Chapters

ခွဲခွာခြင်း ၂

Vol. 56 Ch. 874

ခွဲခွာခြင်း ၂

Vol. 56 Ch. 874

အပြုံးနှင့်အတူ ဖေးမှာ ရိုက်နှက်ခံထားရသောအစောင့်လေးဦးကို မျက်စတစ်ချက်ပစ်ပြလိုက်သည်။ ထို့နောက် ပြန်လှည့်ကာပြောသည်။ “ ငါက ဘုရင် အလက်ဇန္ဒားပဲ “

အဆင့်ရှစ်စစ်စည်တော်မှာ အံ့ဩသွား၏။ သို့သော်လည်း သူက ဘာမျှမပြောဘဲ လူငယ်လေးကို သူ အကူအညီတောင်းပြီးသည့်အထိ စိတ်ရှည်သည်းခံရန်အချက်ပြသည်။ ထို့နောက်တွင်တော့ လှေးကားမှဆင်း၍ ပျောက်ကွယ်သွားတော့၏။

ရိုက်နှက်ခံထားရ၍ ဖူးယောင်နေသော အစောင့်လေးယောက်မှာ ရှော့ရနေကြသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရှက်နေကြ၏။

“ ရဲတင်းလွန်းပြီး ဘုရင့်ကောင်မလေးတောင် ခိုးဖို့ကြံရဲတယ်လို့ ငါတို့ထင်ခဲ့တဲ့ကောင်လေးက ဘုရင်ဖြစ်နေတာကို ဒါ....” ဘုရင်အလက်ဇန္ဒားက ဘာမျှ မလုပ်သည်ကိုသိရာ ကြောက်ရွံ့ခြင်းတော့မဖြစ်ကြပေ။ သို့သော်လည်း စိတ်မရှည်ဘဲ အော်ဟစ်ခဲ့သော အစောင့်မှာမူ အတော်လေးရှက်နေ၏။

အလုပ်သမားများ၏ သတင်းပေးမှုကြောင့်ရောက်လာသော ရုံးတော်သားများမှာ ချက်ချင်းပင် မောက်မာသောလူငယ်လေးကို ဖမ်းဆီးလိုက်ကြသည်။

ဘုရင်၏ထိန်းချုပ်မှုအောက်၌ စီမံခန့်ခွဲရေးမှာ အလွန်သန့်ရှင်းပြီး တရားစီရင်ရေးဌာနကလည်း အလွန်တရားမျှတ၏။ ယခုကိစ္စက ဘုရင်ပင်ကါဝင်ပတ်သက်နေသည်ဖြစ်ရာ ပို၍ပင်ချောချောမွေ့မွေ့ဖြစ်သွားသည်။ ချမ်းဘော့ထောင်၏ အတွင်းအကျဆုံးအခန်းဖြစ်သော အမှောင်ခန်းလေးမှာ မောက်မာသောလူငယ်လေးအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။

“ မင်းနောင်တရမယ် ဘုရင်ပေါက်စလေး နက်ဖြန်နေမထွက်ခင်မှာပဲ မင်းဘယ်လိုသေမှန်းမသိဖြစ်သွားလိမ့်မယ် “

မောက်မာသောလူငယ်လေးက လုံးဝမကြောက်ပေ။ အကျဉ်းသားတစ်ယောက်တွင်မရှိသော ခြိမ်းခြောက်မှုနှင့် ရယ်မောမှုပင်ပြုလုပ်သွားသေးသည်။

ဖေးဤဆိုင်၌ နာရီဝက်ပင်ပြည့်အောင်မနေခဲ့ပေ။ ဂျက်ဆီကာ၏ ဟင်းချက်လက်ရာက အတော်ကောင်းပေသည်။ သူက ရိုးရိုးသာမန်ဟင်းလျာများသာပြင်ခဲ့သော်လည်း အနံ့အရသာနှင့်ပြည့်စုံလှ၏။ သို့သော်လည်း ဖေးမှာ စားသောက်လိုစိတ်သိပ်မရှိပေ။ ဗိုက်ဝရုံသာစားပြီး သူနှင့်ဖေး စကားသာပြောကြသည်။ ထို့နောက်တွင်တော့ ဖေးကယ်တင်ခဲ့သော အစောင့်လေးဦး၏ လိုက်ပို့မှုဖြင့် ဆိုင်မှထွက်ခွာခဲ့လိုက်၏။

ဗီလာရီးရဲအင်ပါယာမှာ ကုန်သည်ရေယာဉ်စု ရောက်လာခြင်းကို ဖေးထူးဆန်းသည်ဟုခံစားနေမိသည်။

အဆင့်မြင့်အင်ပါယာများရှိ ဆိုရိုကုန်သည်များအစည်းအရုံးအဖွဲ့ခွဲမှ ဇင်းနစ်ကဲ့သို့အဆင့်နိမ့်အင်ပါယာမျိုးကို လူလွတ်သည်က ရှားပါးလှသည်။

“ ဘာလို ဗီလာရီးရဲလို အဆင့်မြင့်အင်ပါယာမျိုးက ဆိုရိုကုန်သည်ရေယာဉ်စုက ဒီလိုနေရာမျိုးကိုရောက်လာတာလဲ အဆင့်ရှစ်မန်နေဂျာရဲ့သားမျိုးပါ ပါလာသေးတယ် ထူးဆန်းတယ် “ ဖေး ထိုသို့တွေးမိနေသည်။

၁၅မိနစ်ကြာပြီးနောက် ၁၂နှစ်အရွယ်လောက်ဟုသာ ထင်ရသော်လည်း ပြင်းထန်လွန်းသောအရက်နံ့ထွက်နေသည့် ချစ်စဖွယ်ကောင်ငယ်လေးတစ်ယောက် ဂျက်ဆီကာတို့ဆိုင်သို့ရောက်လာသည်။ ထိုကောင်လေးတွင် ကြီးမားဝိုင်းစက်ကာ အရည်လဲ့နေသော မျက်လုံးများရှိရာ ကလေးချစ်တတ်သောမိန်းကလေးများအဖို့ အရည်ပျော်သွားနိုင်၏။

“ ကျွန်တော်က အာသာပါ ဘုရင်က ဒီမှာ လာအလုပ်လုပ်ခိုင်းလို့ပါ “ ထိုသို့မိတ်ဆက်ပြီး ကောင်လေးက သနားစဖွယ်မျက်လုံးများနှင့် ဂျက်ဆီကာကိုကြည့်ကာပြောသည်။ “ မမချောချော အာသာမှာ နေစရာ စားစရာ ဝတ်စရာမရှိဘူး တခြားလူတွေကလည်း လှောင်ပြောင်ရယ်မောကြတယ် အာသာ့ကိုဒီမှာနေခွှင့်ပေးပါ့လား “

ကောင်လေး၏ ဟန်ပန် ပြောဆိုပုံက အရည်ပျော်စေနိုင်ပေသည်။ ဂျက်ဆီကာသည်လည်း ကြင်နာသနားတတ်သူဖြစ်ကာ ချွင်းချက်မရှိပေ။

“ နေစမ်းပါ‌ဦး နင့်ငါမြင်ဖူးသလိုပဲ “

ဂျက်ဆီကာ ချက်ချင်း သူ့ဆိုင်ကို အရင်းပြုတ်လုဖြစ်သွားစေသော အလံစုံမြို့မှ ကောင်လေး ကို သတိရသွား၏။ ထို အလံစုံမြို့မှကောင်လေးက အလံစုံမြို့၏ အရက်သမားအားလုံးကို အရက်သောက်ပြိုင်ပွဲ၌ အနိုင်ယူခဲ့၏။ ထို့နောက်မြို့ရိုးပေါ်ပြေးတက် ပျောက်ကွယ်သွားခဲ့သည်။

သူ့ရှေ့ရှိ ကောင်လေးသည်လည်း ထိုအလံနှစ်စုံမြို့မှ ကောင်လေးကဲ့သို့ ချစ်စဖွယ်ဖြစ်သော်လည်း မျက်လုံး မျက်ခုံးကတော့ အနည်းငယ်ကွဲသည်။

End