ဂုဏ်သတင်း ၁
Vol. 57 Ch. 879
ယခုက ပထမဆုံးဖေးနှင့် ပြည်သူနှင့်တပ် တက္ကသိုလ်၏ ကျောင်းတော်သားများ ပထမဆုံး ရေအောက်ခရီးသွားခြင်းဖြစ်သည်။
ချမ်းဘော့ဒ်မြို့အရှေ့ရှိ ကျူးလီမြစ်မှာ ဇင်းနစ်အင်ပါယာတစ်ဝက်လောက်ကိုဖြတ်သန်းစီးဆင်းပြီး ချန်းဘော့ဒ်၏ တောင်ဘက်ရှိ မွေးရနံ့ပင်လယ်တွင်းသို့စီးဝင်၏။ ရေစီးကြောင်းပြင်းထန်ပြီး ရေနေသားရဲများစွာရှိရာ ဤမြစ်ကိုသွားလာသည့် ရေယာဉ်နည်းပါးသည်။ ထို့ပြင် မြစ်ကြောင်းက ကျယ်ကာ ရေအောက်တွင်ပုန်းကွယ်နေသော မှုတ်ဝဲ စုပ်ဝဲများစွာရှိ၍ မြစ်ကြောင်းမှာ မသုံးနိုင်ဖြစ်နေရသည်။
ဇင်းနစ်၏ ရေတပ်ပင် မွှေးရနံ့ပင်လယ်နှင့် ကုန်းတွင်းပင်လယ်တွင်သာ ပြန့်ကျဲသွားလာပြီး ကျူလီမြစ်အတွင်းဝင်၍ ရွက်လွှင့်သည်မှာရှားလှ၏။
ဘုရင်အလက်ဇန္ဒား ချမ်းဘော့ဒ်မှ ထွက်လာချိန်မှစ၍ ရေသင်္ဘောမှာ ရေအောက်မှခရီးဆက်သည်ကများပြီး လေရရှိရန် ရက်အနည်းငယ်မှတစ်ကြိမ်ရေမျက်နှာပြင်ပေါ်သို့တက်သည်။
ဒဏ္ဍာရီခေတ်မှ ဝေလပြောင်းပြန် ရေယာဉ်၏ ပုံကြမ်းကိုယူ၍ တည်ဆောက်ထားသော ဤ မှော်ရေယာဉ်မှာ အတော်ပင် သက်တောင့်သက်သာရှိလှ၏။ ၎င်း ရေငုပ်ချိန်၌ ရေအောက်မီတာ100ထိငုပ်နိုင်ပြီး မျိုးစုံသောလုပ်ဆောင်ချက်များလည်း သင်္ဘောတွင်ရှိပေသည်။ ၎င်းတစ်ကြိမ် ရေပေါ်တက်တိုင်း သေးငယ်သောမှော်အစီအရင်ငယ်ကိုသုံး၍ လူ၁၀၀စာ နှစ်ရက်လုံလောက်သော အောက်စီဂျင်ကို သိမ်းဆည်းနိုင်၏။ အချိန်နှင့် စစ်ပွဲများ၏ စစ်ဆေးမှုကိုဖြတ်ကျော်ပြီး ဒဏ္ဍာရီခေတ်၏ အကောင်းဆုံးသင်္ဘောဖြစ်နေသည်က အံ့ဩစရာမရှိပေ။
ဖေး၏ မှတ်ညဏ်များထဲရှိ အဆင့်မြင့်နည်းပညာပစ္စည်းများဖြစ်သော နျူကလီယရေငုတ်သင်္ဘောများကို ဤ မှော်ထုတ်ကုန်ပစ္စည်းက ယှဉ်နိုင်ပေသည်။ ထို့ပြင် မှော်ဓာတ်သဘာဝများ၏ တည်ရှိမှုကြောင့် ဤ အလက်ဇန္ဒားရေငုတ်သင်္ဘောမှာ မြေကမ္ဘာရှိ နျူကလီယားစစ်သင်္ဘောများထက်ပင် ကောင်းမွန်သေးသည်။
သုံးရက်လုံးလုံး ဘုရင်နှင့် ကျောင်းတော်သားများမှာ မြေအောက်ခရီးစဉ်အပေါ်ကျေနပ်နေကြသည်။ မှော်မျက်နှာပြင်များကြောင့် ရေအောက်ရှိဆန်းကြယ်သော သတ္တဝါအမျိုးမျိုးကို သူတို့တွေ့မြင်ခဲ့ကြရသည်။ ၎င်းက ဆန်းကြယ်သော အတွေ့အကြုံဖြစ်သည်။
တတိယနေ့ မနက်ခင်းတွင်တော့ ချမှတ်ထားသော အစီအစဉ်အတိုင်း အလက်ဇန္ဒားစစ်သင်္ဘောမှာ ရေမျက်နှာပြင်ပေါ်တက်၍ လေစုဆောင်းသည်။
ချမ်းဘော့ဒ်ဘုရင့်အလံ လွှင့်ထူပြီးသည်နှင့် ပထမဆုံး ကုန်းပတ်ပေါ်တက်လာသည်က ဘုရင့်၏ သက်တော်စောင့် ငထုံ ဟတ်စကီးဖြစ်၏။ ရက်အနည်းငယ်ကြာပြီးနောက် ဤ ဖြောင့်မတ်ရိုးရှင်းသော ပုဂ္ဂိုလ်က ဤအလုပ်နှင့်အသားကြနေပြီဖြစ်သည်။ သူက သင်္ဘောဆက်လက်၍ ခရီးမဆက်ခင် သင်္ဘောထက်၌ ကပ်ညှိနေသော ရေညှိရေခူပင်လယ်သက်ရှိများကို ခွာချရန် စောင့်ရှောက်ရေးအဖွဲ့သားများကိုအမိန့်ပေးရမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့အမိန့်မပေးခင်မှာဘဲ သူတစ်စုံတစ်ခုကိုသတိထားမိသွား၏။
သူမြင်လိုက်ရသည်က ဘေးပတ်ပတ်လည်တွင် ငါးမန်းအုပ်လို ဝန်းရံနေသည့် စစ်သင်္ဘောအုပ်ကိုပင်ဖြစ်သည်။
“ သေစမ်း ငါတို့အဝိုင်းခံလိုက်ရပြီလား “ ဟတ်စကီးက ကြွက်သားအပြည့်နှင့် ခေါင်းသေးသူဖြစ်သော်လည်း ဘာဖြစ်သည်ကိုတော့ ချက်ချင်းရိပ်မိလိုက်၏။ သူက လီယွန်၏ အနက်ရောင် အလံကိုကြည့်ရင်း အော်ဟစ်လိုက်သည်။ “ တိုက်ပွဲအတွက်ပြင်ကြ ဒီလီယွန်လူယုတ်မာတွေက ဒီနေရာအထိငါတို့ကို လိုက်နေကြတာပဲ အရှင်မင်းကြီးကို တောင်ဝိုင်းရံရဲတာပဲ ငါဒီကောင်တွေကို ဆုတ်ဖြဲပစ်မယ် “
လီယွန်အင်ပါယာက ဇင်းနစ်အင်ပါယာ၏ ရန်သူဖြစ်ရာ ဇင်းနစ်သားတိုင်း လီယွန်အင်ပါယာ၏ အလံကိုသိကြသည်။
အနီရောင် မှော်အလင်းများ အလက်ဇန္ဒားသင်္ဘောပေါ်တွင်လင်းလက်သွားပြီးနောက် သင်္ဘောမှထွက်ပေါ်လာသော ဟွန်းသံက တိတ်ဆိတ်နေသော မွှေးရနံ့ပင်လယ်ကိုဖုံးလွှမ်းသွား၏။
ချက်ချင်းပင် တံခါးများပွင့်လာပြီး သင်္ဘောအစောင့်အရှောက်များပြေးထွက်လာကြသည်။ ထို့နောက် သင်္ဘော၏ အကာအရံမှော်အလွှာပွင့်သွားပြီး အမျိုးမျိုးသော မှော်ဒူးလေး မှော်အမြှောက်များ ထွက်ပေါ်လာသည်။ တမဟုတ်ချင်းပင် အလက်ဇန္ဒားစစ်စင်္ဘောမှာ လက်နက်အပြည့်အစုံထွက်ပေါ်လာပြီး အစွယ်ဖွေးဖွေးနှင့် ပင်လယ်သားရဲကြီးအလားပြောင်းလဲသွား၏။
End