Chapters

နောက်အရိုးစု ၁

Vol. 57 Ch. 885

နောက်အရိုးစု ၁

Vol. 57 Ch. 885

ဓားတစ်လက် ရွှေအရိုးစု၏ စီးနှင်းခံရသကဲ့သို့ ဘက်ကင်ဟန်လည်း စီးနှင်းခံနေရသည်။ ထို့ပြင် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော မြူခိုးငွေနီများကလည်း မိစ္ဆာဆန်လှပြီး ငရဲမှနတ်ဆိုးတစ်ကောင်ထွက်လာပြီး ဘက်ကင်ဟန်အတွင်းသို့ ဝင်ပူးကာ သောင်းကြမ်းနေသကဲ့သို့ရှိ၏။

၎င်းကိုဖျစ်ညှစ်ထုတ်ရန် တွေးလိုက်ပြီး ဖေးရွှေရောင်လက်သီးစွမ်းအင်များကို ဘက်ကင်ဟန်ရှိရာဘက်သို့ပစ်လွှတ်လိုက်သည်။

" ဘုန်း ဘုန်း "

မိစ္ဆာပူးခံနေရသော ဘက်ကင်ဟန်မှာ ရွှေရောင်လက်သီးစွမ်းအင်များကို တိမ်းရှောင်ခြင်းမပြုဘဲ ကိုယ်ပေါ်သို့ အကျခံလိုက်၏။

တောင်တလုံးကိုပင် ချေမွနိုင်သောလက်သီးချက်က ဘက်ကင်ဟန်ကိုဘာမျှ ဖြစ်မသွားစေခဲ့ပေ။ လက်သီးချက်က သံထုပေါ်ကျဆင်းသွားသကဲ့သို့ တတောင်တောင်မြည်သံထွက်ပေါ်လာ၏။

ဘက်ကင်ဟန်မှာ မီတာပေါင်းများစွာ လွင့်ပျံသွားသော်လည်း လေထဲတွင် အရှိန်ထိန်းနိုင်လိုက်သည်။ သူ၏ ချပ်ဝတ်များ စုတ်ပျက်သွားသော်လည်း သူ့ကိုယ်တွင်ဒဏ်ရာရှိမနေပါ။

ဘက်ကင်ဟန်မှာ သားရဲတစ်ကောင်လို ဟိန်းဟောက်ရင်း ဖေးထံ ပိုမြန်သောအရှိန်နှင့် ထပ်မံပြေးဝင်လာ၏။

" ဘုန်း "

ဘက်ကင်ဟန်က လက်သီးတစ်ချက်ထိုးထုတ်လိုက်ပြီး နတ်ဆိုးဆန်သောအနီရောင်စွမ်းအားများက ပုံရိပ်‌ယောင်များနှင့်အတူထွက်ပေါ်လာသည်။ ဖေးမှာ ကမ္ဘာပျက်နေ့ရောက်သွားသည့်အလား နဂါးအရိုးစု ဂဠုန်အရိုးစု စသည့်အရိုးစုများစွာတို့၏ ဝန်းရံမှုကိုခံလိုက်ရ၏။

ချက်ချင်းပင် ကောင်းကင်တစ်ခုလုံး ရဲရဲနီသွားတော့သည်။ ဖြူဖွေးဖွေး သမုဒ္ဒရာမြူများမှာလည်း သွေးဖြင့်ဆိုးခံလိုက်ရသကဲ့သို့ ရဲရဲနီသွား၏။

လီယွန်သားများက ထိုအခြေအနေကိုအောင်ပွဲခံ၍ လွတ်မြောက်ရန်ကြိုးစားကြသကဲ့သို့ ချမ်းဘော့ဒ်သားနှင့် ဘိုင်ဇန်တိုင်းသားများမှာ ရဲရဲနီနေသော ကောင်းကင်ကိုကြည့်ရင်းစိုးရိမ်နေသည်။

ယခုတော့ သွေးမြူများ ဖေးနှင့် ဘက်ကင်ဟန်ကို ဝန်းရံထားပြီးအထဲတွင်ဘာဖြစ်သည်ကို မည်သူမျှမပြောနိုင်ပေ။ သို့သော်လည်း ရဲရဲနီသော သွေးမြူများက တဖြည်းဖြည်းထူထဲလာပြီး ကောင်းကင်နှင့် သမုဒ္ဒရာအကြားပြည့်ကြပ်သွားသည်။

အလက်ဇန္ဒားစစ်သင်္ဘောထက်တွင်ရပ်နေသော အခင်ဗိဗ်နှင့် တောရက် လေးဆရာသခင်နှစ်ဦးပင်စိုးရိမ်သွား၏။ လအဆင့်ဆရာသခင်များဖြစ်ရာ သူတို့က သာမန်စစ်သည်များထက်ပို၍ စွမ်းအင်များအကြောင်းနားလည်သည်။ ကောင်းကင်ယံရှိ သွေးမြူစွမ်းအင်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ခံစားမိကြ၏။

အချိန်ကြာသည်နှင့်အမျှ သွေးမြူများက ပိုပိုထူထဲလာပြီး ၎င်းတို့ထံမှ အော်ဟစ်ဟိန်းဟောက်သံများပင်ထွက်နေ၏။

ဘိုင်ဇန်တိုင်းသားများနှင့် ချမ်းဘော့ဒ်သားများကို စိတ်အေးစေသည်က ကြားနေရသော သတ္ထုခြင်းထိခိုက်သံများဖြစ်သည်။ ၎င်းက ဘုရင်အလက်ဇန္ဒားမှကျဆုံးခြင်းမရှိဘဲ သွေးမြူထဲ၌ တိုက်ခိုက်နေဆဲဖြစ်ကြောင်းဖော်ပြနေ၏။

မကြာခင်မှာပင် တစ်နာရီခွဲလောက် အချိန်ကုန်ဆုံးသွားသည်။

လီယွန်စစ်သင်္ဘောများက မီတာ၅၀၀အကွာလောက်ရောက်သွားပြီး ၎င်းတို့၏ တိုက်ခိုက်ရေးပုံစံကိုပြန်လည်းဖော်ဆောင်ထားပြီးပြီဖြစ်သည်။ စစ်သင်္ဘောပေါ်ရှိ မှော်အစီအရင်အားလုံးကို အသက်သွင်းထားပြီး ရွက်လွှင့်ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။ ထိုစစ်သင်္ဘောများမှ မှော်လူမှုအဖွဲ့အစည်း၏ တိုးတက်သောထုတ်ကုန်များဖြစ်ရာ တစ်နေ့လျှင် ကီလိုမီတာ ၁၀၀၀၀ခန့်အလွယ်တကူသွားနိုင်သည်။

သို့သော်လည်း ကောင်းကင်ယံရှိ တိုက်ပွဲက လီယွန်များကို အနည်းငယ်တုံ့သွားစေ၏။ သူတို့၏ ရေတပ်ဦးစီးမှုက အသာစီးရနေသည်ဟု ထင်နေကြသည်။ ချမ်းဘော့ဒ်နှင့် ဘိုင်ဇန်တိုင်းသားများကလည်း ဆက်မလိုက်ဘဲ ရပ်တန့်၍ တိုက်ပွဲကိုကြည့်ရှုနေကြ၏။ တိုက်ပွဲ၏ အဆုံးအဖြတ်က အသန်မာဆုံး ဆရာသခင်နှစ်ဦး၏ တိုက်ပွဲမှလာမည်ဖြစ်သည်။

အချိန်များတဖြည်းဖြည်း ကုန်ဆုံးသွားပြီး အားလုံးကပူပန်နေချိန်တွင် သွေးမြူများထဲမှ ရယ်သံထွက်ပေါ်လာ၏။ ၎င်းက ဘုရင် အလက်ဇန္ဒား၏ ရယ်သံဖြစ်သည်။

" ဟားဟား ငါသိပြီ ဒီလိုကို ကောင်းတယ်ကောင်းတယ် " ထို့နောက်တွင်တော့ သွေးမြူများကြားမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းအလင်းနှင့်ထိသည့် သွေးမြူတိုင်းအရည်ပျော်ပျောက်ကွယ်သွားရသည်။ မကြာခင်မှာပင် သွေးမြူအားလုံး ကွယ်ပျောက်ပြီး အပြာရောင်ကောင်းကင်ကြီး ပြန်ထွက်ပေါ်လာ၏။

End