← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

ကျင်းအန်ချန်းက အပေါ်ကို တက်လိုက် အောက်ဆင်းလိုက် အနောက်သွားလိုက် အရှေ့သွားလိုက် ဘယ်သွားလိုက် ညာသွားလိုက်နှင့် ကံကြမ္မာမြို့တော်ထဲရှိ ခြံဝန်းငယ်လေးတစ်ခုထဲတွင် မိနစ်(၃၀)ခန့် အချိန်ဖြုန်းနေခဲ့သည်။

သူက သိုင်းလောကတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိနေသည့်အတွက် နောက်ယောင်ခံလိုက်ခြင်းမှ ကာကွယ်ရန် လမ်းကို ကွေ့ပတ်သွားနေပြီး ဦးတည်ချက်ကို ဆက်တိုက်ပြောင်းနေခဲ့သည်။ သူက မုန့်ချီကိုတော့ ရှာမတွေ့ခဲ့ချေ။

မုန့်ချီက အုတ်ကျွတ်အမိုးများပေါ်တွင် ဖဲပြားလေးတစ်ပြားကဲ့သို့ လှုပ်ရှားနေသည်မှာ အသံတစ်စက်မျှ မထွက်ချေ။ သူက ခြံဝန်းနှင့် အလွန်ရင်းနှီးနေသော ကျင်းအန်ချန်းကို လှမ်းကြည့်လိုက်ရာ အခန်းတံခါးတစ်ခုဆီကို သွားနေကြောင်း တွေ့ရသည်။ ထို့နောက် ကျင်းအန်ချန်းက တံခါးပေါ်ကို ခေါက်လိုက်၏။

"သူက တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတာပဲ ငါတောင် ခြေရာပျောက်တော့မလို့...."

မုန့်ချီက အရိပ်ထဲတွင် ရှိနေသော တံစက်မြိတ်အောက်တွင် ရပ်နေရင်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

သူက တခြားလူများ၏နောက်ကို ပထမဆုံးအကြိမ် နောက်ယောင်ခံ လိုက်ဖူးခြင်း ဖြစ်၏။ အကယ်၍ သူကသာ လျှပ်စီးပြောင်းလဲမှုကို နားလည်ထားခြင်း မရှိလျှင် ကျင်းအန်ချန်းကို လွတ်သွားနိုင်သည်။ သူကတော့ မရပ်မနား လေ့ကျင့်ခဲ့သည့်အတွက် ကောင်းစွာ လိုက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီခြံဝန်းက သာမန်ပါပဲ...။ ဒါက ဖေးကျန်းချင်ရဲ့အိမ် မဟုတ်လောက်ဘူး။ ဒါဆိုရင် ကျင်းအန်ချန်းက ဘယ်သူ့ဆီကို လာတာလဲ..."

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေရင်း မျက်မှောင်ကြုတ်နေမိသည်။

ကံကြမ္မာမြို့တော်ထဲတွင် ထိပ်သီး(၁၀)ယောက် စာရင်းဝင်ဖြစ်သော လူဆိုးထိန်းခေါင်းဆောင် ဖေးကျန်းချင်က ယခုလို သေးငယ်သော အိမ်ငယ်လေး တစ်ခုထဲတွင် နေထိုင်လိမ့်မည် မဟုတ်‌ချေ။

“ဒါဆိုရင် ကျင်းအန်ချန်းက လိမ်ခဲ့တာလား....”

…………..

‌“ဒေါက် ဒေါက်...‌ဒေါက်...”

တံခါးကို စည်းချက်ကျကျ ခေါက်လိုက်ပြီးနောက် တံခါးက တိတ်တဆိတ် ပွင့်သွားခဲ့သည်။ ကျင်းအန်ချန်းက တံခါးထဲသို့ လျင်မြန်စွာ ဝင်သွားပြီး တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်၏။

ထိုအရာကို မြင်သည့်အခါ မုန့်ချီက အပေါ်မှနေ၍ သစ်ရွက်လေးတစ်ရွက်ကဲ့သို့ ဆင်းလာခဲ့သည်။ မြေပေါ်သို့ ဆင်းလာသည့်အချိန်တွင် မုန့်ချီက မီးခိုးငွေ့တစ်ခုကဲ့သို့ စတင်လှုပ်ရှားလိုက်၏။

သူကတော့ ခြေလှမ်းအနည်းငယ်လေးအတွင်းထိုအခန်း၏ အပြင်ဘက်တွင် ရှိနေသော ပြတင်းပေါက် အနားသို့ ရောက်လာခဲ့သည်။ သူက ပြတင်းပေါက်နားကပ်၍ သေချာနားထောင်‌နေသော်လည်း မည်သည့်အသံကိုမျှ မကြားရပေ။

ထို့ကြောင့် သူက မတ်တပ်ရပ်လိုက်ပြီး လက်တွင် တံတွေးကိုစွတ်၍ အဖြူရောင် ပြတင်းပေါက်စက္ကူကို အပေါက်ဖောက်လိုက်သည်။ အသံအနည်းငယ်နှင့်အတူ ပြတင်းပေါက်စက္ကူပေါ်တွင် အပေါက်တစ်ခု ပေါ်လာခဲ့၏။

မုန့်ချီက အပေါက်မှတစ်ဆင့် အတွင်းထဲကို လှမ်းကြည့်လိုက်သည်။

“ဘယ်သူမှ မရှိပါလား..”

ထိုအရာက သာမန်အခန်းတစ်ခုသာ ဖြစ်ပြီး အခန်းထဲတွင် မည်သူမျှမရှိချေ။ ကျင်းအန်ချန်းနှင့် ပတ်သက်သော သဲလွန်စများလည်း မတွေ့ရချေ။ မုန့်ချီက အံ့ဩသွားသည့်အတွက် နောက်တစ်ကြိမ် သေချာစစ်ဆေးကြည့်လိုက်၏။

အထဲတွင် မည်သူမျှ မရှိကြောင်း သေချာသွားသည့်အချိန်တွင် မုန့်ချီက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ခုန်ဝင်သွားခဲ့သည်။ သူက အထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။

"ခုနတုန်းက ကျင်းအန်ချန်းအတွက် တစ်ယောက်ယောက်က တံခါးဖွင့်ပေးလိုက်တယ်..။ အထဲမှာ ဘယ်သူမှ မရှိဘူးလား...”

ရုတ်တရက်ဆိုသလို ဘေးဘက်မှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မုန့်ချီက စိုးရိမ်ထိတ်လန့်နေခြင်းမရှိဘဲ ဓားကို သေချာဆုပ်ကိုင်လိုက်၏။ အိပ်ရာဘေးတွင် ရှိနေသော သေတ္တာက ပွင့်လာပြီး အနက်ရောင်တွင်းပေါက်တစ်ခု ပေါ်လာခဲ့သည်။

ကျင်းအန်ချန်းကတော့ ထိုသေတ္တာ၏ ဘေးတွင် ရပ်နေပြီး သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လက်ခုပ်တီးနေသည်။ ထိုအရာက အမှန်တကယ်ကို လိုဏ်ခေါင်းတစ်ခု ဖြစ်နေ၏။

ကျင်းအန်ချန်းက ထိုနေရာမှနေ၍ အနားတွင် ရှိနေသော ခြံဝန်းတစ်ခုထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအရာကမှ သူ၏ အစစ်အမှန်ဦးတည်ချက်ဖြစ်၏။ အနားတွင်တော့ ဧရာမရဲတိုက်ကြီးတစ်ခု ရှိနေသည်။ ထို့ကြောင့် မုန့်ချီက ဖြစ်ခဲ့သည့်အရာများကို အကြမ်းဖျင်း ခန့်မှန်းမိသွား၏။

ကျင်းအန်ချန်းက ကောက်ကျစ်စွာ ရယ်လိုက်ပြီး ပြောလိုက်သည်။

"ငါက သိုင်းလောက အတွေ့အကြုံတွေ အရမ်းများနေတာကိုပဲ ကျေးဇူးတင်ရမယ်...။ ဒါကြောင့် ငါက လိုဏ်ခေါင်းထဲမှာ နည်းနည်းကြာကြာ ဆက်စောင့်နေခဲ့တာ...။ မဟုတ်ရင် ငါက မင်းကိုလွဲတော့မလိုဘဲ...ဆရာကြီးမျောက်..."

ထိုအချိန်တွင် အဆောက်အဦး၏ တခြားနေရာမှနေ၍ အလင်းရောင်များ ထွက်ပေါ်လာပြီး တံခါးပွင့်သည့် အသံများလည်း ထွက်ပေါ်လာခဲ့သည် ။ သူတို့က အသံတိုးတိုးနှင့် ပြောနေကြပြီး ထိုအခန်းငယ်လေးကို ဝန်းရံထားလိုက်ကြ၏။

“ဒါက …”

ကျင်းအန်ချန်း ပြောစရာမလိုဘဲ မုန့်ချီက သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်မိသည်။

"ဆရာကြီးမျောက်...ဆရာကြီးမျောက်က တစ်ခုခုများ လွဲနေတာလား.။ မကောင်းဆိုးဝါး(၁၂)ယောက်ထဲက တစ်ယောက်က လူဆိုးထိန်းဖေးကိုတောင် မသိတော့ဘူးလား..."

သက်လတ်ပိုင်းလူကြီးက လေးနက်စွာ ပြောလိုက်သည်။

"အော်...လူဆိုးထိန်းခေါင်းဆောင်ဖေးပါလား..."

"မင်းက ဘာလို့ ညကြီးသန်းခေါင် ဒီနေရာကို ရောက်လာတာလဲလို့ ငါက စဉ်းစားနေတာ...။ လရောင်ခံမလို့လား...."

မျောက်မျက်နှာဖုံးက မုန့်ချီ၏ မျက်နှာအမူအရာကို ဖုံးကွယ်ပေးထားသည်။

ဖေးကျန်းချင်က အပြုံးနှင့် ပြောလိုက်၏။

"တိရစ္ဆာန်(၁၂)ကောင်က သိုင်းလောကမှာ တကယ်ကို ကျော်ကြားတယ်။ တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင် အခုအချိန် ထွက်ပြေးဖို့ အခွင့်အရေးကို ရှာနေလောက်ပြီ။ ဒီနေ့ည ငါကလည်း တာဝန်တချို့ လုပ်စရာရှိတဲ့အတွက် လိုဏ်ခေါင်းကနေတဆင့် အပြင်သွားဖို့ စဉ်း‌စားနေတာ...။ အခုတော့ ဆရာကြီးမျောက်နဲ့ တွေ့ရတာ တော်တော်လေးကို တိုက်ဆိုင်တာပါလား...."

သူတို့က စကားပြောနေစဉ် ကျင်းအန်ချန်းကတော့ မျက်နှာချင်းဆိုင်မှ လျှောက်လာပြီး မုန့်ချီကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် မတိုက်ခိုက်ခင် သူက ပြောလိုက်၏။

"လူဆိုးထိန်းခေါင်းဆောင်က လိုဏ်ခေါင်းကို ဖြတ်ဖို့အတွက် စည်းမျဉ်းတွေ ထုတ်ထားတာကို ကျေးဇူးတင်ရမယ်...။ မဟုတ်ရင် ကျုပ်တို့က ခင်ဗျားကို ဖမ်းလို့မိမှာ မဟုတ်ဘူး...ဆရာကြီးမျောက်..ဟား...ဟား..ဟားဟား!

"တကယ့်ကို သိုင်းလောက အတွေ့အကြုံ ရင့်ကျက်နေတဲ့ လူတစ်ယောက်ပဲ.."

ဖေးကျန်းချင်က ကျင်းအန်ချန်းကို ချီးကျူးလိုက်ပြီး လက်ထဲတွင်လည်း စုတ်တံကြီးတစ်စုံ ပေါ်လာခဲ့သည်။

"ဆရာကြီးမျောက်...ဘာလို့အညံ့မခံသေးတာလဲ...။ ဆရာကြီးရဲ့ အစွမ်းအရ မြို့စားမင်းက သေချာပေါက် ခွင့်လွှတ်ပေးမှာပါ..."

မုန့်ချီက ပြန်ဖြေလိုက်သည်။

"အမှန်အတိုင်းပြောရရင်တော့ မင်းတို့ဆီမှာ သိုင်းလောကအတွေ့အကြုံတွေ တကယ်ရှိမရှိကိုပဲ ငါက သိချင်နေတာ..."

“ဘယ်လို….”

ဖေးကျန်းချင်က အနည်းငယ် မျက်နှာပျက်သွားသည်။

"မင်းက ငါ့ကို အနိုင်မရဘူးဆိုတာတော့ ငါ သေချာသိတယ်..."

သူ့စကား မဆုံးသေးခင် မုန့်ချီက ဖေးကျန်းချင်ဆီသို့ တစ္ဆေတစ်ကောင်ကဲ့သို့ ခုန်ဝင်သွားခဲ့သည်။ သူ၏လှုပ်ရှားမှုများကြောင့် သူတို့က ဇဝေဇဝါဖြစ်သွားခဲ့၏။ သူက ဓားသွားနှင့် တိုက်ခိုက်လိုက်ပြီး ဖေးကျန်းချင်၏ လည်ပင်းကို ချိန်ထားလိုက်သည်။

ထိုလှုပ်ရှားမှုကို မြင်သည့်အခါ ဖေးကျန်းချင်ကတော့ အလွန်ကျော်ကြားသော ဆရာကြီးမျောက်ကို ရင်ထဲတွင် ချီးကျူးလိုက်မိသည်။ သူက တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး မုန့်ချီ၏ခေါင်းတွင် ရှိနေသော သွေးကြောမှတ်များကို သူ၏စုတ်တံကြီးနှင့် အလျင်အမြန် တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းတွင် ကျင်းအန်ချန်းကလည်း တခြားတစ်ဖက်မှနေ၍ တိုက်ခိုက်လိုက်၏။ သူ၏လက်ချောင်းလေးများက အပ်များသဖွယ် လှုပ်ရှားနေပြီး မုန့်ချီ၏ နောက်ကျောနှင့် ရင်ဘတ်တွင် ရှိနေသော ‌သွေးကြောမှတ်များကို ဦးတည်နေခဲ့သည်။

"မင်းဆီမှာ အကာအကွယ်ကျင့်စဉ်ရှိပေမဲ့ ငါတို့က မင်းရဲ့ သွေားကြောမှတ်တွေကို တိုက်ခိုက်ပြီး မင်းကို ထိန်းချုပ်နိုင်တယ်…”

မုန့်ချီကတော့ မရှောင်ခဲ့ပေ။

သူကတော့ ဘေးဘက်မှနေ၍ ဓားသွားနှင့် ကျင်းအန်ချန်း၏ ရင်ဘတ်ကို ချိန်လိုက်သည်။ တစ်ချိန်တည်းတွင် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ပြည့်ပြည့်ဝဝ သုံးလိုက်၏။ ရလဒ်အနေနှင့် သူ၏ခန္ဓာကိုယ်က ကျောင်းဆောင်ထဲတွင် ရှိနေသော ရွှေရုပ်တုကြီးသဖွယ် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။

ထိုလှုပ်ရှားမှုကြောင့် ကျင်းအန်ချန်း၏ စုတ်တံကြီးက မုန့်ချီ၏ခေါင်းကို လွဲချော်သွားပြီး သူ၏နားဘေးတွင် ရှိနေသော သွေးကြောမှတ်များကို ရိုက်ခတ်မိသည်။ ပင်မသွေးကြောများ အပိတ်ခံရခြင်း မရှိသရွေ့ အကာအကွယ်ကျင့်စဉ်ကို ရင်ဆိုင်၍ မရနိုင်ပေ။

ထိုစုတ်တံကြီးက မုန့်ချီ၏ နားဘေးကို ရိုက်ခတ်မိလိုက်ချိန်တွင် ချွင်ခနဲ အသံတစ်ခုကို ကြားလိုက်ရပြီး ရွှေရုပ်တုကြီးတစ်ခုကို တိုက်ခိုက်လိုက်ရသလို ခံစားလိုက်ရသည်။ အလင်းရောင်အောက်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာသည့်အတွက် ဖေးကျန်းချင်ကတော့ အလွန်ထိတ်လန့်သွားခဲ့၏။ သူ၏ မျက်နှာအမူအရာကလည်း ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။

တစ်ချိန်တည်းတွင် မုန့်ချီက သူ့ဓားနှင့် ကျင်းအန်ချန်းကို တိုက်ခိုက်လိုက်ရာ သူက နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားခဲ့ရသည်။ ဖေးကျန်းချင်၏ စုတ်တံကြီးကို ရင်ဆိုင်လိုက်ပြီးနောက် နောက်တစ်ကြိမ် လှုပ်ရှားလိုက်ခြင်းလည်း ဖြစ်၏။

ထိုအောင်မြင်မှုကြောင့် မုန့်ချီက တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။ သူက ဓားသွားကို အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ၏ အကာအကွယ်ကျင့်စဉ်ကို ထိုးဖောက်နိုင်ခြင်း မရှိသော ကျင်းအန်ချန်းနှင့် ဖေးကျန်းချင်တို့ကို ဖမ်းဆီး၍ သူတို့၏ သွေးကြောမှတ်များကို ပိတ်ထားလိုက်၏။

မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အောင်မြင်သွားပြီးနောက် မျက်လုံးကဲ့သို့သော ပင်မသွေးကြောမှတ်များမှ လွဲလျှင် တခြားသော သွေးကြောမှတ်များကိုတော့ ချွန်ထက်သောလက်နက်များ သုံး၍သာ တိုက်ခိုက်နိုင်ကြသည်။

"မင်းတို့က ငါ့ကို အနိုင်မရနိုင်ဘူးလို့ ငါပြောပါတယ်..."

မုန့်ချီကတော့ မျက်နှာဖုံးအောက်တွင် ပြုံးလိုက်မသည်။

အလွန် နာမည်ကျော်ကြားသော ပညာရှင်တစ်ယောက်ဖြစ်သည့် ဖေးကျန်းချင်က စုတ်တံသိုင်းတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ သိုင်းသခင်များပြီးလျှင် သူက အစွမ်းထက်ဆုံးတစ်ယောက်ဟု ဆိုနိုင်၏။ ယနေ့တော့ တိရစ္ဆာန်(၁၂)ယောက်ထဲတွင် တစ်ယောက်ဖြစ်သော နံပါတ်(၉)မျောက်က သူ့ကို အကြောက်တရားများ ပေးနိုင်ခဲ့သည်။

သိုင်းသခင်အဆင့်ပင် မရှိသေးသော နံပါတ်(၉)မြောက်၏ အစွမ်းကို သူလည်း အတော်လေးကို ကြောက်လန့်သွားခဲ့၏။ သူက မည်ကဲ့သို့သော အကာအကွယ်ကျင့်စဉ်မျိုးကို လေ့ကျင့်ထားခဲ့သနည်း။ ထိုတိုက်ပွဲက သူ၏ ယုံကြည်မှုကို ဖျက်ဆီးပစ်ခဲ့သည်။

"ငါက မင်းရဲ့အစွမ်းကို လျော့တွက်မိလိုက်တာပဲ..."

များပြားလွန်းလှသော သိုင်းလောက အတွေ့အကြုံများကြောင့် သူက လျင်မြန်စွာ တည်ငြိမ်သွားပြီး ပြောလိုက်သည်။

"ကံကြမ္မာမြို့တော်ထဲမှာ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ရဲ့အစွမ်းကို စစ်ဆေးတဲ့ တာဝန်တွေရှိတယ်။ မင်းတို့တွေကတော့ အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးတာပဲ ဖြစ်ရလိမ့်မယ်..။ ဒါပေမဲ့ ဓားက မင်းရဲ့ အကောင်းဆုံးစွမ်းရည်မဟုတ်သေးဘူး..."

"ငါက ဓားပညာမှာ ထူးချွန်တယ်လို့ မင်းကို ဘယ်သူက ပြောလဲ..."

မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။

ဖေးကျန်းချင်ကတော့ ဇဝေဇဝါဖြစ်သွား၏။ သူက သက်ပြင်းချလိုက်မိသည်။

"ကြည့်ရတာ ငါတို့တွေက မှားယွင်းတွက်ချက်မိခဲ့တာပဲ...။ မင်းက အကာအကွယ်ကျင့်စဉ်မှာ အတော်လေး ထူးခြားနေတယ်...။ မင်းက ပိုင်ကုဘုန်းတော်ကြီးနဲ့ ပတ်သက်နေတာလား...။ ငါက မင်းကို တကယ်ပဲ လေးစားမိတယ်..."

မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။

"တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင် အဖမ်းခံရတဲ့အချိန် လူတစ်ယောက်နဲ့ အေးအေးဆေးဆေး စကားပြောနေနိုင်မှာ မဟုတ်ဘူး..။ မင်းက ငါ့ရဲ့ အကြောင်းတွေကိုတောင် ဖော်ထုတ်ချင်နေသေးတယ်..။"

ဖေးကျန်းချင်ကတော့ အပြုံးနှင့် ပြောလိုက်၏။

"လူဆိုးထိန်းတစ်ယောက် ဖြစ်တဲ့အတွက် ငါက စုံစမ်းစစ်ဆေးတဲ့ နေရာမှာ အသုံးဝင်တယ်လေ..။ ပြီးတော့ မင်းက သခင်လေးသွမ့် ပျောက်နေတဲ့ကိစ္စကို ဖော်ထုတ်ချင်နေတာဆိုတော့ ငါ့ကို သတ်လို့မရဘူး....။ ဒီတော့ ငါသိထားသမျှ အရာအားလုံးကို ပြောပြမယ်..။ ငါ့ကိုတော့ မသတ်ပါနဲ့…"

"ဟုတ်...ဟုတ်ပါတယ်...ဆရာကြီး(၉)မျောက်..

ခင်ဗျားက တာဝန်နဲ့မသက်ဆိုင်တဲ့ လူတွေကို သတ်ဖို့တောင် အချိန်မပေးတတ်ဘူးလို့ ကြားဖူးတယ်..."

ကျင်းအန်ချန်းကလည်း ဖေးကျန်းချင်၏ စကားကို ထောက်ခံလိုက်သည်။ သူကတော့ လှည့်စားမှုကြောင့် နံပါတ်(၉)မျောက် ဒေါသထွက်ပြီး သတ်ပစ်မှာကို စိုးရိမ်နေခဲ့၏။

မုန့်ချီကတော့ အပြုံးနှင့် ပြောလိုက်သည်။

"ဒါကတော့ ငါ့ရဲ့ခံစားမှုအပေါ် မူတည်တယ်လေ..။ ဒီလိုအေးချမ်းတဲ့ လရောင်အောက်မှာ လူတစ်ယောက်ကို သတ်လိုက်ရမယ်ဆိုရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ...။ တကယ်လို့ ငါသာ မကျေနပ်‌သေးဘူးဆိုရင် နောက်တစ်နှစ်က မင်းနဲ့ မင်းမိသားစုရဲ့ နှစ်ပတ်လည်နေ့ ဖြစ်သွားနိုင်တယ်…"

သူကတော့ ဝတ္ထုထဲတွင် ဖတ်ခဲ့ဖူးသော ကြောက်စရာစကားလုံးများကို တစ်ချိန်လုံး ပြောနေပြီး အတော်လေး စိတ်လှုပ်ရှားနေသလို ခံစားနေရသည်။

ကံကြမ္မာမြို့တော်၏ လူဆိုးထိန်း ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ဖေးကျန်းချင်က သူ၏ခံစားမှုများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက သိထားသမျှအရာအားလုံး မင်းကို ပြောပြပါ့မယ်.."

"ဘာလို့ ကျင်းအန်ချန်းက ဒီလောက်နောက်ကျမှ ဒီနေရာကို ရောက်လာရတာလဲ...။ သူက ငါ့ကို လိမ်ပြောခဲ့တာလား.."

မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်သည်။ ခြံဝန်းထဲတွင် ဝိုင်းထားသူများက အမိန့်ကို စောင့်နေကြသေးသည်။

ကျင်းအန်ချန်းက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။

"တစ်ယောက်ယောက်က ဒီကိစ္စကို လာစုံစမ်းရင် ချက်ချင်း သတင်းလာပို့ဖို့ လူဆိုးထိန်းခေါင်းဆောင်ဖေးက ကျွန်တော့်ကို ပြောထားတယ်။ ဒါပေမယ့် ကျွန်တော်က တစ်ခုပဲ လိမ်ခဲ့မိပါတယ်…"

သူက ပွင့်လင်းစွာပြောလိုက်သည်။

မုန့်ချီက ခဏကြာ စဉ်းစားပြီး ဖေးကျန်းချင်ကို တခြားတစ်ဖက်သို့ ခေါ်သွား၍ ပြောလိုက်၏။

"ကျင်းအန်ချန်းက ငါ့ကို ဘာလိမ်ခဲ့သလဲဆိုတာ ပြောစမ်း။ ပြီးရင် ငါက မင်းကို ပြန်မေးမယ်။ တကယ်လို့ မင်းတို့နှစ်ယောက်ရဲ့စကားက မတူဘူးဆိုရင်တော့ အကျိုးဆက်ကို သိတယ်မဟုတ်လား.."

ဖေးကျန်းချင်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

"သူပြောတဲ့အထဲမှာ လိမ်ခဲ့တဲ့အရာကတော့ အခန်းထဲမှာ သက်သေကျန်ခဲ့တယ်။ အဲဒါကတော့ အခန်းထဲက စားပွဲအောက်မှာရှိတဲ့ နဂါးသစ်ရွက်တစ်ခုပဲ။ အဲဒီလိုမျိုး သစ်ပင်ကို တာ့ပိုင်ကျောင်းဆောင်ထဲမှာပဲ စိုက်ထားတယ်။ အဲဒါကို လျှို့ဝှက်ဆန်းကြယ်တဲ့လူက မတော်တဆ ယူလာတာပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ငါက တာ့ပိုင်ကျောင်းဆောင်ထဲကို ငါ့လူတွေ လွှတ်ပြီး နေ့မနား ညမနား စုံစမ်းနေခဲ့တာ..”

“ဒါပေမယ့် ငါက အရမ်းနောက်ကျသွားတယ်။ သံသယဝင်တာလည်း လွဲသွားတယ်။ ငါက သဲလွန်စတွေကို ပိုပြီးတော့ တွေ့လာရလေလေ အချက်တိုင်းက နှင်းနတ်ဘုရားနန်းတော်ကို ညွှန်ပြထားလေလေပဲ။ ငါတို့ သံသယဝင်နေတာကတော့ သူတို့က သခင်လေးသွမ့်ကို ဖမ်းခဲ့တယ်ဆိုတာ အကြောင်းပြချက် ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ သခင်လေးသွမ့်ကလည်း နှင်းနတ်ဘုရားနန်းတော်ထဲမှာရှိတဲ့ ရတနာတွေကို စိတ်ဝင်စားနေတာ ကြာပြီလေ။ သူကလည်း အဲဒီသဲလွန်စတွေကို ရှာဖို့အတွက် လုံးဝလက်လျှော့မှာ မဟုတ်ဘူး…"

မုန့်ချီက တိတ်တဆိတ်နားထောင်နေပြီး နှင်းနတ်ဘုရားနန်းတော်ဟူသော စကားလုံးကို ရေရွတ်နေမိသည်။

ဖေးကျန်းချင်က ရယ်ပြီး ပြောလိုက်၏။

"ငါက ရန်သူကို သတိပေးသလို ဖြစ်မှာစိုးတဲ့အတွက် အန်ချန်းကို ဖုံးကွယ်ခိုင်းထားတာ။ ဒါပေမဲ့ လေလွင့်ဆရာကြီးကတော့ ဒီကိစ္စကို သိတယ်…."

မုန့်ချီက စဉ်းစားပြီး‌ ပြန်ပြောလိုက်သည်။

"သွမ့်ရှန်ဖေးက သိတာလား။ ဒါဆိုရင် သူက ငါ့ကို ဘာလို့ မပြောခဲ့ရတာလဲ…"

Translated by Hein Htet

All Chapters