← Chapters

အခန်း (၇၅)

Vol. 5 Ch. 75

အခန်း (၇၅)

Vol. 5 Ch. 75

မုန့်ချီက အနည်းငယ် မျက်ခုံးပင့်လိုက်မိပြီး နောက်ပြန်လှည့်ကြည်လိုက်သည်။ ထိုအချိန်တွင် အလင်းရောင်မှိန်ပျပျဖြစ်နေသော နေရာမှနေ၍ အရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုအရိပ်က ပိုးခေါင်းဆောင်းကို ဝတ်ဆင်ထားပြီး ဆံဖြူနှင့် ပိန်ပိန်သွယ်သွယ် လူတစ်ယောက်ဖြစ်သည်။ ထိုအရာကတော့ လေလွင့်ဆရာကြီး သွမ့်ရှန်ဖေးကလွဲလျှင် တခြားလူတစ်ယောက် မဟုတ်နိုင်ပေ။ သူပေါ်လာသည့် အခြေ‌အနေက လေထဲမှ ထွက်ပေါ်လာသလို ထင်မှတ်ရ၏။

ထို့ကြောင့် သူက ထိုနေရာ၌ ရပ်နေခဲ့သော်လည်း မုန့်ချီကိုယ်တိုင်ပင် လုံးဝ သတိမထားမိခဲ့ပေ။ သူ၏မျက်လုံးကို စစ်ဆေးကြည့်၍ မရနိုင်သော မြူခိုးတစ်ခု လွှမ်းခြုံထားသလို ခံစားနေရ၏။ ယခုတော့ မုန့်ချီနှင့် သွမ့်ရှန်ဖေးတို့ကို ခွဲခြားထားသော အလွှာတစ်ခု ပြုတ်ကျသွားသလို ထင်မှတ်လိုက်ရသည်။

"ကျုပ်နောက်ကနေ လမ်းတလျှောက် လိုက်လာပေမယ့် ကျုပ်က ဘာသဲလွန်စမှ မရခဲ့ဘူး။ ခင်ဗျားနဲ့ တွေ့ရတာ တော်တော်အံ့ဩစရာကောင်းတာပဲ လေလွင့်ဆရာကြီး....။ ကျုပ်တို့ အရင်တစ်ခေါက်တွေ့ခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ....."

မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း မုန့်ချီက ရုတ်တရက်နားလည်သွားခဲ့သည်။

သွမ့်ရှန်ဖေးက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပိတ်မိနေသည့် အခြေအနေကို ရောက်နေသော်လည်း တည်ငြိမ်နေသည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ငါက ငါ့သားရဲ့အသက်ကို စိုးရိမ်နေတဲ့အတွက် မင်းနောက်ကို လိုက်လာခဲ့တာပါ...။ မင်းကိုယ်တိုင်ကလည်း အတုဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး..."

"အတုဖြစ်တာနဲ့ ကျုပ်က မစွမ်းဆောင်နိုင်တော့တာမှ မဟုတ်တာ..."

မုန့်ချီကတော့ စိုးရိမ်နေခဲ့ခြင်းမရှိပေ။

သူက သက်ပြင်းချပြီး ပြောလိုက်၏။

"ဒါဆိုရင် ရေခဲတမန်ကို သတ်လိုက်တာက ခင်ဗျားပေါ့...။ ဘာလို့ ခင်ဗျားက သူတို့အားလုံးကို သတ်လိုက်ရတာလဲ…"

"ဒါက ရိုးရှင်းပါတယ်..."

ဝင်ပေါက်မှနေ၍ အလွန်တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာကတော့ သစ်သားဆံထိုးနှင့် ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသည့် ကွေရှုဖြစ်သည်။

သူတို့က သတိမထားမိသေးခင် ကွေရှုက ထိုနေရာကို ရောက်နေခဲ့ခြင်း ဖြစ်သည်။ သွမ့်ရှန်ဖေးကလည်း ချက်ချင်း ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ လက်ထဲတွင် ဓားကိုင်ထားသည့် ကွေရှုက အလွန်အေးစက်သော အမူအရာနှင့် ပြောလိုက်၏။

"သူက နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်ပဲလေ.."

မုန့်ချီက လက်ခုပ်တီးလိုက်မိသည်။

"ဒါကြောင့်ကိုး...လေလွင့်ဆရာကြီးရဲ့ ပြောင်းလဲမှုကျင့်စဉ်က အရမ်းကို ထူးခြားလွန်းတယ်...။ ခင်ဗျားက ကျုပ် နောက်ကို လမ်းတလျှောက်လုံး လိုက်လာပေမယ့် ဘာမှသတိမထားမိခဲ့ဘူး..."

"ဒါက ရယ်စရာကောင်းတဲ့လှည့်ကွက်လေး သက်သက်ပါပဲ..."

သွမ့်ရှန်ဖေးက ကွေရှု၏စကားကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။

"ငါက ရေခဲတမန်ကို သတ်ခဲ့တယ်ဆိုတာ ကွေရှုနှင့် သူ့လူတွေ အနားမှာ ရှိနေလို့လေ..။ တကယ်လို့ ကွေရှုကသာ ‌သူတို့ကို ဖမ်းသွားပြီး သူတို့ပြောမဲ့စကားကို ကြားသွားမယ်ဆိုရင် ငါ ဘယ်သူလဲဆိုတာ သိသွားမှာပေါ့…"

ထို့နောက် သူက ကွေရှုကို လှည့်ကြည့်ပြီးပြောလိုက်၏။

"အဘိုးကြီးကွေ....

ဘယ်အချိန်ကတည်းကစပြီး ငါ့ကို သံသယဝင်နေတာလဲ…"

ကွေရှုက အလျင်စလို တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူက အေးစက်စွာ ပြောလိုက်သည်။

"ငါတို့က မင်းရှန်ရဲ့ကိစ္စကို စုံစမ်းနေတဲ့အချိန်မှာ သဲလွန်စတွေ အားလုံးက နှင်းနတ်ဘုရားနန်းတော်ကို ညွှန်ပြနေတယ်။ ဒါကိုတောင် မင်းက ဘာမှဂရုမစိုက်ဘဲ အဖေနဲ့သား ပတ်သက်မှု ဆိုးရွားတာကို အကြောင်းပြပြီး ရိုးရိုးလေး ထွက်သွားခဲ့တယ်...။ တခြားလူတွေက မင်းစကားကို ယုံနိုင်ပေမယ့် ငါကတော့ မယုံဘူးလေ။ မင်းကိုယ်တိုင်က နှင်းနတ်ဘုရားနန်းတော်နှင့် မပတ်သက်သရွေ့ မင်းက အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး..."

"ဒါပေမယ့် မင်းက အဲဒါကို ဘယ်လိုများ သေချာသွားနိုင်တာလဲ…"

"နှင်းနတ်ဘုရားနန်းတော်နှင့် မင်းရှန်ရဲ့ ကြားထဲမှာရှိတဲ့ ရတနာမြေပုံကို စမ်းကြည့်ဖို့ စဉ်းစားခဲ့တယ်လေ..။ ပြီးတော့ မင်းရှန်က လူရှုပ်လူပွေတစ်ယောက်လို ဟန်ဆောင်ပြီး အစွမ်းထက်တဲ့ သူ့ရဲ့သိုင်းပညာတွေကို ဖုံးကွယ်ထားတဲ့အတွက် ငါက နားလည်သွားတာ..။ အဲဒီအချိန်မှာ ငါက မသေချာသေးပါဘူး။ ဒါကြောင့် ငါက မင်းကို ဒီနံပါတ်(၉)မျောက်အတုနဲ့ လှည့်စားခဲ့တာ..."

သွမ့်ရှန်ဖေးက ခါးသီးစွာ ပြုံးလိုက်သည်။

"အတိအကျပါပဲ...။ နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် တစ်ယောက်တည်းကပဲ နှင်းနတ်ဘုရားနန်းတော်ရဲ့အလုပ်ကိစ္စတွေ ဟုတ်မဟုတ်ကို အတည်ပြုနိုင်တာ။ မင်းရှန်က ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုတွေကို ခံနိုင်ရည်မရှိဘဲ မင်းကို ပြောလိုက်တယ်လို့ ထင်နေတာ...”

“မင်းရှန်က တကယ့်ကို ထူးခြားတဲ့ ကောင်လေးပဲ..။ တကယ်လို့ မင်းကသာ နှင်းနတ်ဘုရားနန်းတော်ရဲ့ အရှင်သခင် မဟုတ်ဘူးဆိုရင် သူက မင်းအတွက် ပိုပြီးတော့ သင့်တော်နိုင်တယ်.."

ကွေရှုက တခြားလူတစ်ယောက်ကို ရှားရှားပါးပါးအထင်ကြီးနေခြင်း ဖြစ်သည်။

"မင်းက မင်းရှန်ကို သတ်ပစ်လိုက်မှာကိုပဲ ငါက စိုးရိမ်နေတာ...။ ငါ့ရဲ့နောက်ကြောင်းတွေ ပေါ်သွားမှာကိုလည်း စိုးရိမ်ရတယ်...။ ဒါကြောင့် ငါက နံပါတ်(၉)မျောက်ကို အသုံးချပြီး ဒီကိစ္စကို စုံစမ်းစေခဲ့တာ။ ဒါပေမယ့်လည်း မင်းကိုယ်တိုင်က ရာသီခွင်နတ်ဘုရား(၁၂)ယောက်ထဲက တစ်ယောက်ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူးလေ...။ ဒီတော့ ငါ့ရဲ့ကျရှုံးမှုက ထိုက်တန်ပါတယ်..."

သွမ့်ရှန်ဖေးက သက်ပြင်းချလိုက်မိသည်။

"မင်းက တကယ့်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ...။ တကယ်လို့ နံပါတ်(၉)မျောက်ရဲ့ နာမည်သာ ပေါ်မသွားခဲ့ဘဲ မင်းလည်း အန္တရာယ်တွေ ရင်မဆိုင်ရဘူးဆိုရင် မင်းက တော်တော်လေးကို လုံခြုံနေမှာပဲ… "

ကွေရှုက သွမ့်ရှန်ဖေးကို ချီးကျူးလိုက်မိသည်။ သူကတော့ အခြေအနေတစ်ရပ်လုံးကို လုံးဝ နားလည်သွားပြီးနောက် သူ၏ မိတ်ဆွေဟောင်းကြီးကို သတ်ပစ်ချင်နေပုံရသည်။

သွမ့်ရှန်ဖေးက ပြုံးလိုက်၏။

"ငါက မင်းထက်ပိုပြီး ဘယ်လိုများ ကောက်ကျစ်သွားရတာလဲ...။ ငါက မင်းကို စိန်ခေါ်ဖို့ လော်ချင်းကို အမိန့်ပေးခဲ့တာကိုတောင် မင်းက အာရုံလွဲမသွားခဲ့ဘူးလေ.."

"ဒါဆိုရင် လော်ချင်းကို လွှတ်လိုက်တာက မင်းပေါ့ ။ ဒါကြောင့်လည်း သူပေါ်လာတဲ့ အချိန်က တော်တော်လေးကို ပြည့်စုံလွန်းတယ်..။ တကယ်လို့ ကိုရင်လေးကျန်းတင်ကသာ သူ့ကို အန္တရာယ်မပေးနိုင်ဘူးဆိုရင် ငါက ဒီလောက်အလွယ်တကူ အလွတ်ပေးလိုက်နိုင်မှာ မဟုတ်ဘူး။ ငါတစ်ယောက်တည်းနဲ့ သူ့ကို မတားနိုင်ဘူးလေ…"

သွမ့်ရှန်ဖေးက ပြောလိုက်၏။

"အဓိကအကြောင်းအရင်းက အဲဒါကြောင့်ပဲလေ…။ မင်းရဲ့နောက်မှာ တိရစ္ဆာန်(၁၂)ယောက် ရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့အတွက် ယုန်က ယုဟုန်ပိုကို အခက်တွေ့အောင် လုပ်ခဲ့တယ်။ ဒါပေမယ့် ငါ ထွက်သွားတဲ့ အချိန်မှာ လော်ချင်းက အသာစီးမရဘူးဆိုရင်တောင် ဘယ်လိုဖြစ်ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာ ရနိုင်မှာလဲ...”

“နောက်ပိုင်းမှာ ငါက သူ့ကို ကူညီပေးခဲ့တယ်လေ။ ဒါကြောင့် လော်ချင်းက (၇)ရက်ကြာပြီးမှ တိုက်ခိုက်မယ်ဆိုပြီး စာတစ်စောင် ပြန်ပို့ခဲ့တယ်..."

ကွေရှုက ပြောလိုက်သည်။ သူကတော့ အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသလို ထင်မှတ်ရ၏။

သွမ့်ရှန်ဖေးက အပြုံးနှင့် ပြောလိုက်သည်။

"လော်ချင်းလို အခုမှ စိတ်ဝိညာဉ်လျှို့ဝှက်အခန်းပွင့်နေတဲ့ လူတစ်ယောက်က မင်းကို ဘယ်လိုဖြစ်ပြီး အနိုင်ရနိုင်မှာလဲ...။ မင်းက အသက်လျှို့ဝှက်အခန်း ပွင့်ပြီးသွားပြီ မဟုတ်လား..."

"ဟုတ်တယ်...။ အဲဒါက အရေးကြီးတဲ့ လျှို့ဝှက်အခန်းလို့လည်း ပြောလို့ရတယ်။ အစ်ကို သွမ့်.....မင်းကလည်း အသက်လျှို့ဝှက်အခန်းနှင့် စွမ်းအင်လျှို့ဝှက်အခန်းကို ပွင့်ပြီးသွားပြီလို့ ပြောတယ်။ ဒါပေမယ့် ကြည့်ရတာတော့ လိမ်နေကြတာ ဖြစ်မယ်။ မင်းက အဲဒီအစား ပြောင်းလဲမှုကျင့်စဉ်ကိုပဲ ကျွမ်းကျင်ထားတာဖြစ်မယ်…"

ကွေရှုက ခေါင်းညိတ်ပြလိုက်သည်။

သွမ့်ရှန်ဖေးက ရယ်ကာ မောကာနှင့် ပြောလိုက်၏။

"ပြောင်းလဲမှုကျင့်စဉ် ရှိနေတဲ့အတွက် စိတ်ဝိညာဉ် လျှို့ဝှက်အခန်းက တော်တော်လေးကို လွယ်သွားတယ်။ ငါက စိတ်ဝိညာဉ်နဲ့ စွမ်းအင်လျှို့ဝှက်အခန်းတွေ ပွင့်သွားပြီ။ မင်းက ရိုးရိုးသားသား ပြောခဲ့တာပဲ…"

ကွေရှု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

သွမ့်ရှန်ဖေးက ပြုံးလိုက်၏။

"ဒီနေ့ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် သေမှရမယ်။ ဒါဆိုရင်တော့ ဘာမှပြဿနာမရှိတော့ဘူး..."

"မင်းက ငါ့ကို မနိုင်နိုင်ပါဘူး။ ဒီနေရာမှာ မြားပေါင်းများစွာ ပစ်လွှတ်နိုင်တဲ့ ယန္တရားတွေရှိတယ်။ အဲဒီမြားတစ်ချောင်းချင်းဆီကလည်း ငါ့ရဲ့စွမ်းအား(၇၀)ရာခိုင်နှုန်း (၈၀)ရာခိုင်နှုန်းလောက်ရှိတဲ့ ဓားတစ်ချောင်းနဲ့ ညီမျှတယ်။ နဂိုတုန်းကတော့ ငါ့ရဲ့ညီအစ်ကိုတွေက ဒီနေရာကို ဖျက်ဆီးဖို့အတွက် မိုးကြိုးခန်းမထဲမှာ လှုပ်ရှားနေကြတာ...။ ဒါပေမယ့် လော်ချင်းကို တိုက်ခိုက်ဖို့အတွက် ငါတို့က အဲဒီအရာကို သုံးပြီး ယုဟုန်ပိုကို ဆွဲဆောင်ခဲ့ရတယ်။ မင်း… သံသယမဝင်ဖို့အတွက် ငါတို့က အဲဒါကို လက်လွှတ်ခဲ့ရတာပဲ…"

ကွေရှုက ထောင်ချောက်များအကြောင်းကို အေးစက်စွာ ပြောပြလိုက်သည်။

“ဒါပေမယ့် ငါရှိနေမှတော့ ကိစ္စမရှိပါဘူး…”

“ဒီမြေခွေးအိုကြီးနှစ်ယောက်ကတော့...”

မုန့်ချီက ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး သူတို့နှစ်ယောက်၏ကြားတွင် ကျားစေ့လေး တစ်စေ့ကဲ့သို့ ဖြစ်သွားသလို ခံစားနေရသည်။ သူတို့က အချိန်ကြာမြင့်စွာ လှုပ်ရှားနေကြပြီး သူ့ထက် အဆပေါင်းများစွာ မြင်နိုင်စွမ်းရှိကြသည်။ သူကတော့ သူတို့ကို ရင်ဆိုင်ရန် မလွယ်ကြောင်းသာ သိခဲ့၏။

မုန့်ချီက လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ထို့နောက် သွမ့်ရှန်ဖေးက စကားပြောရန် ပြင်လိုက်စဉ် မုန့်ချိက ရုတ်တရက် ဝင်ပြောလိုက်၏။

"လေလွင့်ဆရာကြီး...

အဲဒီမှာ လဲကျနေတဲ့သူက သွမ့်မင်းရှန်ဆိုတာ သေချာရဲ့လား..."

ကွေရှဲ့၊သွမ့်ရှန်ဖေးနှင့် ယုတုန်ကွမ်တို့အားလုံးက သူ့ကို သံသယဝင်စွာ ကြည့်မိကြသည်။ ဘာကြောင့် သူက ထိုအရာကို စိုးရိမ်နေကြသနည်း။

"အဲဒါက တကယ်ပဲ ငါ့သားလေ.."

သွမ့်ရှန်ဖေးက အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြလိုက်၏။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဒီနေရာမှာ ကျုပ်ရဲ့တာဝန်က ပြီးသွားပြီ။ လေလွင့်ဆရာကြီး … ကျုပ်ရဲ့ ဆုကြေးက ဘယ်မှာလဲ..."

ထိုစကားကြောင့် သံသယဝင်နေသော သူတို့၏ အမူအရာများအားလုံးက လှောင်ပြောင်သရော်သလို အခြေအနေကို ပြောင်းလဲသွားခဲ့သည်။ သူတို့က အရူးတစ်ယောက်ကို ကြည့်နေရသလို ခံစားနေရ၏။ ထိုအချိန်မျိုးတွင် သူကတော့ သူ့တာဝန်အကြောင်းသာ စဉ်း‌စားနေသေးပုံရသည်။ သူက ဤနေရာမှ လုံလုံခြုံခြုံ ထွက်သွားပြီးမှသာ ထိုအရာကို ပြ၍ ရနိုင်မည်။

ရေခဲအခန်းလေးထဲတွင် ရေခဲလေလှိုင်းများ စတင်လှုပ်ရှားနေပြီး စကားလုံးများစွာ ပေါ်လာခဲ့၏။

"သွမ့်မင်းရှန်ကို ရှာတွေ့ပြီ..။ မင်းရဲ့ပင်မတာဝန်က ပြီးဆုံးသွားပြီ..။ မင်းရဲ့ ဆုလာဘ်က ကံကြမ္မာအမှတ်(၁၅၀)ပဲ။ ဒါပေမဲ့ မင်းက တိုက်ပွဲထဲကို ရောက်နေတဲ့အတွက် ပြန်လာလို့ မရနိုင်သေးဘူး။ မင်းက တိုက်ပွဲကနေ ထွက်သွားပြီးရင် တစ်နာရီအတွင်း ပြန်လာဖို့ ရွေးချယ်ခွင့်ရှိမယ်..."

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့သည်။ သူကတော့ ချက်ချင်းပြန်သွားနိုင်မည်ဟု တွေးခဲ့မိ၏။ သို့သော် သူ၏ထင်မြင်ချက်ထက် ကျော်လွန်နေခဲ့သည်။ ထိုအရာများ ဖြစ်နိုင်ချေရှိသည်ဟု သူလည်း လုံးဝမစဉ်းစားမိခဲ့ချေ။

"ကောင်းပြီ။ အနည်းဆုံးတော့ ငါက ဒီတိုက်ပွဲပြီးသွားမှပဲ ပြန်လို့ရမယ်…”

သူကတော့ သူ၏ဒဏ်ရာများကို စိတ်ဝင်စားခြင်းမရှိချေ။ မသေလျှင် အဆင်ပြေပြီဖြစ်၏။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ဆီတွင် တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာပြီး သူ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"ကိုရင်လေးကျန်းတင်...

ငါက မင်းကို ဆုကြေးပေးဖို့ ပြင်ဆင်ထားမယ်လို့ ထင်နေတာလား…"

သွမ့်ရှန်ဖေးက ပြန်မေးလိုက်သည်။

မုန့်ချီက အပြုံးနှင့် အံကြိတ်ပြီး ပြောလိုက်၏။

"အခုအချိန်မှာ ခင်ဗျား ကတိပေးထားတဲ့ ဆုကြေးတွေကို ကျုပ်က မလိုချင်ဘူး။ ကျုပ်က ပြောင်းလဲမှုကျင့်စဉ်ကိုပဲ လိုချင်တယ်။ မြို့စားမင်းကွေက ခင်ဗျားကို ဒီနေရာမှာ ပိတ်ထားပြီး စကားတွေအများကြီး ပြောနေမှတော့ သူလည်း အဲဒါကိုပဲ ပစ်မှတ်ထားနေတာ ဖြစ်မယ်…"

ခဏကြာ စဉ်းစားလိုက်ပြီးနောက် ကွေရှုက ပြောလိုက်သည်။

"အစ်ကိုသွမ့်...

ပြောင်းလဲမှုကျင့်စဉ်ထဲမှာရှိတဲ့ လူသားနှင့် နတ်ဘုရားအကြား လျှို့ဝှက်ချက်ကို ပြောပြပေးပါ။ ငါက စိတ်ဝိညာဉ်လျှို့ဝှက်အခန်းရဲ့ အနှစ်သာရတွေအပေါ် အခြေခံပြီး အမှန်ဟုတ်မဟုတ် ခွဲခြားနိုင်တယ်ဆိုတာ မင်းလည်း သိမှာပဲ။ တကယ်လို့ မင်းသာ ငါနဲ့ ပူးပေါင်းပေးမယ်ဆိုရင် မင်းရှန်က အသက်ရှင်နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ ငါက နှစ်ယောက်လုံးကို သတ်ရလိမ့်မယ်…"

"မင်းက ဘာလို့ အဲဒါကို ဒီလောက်ထိ အသည်းအသန် လိုချင်နေလဲ ဆိုတာ ငါလည်း နားမလည်တော့ဘူး…"

သွမ့်ရှန်ဖေးက စဉ်းစားပြီး ပြောလိုက်သည်။

ကွေရှုကတော့ သွမ့်ရှန်ဖေးနှင့် မုန့်ချီတို့ကို ကြည့်နေရာမှ ရေခဲခန်း၏ အခန်းငယ်လေးတွင် ရှိနေသော အခေါင်းငယ်လေးကို လှမ်းကြည့်လိုက်သည်။သူ၏ အမူအရာ ပျော့ပျောင်းသွားခဲ့၏။

"ငါ့ရဲ့ကျင့်စဉ်အဆင့်‌တွေ တိုးတက်လာတာနဲ့အမျှ ငါက လူသားနဲ့ နတ်ဘုရားကြားထဲမှာရှိတဲ့ အတားအဆီးကို ပိုပြီး အလေးထားလာခဲ့တယ်။ အဓိက သော့ချက်ကတော့ စိတ်ဝိညာဉ်လျှို့ဝှက်အခန်းပဲ။ တကယ်လို့ ငါသာ ပြောင်းလဲမှုကျင့်စဉ်ကိုရပြီး ငါ့ရဲ့မျက်ခုံးကြားပင်မတံခါးကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် ငါက လူသားနဲ့ နတ်ဘုရားကြား အတားအဆီးကို ဖြတ်ကျော်ပြီး ကောင်းကင်ပေါ်ကို တက်လှမ်းနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါလိုချင်တာ ရနိုင်ပြီ။ သေသူကိုတောင် အသက်ပြန်သွင်းနိုင်ပြီ…"

"မင်းရဲ့ စွဲလမ်းမှုတွေက အရမ်းကို နက်ရှိုင်းနေပြီပဲ…"

သွမ့်ရှန်ဖေးက သက်ပြင်းချလိုက်သည်။

ကွေရှုက နောက်ပြန်လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်းက မပြောချင်လည်း ရပါတယ်။ ငါ့ဆီမှာ ရတနာမြေပုံရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ် ငါက ရမှာပဲ…"

"ဒါဆိုရင် ကျင်းဟွာက ရတနာမြေပုံကို သွားရှာနေပြီပေါ့…"

"နဂိုတုန်းကတော့ ငါက သူ့ကို ဓားစာခံအဖြစ် ဖမ်းထားဖို့ စဉ်းစားထားခဲ့တာ…"

သွမ့်ရှန်ဖေးက ခေါင်းခါပြီး ပြောလိုက်သည်။

"မင်းက တော်တော်လေးကို ရိုင်းလွန်းတယ်။ သူက မင်းကို မျှော်လင့်ချက်ပေးဖို့ ပုန်းနေတာပါ။ ဒါကြောင့် မင်းက ခိုးဝင်လာနိင်ခဲ့တာပဲ…"

ကွေရှုက ရှားရှားပါးပါး ပြုံးလိုက်၏။

သွမ့်ရှန်ဖေးက သွမ့်မင်းချန်ကို လှည့်ကြည့်လိုက်ပြီး သူ့ကိုယ်သူ ပြန်ရယ်လိုက်သည်။

"မင်းက အသက်ကြီးလာတဲ့အချိန် မင်းရဲ့သားတွေ ၊ မြေးတွေနဲ့ ဝေးဝေးနေနိုင်ဖို့ အရမ်းခက်တယ်။ သေချာနားထောင်...မင်းရဲ့ နှလုံးသားကို ရှင်းထားပြီး မင်းရဲ့စိတ်ကိုတော့ မျက်ခုံးကြား ပင်မတံခါးကို အာရုံစိုက်ပါ…"

‌

‌‌ကွေရှုတစ်ယောက်တည်းသာ နားထောင်နေခြင်း မဟုတ်ဘဲ မုန့်ချီနှင့် ယုတုန်ကွမ်တို့ကလည်း နားထောင်နေကြသည်။ ပြောင်းလဲမှုကျင့်စဉ်က မျက်ခုံးကြားပင်မတံခါးကို အထူးလေ့ကျင့်ရသော သိုင်းပညာတစ်ခုဖြစ်သည်။ ကျင့်စဉ်တစ်ခုလုံးတွင် စကားလုံး (၁)ထောင်ရှိသော အခန်း(၅)ခန်းသာ ပါဝင်၏။

သွမ့်ရှန်ဖေးက ဖြည်းညင်းစွာ ပြောပြနေပြီး တဖြည်းဖြည်းနှင့် စာအုပ်အဆုံးကို ရောက်သွားခဲ့သည်။

"အရာဝတ္ထုတစ်ခုဆိုတာ ပဋိပက္ခတွေ ရှုပ်ထွေးမှုထဲက ရောက်လာတာပဲ…"

သူ့စကားမဆုံးသေးခင် သွမ့်ရှန်ဖေးက အစိမ်းရောင်မီးခိုးငွေ့တစ်ခုကဲ့သို့ ကွေရှုဆီကို ခုန်ဝင်သွားခဲ့သည်။ သူ၏လက်ကလည်း အစိမ်းရောင်ပြောင်းလဲနေပြီး ခန္ဓာကိုယ်ကလည်း မှေးမှိန်သွားခဲ့၏။ သူ၏ဓားပညာက အစွမ်းထက်သော်လည်း သူ၏ အဓိကစွမ်းရည်ကတော့ ပြောင်းလဲမှုကျင့်စဉ်ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်(၅)ချောင်းက သူ၏အစွမ်းနှင့် ကိုက်ညီမှုမရှိပေ။

မုန့်ချီ၊ယုတုန်ကွမ်နှင့် ကွေရှုတို့အားလုံးက ပြောင်းလဲမှုကျင့်စဉ်၏ နောက်ဆုံးနှင့် အဓိက အခန်းကို အာရုံစိုက်နေသည့်အတွက် ခဏကြာမှင်တက်သွားခဲ့သည်။ သို့သော် ကွေရှုက သာမန်လူတစ်ယောက် ဖြစ်နိုင်မည်လော။

သူက ပင်မတံခါးနှင့် စိတ်ကို အာရုံစိုက်ထားသည့်အတွက် ချက်ချင်း သတိဝင်လာပြီး ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။ နံရံပေါ်တွင်လည်း အပေါက်များ ပေါ်လာပြီး မြားပေါင်းများစွာ ထွက်လာခဲ့၏။

ထိုအပေါက်များထဲမှ နေ၍ မြားများ မိုးရွာသကဲ့သို့ ကျဆင်းလာသည့်အတွက် သူတို့က ရှောင်တိမ်းရန် ခက်ခဲနေသည်။ သွမ့်ရှန်ဖေးက သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပတ်လှုပ်ရှားနေပြီး ထိုမြားများကို ရှောင်တိမ်းနေရ၏။ သို့သော် များပြားလွန်းလှသော မြားများက သူ၏ခန္ဓာကိုယ်ကို ဇကာပေါက်တစ်ခုသဖွယ် ဖြစ်သွားစေနိုင်သည်။

မုန့်ချီနှင့် သွမ့်ရှန်ဖေးတို့က လူကွဲသွားသော်လည်း ကွေရှုကတော့ ယန္တရားများကို ဆက်လက် အသက်သွင်းနေသေး၏။ ထိုအချိန်တွင် ဒူးလေးများက ဘေးနှစ်ဘက်မှနေ၍ သူတို့ကို ပစ်ခတ်လိုက်ပြန်သည်။

မုန့်ချီကတော့ လျှပ်စီးပြောင်းလဲမှုကို သုံးရမည့်အစား သူ့ကိုယ်သူ ဘောလုံးကြီးတစ်လုံးသဖွယ် ကွေးလိုက်ပြီး သူ၏အားနည်းချက် နေရာများကို ကာကွယ်ထားလိုက်သည်။

မြားများက တဝှီးဝှီး ဖြတ်သန်းသွားနေပြီး မုန့်ချီကို တိုက်ခိုက်နေသည်။ သူ၏ ခန္ဓာကိုယ်က အလုံးကြီးကဲ့သို့ ပြောင်းလဲထားသည့်အတွက် ခန္ဓာကိုယ်က ဖြူကောင်ကြီး တစ်ကောင်ကဲ့သို့‌ဖြစ်နေသည်။

ခဏကြာပြီးနောက် အပေါက်ထဲမှနေ၍ နောက်ထပ်မြားများ ထွက်မလာတော့ပေ။ သွမ့်ရှန်ဖေး၏အင်္ကျီစတွင် သွေးများ စွန်းထင်နေပြီး သူကတော့ မြား(၈)ချောင်း၏ ထိုးဖောက်မှုကို ခံခဲ့ရသည်။ သို့သော် သူက ကွေရှုနှင့် ဆက်လက် တိုက်ခိုက်နေသေး၏။

မုန့်ချီက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ နောက်ကျောနှင့် ခန္ဓာကိုယ်ပေါ်တွင်လည်း မြားပေါင်းများစွာ စိုက်နေပြီး သွေးများစီးကျနေခဲ့၏။ သူ၏အဖြူရောင်ဝတ်စုံတွင်လည်း သွေးစွန်းနေခဲ့သည်။

တစ်ကိုယ်လုံး နီရဲ‌နေသော ခန္ဓာကိုယ်နှင့် သူ၏မျက်နှာအမူအရာကြောင့် သူ့ပုံစံက ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ မဟုတ်တော့ဘဲ ဆာလောင်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူ၏ ဒဏ်ရာများက ပြင်းထန်လွန်းလှ၏။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကသာ ကုသပေးနေ ခြင်းမရှိလျှင် သူက သေဆုံးသွားလောက်ပါပြီ။ သို့သော် အကာအကွယ်က ပျက်စီးလုနီးပါး ဖြစ်သွားခဲ့၏။

သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် နံရံကို ဖျက်ဆီးလိုက်သည်။ အကာအကွယ်က ပျက်စီးလုနီးပါး ဖြစ်သွားသော်လည်း မုန့်ချီဆီတွင် စွမ်းအားများ ကျန်ရှိနေသေးသည်။ အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ထားမှုကြောင့် သူ၏အစွမ်းက မြင့်တက်လာပြီး ရေခဲနံရံကို ဖျက်ဆီးနိုင်စွမ်းရှိ၏။

“ဗုန်း…”

ရေခဲနံရံက အက်ကွဲသွားခဲ့သည်။

ထိုအချိန်တွင် ယုတုန်ကွမ်က လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်၏။ သူက ‌ဒဏ်ရာရနေသော မုန့်ချီကို အခွင့်ကောင်းယူပြီး အနိုင်ရချင်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် မုန့်ချီ၏ လက်ထဲ၌ အနက်ရောင်ပြွန်လေးတစ်ချောင်း ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

Translated by Hein Htet

All Chapters