ချမ်းဘော့ဒ်ရဲ့ မင်းအလံ ၁
Vol. 57 Ch. 877
" မဟုတ်တော့ဘူး " ဘုရင်ကွန်စတန်တင်းလည်း ရှော့ဖြစ်သွားပြီး လီယွန်စစ်သည်များကို ထိုးထုတ်ကာ ဟစ်အော်တော့သည်။
" မဟုတ်တော့ဘူး ဆုတ်ကြ ဆုတ်ကြ "
ထိုအခိုင်အတန့်မှာပင် ကွန်စတန်တင်းမှာ ရန်သူကို အထင်သေးမိ၍ ရန်သူ့ထောက်ချောက်အတွင်းကျသွားကြောင့်သိလိုက်သည်။
နှစ်ဦးလုံးက ဘုရင်များဖြစ်ကြသော်လည်း ကွန်စတန်တင်းက ဖေးလောက်အစွမ်းမထက်သလို သူ့စစ်ရေးအကြံပေးကလည်း မင်းသားအာရှဗန်နှင့်ပင်ယှဉ်နိုင်သော လူအိုအန်းရန်လောက်မတော်ချေ။
ကွန်စတန်တင်းမှာ ဖေးနှင့် အာရှဗန်တို့နှင့် အနီးကပ်နေဖူး၍ တီးခေါက်မိသည်များရှိသည်။ သူက ထို ဇင်းနစ်၏ တိုက်တန်နှစ်ဦးနှင့်မယှဉ်နိုင်သော်လည်း ဘုရင်တစ်ပါး၏ အမြင်ကောင်းနှင့် ပါးနပ်မှုရှိပေသည်။
ထို့ကြောင့် သူက လီယွန်များချထားသော ထောင်ချောက်သို့ဆင်း၍ ထိပ်တိုက်ရင်မဆိုင်လိုပေ။ သူ့ ဘုရင့်သိက္ခာအား ပြည်သူနှင့် စစ်သည်များ၏ အသက်ကိုသုံး၍ မတည်မြဲစေလိုချေ။
သူ နောင်လှည့်၍ ချက်ချင်းပြန်ဆုတ်ရန်အမိန့်ပေးလိုက်၏။ ၎င်းက ဘိုင်ဇန်တိုင်းစစ်သည်၂၀၀၀၏ အသက်ကို ကယ်တင်လိုက်သော ဆုံးဖြတ်ချက်ဖြစ်သည်။
လီယွန်အင်ပါယာမှ ဆရာသခင်များ၏ အရှိန်အဝါများ မထွက်ပေါ်လာခင်တွင်ဘဲ ဘိုင်ဇန်တိုင်းစစ်သည်များက ပြန်ဆုတ်နေကြပြီဖြစ်သည်။
အချိန်ခနလေးအတွင်းမှာပင် ဘိုင်ဇန်တိုင်းစစ်သည်တစ်ချို့က နိုးထားလာသော ခြင်္သေ့များကဲ့သို့ မာန်ဟုန်ပြင်းပြင်းနှင့် ရန်သူများထံပြေးဝင်တိုက်ခိုက်ကြ၏။ ၎င်းတို့က လီယွန်များနှင့် ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှု လုံးဝမပြဘဲ ရဲဘော်ရဲဖက်များအတွက် အသက်စွန့်တိုက်ခိုက်ကြတော့သည်။
ဘိုင်ဇန်တိုင်းစစ်သည်များကို ဝန်းရံထားသော လီယွန်စစ်သည်များမှာ အပြင်းအထန်လေ့ကျင့်ထားပြီး လက်နက်ချပ်ဝတ်များအပြည့်အစုံနှင့်အသာရသော်လည်း ဤအခြေအနေ၌ ဘိုင်ဇန်တိုင်းသားများကို အသာရခြင်းမရှိပေ။
" ဘာမှ စိုးရိမ်မနေနဲ့ လာလမ်းအတိုင်းပြန်ပြီး ငါတို့သင်္ဘောတွေနဲ့ လွတ်မြောက်အောင်သာပြေးသွားရမယ် "
အလင်းရောင်နည်းပါးသော ညအချိန်၌ ဘုရင်လေးကွန်စတန်တင်းမှာ အစိမ်းရောင် စစ်သည်တော်စွမ်းအင်များ ဖုံးလွှမ်းရင်း ခန့်ညားနေ၏။
သူက နောက်သို့လိုက်လာသော လီယွန်စစ်သည်၁၀၀၀ခန့်ကို တစ်ဦးထဲရင်ဆိုင်နေသည်။ သူထိုးလွှတ်လိုက်သော ခုနှစ်ဆင့်လက်သီးချက်များက လှိုင်းများလို အဆက်မပြတ်ထွက်ပေါ်နေပြီး သူ၏ပတ်လည် မီတာ၁၀၀ဝန်ကျင်းကိုမည်သူမျှမကပ်နိုင်ပါ။
လီယွန်စစ်စည်များက ဘုရင်ကွန်စတန်တင်းထံ ခုန်ဝင်တိုက်ခိုက်ကြသော်လည်း အနားမရောက်ခင်မှာပင် လက်သီးစွမ်းအင်များကြောင့် လွှင့်ထွက်သွားကြရ၏။
ဘုရင်၏ အစွမ်းပြမှုကြောင့် ဘိုင်ဇန်တိုင်းသားများ စိတ်အားတက်ကြွလာပြီး အစီအစဉ်တကျပြန်လည်ဆုတ်ခွာကြတော့သည်။ မိနစ်၂၀မပြည့်ခင်မှာပင် လီယွန်စစ်သည်၆၀၀၀ကို ဘိုင်ဇန်တိုင်းစစ်သည်၁၀၀၀ကျော်က ဖြတ်ကျော်၍ သူတို့၏သင်္ဘောများပေါ်ပြန်ရောက်သွားကြသည်။
ကြုံနေရသည့် တစ်ခုထဲသောပြဿနာက မြောက်များစွာသော လီယွန်များက ကမ်းစပ်တစ်လျှောက်ပြည့်လျက် မြှားများနှင့် အဆင်မပြတ် ပစ်ခတ်နေခြင်းဖြစ်၏။ ၎င်းတို့ကို ခုခံတိုက်ခိုက်နေသူမရှိပါက သင်္ဘောများရွက်မလွှင့်နိုင်ဘဲ မြားချက်ကြောင့်ပျက်စီးသွားကြပေလိမ့်မည်။
" အရှင်မင်းကြီး ကျေးဇူးပြုပြီး ဆုတ်ခွာပေးပါ ကျွန်တော်မျိုးတို့ လီယွန်တွေကိုတားထားပါ့မယ် "
ထိုသို့သော အကြပ်အတဲအချိန်လေးတွင် ဘုရင့်မစ်ရှင်းတွင် ဝင်ပါဝင်စော သာမန်ဘိုင်ဇန်တိုင်းပြည်သားများမှာ နောက်လှည့်ကာ ချပ်ဝတ်အပြည့်အစုံနှင့် လီယွန်စစ်သည်များထံ ပြေးဝင်သွားကြသည်။
End