Chapters

လူခန့်ညားနှစ်ဦး ၂

Vol. 57 Ch. 882

လူခန့်ညားနှစ်ဦး ၂

Vol. 57 Ch. 882

ချော်ရည်ဘီလူးကြီး ခြောက်ကောင်မှာ။လေထဲမှပေါ်လာပြီး ငဲ့ညာမှုမရှိဘဲ ချမ်းဘော့ဒ်ဘုရင်ကို စတင်တိုက်ခိုက်တော့သည်။

၎င်း၏အပူချိန်ကြောင့် အလွန်အမင်းရေငွေ့ပျံသွားပြီး သမုဒ္ဒရာတွင်း၌ မြူထူထဲမှုကြောင့် နေအလင်းပင်ပျောက်ကွယ်သွား၏။ ထူထဲသော ထိုမြူများကြောင့် လီယွန်၏ စစ်သင်္ဘောတပ်မှာ ဖုန်းကွယ်ခံလိုက်ရသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသော်လည်း ဖေးတိမ်းရှောင်ခြင်း ခုခံခြင်းလုံးဝမပြုခဲ့ပေ။ သူက ဤအတိုင်းမတ်တပ်ရပ်၍ တိုက်ခိုက်မှုများကို ခံယူလိုက်သည်။ သို့သော်လည်း တိုက်ခိုက်မှုများက သူ့အနားရောက်ရုံမျှပင် နေအလာတွင်ပျောက်ကွယ်သောနှင်းသကဲ့သို့ ကွယ်ပျောက်သွားတော့သည်။

တကယ်တော့ ဖေး လီယွန်ရေတပ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို လေးစားမိသည်။ ဟတ်စကီး အလက်ဇန္ဒား၏ စစ်သင်္ဘောဖြစ်ကြောင်း မအော်ဟစ်ခင်မှာပင် ဖေးက လေထဲသို့ပျံတက်ပြီးသားဖြစ်၍ အားလုံးကိုတွေ့မြင်ခဲ့သည်။

ဤသို့ အင်ပါယာအတွက် စွန့်လွှတ်စွန့်စားရဲသော စစ်သည်၊ဗိုလ်ချုပ်ဆုံးဖြတ်ချက်ကပင် ဤလူငယ်လေးမှာ လေးစားစရာဖြစ်နေသည်။

သို့သော်လည်း ထိုအချက်ကြောင့် ဖေးညှာတာပေးမည်မဟုတ်ပါ။

“ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး “

ဖေးညှင်သာစွာပင် သူ့လက်ကိုလှုပ်ရမ်းလိုက်၏။ ကမ္ဘာမြေတုန်ဟီဖွယ် မည်သည့်ဖြစ်ရပ်မျိုးမှပေါ်မလာခဲ့ပါ။ ဖေး၏ လှုပ်ရှားမှုများက မီးခိုးငွေ့လို ပေါ့ပါးညှင်သာလှသည်။

သို့သော်လည်း မြို့ကြီးများကိုပင် ဖျက်ဆီးနိုင်သော အဆင့်၆လပြည့်အဆင့်လက်ရွေးစင်နှင့်ညီမျှသော ချော်ရည်ဘီလူးခြောက်ကောင်မှာ လုံးဝပျောက်ကွယ်သွားတော့၏။

တစ်ချိန်ထဲမှာပင် သမုဒ္ဒရာထက်ရှိ ထူထဲသောမြူများပျောက်ကွယ်သွားပြီး အခွှင့်ကောင်းယူ ထွက်ပြေးရန်ပြင်နေသော လီယွန်ရေတပ်မှာ အားလုံး၏ မြင်ကွင်းထဲပြန်ပေါ်လာတော့သည်။

ဘိုင်ဇန်တိုင်း၏ ရေတပ်မှာ ရန်သူများကိုလိုက်လံပြီး တန်ပြန်ထိုးစစ်ကိုစတင်တော့သည်။ ဘုရင် အလက်ဇန္ဒား၏ စစ်သင်္ဘောမှ ပစ်လွှတ်လိုက်သော မြှားများသည်လည်း အနီးဆုံး လီယွန်စစ်သင်္ဘောလေးစင်းထံစိုက်ဝင်သွား၏။ ထို့နောက်ထပေါက်ကွဲရာ လီယွန်သင်္ဘောများတွင် ဧရာမအပေါက်ကြီးများ ထွက်ပေါ်လာပြီး ရေများတလဟောဝင်လာတော့သည်။

သမုဒ္ဒရာရေလှိုင်းများက ထိုသင်္ဘောလေးစင်ကို ဝါးမြိုသွား၏။ သင်္ဘောပေါ်မှ တပ်သားများသည်လည်း အသက်လု၍ ရေထဲသို့ ခုန်ဆင်းပြေးကြရတော့သည်။ တစ်ချိန်ထဲမှာပင် အလက်ဇန္ဒားစစ်သင်္ဘောမှာ စစ်သည်တော်၃၀ခန့်ထွက်လာပြီး ထွက်ပြေးသော စစ်သင်္ဘောများနောက် လိုက်တော့၏။ ၎င်းတို့က လေးမှလွှတ်သောမျှားကဲ့သို့လျှင်မြန်လှပေသည်။

ဖေး၏ အစွမ်းကြောင့် အံ့ဩနေသော ဘက်ကင်ဟန်မှာ ပို၍ပင်အံ့ဩသွားသည်။ ထိုပြေးထွက်လာသော စစ်သည်တိုင်းက အနိမ့်ဆုံး ကြယ်ခြောက်ပွင့်အဆင့်ရှိပေသည်။

ထိုအဆင့်က သာမန်တပ်များတွင်ဆိုပါက တပ်ရင်းခေါင်းဆောင်အဆင့်နှင့်ညီပေသည်။ တစ်ဦးစီတိုင်းက ရန်သူရာချီကိုရင်ဆိုင်နိုင်ပေသည်။ ယခု ထိုအဆင့်စစ်သည် လေးငါးယောက်ပေါင်းပါက လီယွန်စစ်သင်္ဘောတစ်စီးကို ယှဉ်တိုက်နိုင်၏။

“ ချမ်းဘော့ဒ်သားတွေက အကြောင်းမဲ့ နာမည်ကြီးနေတာမဟုတ်ဘူး “ ဘက်ကင်ဟန် ထိုသို့‌တွေးမိသွားသည်။

ထိုစစ်သည်များကို ဘက်ကင်ဟန်သွားတားခြင်းသော်လည်း ရှေ့မှဘုရင်အလက်ဇန္ဒား၏တည်ရှိမှုက ခွှင့်မပြုပေ။ ၎င်း၏ အကြည့်တစ်ခုမှ ဖိအားကပင် သူ့ကို မလှုပ်မလျှက် ဖြစ်သွားစေ၏။ အန္တရာယ်အာရုံကြောင့် ဘက်ကင်ဟန်၏ကိုယ်ရှိ အမွှေးအမျှင်တိုင် ထောင်ထသွားသည်။

End