← Chapters

အပိုင်း (၅၀၆) – မသိစိတ်မှယုံကြည်မှု

Vol. 006 Ch. 506

အပိုင်း (၅၀၆) – မသိစိတ်မှယုံကြည်မှု

Vol. 006 Ch. 506

သူ့အပြုအမူကို ရှီမာယူယူတွေ့သောအခါ သူမလက်အား ရမ်းလိုက်ကာ ပြောလေသည် “ခင်ဗျားအပေါ် မှာပဲ မူတည်တာပဲ ပြီးတော့ ကျွန်တော့်အင်အားကလည်း အခုမှ အခြေခံလောက်ပဲရှိသေးတာ၊ ခင်ဗျားလို ကျွမ်းကျင်သူ ဘေးမှာရှိတော့ ကျွန်တော့်အတွက် ပိုလုံခြုံတာပေါ့”

ဝူလင်းယူသည်လည်း လှဲချလိုက်ရာ သူတို့နှစ်ယောက်သည် ဘေးချင်းယှဉ်လျက်လှဲ နေကာ ခေတ္တမျှ  ငြိမ်နေကြလေသည်။ ခဏအကြာတွင် သူသည် မျက်လုံးဖွင့်ကြည့်ရာ ရှီမာယူယူ အိပ်မောကျနေသည်ကို တွေ့ လိုက်ရသည်။ သူသည် သူမ အိပ်ပျော်နေသည်ကို တွေ့သည်နှင့် ငေးကြောင်ကြောင်ဖြစ်သွားလေသည်။

သူမသည် အနည်းငယ်သာ အိပ်စက်တတ်သည်ကို သူသိသည်။ သူမ ဖြတ်လမ်း တည်ဆောက်မှုကြောင့် မူးဝေကာ မေ့လဲသွားသည့်အချိန်မှလွဲ၍ အမြဲတမ်းကျင့်ကြံ နေခဲ့သည်။ သူမဝိညာဉ်အတွက် ကြိုးစားပြီး အားဖြည့် ကာ အသစ်အသစ်များကို လေ့လာနေခဲ့သည်။ သူမသည် သတိထားတတ်သော သူဖြစ်သည်ကို သူသိသည်။ သူ့ဘေးတွင် အိပ်ပျော်သွား ခြင်းမှာ သူ့ကို မသိစိတ်မှ ယုံကြည်နေသည်ကို ပြသနေသည်။

သူ ထိုအကြောင်းအားတွေးမိသောအခါ ပြုံးမိလေသည်။

သူမ ဘယ်လောက်အိပ်ပျော်သွားခဲ့သည်ကို ရှီမာယူယူ မသိပေ။ သူမ နိုးလာချိန်တွင် သူမအား ကြည်နူး ဖွယ်ပြုံးပြနေသော လူအားတွေ့လိုက်ရသည်။

“ဘာတွေတွေးပြီး အဲလောက်ပျော်နေတာလဲ” ရှီမာယူယူသည် မျက်လုံးများကို ပွတ်ကာ မေးလေသည်။

သူမသည် အိပ်ပျော်ရာမှ အနည်းငယ်မိန်းမောမှုကို ခံစားနေရသေးသဖြင့် အချိန် အတော်ကြာအိပ်ပျော် သွားသည်ကို သိလိုက်ရသည်။ သူမသည် ထိုကဲ့သို့ အိပ်ပျော်သွားခဲ့ခြင်းမှာ မည်သည့်အချိန်ကနောက်ဆုံးဖြစ် သည်ကို မသိတော့ပေ။ ဒီနေ့မှာ သူမ အိပ်မောကျသွားမယ်လို့ ဘယ်သူသိမှာလဲ။

“သိပ်မကြာပါဘူး တစ်ရက်လောက်ပဲ” ဝူလင်းယူသည် ထထိုင်ကာ ပြောလေသည်။

“တစ်ရက်တောင်လား” ရှီမာယူယူ ချက်ချင်းပင် အော်မိလေသည် “ဘယ်လိုလုပ် ဒီလောက် အကြာကြီး အိပ်ပျော်သွားရတာလဲ”

“မင်း အခုတလော အရမ်းပင်ပန်းနေတယ်ထင်တယ်” ဝူလင်းယူပြောလိုက်သည်။

“မြန်မြန်ထွက်ရအောင် ဖန်လေးတို့ စိတ်ပူနေကြလိမ့်မယ်” သူမ လျင်မြန်စွာ ထကာ စိုးရိမ်စွာပြောလေ သည်။

“စိတ်ချပါ သူတို့အဆင်ပြေပါတယ် မိုဒိဆန်းက ဒီနေ့လုပ်စရာရှိတယ်တဲ့”

ဝူလင်းယူသည် ထိုသို့ပြောသော်လည်း ထကာ လောကအသေးကို ဖွင့်ပြီး သူမကို ခေါ်ထုတ်သွားလေ သည်။

“အစ်မ ဘယ်တွေသွားနေတာလဲ” ရှီမာယူယူအား ရှီမန်ဖန်တွေ့သောအခါ ချက်ချင်းပင် မတ်တတ်ရပ်ကာ စိုးရိမ်စွာ မေးလေသည်။

သူပြောသည်နှင့် တစ်ပြိုင်နက် ဝူလင်းယူအား မုန်းတီးစွာ ကြည့်လေသည်။

ရှီမာယူယူ ပြုံးပြီးနောက် သူ့ပခုံးအားပုတ်လိုက်ကာ ပြောလေသည် “ဘာမှမဟုတ်ဘူး ရယ် နေရာတစ်ခု ကို သွားပြီးခဏလောက်သွားနားတာ၊ မင်းတို့အခြေအနေဘယ်လို ဖြစ်သွားလဲ”

“မိုဒိဆန်းက ကုန်တောင်ကြားကို ကူညီပေးဖို့ သဘောတူလိုက်ပြီ” ကုန်ရှန်ယိ ပြောလေသည်။

ရှီမာယူယူသည် မိုဒိဆန်းအားမတွေ့သဖြင့် မျက်ခုံးပင့်ကာ ပြောလေသည် “သူဘယ်ရောက်သွားတာ လဲ”

“သူက ဒီကို မျိုးနွယ်တစ်ခုကို ကျောက်တွေတန်ဖိုးဖြတ်ပေးဖို့ လာတာတဲ့ ဒီနေ့ကနောက်ဆုံးနေ့ပဲ ညနေ ကို ပြန်လာမယ်လို့ပြောသွားတယ်” ကုန်ရှန်ယိ ပြောလေသည်။

“အရှက်မရှိတဲ့ဒိဆန်းက နက္ခတ်တင် ကောင်းတာမဟုတ်ဘူး ကျောက်တွေကို တန်ဖိုးဖြတ်တဲ့နေရာမှာ လည်း ကျွမ်းကျင်တယ်” ရှီမာယူယူ ပြောလေသည် “သူ့ကို အဲဒါကြောင့်ပဲခေါ်တာလား”

ကုန်ရှန်ယိသည် သူမကို ဖုံးကွယ်ရန်မဖြစ်နိုင်တော့သဖြင့် ပြောလေသည် “ဟုတ်တယ် ကျွန်မတို့ လွန်ခဲ့ တဲ့ရက်တွေက သတ္တုတွင်းတစ်ခုတွေ့တယ် ဘယ်လိုလုပ်ရမလဲဆိုတာ မသိလို့ မိုဒိဆန်းကို ကြည့်ခိုင်းဖို့ ခေါ်ချင် တာ”

ရှီမာယူယူသည် အရင်က နားမလည်ခဲ့သော်လည်း အခုဆိုလျှင် သိနေပြီဖြစ်သည်။ သတ္တုတွင်းတွင် စိတ် ဝင်စားစရာကောင်းသော ဝိညာဉ်ကျောက်များစွာရှိသော်လည်း နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ရသည်။ ထိုကျောက် များသည် တောင်များမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးနောက် စွမ်းအားများရနေခြင်းဖြစ်သည်။ ဝိညာဉ်ကျောက် များသည် တောင်များမှ စွမ်းအင်များနှင့် အနီးစပ်ဆုံး ထိတွေ့ရသည့်အရာများဖြစ်သည်။ သူတို့သည် သတ္တုတွင်း ကို အခေါင်းဖြစ်အောင် တူးလျှင် အထဲတွင် ရှုပ်ထွေးသွားမည်ဖြစ်သည်။ ထို့နောက်တွင် အသက်အန္တရာယ်ဖြစ်စေ သည့်အခြေအနေပါဖြစ် သွားနိုင်သည်။

“အဲသတ္တုတွင်းမှာ တစ်ခုခုများဖြစ်လို့လား” သူမ မေးလိုက်သည်။

အင်အားကြီးများသည် ကိုယ်ပိုင်သတ္တုတွင်း ရှိတတ်ကြသည်။ ကုန်တောင်ကြားသည် အတွင်ပိုင်းဒေသ ရှိ ချောင်ကျသောနေရာတွင် ရှိသော်လည်း ကိုယ်ပိုင်သတ္တုတွင်းရှိသည်။

“မဟုတ်ဘူး အရင်သတ္တုတွင်းက အဆင်ပြေတယ်” ကုန်ရှန်ယိ ပြောလေသည် “ဒါပေမဲ့ သတ္တုတွင်း တစ်ခု တွေ့ထားတာမကြာသေးဘူး အဲမှာ ရှားပါးတဲ့ ဝိညာဉ်ကျောက်တွေ ရှိလိမ့်မယ်လို့ ရှာဖွေသူသခင်က ပြော တယ်”

“ကောင်းတာပေါ့” သတ္တုတွင်းတစ်ခုကို ရှာတွေ့ခြင်းသည် စွမ်းအားအတွက် မည်မျှအရေးကြီးကြောင်း ကို ရှီမာယူယူသိသည်။ အထူးသဖြင့် ထိုသတ္တုတွင်းများသည် ဝိညာဉ်ကျောက်များစွာရှိသည်။

“အဲသတ္တုတွင်း ရှာတွေ့တော့ ကျွန်မတို့တောင်ကြားက တကယ်ပျော်ခဲ့ကြတာ၊ ဒါပေမဲ့ ကျွန်မတို့ ရှာဖွေ သူ သခင်ပြောတာက ပေါက်ကွဲနိုင်တယ်တဲ့ ဘာလို့လဲတော့ သူလည်းမသိဘူး ဒါပေမဲ့ နေရာက တခြားသတ္တု တွင်းတွေနဲ့မတူဘူးတဲ့ ကျွန်မတို့ လက်လွတ်စပယ် မတူးရဲဘူး မဟုတ်ရင် သတ္တုတွင်းတစ်ခုလုံးကို ဖျက်ဆီးလိုက် သလိုဖြစ်သွားမှာ ရှီမန်ဖန်နဲ့ ကျွန်မက အဲဒါကြားတာနဲ့ အပြင်ပိုင်းဒေသကို လာခဲ့လိုက်တာပဲ ပြီးတော့ သခင်ကြီး မိုဒိဆန်းကလည်း အပြင်ပိုင်းဒေသရောက်နေတယ်ဆိုလို့ သူ့ကို ဆက်သွယ်လို့ရမယ့်နည်းရှာပြီး အကူအညီ  တောင်းမလို့ပါ” သူမ ထိုစကားပြောပြီးနောက်တွင် ရှေ့တိုးကာ ရှီမာယူယူ၏ လက်ကိုကိုင်ပြီး ပြုံးကာပြောလေ သည် “ဒီတစ်ခါတော့ အစ်မကို ကျွန်မတို့ တကယ်ကျေးဇူးတင်ပါတယ် အစ်မကြောင့်သာမဟုတ်ရင် ဘာမှတောင် ရလိုက်မှာမဟုတ်ဘူး”

ရှီမာယူယူသည် မိန်းကလေးဖြစ်ကြောင်းကို သိပြီးနောက် သူမသည် ခပ်ခွာခွာမနေ တော့ပေ။

“အရင်ကဖန်လေးကို ကယ်ခဲ့တဲ့အတွက်လည်း ငါက မင်းတို့ကို ကျေးဇူးတင်ရဦးမှာပါ၊ ဒါက ဘာမှ မဟုတ်သေးပါဘူး ပြီးတော့ အရှက်မရှိတဲ့ဒိဆန်းကလည်း အကျင့်မကောင်း တာလေ၊ သူ မင်းတို့ကို စေတနာနဲ့ အလကားမကူညီပေးမှာကိုပဲ စိုးတာ” ရှီမာယူယူ ပြောလိုက်သည်။

“သူကူညီပေးတဲ့အတွက် တန်ရာတန်ကြေးကတော့ ပေးရမှာပါပဲ၊ အစ်မသာမရှိရင် ဒီအခွင့်အရေး  တောင်ရမှာမဟုတ်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။

ရှီမာယူယူသည် ဆက်မပြောတော့ပဲ စကားလမ်းကြောင်းလွဲလိုက်လေသည် “ဒါဆို မင်းတို့ အခုပဲ သွား ကြတော့မှာလား”

ကုန်ရှန်ယိသည် ရှီမန်ဖန်အားကြည့်ပြီးနောက် ခေါင်းရမ်းပြီးပြောလိုက်လေသည် “ကျွန်မတို့ မပြန်သေးဘူး သခင်ကြီးမိုဒိဆန်းက အခုလာမယ့်လတွေမှာ အချိန်မရှိသေးဘူး လို့ပြောတယ် သူနောက်မှလာနိုင်မယ်တဲ့ အဲချိန်ကျရင် တောင်ကြားကတစ်ယောက်ယောက်က သူ့ကို သွားကြိုရ လိမ့်မယ်”

ရှီမာယူယူ နားလည်သွားသည်။ ရှီမန်ဖန် မပြန်ချင်တာဖြစ်မည်။ ထို့ကြောင့်ပင် သူမသည်လည်း မပြန်နိုင်  ပေ။ ကုန်ရှန်ယိသည် သူမမောင်အပေါ်တွင် လွန်စွာ သံယောဇဉ် ကြီးသည်။ အရင်ကဆိုလျှင် ကုန်ရှန်ယိသည် ဂုဏ်သတင်းမကောင်းပေ။ သို့သော် သူမ အကျင့်စရိုက်သည် ညှိနှိုင်းရလွယ်ကာ ရှီမာယူယူ သဘောကျသည်။

မိုဒိဆန်းသည် ညတွင်ပြန်ရောက်လာကာ ပြန်ရောက်သည်နှင့် ဒီတစ်ခေါက ရွှန်းယွမ်ဆိုင်၏ လေလံပွဲ တွင် ပစ္စည်းကောင်းများရှိနေသည်ဟု ပြောခဲ့သည်။ သူမ သေချာပေါက်သွားရတော့မည်။

ရှီမာယူယူသည် လေလံပွဲသို့ သွားရမည်ဟု မနက်ပိုင်းကပင် ဆုံးဖြတ်ပြီးသော်လည်း မိုဒိဆန်း၏ အာရုံကို ဖမ်းစားလိုက်သော ပစ္စည်းကို အလွန်သိချင်မိသည်။

မိုဒိဆန်းသည် မသိမသာပြုံးကာ ပြောလေသည် “ဟိုးအရင်တုန်းက သတ္တုတွင်း တစ်ခုရှိတယ်လို့ ကြား တယ်”

“ရှေးဟောင်းဂူတစ်ခုပေါ့” သူတို့သည် ပင့်သက်ရှိုက်လိုက်ကြသည် “ရှေးဟောင်း အချိန်တွေ ဆိုတာ တကယ်ကို ကြာနေပြီ သူတို့က ပစ္စည်းတွေ အများကြီးချန်ထားခဲ့ပြီး အဲဒါတွေကလည်း သာမန်မဟုတ်တဲ့ ပစ္စည်း  တွေချည်းပဲ”

“ဟုတ်တယ်၊ အဲဒါကြောင့် လေလံပွဲကိုသွားကိုသွားရမယ်လို့ ပြောနေတာလ” မိုဒိဆန်းသည်  ပြုံးပြီး  ပြောလေသည်။

“ငါအစကတည်းကသွားမလို့ပဲ ဒီလိုဖြစ်လာမှတော့ အကုန်အတူသွားကြတာပေါ့” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။

“ဒါဆို အဲဒါထားတော့ ယူယူ ငါ့ကို သစ်သီးဝိုင်လုပ်ပေး မင်းနဲ့သောက်ပြီးတော့ ဒီနေ့သောက်ချင်တာကို ကုန်သွားပြီ”

“ဖြတ်လိုက်ပြီဆို” သူမ မေးလိုက်သည်။

“ငါ ဘယ်တော့မှ ဝိုင်အပြင်းတွေမသောက်တော့ဘူးလေ ဒါပေမဲ့ ဒီသစ်သီးဝိုင်ကတော့ မဆိုးဘူး ငါ  သောက်နိုင်တယ်” မိုဒိဆန်းသည် သွားဖြဲရင်းပြောလေသည်။

“မင်းအဲလောက်ကြိုက်တယ်ဆိုမှတော့ ငါဘယ်လောက်ပေးပေး လောက်မှာမဟုတ်ဘူး” သူမသည် သူ့ အား တပျစ်တောက်တောက်ပြောသော်လည်း ပုလင်းတချို့ကို ထုတ်ပေးလိုက် လေသည်။

သူမ မှတ်ဉာဏ်များပြန်ရပြီးနောက်တွင် အရင်ကခင်ခဲ့သော မိတ်ဆွေများကို ပြန်မှတ်မိလေသည်။ ထို အချိန်တွင် သူမသည် ဝိညာဉ်လေးကို ဝိုင်အပြင်းများ ဖော်စပ်ထား ခိုင်းခဲ့သည်။ ဝိညာဉ်လေးနှင့် တခြားသူများသည် လုပ်စရာအလုပ်မရှိပေ။ သူတို့ကို လုပ်စရာပေး လိုက်တာပဲ။ တကယ်တော့ ဝိညာဉ်စေတီအတွင်းတွင် ဝိုင်ပုလင်း တချို့ရှိနေသေးသည်။

သူမ ဝိုင်အများအပြားချက်ခိုင်းသည့် အကြောင်းအရင်းကို သူတို့က မေးခဲ့သည်။ အရင်ကဆိုလျှင် အားလုံး သောက်ရန်အတွက် အလုံအလောက်ရှိခဲ့သည်။ အခုတော့ သူတို့သောက် နိုင်သည်ထက် ပိုအရက်ချက် ရတော့မည်။

All Chapters