီ နင့်ကိုပြန်ပေးရတာပေါ့ ဘယ်လိုလဲ "

အရိုက်ခံထားရသော အစောင့်လေးယောက်ကတော့ ထိုလူငယ်ကိုသနားသယောင်ကြည့်လိုက်ကြ၏။ " ဒီကောင် ဘယ်က တောသားလဲ ဘုရင်အလက်ဇန္ဒားကိုတောင်မသိဘူးလား ဒါတောင်ဒီမှာပြဿနာလာရှာရဲသေးတယ် နေရတာပျင်းနေလို့ ဘုရင့်မိန်းကလေးကို ကြံရဲတာလဲ သေမင်းကတော့ ဒီကောင့်အနား ရစ်ဝဲနေပြီ "

ဂျက်ဆီကာနှင့် ဟတ်စကီးတို့မှာ လူငယ်လေး၏ စကားကြောင့်တင်းသွားပြီး တစ်ခုခုပြောရန်ပြင်လိုက်ကြသည်။ သို့သော်လည်း ဖေး၏ပုံစံကြောင့်နှစ်ယောက်သား ပါးစပ်ပိတ်နေလိုက်ကြ၏။

ထို့နောက် ဖေးမှာ ဘာမှမပြောဘဲလျှောက်လာပြ ဂျက်ဆီကာကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် လူငယ်လေးဘက်လှည့်ကာမေးလိုက်၏။ " မင်းကရော ဆောရိုကုန်သည်ကြီးများအသင်းကပဲလား "

လူငယ်လေးနှင့် အဆင့်ရှစ်စစ်သည်တော်တို့၏ ကော်လံ၌ ဆောရိုကုန်သည်ကြီးများအသင်း အမှတ်တံဆိပ်ရှိနေသည်ကို ဖေးတွေ့ရ၏။ သို့သော်လည်း ၎င်းတို့က ဇင်းနစ်အင်ပါယာ ဆောရိုကုန်သည်ကြီးများအသင်း အဖွဲ့ခွဲ၏ ထိန်းချုပ်မှုအောက်တွင်ရှိပုံမရပေ။

" မင်းဘယ်လိုကောင်လဲ မင်းဘယ်လိုပုံစံနဲ့ ငါ့ကိုသောက်စကားပြောနေတာလဲ " လူငယ်လေးမှာ ခန့်ညားသော်လည်း သူ၏ မောက်မာရိုင်းစိုင်းမှုက ထိုအရာကိုဖျက်ဆီးနေသည်။

သူက ဖေးကို ဒေါသတကြီးဆဲဆိုပြီးနောက် သူ့အစောင့်ဘက်လှည့်ရမ်းသည်။ " မင်းဘာလုပ်နေတာလဲ ငါ့စကားမနာခံဘူးလား သူတို့ကိုသတ်လို့ပြောနေတယ်လေ "

ရုတ်တရက် လူငယ်လေး၏ အသံတိတ်ကျသွား၏။ သူက ဖေးကို မျက်လုံးပြူး မျက်ဆံပြူးနှင့်ကြည့်နေသည်။ ဖေး လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သူ လုံးဝစကားပြောမရဖြစ်သွားသည်မဟုတ်ပါလော။

" သူ ပါးစပ်ပိတ်သွားပြီ ကဲ မင်းစပြောလို့ရပြီ မင်းတို့ဆောရိုဘယ်အဖွဲ့ခွဲကလာတာလဲ " ဖေးက အဆင့်ရှစ်စစ်သည်တော်ကို တည်ကြည်စွာကြည့်ရင်းမေးလိုက်၏။

" ကျုပ်တို့က ဗီလာရီးရဲအင်ပါယာကပါ " အဆင့်ရှစ်စစ်သည်တော်မှ ပြန်မတိုက်ရဲဘဲ ဇောချွေးများပြန်လျက်ဖြေသည်။ ဖေးထံမှ အကြည့်တစ်ချက်လက်ခံရပြီးနောက် တန်ချီလေးသော ကျောက်တုံးကြီးနှင့် အဖိခံရသလို သူခံစားလိုက်ရသည်။ ဓားကိုယမ်းရန်မဆိုထားနှင့် သူ့လက်ညှိုးပင်လှုပ်မရတော့ပေ။

တကယ့်ဆရာကြီးနှင့် တွေ့ပြီဖြစ်ကြောင်းသိလိုက်ရသည်။ ထိုကဲ့သို့ဆရာသခင်မျိုးက တိုင်ပြည်ငယ်လေးတွင်ဘာကြောင့်ရှိနေသည်ကို သူမတွေးတော့ပေ။ အရေးကြီးဆုံးက သူ့အသက်နှင့် သူ့သခင်လေးအသက်ကို ကယ်တင်ရန်ဖြစ်၏။

ထို့ကြောင့် သူက ရိုးသားသောအသွင်နှင့်ပြောသည်။ " ဆရာက ဘယ်သူလဲခင်ဗျ ကျွန်တော့သခင်လေးက ဆရာ့ကိုမသိလို့ထိပါးမိသွားပါတယ် ခွှင့်လွှတ်ပေးပါ "

End