← Chapters

အပိုင်း (၅၀၅) – သူ့အား အားလုံးပြောပြခြင်း

Vol. 006 Ch. 505

အပိုင်း (၅၀၅) – သူ့အား အားလုံးပြောပြခြင်း

Vol. 006 Ch. 505

ရှီမာယူယူထွက်သွားချိန်တွင် လမ်းလျှောက်နေသော ဝူလင်းယူအားတွေ့လိုက်သည်။ သူသည် ဝင်  ပေါက်ဖွင့်ပြီး ထွက်သွားခြင်းမရှိခဲ့ပေ။ သူမထွက်လာသည်ကို သူစောင့်နေခြင်းနှင့် တူသည်။

သူမသည် သူ့အားမှီကာ သူ့အင်္ကျိလက်ကို ဆွဲပြီးပြောလိုက်သည် “ဘာဖြစ်လို့လဲ”

ဝူလင်းယူ သူမအား ကြည့်လိုက်သည်။ သူသည် ဘာမှမပြောပဲ ဆက်လျှောက်နေ လေသည်။

ရှီမာယူယူသည် ဆွံ့အသွားသည်။ ဒီလူကတကယ်ပဲ စိတ်ထဲထားထားတာပဲ။ “ခင်ဗျားဘာစဉ်းစားနေလဲ ကျွန်တော်သိတယ်၊ ဒီလိုလုပ်နေမယ်ဆိုရင် ကျွန်တော်ဘာမှ မပြောပြဘူးနော်”

သူမရှေ့မှလူသည် လမ်းလျှောက်ရာမှရပ်သွားလေသည်။

သူမသည် မသိမသာမဲ့ပြုံးပြုံးကာ ရှေ့တိုးပြီး သူ့လက်မောင်းကို ကိုင်ကာ ပြောလေသည် “ဘယ်သူမှ မကြားနိုင်လောက်တဲ့ နေရာရှာရအောင်”

ဝူလင်းယူသည် သူမအားခေါင်းငုံ့ကြည့်ကာ သူ့လက်မောင်းအား ကိုင်ထားသော နူးညံ့သော လက်တစ်စုံ အားကြည့်လိုက်သည်။ သူမအကြည့်မှာ သေချာနေသည်ကို တွေ့လိုက်ရသောအခါ သူ့စိတ်ထဲမှ ဒေါသပြေသွား ရပြန်သည်။

သူသည် သူမခါးကိုဖက်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ကာ လျှောက်ဝင်လိုက်သည်။ သူတို့သည် သူ ဖန်တီးလိုက်သော လောအသေးထဲသို့ ဝင်သွားလိုက်သည်။

သူတို့ထိုနေရာသို့ လာခဲ့ဖူးသည်ကို ရှီမာယူယူတွေးလိုက်သည်။ ထိုအချိန်က သူမသည် မှတ်ဉာဏ်များ ပြန်ရလာချိန်ဖြစ်ကာ စိတ်ဓာတ်များကျဆင်းနေချိန်ဖြစ်သည်။ သူသည် သူမ တည်ငြိမ်ကာ သတိပြန်ဝင်လာ သည်အထိ တစ်လကြာနားနေရန်ခေါ်လာခဲ့သည်။

သူမအိပ်ခဲ့သော ကျောက်ထိုင်ခုံရှိနေသည်ကို တွေ့သောအခါ သူမလျှောက်လာပြီး ထိုင်လိုက်သည်။ သူမသည် ပြီးခဲ့သည့်တစ်ခေါက်က ဂယက်ထခဲ့သည်ကို တွေးလိုက်သည်နှင့် ထိုအချိန်က သူ သူမကို ဘယ်လို  တွေးခဲ့သလဲဆိုသည်ကို တွေးမိနေသည်။ ထိုအချိန်က သူမ ထိုကဲ့သို့ဖြစ်ရခြင်းအကြောင်းကို သူ သိချင်နေမည်။

သို့သော် သူ သူမကို ဘာမှမမေးခဲ့ပေ။ သူသည် သူလိုအပ်သော နေရာကိုပေးခဲ့သည်။ ထို့အပြင် သူမ ထိုကဲ့သို့ ထူးဆန်းသောအရာများ လုပ်နေသည်ကိုလည်း တိတ်ဆိတ်နေခဲ့သည်။ အခုချိန်သည် သင့်တော်နေပြီ  ဖြစ်သည်။

သူမသည် ခေါင်းမော့ကာ မှိုင်နေမည်ဖြစ်သော သူ့ကို ကြည့်လိုက်သည်။ သူမသည် ပြုံးလိုက်ကာ မတ်မတ်ထိုင်လိုက်သည်။ ထို့နောက်တွင် သူမဘေးမှ ကျောက်ထိုင်ခုံကို ညွှန်ပြပြီးထိုင်ခိုင်းရာ ထိုလူသည် အေး စက်သော အမူအရာဖြင့် ထိုင်လိုက်လေသည်။

“စီနီယာအစ်ကို တောင်ပိုင်းကန္တာရကိုရောက်ဖူးလား” သူမ မေးလိုက်သည်။

“၂ခါရောက်ဖူးတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆိုရင် တောင်ပိုင်းကန္တာရက ခုနှစ်ခုမြောက် စီရင်စုနယ်က ရှီမန်မျိုးနွယ်ကို ကြားဖူးမှာပေါ့” ရှီမာယူယူ  မေးလိုက်သည်။

“ရှီမန်မျိုးနွယ်လား ကျုံကျန်းမျိုးနွယ်က အမြစ်ဖြတ်လိုက်တဲ့ မျိုးနွယ်လား” ဝူလင်းယူ သည် ရင်းနှီးသည် ဟုခံစားရသည်။ ထိုအခါမှပင် ဒီအကြောင်းကို တစ်စုံတစ်ယောက် ပြောပြဖူးသည်ကို တွေးမိလေသည်။

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလေသည် “အဲတုန်းက မျိုးနွယ်ခေါင်းဆောင်မှာ ရှီမန်ယူယူလို့ ခေါ်တဲ့ သမီးတစ်ယောက်ရှီတယ် အကြီးဆုံးသားနာမည်က ရှီမန်ဖန်”

ဝူလင်းယူ မအံ့သြတော့ပေ။ သူသည် ထိုအပိုင်းအစများကို ဆက်ကြည့်ပြီး သူမ သရုပ်မှန်အား ခန့်မှန်းပြီး  ဖြစ်လေသည်။

“အဲတုန်းက ကျုံကျန်းဟန်ယူနဲ့ ကျွန်တော်နဲ့က သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတာ ကျွန်တော်က သုံးဖက်မြင်ဝိညာဉ်သခင်ဖြစ်ပြီး သူမက နှစ်ဖက်မြင်ဝိညာဉ်သခင်ဖြစ်ကြပြီး အတူတူကြီးပြင်းခဲ့ကြတယ် အဲဒါကြောင့် ပဲ ကျွန်တော့်ရဲ့ ထက်မြက်တာတွေလည်း သူမအပေါ် လွှမ်းမိုးမှုရှိခဲ့တယ် အဲဒါကပဲ သူမကို ဖြေးဖြေးချင်း ပြောင်း လဲစေခဲ့တယ်၊ သူမ ကျွန်တော့်ကို တစ်ခါက ရှားပါးတဲ့ဝိညာဉ်ကျောက်ပေးဖူးတယ်၊ ကျွန်တော့် မွေးနေ့ လက်ဆောင်လို့ပြောတယ်၊ နောက်မှပဲ အဲဒါက အဆိပ်ထွက်တဲ့ကျောက်မှန်းသိခဲ့တယ် ပြီးတော့ ကျွန်တော့် မိသားစုတစ်ခုလုံးကလည်း အဲအဆိပ်မိခဲ့တယ် အဲဒါကြောင့်ပဲ ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန် နန်းတော်တို့ ကျွန်တော် တို့ကို တိုက်တဲ့အချိန်မှာ ပြန်မတိုက်နိုင်ခဲ့ဘူး”

“ဒါဆိုရင် မင်း…”

“သေသွားခဲ့တာပေါ့” ရှီမာယူယူ ပြောလိုကသည် “ကျုံကျန်းဟန်ယူက ဝိညာဉ် စုပ်မီးအိမ်ကိုသုံးပြီး ကျွန်တော့်ဝိညာဉ်ကို ဖျက်ဆီးဖို့ကြံခဲ့တယ် ဘာလို့လဲတော့မသိဘူး ကျွန်တော့် ဝိညာဉ်က မပျက်စီးခဲ့ဘူး အဲအစား ဒီခန္ဓာကိုယ်ထဲဝင်ခဲ့တယ် ကျွန်တော့်ဝိညာဉ်လည်း ဒဏ်ရာရခဲ့တော့ မှတ်ဉာဏ်တွေလည်း ပျောက်သွားခဲ့တယ် ကျွန်တော်အဆင့်တက်တဲ့ အချိန်တုန်းက မှတ်ဉာဏ် တွေပြန်ရပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်မှတ်မိခဲ့တယ်”

“ဒါဆိုရင် ငါတို့တွေ့တဲ့အချိန်တုန်းက မင်းက ဝင်စားပြီးပြီပေါ့” ဝူလင်းယူသည် အလွန်ရှုပ်ထွေးသွား သည်။

“အဲတုန်းက ကျွန်တော်ပြန်ဝင်စားတာ လပိုင်းပဲရှိသေးတယ်”

ဝူလင်းယူသည် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ သူ တောင်ပိုင်းကန္တာရဒေသသို့ သွားသည့် အချိန်က မီးလောင်ပြင်ဖြစ်နေပြီဖြစ်သည်။ ရှီမန်မျိုးနွယ်ပျက်သုဉ်းသွားခဲ့သည်ကို ဖြတ်သွားဖြတ်လာများ ပြောနေ သည်ကို ကြားခဲ့ရသည်။

သူသည် ထိုစဉ်က ဘာဖြစ်ခဲ့သည်ကို သိချင်၍ မီးလောင်ပြင်အားသွားကြည့်ခဲ့သည်။ ထို့အပြင် သူမ သည် သူမျိုးနွယ်မီးလောင်ကျွမ်းခဲ့သည်ကို ကြည့်ခဲ့ရသည်။ သူမသည် မိသားစုသေဆုံး သွားသည်ကို ကြည့်ခဲ့ရ သည်။ သူမ မည်မျှခံစားရမည်ကို သူတွေးကြည့်၍ ရသည်။ ထို့ကြောင့်ပင် သူမ မှတ်ဉာဏ်များပြန်ရသောအခါ ထို ကဲ့သို့ ဖြစ်သွားခြင်းဖြစ်သည်။

သူမ အဆင့်တက်ပြီးနောက် လဲကျသွားလောက်အောင် ခံစားရသော တစ်စုံတစ်ရာကြုံ တွေ့ခဲ့မည်ဟု သူ ခန့်မှန်းခဲ့သည်။ သူသည် အများကြီးစဉ်းစားကြည့်သော်လည်း ဒီလိုဖြစ်လိမ့် မည်ဟု မထင်ခဲ့မိပေ။

အခုတော့ ရှီမန်ဖန်အားတွေ့ဆုံပြီးနောက်တွင် သူမဘာကြောင့်ဒီလိုဖြစ်သွားသည်ကို သူသဘောပေါက် သွားခဲ့ပြီ။ တစ်ယောက်သည် သေမင်းတံခါးဝမှလွတ်မြောက်လာကာ တစ်ယောက် သည် ပြန်လည်ဝင်စားခဲ့ သည်။ သူတို့သည် ရင်းနှီးသောမောင်နှမဖြစ်ကြကာ မိသားစုတစ်ခုလုံးသည် ထိုကဲ့သို့ပင်ဖြစ်ရမည်။ သူမ ဒီအတိုင်းဖြစ်လာသည်မှာပင် သဘာဝကျ သလိုပင်။

“ရင်ယန်နန်းတော်က တောင်ပိုင်းကန္တာရနန်းတော်တွေထဲက ပညာရှိစံအိမ်တော်ရဲ့ လက်အောက်ခံပဲ”

ရှီမာယူယူ သူ့အားကြည့်လိုက်သည် “ပညာရှိစံအိမ်တော်က လာခဲ့လူတိုင်းလူကောင်း မဟုတ်ဘူးဆိုတာ သိနေတယ်”

“အဲဒါ ငါနဲ့မဆိုင်ဘူးလေ” ဝူလင်းယူသည် အပြစ်ကင်းစွာ ပြောလေသည် “မင်းလည်း သိပါတယ် ငါက အံ့ဖွယ်နတ်ဆိုးတောင်ကြားကလေ”

“ဒါပေမဲ့ ခင်ဗျားက ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်လေ ခင်ဗျားက အပြင်လောကရဲ့ ပညာရှိစံအိမ်တော်ကလူပဲ ဟင်ဟင်” ရင်ယန်နန်းတော်သည် ပညာရှိ စံအိမ်တော်၏ လက်အောက်ခံဖြစ်လိမ့်မည် ဟု သူမ ထင်မထားခဲ့ပေ။ သို့သော် တောင်ပိုင်း ကန္တာရဒေသမှ ပညာရှိစံအိမ်တော်၏ ဖွဲ့စည်းမှုကို တွေးကြည့် လိုက်လျှင် ရင်ယန် နန်းတော်သည် ကိုယ်ပိုင် အာဏာရှိသည်ကို သူမသိသည်။

“ဘယ်သူသိမလဲ ငါ့ရဲ့ မြင့်မြတ်တဲ့သားတော်ဆိုတဲ့ရာထူးကလည်း ငါ့ဟာမဟုတ် တော့တာဖြစ်နိုင်တာပဲ” ဝူလင်းယူသည် ပခုံးတွန့်ကာ ပြောလေသည်။

“ခင်ဗျားအရင်ကတည်းက ရှင်းရှင်းမပြောရသေးဘူးလေ၊ နန်းတော်သခင်က ဘာလို့ခင်ဗျားကို ပညာရှိစံအိမ်တော်ရဲ့ ဆက်ဆံသူဖြစ်စေချင်တာလဲ” သူမသည် သူနှင့်မျက်နှာ ချင်းဆိုင်လိုက်သည်။

“ငါ…”

“ကျွန်တော့်ကို မဖုံးကွယ်တာကောင်းမယ်နော် ကျွန်တော့်လျှို့ဝှက်ချက်ကို ပြောပြပြီး သွားပြီ” ရှီမာယူယူ သည် သူ့စကားကို ဖြတ်ပြောလေသည်။

ဝူလင်းယူသည် စဉ်းစားပြီးနောက် ပြောလေသည် “ငါ့ဝိညာဉ်က မပြည့်စုံသေးလို့လေ”

“ခင်ဗျားရဲ့ မပြည့်စုံတဲ့ဝိညာဉ်ကဘာမှလုပ်လို့မရဘူးလား” ရှီမာယူယူ သဘော မပေါက်ပေ။

“အဲအဘိုးကြီးရဲ့ မဟာအစီအစဉ်ကြီးလေ… င့ါဝိညာဉ်ကမပြည့်စုံသေးတော့ ငါက အကောင်းဆုံး ကပ်ပါး  ကောင်လေ” ဝူလင်းယူသည် နာကျင်စွာပြောလေသည်။

“ကပ်ပါးကောင်ဟုတ်လား” ရှီမာယူယူ မတ်မတ်ထိုင်လိုက်သည် “ကျွန်တော့် အခြေအနေနဲ့ တူမလားပဲ”

“တူသလောက်ပဲ”

သူမသည် သူ့အား နှစ်ကြိမ်ကြည့်ကာ ထိုအဘိုးကြီးနောက်ကို လုပ်မည့်အပြုအမူတွေကို တွေးလိုက် လျှင် ချွေးအေးများပြန်လာသည်။

“အဲလိုဖြစ်လာမယ်ဆိုရင် ခင်ဗျားအခုပဲ မိုရှားနဲ့ပေါင်းစပ်သင့်တယ်၊ မြန်မြန်ပေါင်းစပ် ပြီးတော့ အဲအဘိုး ကြီး ခင်ဗျားကို မထိန်းချုပ်နိုင်အောင်လုပ်လိုက်” ရှီမာယူယူ ပြောလိုက်သည် “ဒါနဲ့ မိုရှားပေါ်မလာတာ ကြာပြီပဲ လက်ပတ်ထဲမှာ ဘာတွေလုပ် နေလဲမသိဘူး”

“ပေါင်းစပ်ဖို့အတွက် ပြင်နေတာနေမှာပါ” ဝူလင်းယူ ခန့်မှန်းလေသည်။

“မသိဘူးလေ သူနဲ့ ဆက်သွယ်ကြည့်ပါလား သူက ကျွန်တော်တို့ စာချုပ်ကို ပိတ်ထားတော့ သူနဲ့ အခု ဆက်သွယ်ဖို့နည်းလမ်းမရှိဘူး” ရှီမာယူယူသည် သိချင်စိတ်ဖြင့် ပြောလေသည် “သူနဲ့ အဆက်အသွယ်မရတော့ ခင်ဗျားတို့ စာချုပ်ချုပ်ဖို့ နည်းမရှိဘူး ဖြစ်နေတယ်”

“မလောပါနဲ့ အဲအဘိုးကြီးမှာ အချိန်တွေရှိသေးတယ်” ဝူလင်းယူ ပြောလိုက်သည် “သူက တံခါးပိတ် ကျင့်ကြံဝင်သွားတာ မကြာသေးဘူး သူအဆင့်တက်လာ မလားမသိနိုင်သေးဘူး အဲလိုဆိုရင် သူအချိန်တစ်ခု  တော့ငြိမ်နေဦးမှာပဲ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာနေတာက အသစ်တစ်ခုရှာ တာထက် ပိုကောင်းလို့နေမှာပေါ့ ငါကသူရဲ့ အစီအစဉ် ၂နေမှာပါ၊ ငါကတော့ သူ့ရဲ့အကောင်းဆုံး အစီအစဉ်၂ပဲ သူကငါ့ကို ရင်းနှီးမြှုပ်နှံထား တာ”

“အဲဒါကြောင့် ခင်ဗျားက အားကောင်းနေတာ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက်က ခင်ဗျား ကျွန်တော့် မောင်ကို ကယ်တာကိုတွေ့လိုက်တယ် ဒါပေမဲ့ ဘယ်လောက်အားကောင်းလဲ ဆိုတာ မတွေ့လိုက်ဘူး ပြောပြပြောပြ”

“မင်းမသိရင် မသိဘူးပေါ့ နောက်တစ်ခါကျရင်သိလိမ့်မယ်” ဝူလင်းယူသည် စနောက် ကာ ပြောလေ သည်။

“ဒါဆိုလည်း မပြောနဲ့တော့” သူမသည် ထပ်လှဲကာ “အဲအချိန်ကျရင် အစီအစဉ် ဘယ်လိုရှိလဲ”

“ဘာအစီအစဉ်မှမရှိဘူး အခုတော့ အဘိုးကြီးက တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတော့ ငါ့ကိုမရှာသေးဘူး ငါမင်းနောက်လိုက်လို့ရပြီ” သူပြုံးပြီးပြောလေသည် “ဒါနဲ့ မိုရှားအချိန် မရွေးနိုးလာနိုင်တယ် အဲအချိန်ကျရင် မင်း ငါနဲ့ အဆက်အသွယ်မရှိရင်ဘယ်လောက်တောင် ဒုက္ခရောက်မလဲ”

All Chapters