အကျော်ဇေယျာငယ် ၁
Vol. 57 Ch. 875
ဇင်းနစ်အင်ပါယာ၏ တောင်ဘက်ပိုင်းတွင်
အင်ပါယာရက်ဆင်က ဒုတိယ အမိန့်ထုတ်လိုက်သည်နှင့် အင်ပါယာဆယ်ခုတပ်ပေါင်းစုထိန်းချုပ်ထားသော နယ်မြေ၌ အဆက်မပြတ် စစ်ပွဲများဖြစ်ပွားတော့သည်။
ပင်လယ်ထွက်ပေါက်ရှိသော ဇင်းနစ်၏ တစ်ခုထဲသောနယ် လေစိမ်းနယ်မှာ မွှေးရနံပင်လယ် မုန်တိုင်းအမှတ်ပင်လယ်အော်ဘေးတွင်ရှိပြီး မုန်တိုင်းအမှတ်ပင်လယ်အော်နှင့်ထိစပ်မြေအကြီးဆုံးပါ အဆင့်သုံးပဏ္ဏာဆက်ပြည် ဘိုင်ဇန်တိုင်းပြည်ဖြစ်ပေသည်။
ထိုတိုင်းပြည်လေးကလည်း သူ့ပုံပြင်နှင့်သူကျော်ကြား၏။ ၎င်းက လူဦးရေများများစားစားမရှိခဲ့သော အဆင့်ခြောက်အင်ပါယာလေးဖြစ်ခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ် ဘုရင်အိုကြီးဆုံးပါးချိန်မှစ တိုင်ပြည်ထိန်းချုပ်မှုမှာ အမတ်ကြီးများလက်ထဲကျရောက်သွား၏။ အမတ်ချုပ်ကြီးမှာ ကောက်ကျစ်ကာ ရည်မှန်းချက်ကြီးသူဖြစ်ပြီး တော်ဝင်မိသားစုကို အရာချလိုက်သူဖြစ်သည်။ ထို့ကြောင့် သူက ဩဇာကြီးသောမိသားစုများနှင့်ပေါင်းကာ သူ့အစီအစဉ်ကို ဆောင်ရွက်ခဲ့၏။ ထို့ကြောင့် တိုင်းပြည်အတွင်း၌ အခြေအနေများ ဆိုးလာသည်။
တော်ဝင်မိသားစု ပျက်သုဉ်းခါနီးတွင်ပဲ ဘုရင်ငယ်လေးမှာ ပဏ္ဏာဆက်နိုင်ငံများပြိုင်ပွဲ၌ ဘုရင်အလက်ဇန္ဒား၏ အကူအညီကိုရခဲ့သည်။ ရည်မှန်းချက်ကြီးပြီး ကောက်ကျစ်သော အမတ်ကြီးဆုံးပါးသွားရုံသာမက ဘုရင်ငယ်လေးကလည်း ဘုရင်အလက်ဇန္ဒားထံမှ လက်သီးနည်းစနစ်ရရှိခဲ့၏။
ထို့နောက် သူက ခွန်အားအဆင့်စာရင်း၌ အဆင့်ငါးဆယ်သို့ရောက်နိုင်ခဲ့ပြီး နှစ်ဝက်အတွင်း ကြယ်လေးပွင့်အထွတ်အထိပ်သို့တက်လှမ်းကာ တိုင်ပြည်၏ အသန်မာဆုံး ဆရာသခင်ဖြစ်လာခဲ့သည်။
ထို့ပြင် ဘိုင်ဇန်တိုင်းပြည်မှာ ချမ်းဘော့ဒ်ပြည်မှ အရင်းအမြစ်အထောက်အပံ့များရခဲ့ပြီး စပါးတက်အင်ပါယာကိုတိုက်ထုတ်၍ ခိုင်ခိုင်မာမာနှင့် အဆင့်သုံးပဏ္ဏာဆက်တိုင်းပြည်အဖြစ်တိုးတက်လာခဲ့ပြီး လေစိမ်းနယ်၌ လွှမ်းမိုးနိုင်လာခဲ့သည်။ ၎င်းက လေစိမ်းနယ်၏ နယ်ပယ်မြို့တော် လေစိမ်းမြို့နှင့်ပင်ယှဉ်နိုင်လာ၏။
ကွန်စတန်တင်းမှာ အင်ပါယာ၏ အသိအမှတ်ပြုခံရမှုနှင့်အတူ နေရာခိုင်မြဲလာပြီး သု့ချစ်သူ အစ္စဘယ်လာနှင့် လက်ထပ်ခဲ့သည်။
ဘုရင်က ပြည်သူများကို ချစ်မြတ်နိုးပြီး ပြည်သူများအတွက်လမ်းစဉ်များသာ ချမှတ်ခဲ့၏။ တိုင်းပြည်က အချက်အချာကျသောနေရာရှိပြီး မြေဆီကောင်းမွန်ရာ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ အေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန် နေကြရသည်။
နောက်ပိုင်းတွင် သူ အိမ်ရှေ့စံ အာရှဗန်နောက်လိုက်၍ စပါးတက်အင်ပါယာစစ်ပွဲတွင် အကျိုးဆောင်ခဲ့မှုကြောင့် ဆုလာဘ်များရခဲ့ပြီး အဆင့်ရှစ်စစ်သည်တော်ဖြစ်လာခဲ့၏။ သူ၏ ခုနှစ်ဆင့်လက်သီးကလည်း ထင်ရှားလာခဲ့သည်။ ထိုအစွမ်းထက်လက်သီးက ရန်သူများကိုထိပ်လန့်စေပြီး လအဆင့်လက်ရွေးစင်များပင် ကွန်စတန်တင်းနှင့် အကြောင်းမဲ့မတိုက်ခိုက်လိုပါ။
ထို့ကြောင့် နယ်လှည့်ပုံပြောသူများ၏ ပုံပြင်များလို ဇာတ်သိမ်းကောင်းကောင်းနှင့် ဘုရင်နှင့် မိဖုရား ပျော်ရွှင်စွာအသက်ထက်ဆုံး နေထိုင်သွားကြသတည်းဟု ဖြစ်သင့်သော်လည်း စစ်ပွဲအသစ်က အရာအားလုံးကိုပြောင်းလဲသွားစေသည်။
လွန်ခဲ့သည် ဆယ်ရက်က အင်ပါယာဆယ်ခု တပ်ပေါင်းစုမှ ဇင်းနစ်ကိုကျူးကျော်လာခဲ့၏။
ရက်စက်သောရန်သူများက အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ် အေးချမ်းသောမိသားစုများကိုဖျက်ဆီးကာ ရွာများကိုရှင်းလင်းခဲ့ကြသည်။ စိုက်ပျိုးစ ကောက်ပင်များမှာ မီးရှို့ဖျက်ဆီးခံရပြီး သစ်တောများလည်းခုတ်ပိုင်းခံခဲ့ရသည်။ ယခုတော့ အပုတ်နံ့များတိုင်းပြည်အနှံ့လှိုင်လှိုင်ထပြီး လင်းတများက နေရောင်ကိုဖုံးသည့်အထိ ဝဲပျံနေကြ၏။
လူပေါင်းများစွာ၏ လှပသောမွေးရပ်မြေလက သက်ရှိငရဲအဖြစ်ပြောင်းသွားသည်။ လေစိမ်းနယ်၏ အစွမ်းထက်ဆုံးအင်အားစုတစ်ခုဖြစ်သော ဘိုင်ဇန်တိုင်းမှာ ထိုသို့သောကံကြမ္မာမျိုးမှ မလွတ်မြောက်နိုင်ခဲ့ပေ။
မြို့တော်မှာ အသိမ်းခံရပြီး ဘုရင့်နန်းတောမှာ ရန်သူ့အခြေစိုက်စခန်းဖြစ်ခဲ့ရ၏။ ဘိုင်ဇန်တိုင်း၏ လက်ရွေးစင်စစ်သည် တစ်ဝက်လောက်အမြစ်ပြုတ်ခဲ့ရပြီး ကွန်စတန်တင်းမှာ လက်ကျန်စစ်သည်များနှင့် ပြည်သူအချို့ကိုဦးဆောင်၍ ပင်လယ်တွင်းသို့ ထွက်ပြေးခဲ့ရသည်။ နယ်ခံရေတပ်အားသာမှုကိုယူ၍ ရန်သူကိုခုခံရုံပင်တက်နိုင်ခဲ့၏။
သို့သော်လည်း ဤရက်ပိုင်း၌ ဘိုင်ဇန်တိုင်းစားများအတွက် ဝမ်းသာစရာသတင်းထွက်ပေါ်လာခဲ့သည်။
End