လူခန့်ညားနှစ်ဦး ၁
Vol. 57 Ch. 881
“ အရှင် ....” အစောင့်များ စစ်သည်များက သူ့ကိုဝိုင်းဆွဲကြသည်။
လက်ရှိ၌ မည်သူက ချမ်းဘောဒ့်ဘုရင်ကိုထိပါးရဲသနည်း။ သေကြောင်းကြံစည်သလိုဖြစ်နေပေလိမ့်မည်။
အလျင်အမြန်ပင် ထိုနိုဘယ်လူငယ်ကို ပြန်ခေါ်ရန် အဆင့်ခုနှစ် အဆင့်ရှစ် မာစတာများစွာ လေထဲသို့ခုန်တက်ပြီး ရေထဲပြေးဆင်းလာကြ၏။
“ ဒီကိုမလာကြနဲ့ ဘက်ကင်ဟန်၏ လက်အဝှေ့တွင် မမြင်ရသော အားလှိုင်းများထွက်ပေါ်လာပြီး ဆရာသခင်များစွာ စစ်သင်္ဘောများပေါ်သို့ ပြန်ကျသွားကြ၏။
“ အရူးတွေ အခြေအနေကဆိုးနေပြီး ဘာလို့ငပျော့တွေလိုလုပ်နေတာလဲ အင်ပါယာရဲ့ရေတပ်ကိုကယ်ဖို့ အမိန့်နာခံပြီး အမြန်ဆုတ်ကြ ခုချိန်မှာ ငါပဲသူ့ကိုတားနိုင်မှာ မင်းတို့မဆုတ်ရင် ရေတပ်တစ်တပ်လုံးပျက်သုဉ်းပြီး မင်းတို့က အင်ပါယာရဲ့အပြစ်သားတွေဖြစ်လာလိမ့်မယ် “ ဘက်ကင်ဟမ်က သူရဲခေါင်းဆန်ဆန်အော်ပြောသည်။
ပြန်လှည့်လာပြီး တိုက်ခိုက်ချင်လိုသော တပ်မှူး စစ်ကဲများမှာ ဘုရင်ဘက်ကင်ဟန်၏ အရှိန်အဝါကြောင့် ရပ်တန့်သွားကြ၏။ မျက်နှာများပေါ်တွင်လည်း အမူအရာအမျိုးမျိုးဖြစ်သွားကြ၏။ အထူးသဖြင့် ဘက်ကင်ဟန်နှင့်နီးစပ်သူများဖြစ်သည်။ နောက်ဆုံးတွင်တော့ သူတို့၏ ယုတ္တိရှိရှိသုံးသပ်နိုင်စွမ်းက ခံစားချက်ကိုပြန်ဖိနှိပ်နိုင်သွား၏။
“ သခင်ဂရုစိုက်ပါ “
“ အရှင်မင်းကြီးဂရုစိုက်ပါ “
လီယွန်၏ စစ်သည်များမှာ မျက်ရည်များဝဲရင်း ကောင်းကင်ယံရှိ သူရဲကောင်းဆန်ဆန်ပုံရိပ်ကို အလေးပြုလိုက်ကြ၏။ ထို့နောက် ဆုတ်ခွာရန် လုပ်ဆောင်မှုကို တက်နိုင်သမျှမြန်မြန် ဆောင်ရွက်ကြတော့သည်။
လူငယ်ဘုရင်လေး ဘက်ကင်ဟန်၏ မျက်နှာ၌ ထူးဆန်းသောခါးသက်သက်အပြုံးထွက်ပေါ်လာ၏။
ယခင်ည၌ ဘိုင်ဇန်တိုင်းတပ်များကို သူထောင်ချောက်ဆင်အနိုင်ယူကာ ဘုရင်အလက်ဇန္ဒားနှင့် စစ်သည်များကို အလျှင်အမြန်ဆုတ်ခွာစေခဲ့သည်။ ထို့ပြင် ညီနောင်များလွတ်မြောက်ရန်အတွက်အသက်စွန့်ခဲ့သော ဘိုင်ဇန်တိုင်းသူရဲခေါင်းများကိုလည်းသတ်ဖြတ်ခဲ့၏။
ထိုအချိန်၌ ဘက်ကင်ဟမ်မှာ တခြားသူများ၏ ကံကြမ္မာကိုထိန်းချုပ်ကာ သတ်ဖြတ်ခဲ့၏။ မည်သူက နေ့ဝက်မပြည့်ခင်မှာပင် အခြေအနေများပြောင်းပြန်လှန်သွားမည်ဟု ထင်မည်နည်း။
“ ဒါပေမယ့်လည်း ငါက ဘိုင်ဇန်တိုင်းက ဇာတ်နိမ့်တွေလိုမဟုတ်ဘူး ငါ့ကိုအလွယ်လေးအသတ်မခံရဘူး ဘုရင်အလက်ဇန္ဒားရေ ငါ့ကိုကြိုးစားခွှင့်ပေးစမ်း ကြည့်ရသေးတာပေါ့ ဘုရင်အလက်ဇန္ဒားက သတင်းတွေထဲကလိုသန်မာလား ကြည့်ရတာပေါ့ ပြိုင်ဘက်ကသန်မာတော့ ငါသွေးတွေတောင် ပွက်ပွက်ဆူလာပြီး “ ထိုသို့ေတွးပြီး ဘက်ကင်မှာ အပြင်တွင်ရှိနေခြင်းကိုအခွှင့်ေကာင်းယူကာ အလက်ဇန္ဒားရေယာဉ်ကို တိုက်ရန်ပြင်လိုက်၏။ သို့သော်လည်း သူလှည့်လိုက်သည်နှင့် အံ့ဩသွားရသည်။ သူ့နောက် မီတာ၂၀တွင် ခန့်ညားသော လူငယ်လေးတစ်ဦးရှိနေ၏။ ထိုလူငယ်လေးက ဘယ်အချိန်ကတည်းမှ ရောက်နေသည်မသိ ဘက်ကင်ဟန်ကို လက်ပိုက်ကာပြုံးလျက်ကြည့်နေသည်။
ဘာမျှတွေးစရာမလိုပေ ထိုလူငယ်၏ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခုနှင့်ပင် ထိုလူက ဤရက်ပိုင်းအတွင်း လီယွန်ကိုအသက်ရှူကြပ်စေခဲ့သော ဇင်းနစ်၏ အင်ပါရီယန်သိုင်းသူတော်စင်မှန်း ဘက်ကင်ဟန်တန်းသိလိုက်သည်။
ရဲရင့်သူများသာ တိုက်ပွဲတွင် အနိုင်ရပေသည်။ ဘက်ကင်ဟန်လည်း ဘာမျှမပြောဘဲ ပြေးဝင်တိုက်ခိုက်လိုက်၏။
ဘက်ကင်ဟန်၏ ကိုယ်မှ ရဲရဲနီသောမီးတောက်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ မုန့်ဖုတ်စက်ထဲရောက်သွားသည့်အလား ခြစ်ခြစ်တောက်ပူသွားသည်။
ဘက်ကင်ဟန်မှာ ပြိုင်ဘက်၏အစွမ်းထက်မှုကိုသိနေရာ စစခြင်းပင် အစွမ်းကုန်တိုက်ခိုက်လိုက်၏။ တစ်ချိန်ထဲမှာပင် သူရရှိထားသော တားမြစ်အဆင့်စာလိပ်ထဲမှ မီးမှော်၆ခုကိုလည်း တစ်ခါထဲတန်းသုံးလိုက်သည်။ ထိုမှော်တစ်ခုစီတိုင်းက လအဆင့်အထွတ်အထိပ်၏ အားကုန်ထုတ်တိုက်ခိုက်မှုနှင့်ညီမျှပေသည်။
End