Chapters

ဂုဏ်သတင်း ၂

Vol. 57 Ch. 880

ဂုဏ်သတင်း ၂

Vol. 57 Ch. 880

" အမ် ဘာတွေလဲဟ ပင်လယ်မျိုးနွယ်စုရဲ့ သ‌‌င်္ဘောနဲ့မတူပါလား ဟမ် ဟိုဟာလူတစ်ယောက်လား..... "

လီယွန်အလံဘေး၌ထိုင်နေသော မောက်မာသည့်လူငယ်လေးမှာ သူမြင်ရသော မြင်ကွင်းကြောင့် အံ့ဩသွားသည်။ အင်အားကြီး အင်ပါယာကြီးများသာ ထိုသို့သော ရေအောက်ခရီးသွားနိုင်သည့် သင်္ဘောများပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ရေအောက်မှထွက်လာသော သူ မကြိုဆိုသည့် ဧည့်သည်များကို သူအထင်မသေးရဲပေ။

သူက အတော်ကြာအောင် လေ့လာကြည့်သော်လည်း ခေါင်းနှစ်လုံး ပါးစပ်တိုင်း၏ တစ်ဖက်တစ်ချက်စီတိုင်တွင် ဓားနှင့်ပုဆိန်ရှိနေသည့် ချမ်းဘော့ဒ်အလံကိုသိမနေပေ။

ချန်းဘော့ဒ်မှ ဖေးကြောင့် ဇင်းနစ်အင်ပါယာအတွင်းတွင် လက်တလောနာမည်ကြီးလာသော်လည်း ၎င်းက လူအများ၏ အာရုံထဲဝင်လာသော ပဏ္ဏာဆက်နိုင်ငံလေးသာဖြစ်၏။ ရာပေါင်းများစွာသော လက်အောက်ခံပြည်များရှိရာ ‌မာနကြီးသော လီယွန်သားတို့အဖို့ အဓိပ္ပာယမဲ့ထိုအလံတိုင်းလိုက်မှတ်သားမနေကြပေ။

" မေးစမ်း သူတို့ကို ဘယ်အင်ပါယာကနေ ဒီကိုဘာလာလုပ်တာလဲလို့ " လူငယ်လေးက နှုတ်တွင်ပေးနေသော ဝိုင်ကိုသုတ်ပြီးပြောသည်။ သူ့ ပြောရေးဆိုခွှင့်ရှိသူကို ထိုသို့အမိန့်ပေးပြီးသည်နှင့် တစ်ဖက်သင်္ဘောမှ ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာ၏။

" ဒါက ဘုရင်အလက်ဇန္ဒားရဲ့ သင်္ဘောတော်ပဲ လီယွန်ကလူယုတ်မာတွေ မင်းတို့ရွက်ချပြီး အညံ့မခံကြသေးဘူးလား အကုန် မျိုးပြုတ်ချင်နေပြီလား " လူတိုင်းကြားနိုင်သည့် အသံကြီးက ဟိန်းထွက်လာသည်။

" ဒါ အရှင်မင်းကြီးရဲ့ ရေယာဉ်လား " အမြဲလိုလိုတည်ငြိမ့်ခဲ့သော ကွန်စတန်တင်းမှာ ပထမဆုံးအဖြစ် စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူက အော်ဟစ်ရယ်မောလိုက်သည်။ " ငါတို့ စိတ်ပျက်စရာအခြေအနေမှာ အလင်းရောင်ကိုတွေ့လိုက်ရတာပဲ လီယွန်တွေတော့သွားပြီပဲ သူတို့ စစ်သင်္ဘောတွေလည်းကုန်ပြီပဲ ဒါက ဘုရားသခင်ရဲ့အစီအစဉ်ပဲနေမှာ အဲ့သားသတ်သမားတွေတော့ တန်ကြေးပြန်ပေးရတော့မယ် "

သူ့နောက်ရှိ သေရန်ပြင်ဆင်ထားသော ဘိုင်ဇန်တိုင်း၏ တပ်မှူး စစ်သည်များမှာလည်း ဟစ်ကြွေးသံများပြု၍ ထပ်တူအောင်ပွဲခံကြ၏။

သူရဲခေါင်းဆန်သော်လည်း ဝမ်းနည်ဖွယ်ရာဖြစ်နေသည့် ဘိုင်ဇန်တိုင်းပြည်၏ စစ်သင်္ဘောမြင်ကွင်းက ချက်ချင်းပျောက်ကွယ်သွားသည်။ အာလုံး ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားရောက်လာသည်က ဘာဖြစ်သည်ကို သိကြ၏။

၎င်းက နေအဆင့်အရှင်၊ အင်ပါရီယန်သိုင်းသူတော်စင်၊ ပြိုင်ဘက်ကင်းတိုက်ပွဲနတ်ဘုရား၊ အနိုင်၊ မရှုံးနိမ့်ခြင်းပင်ဖြစ်သည်။

" ရန်သူတွေကို ချီတက်တိုက်ခိုက်ပြီး အရှင်မင်းကြီး အလက်ဇန္ဒားကို ကာကွယ်ကြ " ဘုရင်ကွန်စတန်တင်းက သူ၏ ဓားမြှောက်ရင်း ဟစ်ကြွေးသည်။

ကွန်စတန်တင်းက ဤသို့ဖြစ်လာမည်ကိုစောင့်နေခြင်းဖြစ်၏။ ထိုပုဂ္ဂိုလ်၏ဘေးတွင်လိုက်ပါတိုက်ပွဲဝင်ရင်း ဘိုင်ဇန်တိုင်း၏အနာဂတ်အဆုံးအဖြတ်တိုက်ပွဲကိုသူဆင်နွှဲလိုသည်။

ကွန်စတန်တင်းမှာ စစ်ပွဲများစွာတိုက်ဖူးသော ကျော်ကြားမှုရှိသူဖြစ်ကာ ဤကဲ့သို့အလွန်ဆိုးရွားသောအခြေအနေ၌တည်ငြိမ်နိုင်သူဖြစ်သော်လည်း ယခုတော့ အကြီးအကဲ၏ အရည်အချင်းစစ်မှုကို ခံယူရတော့မည့် လူငယ်လေးလို စိတ်လှုပ်ရှားနေသည်။

" ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားလား "

လီယွန်၏ အဝါရောင်အလံအောက်၌ ထိုင်နေသော လူငယ်လေးမှာ ဖေး၏ အမည်ကိုကြားသည်နှင့် မျက်စိမျက်နှာပျက်သွားသည်။ ထို့နောက် သူပထမဆုံးလုပ်သည်က ဆုတ်ခွာရန်အမိန့်ပေးခြင်းဖြစ်သည်။ သူ၏ တပ်မှူးများကလည်း ထိုအမိန့်ကို မကန့်ကွက်ကြပေ။

နေအဆင့်အရှင်၏ စွမ်းအားကို သာမန်စစ်သည်များ၏ အရေအတွက်သုံး၍ မယှဉ်နိုင်ပေ။ ၎င်းကို လွန်ခဲ့သောငါးရက်က စိန့်ပီတာဘတ်မြို့တိုက်ပွဲ၌ သက်သေပြပြီးပြီဖြစ်သည်။

လက်ရှိ၌ စစ်သင်္ဘောရာကျော်ရှိကာ ရေတပ်သား၄၀၀၀၀ရှိပြီး ထိုအင်အားက လီယွန်အင်ပါယာရေတပ်၏ သုံးပုံတစ်ပုံပမာဏရှိသော်လည်း နေအဆင့်အရှင်တစ်ပါးကိုတော့မယှဉ်နိုင်ပါ။

လီယွန်၏ စစ်သည်များက ဤအခိုက်အတန့်၌ တိကျစွာအမိန့်နာခံမှုအစွမ်းကိုပြကြသည်။ ချက်ချင်းပင် စစ်သင်္ဘောအားလုံးမှာ နောက်ပြန်လှည့်ပြီးသားဖြစ်သွားကြသည်။

ဖေးကတော့ ကျေနပ်နေသည်။ နာမည်ကြားရုံမျှနှင့် အဆင့်၆အင်ပါယာမှ စစ်သည်များလန့်ပြေးရသည်မဟုတ်ပါလော။ သူက အဇာရိုတိုက်ကြီး၏ ထိပ်တန်းဆရာသခင်များထဲတွင်ပါဝင်နေပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင်ပဲ လီယွန်၏နိုဘယ်လူငယ် ဘုရင်ဘက်ကင်ဟန်မှာ နောက်မဆုတ်ရှေ့သို့ပျံတက်လာ၏။ ထို့နောက် သူက အလက်ဇန္ဒားစစ်သင်္ဘောနှင့် လီယွန်၏ ရေတပ်အကြားရပ်ကာ လီယွန်တပ်ထံမသွားနိုင်စေရန် ကားဆီးလိုက်သည်။

End