Chapters

လူခန့်ညားနှစ်ဦး ၃

Vol. 57 Ch. 883

လူခန့်ညားနှစ်ဦး ၃

Vol. 57 Ch. 883

ပင်လယ်ထဲတွင် ချမ်းဘော့ဒ်နှင့် ဘိုင်ဇန်တိုင်းစစ်သည်များပူးပေါင်းတိုင်ခိုက်နေကြ၏။ လီယွန်များမှာ တပ်ဆုတ်နေကြသော်လည်း ရှုပ်ထွေးသည့်အခြေအနေထဲမကျရောက်သေးပေ။

အဆင့်၆အင်ပါယာ၏ စစ်တပ်က အထင်သေး၍မရပေ။ ၎င်းက အလွယ်တကူအနိုင်ကျင့်၍ရသော အရာမဟုတ်ပေ။ သူတို့က ဖေးကဲ့သို့ နေအဆင့်အရှင်မျိုးကို ရင်မဆိုင်နိုင်သော်လည်း သာမန်ရန်သူမျိုးကိုတော့ ရက်စက်ကြမ်းတမ်းစွာတိုက်ခိုက်နိုင်စွမ်းရှိသည်။ နောက်ဆုတ်နေသော စစ်သင်္ဘောအားလုံး အင်္ဂလိပ်အက္ခရာ ဗီပုံစံ နေရာယူလိုက်ကြပြီး မှော်မီးတောက်များထွက်ပေါ်လာကာ အနီးကပ်တိုက်ရန်ပြင်လာသော ရန်သူများအပေါ်ဒူးလေးမိုးရွာချတော့သည်။

ပထမတိုက်ခိုက်မှုပြီးသည့်တိုင် ဘုရင်အလက်ဇန္ဒားဝင်တိုက်ခြင်းမရှိသေးပေ။ တိုက်ပွဲကွင်းပြင်က အံ့ဩဖွယ်တိတ်ဆိတ်နေ၏။

လီယွန်များအဖို့ ဘုရင်အလက်ဇန္ဒားကိုရင်မဆိုင်နိုင်ရုံဖြစ်၍ သူမပါပါက အရာရာအဆင်ပြေသည်။ သူတို့အနေနှင့် အကျအဆုံးကိုထိန်းထားနိုင်ပေလိမ့်မည်။

သို့သော်လည်း ယနေ့က သူတို့အတွက်နေ့ကောင်းမဟုတ်ပေ။ စစ်သင်္ဘောပေါ်မှ တပ်မှူးများ စိတ်အေးသွားစဉ်တွင် မထင်မှတ်သည်တို့ဖြစ်ပေါ်လာ၏။

ဝှစ် ဝှစ်

တောက်ပသော မြှားနှစ်ချောင်းက ဘုရင်အလက်ဇန္ဒား၏ သင်္ဘောမှ ထွက်ပေါ်လာပြီး လီယွန်စစ်သင်္ဘောများထံ တစ်ပြိုင်ထဲပစ်ဝင်လာသည်။

ထိုမြှားနှစ်ချောင်းက အချိန်ကြာလေလေ ပိုမိုတောက်ပလေလေဖြစ်ကာ ကမ္ဘာမြေကိုထွင်းဖောက်မည့် ဥက္ကာခဲအလားစွမ်းအားကြီးလာ၏။ ၎င်းတို့က လီယွန်ရေတပ်၏ ဗီပုံစံအခင်းအချင်းရှေ့ဆုံးမှ အကြီးဆုံးစစ်သင်္ဘောထံပြေးဝင်သွားသည်။

ဘုန်း ဘုန်း ဘုန်း

လီယွန်ရေတပ်၏ အကြီးဆုံးအလံကိုင်သင်္ဘောမှာ ထိုမျှား၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်။ သင်္ဘော၏တစ်ဝက် မီတာတစ်ရာလောက်ထုကြီးမှား ဖျက်ဆီးခံရ၍ လုံးဝပျောက်ကွယ်သွားသည်။

၎င်းက ကြောက်မက်ဖွယ်ကောင်းလှ၏။ အားလုံး အလက်ဇန္ဒားစစ်သင်္ဘော၏ ကုန်းပတ်ထက်၌ ဘယ်အချိန်ကလူငယ်လေးနှစ်ဦးရပ်နေသည်ကို မသိလိုက်ကြပေ။ ထိုလူငယ်လေးနှစ်ဦးက ရွှေရောင်ဆံပင်များရှိက ခန့်ညားလှ၏။ သူတို့နှစ်ဦးက အမွှာညီကိုများအလားထင်ရသည်။

သို့သော်လည်း အချိန်ကြာကြာကြည့်လေလေ နှစ်ဦးသားကွဲပြားမှုကို သိရလေလေဖြစ်သည်။ ညာဘက်ရှိတစ်ဦးက ဆံပင်ပိုတိုကာ ပိုပိန်ပါးသည်။ သူ၏မျက်နှာက ပိုဖြူဖျော့က သီးသန့်ဆန်သော အထီးကျန်ခန့်ညားမှုမျိုးနှင့်ချောမောသူဖြစ်၏။ သူ့လက်ထဲရှိ လေးမှာ သစ်ပင်မှ ယခုတင်ခုတ်ယူထားသည့်အလား စိုလွင်နေသည်။ အရွက်များပင်ရှိနေသေး၏။ သူ့ပတ်ပတ်လည်တွင် သဘာဝရနံ့ဝန်းရံနေသည်။

ညာဘက်ကလူကတော့ ပို၍တည်ကြည်သည်။ သူက အပေါ့စားချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ခြေလက်များမှာ အနည်းငယ်ပိန်သော်လည်း ကြွက်သားအပြည့်နှင့်ဖြစ်သည်။ သူ့ကြွက်သားများက ကြီးမားထွားကြိုင်းခြင်းမရှိသော်လည်း အားအင်အပြည့်နှင့်ဖြစ်ပေသည်။ သူ့လက်ထဲရှိ လေးကလည်းထူးဆန်း၏။ ထိုလေးကို ဓားနှစ်ခုဆက်၍ ပြုလုပ်ထားသည့်အလား အတောင်ဖွှင့်ထားသော သိန်းငှက်နှင့်ဆင်တူပေသည်။ အခြား လေးများနှင့်မတူသည်က ၎င်းတွင် သတ္ထုမျှင်များရှိနေခြင်းဖြစ်သည်။

နှစ်ဦးစလုံးက လအဆင့် စစ်သည်များဖြစ်သည်။ အချို့သော လအဆင့်ပုဂ္ဂိုလ်များက လေးပညာတွင်ကျွမ်းကျင်သော်လည်း စစ်သင်္ဘောကြီးကို လေးနှင့်ခွှင်းဖျက်ဆီးနိုင်ရန်ကတော့ လေးပညာနားလည်မှုကိုသုံး၍ လအဆင့်တက်ထားသူသာ လုပ်နိုင်၏။

ပင်လယ်တွင်းတိုက်ပွဲ၌ ထိုဆရာသခင်နှစ်ဦးမှာ အဖျက်ကြမ်းသောလက်နက်များဖြစ်သည်။ အထူးသဖြင့် လီယွန်ရေတပ်၌ ဘက်ညီသော ဆရာသခင်ရှိမနေချိန်တွင်ဖြစ်သည်။ လီယွန်စစ်သင်္ဘောများမှာ ဗိုက်ဆာနေသော ခြင်္သေ့ရှေ့ရောက်သည့် အသားတုံးများအလားဖြစ်နေ၏။ လီယွန်စစ်သင်္ဘောများအဖို့ ပြန်မတိုက်နိုင်ရာ ကြမ္မာကို လည်စင်းစောင့်နေရုံသာရှိတော့သည်။

“ ဝှစ် ဝှစ် ဝှစ် “

လေးသခင်နှစ်ဦးမှာ မည်သူကပိုအဖျက်စွမ်းအားရှိသည်ကို ပြိုင်နေသည့်အလား အဆက်မပျက် ပစ်ခက်နေ၏။ စိမ်းပြာရောင် အလင်းများလက်လက်သွားပြီး မြားတစ်စင်းပြီးတစ်စင်း လီယွန်စစ်သင်္ဘောများထံ ပြေးဝင်သွားသည်။

End