Chapters

ခွဲခွာခြင်း ၁

Vol. 56 Ch. 873

ခွဲခွာခြင်း ၁

Vol. 56 Ch. 873

“ ဗီလာရီးရဲ အင်ပါယာလား “

ဗီလာရီးရဲအင်ပါယာမှာ တိုက်ကြီး၏ အနောက်ပိုင်းရှိ အင်အားကြီးအဆင့်ရှစ်အင်ပါယာတစ်ခုဖြစ်ပြီး ၎င်း၏ အမည်ပြောင်က ရေငုပ်သင်္ဘောဝါဖြစ်သည်။ ၎င်းက ဒေသတွင်း မဟာအဆင့်ကိုအင်ပါယာနှစ်ခုဖြစ်သော မက်ဒရစ်နှင့် ဘာစီလိုနာတို့အောက်သာ အင်အားနည်းပါးခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာတိုင် အင်အားစုဆောင်းပြီးနောက် ဗီလာရီးရဲအင်ပါယာမှာ ဒေသတွင်းအင်အားစုကြီးဖြစ်လာခဲ့၏။ ဇင်းနင်းအင်ပါယာလို အင်ပါယာငယ်လေးအဖို့ ၎င်းနှင့်လုံးဝမယှဉ်နိုင်ပေ။

ထိုလူငယ်လေးက မောက်မာပြီး စိတ်ရှိသလိုလုပ်နေသည်က အံ့ဩစရာမရှိပေ။ ဖေး အင်ပါယာကြီးများမှ ဇင်းနစ်ပြည်ထံအလည်လာသော သူများကိုတွေ့ဖူးသည်။ ထိုသူများလည်း ထို့နည်းတူဖြစ်သည်။

“ ဗီလာရီးရဲအင်ပါယာကနေ ကုန်သည်လှေရောက်လာတာလား ဘယ်တုန်းကလဲ ငါမသိလိုက်ရပါ့လား “ ဖေးစိတ်ရှုပ်သွား၏။ တိုက်ကြီးရဲ့ အနောက်ပိုင်းမှာ တအားတွေ ဖရိုဖရဲဖြစ်နေလို့ မြောက်ပိုင်းကိုရောက်လာကြတာလား “

“ အချစ်သီချင်းမြို့ အဖွဲ့ခွဲကနေ နေ့လည်ကမှရောက်လာတာပါ ဒါက မစ္စတာနီဟတ်ရဲ့သားပါ မစ္စတာနီဟတ်က ဆိုရိုကုန်သည်အစည်းအရုံးရဲ့ အဆင့်ရှစ်မန်နေဂျာပါ “ ထိုအဆင့်ရှစ်စစ်သည်တော်က သူ့ကိုယ်သူအမြန်မိတ်ဆက်သည်။

အချစ်သံစဉ်မြို့က ဗီလာရီးရဲအင်ပါယာ၏ မြို့တော်ဖြစ်သည်။ မြို့တော်၏ ဆောရိုကုန်သည်များအသင်းအဖွဲ့က ထိုမြို့တော်၏အင်ပါယာအတွင်းရှိ အဖွဲ့အားလုံးကိုထိန်းချုပ်သည်။ ထို့ကြောင့် မြို့တော်အဖွဲ့က ထိုအင်ပါယာတွင်အင်အားအကြီးဆုံးဖြစ်သည်။ အဆင့်ရှစ်မန်နေဂျာတစ်ဦးအနေနှင့် နီဟတ်က မြို့တော်ကုန်သည်အဖွဲ့၌ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အဆင့်နှစ် အဆင့်သုံးအင်ပါယာမှ ဧကရာဇ်များပင် သူ့အဆင့်မျိုးကို အရိုအသေပေးကြရသည်။

ဖေးရယ်မောကာပြောလိုက်၏။ “ ဘယ်သူလဲလို့ အဆင့်ရှစ်မန်နေဂျာလေးရဲ့သားကို သူကများရမ်းကားရဲတယ်ပေါ့ ချမ်းဘော့ဒ်ရဲ့ ဥပဒေဆယ့်နှစ်မျက်နှာကိုဘာထင်နေတာလဲ “

ထိုသို့ပြောပြီး ဖေးက လူငယ်လေးကိုလှည့်ကြည့်လိုက်၏။ လူငယ်လေးမှာ သူ့အစောင့်၏ ပုံစံကိုကြည့်ပြီး အခြေအနေမဟန်ကြောင်းသိလိုက်သည်။ သို့သော်လည်း သူက ကြောက်လန့်သွားခြင်းမရှိပေ။ ဖေးကိုလှောင်ပြောင် ဟန်ဖြင့်သာကြည့်နေ၏။

“ သွား မင်းတို့ရဲ့ အဖွဲ့က ကိုယ်စားပြုတဲ့သူတွေကိုသွားပြော သူက ဈေးကွက်အစီအစဉ်ကျမှုကိုနှောက်ယှက်တယ်၊ အမျိုးသမီးကိုစော်ကားတယ်၊ ငယ်သားကိုအခြားသူတွေကိုတိုက်ခိုက်ခိုင်းတယ်၊ လူသတ်ဖို့ကြံတယ်၊ ဘုရင်ကိုစော်ကားတယ် ဒီအချက်တွေက ချမ်းဘော့ဒ်မှာသေဒဏ်ပဲ သူ့ကိုနက်ဖြန်နေထွက်တာနဲ့ အရှေ့တောင်ထိပ်မှာ ကွပ်မျက်မယ် “

ထို့သို့ပြောပြီးနောက် ဖေးမှာ လက်ကိုဝှေ့ယမ်းလိုက်ပြီး အဆင့်ရှစ်စစ်သည်တော်ပေါ်မှ ဖိအားကိုဖယ်ပေးလိုက်သည်။

စစ်သည်တော်မှာ လှုပ်ရှားနိုင်ပြီဖြစ်သော်လည်း အံ့ဩနေ၍ မလှုပ်ရှားနိုင်သေးပေ။ “ ဒီလူက မစ္စတာနီဟတ်ရဲ့သားမှန်းသိတာတောင် ဥပဒေအတိုင်းလုပ်ချင်သေးတာလား သူရူးနေတာလား “ သို့သော်လည်း သူဘာမျှမပြောရဲပေ။ သူ့သခင်လေးအတွက် ဝင်မကာရဲပေ။ နှစ်ဦးကြား ခွန်အားအလွန်ကွာခြားလှသည်။ သူထပ်ပြောပါက သူပါသေသွားနိုင်၏။

တစ်ဖက်လူက သတင်းပို့ရန် ပြောကတည်းက သူအသက်ရှင်ခွှင့်က‌လိုက်ကြောင်းသိလိုက်၏။ သူ့သခင်လေး အသက်ရှင်ရန် ညှိရ မရ သူသိဖို့မလိုပေ။ သူ့သခင်လေးကို ကယ်တင်လိုပါက အဖွဲ့ခွဲမှ ဆုံးဖြတ်နိုင်သူကို သွားရှာရမည်ဖြစ်သည်။

အဆင့်ရှစ်စစ်သည်က လှည့်ထွက်သည်။ သို့သော်လည်း တစ်စုံတစ်ခုကို သတိရဟန်နှင့် ပြန်လှည့်ကာမေးသည်။ “ အရှင် အရှင်က ဘယ်သူလဲမသိဘူး “

End