အပိုင်း (၅၀၄) – သူမပြောင်းလဲသွားခြင်း
Vol. 006 Ch. 504
ညရောက်သောအခါ အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် တည်းခိုဆောင်သို့ ဝင် လာလေသည်။ သူဝင်လာသည့်အချိန်တွင် သူအခန်းတံခါးအပြင်တွင် စောင့်နေသော ကုန်ရှန်ယိကို တွေ့လေ သည်။ သူသည် စိတ်အခြေအနေမကောင်းနေချိန်ဖြစ်၍ သူမသည် သူ့အား ထပ်ပြီးအနှောင့်အယှက်လာ ပေး သည်ကို တွေ့သည်နှင့် ပို၍ ဒေါသ ထွက်လေသည်။
“ငါ့မှာအချိန်မရှိဘူးလို့ ပြောပြီးပြီလေ ငါ့ကိုထပ်လာမရှာနဲ့တော့” မို(၃)သည် ပြောပြီးနောက် အပေါ်ထပ် သို့ ထက်ရန်ဟန်ပြင်လေသည်။
“မိုဒိဆန်း ဒီနေ့ညက အဲအကြောင်းကို ပြောချင်လို့လာတာမဟုတ်ပါဘူး” ကုန်ရှန်ယိ သည် ပြုံး ပြီးပြောလေသည် “ဒီနေ့ ရှင့်ကြည့်ရတာ မကောင်းတာတစ်ခုခုကြုံလာ ခဲ့တာဖြစ်ရမယ် ရှင်က ဝိုင်ကောင်း ကောင်းကြိုက် တတ်တယ်လို့ ကြားလို့စောင့်နေတာ ဒီနေ့ကျွန်မအပြင်သွားတော့ ဝိုင်ကောင်းကောင်းတွေ ရလာလို့ အဆင့်မြင့် အနီရောင်ဝိုင်ပဲ ရှင်သောက်ချင်မလားလို့”
မိုဒိဆန်းသည် သူမအကြည့်နောက်လိုက်ကြည့်ရာ ထောင့်တွင် ဟင်းပွဲများ နှင့်ပြည့်နေသော စားပွဲအား တွေ့လိုက်လေသည်။ ဝိုင်ပုလင်းများလည်းရှိသည်။ တစ်ပုလင်း မှာ ဖွင့်ထားသဖြင့် အနံ့သည် လေတွင်ပျံ့ကာ ထိုအနံ့သည် မူးယစ်လောက်စရာဖြစ်သည်။
ဘေးတွင်ထိုင်နေသော အမျိုးသားသုံးယောက်သည် သူ့အားကြည့်နေလေသည်။
ထို့ကြောင့်ပင် သူဝိုင်အနံ့ရနေသည်ဟု ထင်နေခြင်းဖြစ်သည်။
သို့သော် သူသည် အကြည့်များပြန်ရုတ်သိမ်းကာ ပေါ့ပါးစွာ ပြောလိုက်သည် “ငါအရက်ဖြတ်လိုက်တာ ကြာပြီ”
ပြောပြီးနောက်တွင် သူသည် ကုန်ရှန်ယိုကို ကျော်သွားကာ အပေါ်ထပ်သို့ ဦးတည်လိုက်သည်။
သူသာ မူးပြီး လတစ်ဝက်လောက် အိပ်ပျော်ခဲ့ဖူးခြင်းသာမရှိလျှင် သူမဆွဲဆောင်မှု နောက် ပါသွားမည် ဖြစ်သည်။
သူသည် သူမအလောင်းအားတွေ့လိုက်သည့်နေ့မှစပြီး အရက်ဆိုင်သို့ ထပ်ပြီး ခြေမချတော့ပေ။ ထို အရာသည် သူအမုန်းဆုံးအရာဖြစ်လာသည်။
ထိုအကွက်သည် သူ့အားအသုံးချ၍မရသည်ကို ရှီမာယူယူ မြင်လိုက်သည်။ ထို့အပြင် သူ့မျက်လုံးများ တွင် မုန်းတီးခြင်းများနှင့် မနှစ်မြို့ခြင်းများရှိနေသည်ကို တွေ့လိုက်ရသည်။ သူနှစ်ပေါင်းများစွာ ပျော်မွေ့လာခဲ့ သည့် ဝါသနာကို ဘာကြောင့် စွန့်ပစ်လိုက်ကြောင်းကို သူမ မသိတော့ပေ။ သူထွက်သွားတော့မည်ဟု တွေးလိုက် မိသည်နှင့် သူမ စကားစလိုက်သည် “အရှက်အရှိတဲ့ဒိဆန်း ဘယ်တုန်းက မင်းရဲ့အချစ်စစ်ကိုစွန့်လွှတ်လိုက်တာ လဲ”
မိုဒိဆန်းသည် လှေကားသို့ ခြေလှမ်းနေရာမှ ချက်ချင်းပင် ရပ်တန့်သွားလေသည်။ သူသည် လှည့်ပြီး ရှီမာယူယူအား ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ရှုပ်ထွေးမှုများ ပြည့်သွားလေသည်။
“ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ” သူသည် သူမဖြေလာမည့် အဖြေကြားရန်အတွက် အသက် အောင့်ထားလေသည်။
ရှီမာယူယူသည် ဝိုင်ခွက်ကောက်ကိုင်ကာ ပစ်လိုက်လေသည် “ဒါကို အကြိုက်ဆုံးလို့ အရင်ကပြောခဲ့ဖူး တယ်လေ ဒါကမင်းနဲ့အလိုက်ဆုံးပဲ၊ ဒါကိုပဲ မင်း တစ်သက်လုံး အဖော်လုပ်တာပဲ၊ ဘယ်လိုလုပ်စွန့်ပစ်နိုင်ရတာ လဲ”
မိုဒိဆန်းသည် ဝိုင်ခွက်အား လန့်ပြီးဖမ်းလိုက်လေသည်။ သူသည် ရှင်းမိုကိုယ်တိုင် သူအားသဂြိုဟ် ပေး ခဲ့သည်ကို တွေ့ခဲ့သည်။ သူမက ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ။
သို့သော် ထိုအကြောင်းကို သူ သူမတစ်ယောက်တည်းကိုသာ ပြောပြခဲ့သည်။ သူမသည်သာ ထိုကဲ့သို့ ပြောသော တစ်ဦးတည်းသောသူပင်။ သူမသည်သာ သူ့အား အရှက်မရှိတဲ့ဒိဆန်းဟု ခေါ်ခဲ့သော တစ်ဦးတည်း သောသူဖြစ်သည်။
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ရှုပ်ထွေးမှုများကို တွေ့သောအခါ သက်ပြင်းချကာ ပြောလေသည် “မင်းဝိုင်ဖြတ်နိုင်ရင် ကြက်တစ်ကောင်လုံးကို ချက်ပေးမယ်လို့ ကတိပေးထား တယ်လေ၊ ဒီနေ့ချက်ပေးရင် မင်း င့ါကို ဂုဏ်ပြုမပေးနိုင်ဘူးလား”
မိုဒိဆန်းသည် သူမကြည့်နေသော နေရာသို့ လျှောက်လာလေသည်။ သူသည် သူမမျက်လုံးထဲမှ အပြုံး များကိုတွေ့လေသည်။ သူမသည် လူပြောင်းသွားသော်လည်း မျက်လုံးထဲမှ အကြည့်များသည် တူညီဆဲပင်။ ထို့အကြည့်ကြောင့်ပင် သူမအား သူမှတ်မိခြင်း ဖြစ်သည်။
သူသည် သူမမျက်နှာအား ဆွဲဆိတ်ရန် လက်ဆန့်ထုတ်သော်လည်း သူ့လက်ကို ရိုက်ထုတ်လေသည်။
“ငါ့အသားကို နာအောင်လုပ်ရင် ငါ့ကိုလျော်ပေးလို့မရဘူးနော်” သူမသည် သူ့အားကြည့်ပြီး ပြောလေ သည် “ဟင် ဒီအသံကဘာလို့ရင်းနှီးနေတာလဲ သြော် ဟုတ်သားပဲ မှတ်မိပြီ အရင်ကလည်း မင်းက င့ါကို ဆိတ် ချင်ခဲ့တာပဲ၊ နှစ်တွေဒီလောက် အများကြီးကြာသွားတာတောင် ဘာလို့တွေ့တိုင်းဒီလိုပဲလုပ်နေတာလဲ”
ထိုစကားကြားလိုက်သည်နှင့် မိုဒိဆန်း၏ မျက်လုံးများသည် ပျော်ရွှင်မှုများ တောက်ပသွားလေသည်။ သူမသည် အရင်ကကဲ့သို့ တစ်ထပ်တည်းပြောလိုက်လေသည်။ တစ်စုံတစ်ယောက်သည် သူတို့ဆက်ဆံရေးကို သိသောကြောင့် သူမပုံတူလိုက်လုပ် လျှင်တောင် သူမပြောသည့်အတိုင်းလိုက် ပြောနိုင်မည်မဟုတ်ပေ။
သူသည် ရှီမာယူယူအား ချက်ချင်းပင်ဖက်ကာ ပြုံးပြီးပြောလေသည် “မင်းအသက်ရှင် သေးတာပဲ”
“အင်း ရှိတာပေါ့” ရှီမာယူယူပြောလေသည် “ဒါပေမဲ့ မင်းငါ့ကို မလွှတ်ရင် အသက်ရှုကြပ်လို့သေတော့ မယ်”
သူမသည် အသက်ရှိနေသည်ဟု ပြောခြင်းမှာ အသက်ရှင်နေသေးသည်ကို ပြောခြင်းမဟုတ်ပေ။ သို့သော် မိုဒိဆန်းသည် ထိုအချက်အား သတိမပြုမိပေ။
မိုဒိဆန်းသည် သူမအား လွှတ်လိုက်ပြီးနောက် သူမမျက်နှာအားကြည့်ကာ ပြောလေသည် “မင်းရဲ့ အသွင်ပြောင်းထားတာက မဆိုးဘူးပဲ ငါတောင် မင်းကို မမှတ်မိပဲနေ တော့မလို့ အရိပ်အယောင်တစ်ခုမှ မသိ လောက်အောင် ဒီလိုအသွင်ပြောင်းတာကို ဘယ်ကသင်လာတာလဲ၊ ရှင်းမို မင်းကို သဂြိုဟ်တာကို ငါတွေ့လိုက် တယ် သူက မင်းကို တိတ်တဆိတ်ဖွက်ထားတာလား”
ရှီမာယူယူ မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “အဲဒါကြောင့်ဒီလိုဖြစ်နေတာပဲ”
ရှင်းမိုအကြောင်းစဉ်းစားလိုက်လျှင် သူမစိတ်မကောင်းမိပေ။ အမှတ်တရ စားသောက်ဆိုင်… အမှတ်တရ စားသောက်ဆိုင်…
“ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ” မိုဒိဆန်းသည် သူမဘေးထိုင်ကာ မေးလေသည်။
“ဒီအကြောင်းကို နောက်မှပြောရအောင်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်လေသည် “ဒါက ငါမင်းကို ကတိပေးထားတဲ့ ကြက်ကင်ပဲ ဝိုင်ကလည်း မင်းအတွက် အထူးတလည်ပြင်ပေးထားတာ မင်းအကုန်မစားရင် ငါ ကျေနပ်မှာမဟုတ်ဘူး”
“သိပါပြီ မင်းငါ့ကို လာရှာမယ်ဆိုတာ သိနေတယ်” မိုဒိဆန်းပြောလေသည် “ငါ ဟင်းကိုတော့စားမယ် ဒါပေမဲ့ ဝိုင်ကတော့ ထားလိုက်ပါတော့”
“အရှက်မရှိတဲ့ဒိဆန်း တကယ်ပဲ အရက်ဖြတ်လိုက်တာလား” အစောပိုင်းက သူသည် တစ်စုံတစ်ခုကို ရှောင်ချင်နေသည်ကို ရှီမာယူယူ တွေးလိုက်သည်။ သို့သော် သူသည် အမှန်တကယ်ပင် အရက်မသောက် တော့ ဘူးထင်သည်။
“ဟုတ်တယ်” မိုဒိဆန်းသည် တည်ငြိမ်စွာ ခေါင်းညိမ့်လေသည် “ရှီမန်မျိုးနွယ် ကျသွားတော့ ငါ မူးပြီး လတစ်ဝက်လောက် အိပ်ပျော်သွားခဲ့တယ် ငါနိုးလာတဲ့အချိန်မှာ မင်းငါ့အတွက် စကားချန်ထားခဲ့တာကို သိလိုက် ရတယ်၊ ဒါပေမဲ့ ငါအမြန်သွားခဲ့ပေမယ့် မင်းဖြစ်ပြီးသွားပြီ…. အဲနေ့ကစပြီး ငါမသောက်တော့တာပဲ”
ရှီမာယူယူသည် အပြောင်းအလဲကို စိတ်ထဲမှ ခံစားလိုက်ရသည်။ သူအနှစ်သက်ဆုံးမှာ သောက်ခြင်းဖြစ် သည်။ သူ့အတွက် သောက်စားခြင်းသည် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို သူမသိသည်။ သို့သော် သူသည် သူမအားမကယ်နိုင်ခဲ့သဖြင့် အရက်အား ဖြတ်ခဲ့သည်။
သူမသည် ရုတ်တရက် ငိုချင်လာကာ နှာခေါင်းရှုံ့လိုက်သည်။ သူမသည် ဝိုင်အား သိမ်းလိုက်ကာ အဖြူ ရောင်ဝိုင်ကရားကို ထုတ်ပြီး ပြောလိုက်သည် “ဒီဝိုင်က နောက်ဆုံးပေါ်အသီးဝိုင်ပဲ၊ အရက်ပါဝင်မှုမရှိဘူး၊ အခု ကစပြီး ဒါသောက်လို့ရတာပေါ့”
မိုဒိဆန်းသည် ကရားယူပြီး အနံ့ရှုကြည့်လေသည်။ ဝိညာဉ်အသီးအနံ့သည် အရင်နံ့နှင့် အနည်းငယ် ရော ထွေးနေသည်။ သူ သောက်ခဲ့ဖူးသည့် အရက်များနှင့် အလွန်ကွာခြားသည်။
“ဒါက မင်းအရင်ကပြောတဲ့ အသီးဝိုင်လား”
“အသီးဝိုင်တွေ မျိုးစုံရှိတယ်၊ ငါအမျိုးအစားပေါင်းစုံလုပ်ထားတယ် မင်းအချိန်ရှိရင် လာစမ်းသောက်ပေါ့” ရှီမာယူယူသည် ခွက်ထဲသို့ လောင်းထည့်လိုက်လေသည်။
မိုဒိဆန်းသည် ပါးစပ်အပြည့်သောက်လိုက်လေသည် “ဒီဟာက ပုံမှန်ဝိုင်တွေလောက် မပြင်းဘူးပဲ အသီး အနံ့က ဝိုင်အနံ့နဲ့ လှလှပပပဲ ရောထွေးသွားတယ် ထူးခြားတဲ့ အရသာရှိတာပဲ”
“မင်းကြိုက်လား” ရှီမာယူယူ မေးလိုက်သည်။
“မဆိုးပါဘူး” မိုဒိဆန်းခေါင်းညိမ့်လေသည်။ “ငါဒါကို ဆက်သောက်မယ်ဆိုရင်တောင် မူးမှာမဟုတ်တော့ ဘူး နောက်ကို ဒါပဲသောက်တော့မယ်”
သူကြိုက်သည်ဟု သူမတွေ့သောအခါ ရှီမာယူယူ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမသည် ရုတ်တရက် ပင် တင်းနေသော မျက်နှာအားသတိထားမိလိုက်သည်။ သူမ ခေါင်းမော့ လိုက်သည်နှင့် ဝူလင်းယူ သူမအား ကြည့်နေသည်ကို တွေ့လိုက်လေသည်။ သူ့အကြည့်များ သည် စွပ်စွဲချက်များ ပြည့်နေလေသည်။
ဒီလူတွေက ဘယ်သူတွေမို့လို့ သူမက ကောင်းကောင်းဆက်ဆံပေးနေတာလဲ။ သူမ စီနီယာအစ်ကို ဘေးမှာရှိနေတာတောင် ဂရုမစိုက်မိတော့ဘူး။
သူ့ဆီမှ အေးစက်သော ရောင်ဝါများ လွင့်လာသည်ကို ရှီမာယူယူခံစားမိလိုက်သည်။ သူမသည် ရှေ့မှ ခွက်ကိုယူကာ သူ့ကိုလည်း ငှဲ့ပေးလိုက်လေသည်။ သူမသည် ခွက်အား သူ့ရှေ့ချကာ ပြုံးပြီးပြောလိုက်လေသည် “စီနီယာ ပင်ပန်းသွားခဲ့ပြီ ကျွန်တော့် မောင်လေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်စကားမပြောရသေးဘူး လာခဲ့ နည်းနည်းလောက် တော့သောက်လိုက်”
ဝူလင်းယူသည် ရှီမာယူယူအမှန်တကယ်ပျော်ရွှင်ကာ သူမအပြုံးသည် ဟန်ဆောင်အပြုံး မဟုတ်သည်ကို တွေ့လိုက်ရသည်။ သို့သော် သူမအပြုံးသည် တခြားလူများကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ သူ့ကြောင့် မဟုတ် ပေ။ ထို့ကြောင့်ပင် သူစိတ်မပျော်ပေ။ သူသည် ရှီမာယူယူငှဲ့ပေးသော ဝိုင်အားယူပြီး တစ်ကျိုက်တည်းသောက် လိုက်သည်။ ထို့နောက် သူသည် ခန္ဓာကိုယ်ကို ညင်သာစွာ ယိမ်းယိုင်ကာ ထွက်သွားလေသည်။
ဝူလင်းယူထွက်သွားသည်ကို မိုဒိဆန်းတွေ့သောအခါ ပြုံးပြီးပြောလိုက်သည် “ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်က အကျင့်မကောင်းကြဘူးဘေ ဘာလို့ ငါ သဝန်တိုတာကို ခံစားမိနေတာလဲ”
သူတို့သည် အပြင်ပိုင်းဒေသမှ လူများဖြစ်သဖြင့် မိုဒိဆန်းသည် ဝူလင်းယူအား သိသည်။ သူနှင့် မတွေ့ ဖူးသည်သာရှိသည်။
သူမသည်လည်း ဝူလင်းယူထိုကဲ့သို့ ပြုမူသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူမအပေါ် တွင် အချိန်အတော်ကြာ ခံစားချက်ရှိခဲ့သည်ကို တွေးမိလျှင် ထိုအပြုအမူသည် သင့်တော်သည်။
“အရှက်မရှိတဲ့ဒိဆန်း ငါ့ကို နောက်နေတာကိုကြည့်ရတာ ငါတောင်းဆိုတာကိုတော့ လိုက်လျော ပေးရမယ် မင်းတို့ သူ့ကို အသေးစိတ်ပြောပြလိုက်ဦး ငါအပြင်ခဏ သွားလိုက်ဦးမယ်”
သူမပြောပြီးနောက် မတ်တတ်ရပ်ကာ သူ့နောက်လိုက်သွားလေသည်။