Chapters

လူခန့်ညားနှစ်ဦး ၄

Vol. 57 Ch. 884

လူခန့်ညားနှစ်ဦး ၄

Vol. 57 Ch. 884

ကောင်းကင်ယံတွင်

ဖေးမှာ ဤလီယွန်ရေတပ်မှူးနှင့် အချိန်ကုန်ခံမနေတော့ပေ။ ဘက်ကင်ဟန်မှာ ထိပ်တန်းအဆင့်ကိုး လတစ်ပိုင်းအဆင့်သာရှိသူဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဖေးအနိုင်ယူခဲ့သော လီယွန်မင်းသား ဂိုမီနှင့်ယှဉ်လျင်များစွာနိမ့်ကျသူဖြစ်သည်။

ထို့အပြင် ဖေးက လေးရက်အတွင်း ဒိုင်ယာဘလိုကမ္ဘာ၌ ကြိုးကြိုးစားစား မွန်းစတားများကို သတ်ဖြတ်ခဲ့၏။ ယခုတော့ သူ ဆောင်ရွက်မှု ၁ရှိ တာဝန်ငါးခုလုံးကိုပြီးစီးကာ သူ့စွမ်းရည်ကိုလည်း နေအလယ်အလတ်အဆင့် ငါးနှင့်ညီသော ငရဲအဆင့်ဆယ့်ငါးသို့မြှင့်ပြီးပြီဖြစ်သည်။ နှစ်ဦးကြားကွာခြားချက်ကကြီးမားလှ၏။

ဖေး ဘက်ကင်ဟန်၏ မီးစွမ်းအင်အားလုံးကို ဖိနှိပ်ငြိမ်းသက်လိုက်၏။ သူအောက်ဖက်ကိုတစ်ချက်လှမ်းကြည့်တော့ လီယွန်ရေတပ်ရှုံးနေပြီဖြစ်သည်။

စစ်သင်္ဘောအပျက်အစီးအပိုင်းအစများက နေရာအနှံ့ပျံကျဲနေသည်။ နှစ်မြုပ်နေသော စစ်သင်္ဘောကြောင့် ဝဲကတောများဖြစ်နေပြီး အနားရှိအရာများကိုစုပ်ယူနေ၏။ ထိုဝဲကတော့များက ဧရာမပါးစပ်ကြီးများလို အရာအားလုံးကိုစုပ်ယူနေသည်။

သွေးနံ့များကြောင့် ကြောက်မက်ဖွယ်ရာ ရေသတ္တဝါကြီးများရောက်လာပြီး ရေထဲကျနေသော သင်္ဘောသားစစ်သည်များဖမ်းယူဝါးမြိုကြသည်။

ယာယီတပ်မှူးမှာ အဆုံးအရှုံးနည်းစေရန်အလို့ငှာ စစ်သင်္ဘောငါးဆယ်ကို ချက်ချင်း ခံစစ်ပြောင်းစေခဲ့‌သော်လည်း တစ်ခါတစ်ရံဆုံးဖြတ်ချက်မှန်ကန်သော်လည်း ရလာဒ်ကမကောင်းတတ်ရာ ထိုသင်္ဘော၅၀လုံး အဖျက်ဆီးခံလိုက်ရ၏။

ဘုရင်ဘက်ကင်ဟန်မှာ အရူးလိုအော်ဟစ်နေသည်။ ဤစစ်ဆင်ရေးက အန္တရာယ်များမှန်းသူသိပေသည်။ ဤစစ်ဆင်ရေးဖြင့် ဇင်းနစ်၏ ရေတပ်အားလုံးကိုအမြစ်ဖြုတ်ရန်က သူ့အကြံဖြစ်ပြီး လီယွန်က ဤစစ်ဆင်ရေး၌ လူသားနှင့် ပစ္စည်းအရင်းအမြစ်အများအပြားထည့်သွင်းခဲ့၏။

သို့သော်လည်း ဝေးကွာသောခရီးကိုနှင်းလာသော ရေတပ်မှာ ချမ်းဘော့ဒ်သားများပေါ်ပေါက်လာမှုနှင့်အတူ ဖျက်ဆီးခံရပြီး ဘုရင်ဘက်ကင်ဟန်သည်လည်း ထိုကိစ္စအတွက် အင်ပါယာ၏အပြစ်သားအဖြစ် သမိုင်းတစ်လျှောက်လုံးရေးထိုးခံရတော့မည်ဖြစ်သည်။

ဘုရင်ဘင်ကင်ဟန်၏ မျက်လုံးထဲ၌ အနီရောင်အလင်းတန်းထွက်ပေါ်လာ၏။

“ ငါ လက်ခံတယ် ငါလက်ခံတယ် ငါ့ကိုအစွမ်းတွေပေး ငါ့ကိုပေး “ ဘုရင်ဘက်ကင်ဟမ် အော်ဟစ်လိုက်၏။

ခက်ခဲသော ဆုံးဖြတ်ချက်ကိုာချလိုက်ရသည့်အလား ဘုရင်ဘက်ကင်ဟန်၏ မျက်နှာ၌ ကြမ်းကြုတ်မှုပေါ်လာပြီး နာကျင်မှုများလည်းထွက်ပေါ်လာ၏။ ထို့နောက် သု့မျက်လုံးမှ အနီရောင်အလင်းများထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း မျက်လုံးများမှာ သွေးအလားရဲရဲနီသွားတော့သည်။

တစ်ချိန်ထဲမှာပင် သူ့ချွေးပေါက်များမှာ သွေးမြူများထွက်လာရာ သူ့ပုံစံက အံ့ဩထိပ်လန့်ဖွယ်ရာဖြစ်နေသည်။ ရုတ်တရက်သူ့ ခန္တာကိုယ့်မှာ အစွမ်းထက်စွမ်းအင်များထွက်ပေါ်လာပြီး ၎င်းက မြောက်များစွာသော အနီရောင်အားလှိုင်းများအဖြစ် အပြင်ဘက်ကို ပြန့်ထွက်လာ၏။

ဘက်ကင်ဟမ်၏ ချပ်ဝတ်အောက်ရှိကြွက်သွားများမှာ ဖုဖောင်းလာပြီး သူ့ခန္တာကိုယ်အရွယ်အစားသည်လည်း အနည်းငယ်ကြီးမားလာသည်။

အထွတ်အထိပ်လတစ်ပိုင်းအဆင့်

အဆင့်၁ အဆင့်နိမ့်လပြည့်အဆင့်

အဆင့်၂ အဆင့်နိမ့်လပြည့်အဆင့်

အဆင့်၄ အလယ်အလတ်လပြည့်အဆင့်

အထွတ်အထိပ်လပြည့်အဆင့်

ဘက်ကင်ဟမ်၏ အဆင့်က လျှင်မြန်စွာမြင့်တက်လာပြီး သူက အထွတ်အထိပ်လပြည့်အဆင့်ရောက်သွားကာ နေအဆင့်သို့တရွေ့ရွေ့တက်လှမ်းနေ၏။ သူ၏ အဟုန်က တဖြည်းဖြည်းတိုးပွားနေပြီး တကယ်ပဲနေအဆင့်ရောက်မရောက်ကတော့ ပြောရခက်ပေသည်။

ဖေးမှာ အလေးအနက်ဖြစ်သွား၏။ ထိုမြင်ကွင်းမျိုးကို သူအတော်လေး ရင်းနှီးနေသည်မဟုတ်ပါလော။

End