Chapters

နောက်အရိုးစု ၂

Vol. 57 Ch. 886

နောက်အရိုးစု ၂

Vol. 57 Ch. 886

အပိုင်း ၈၈၆ နောက်အရိုးစု ၂

ထိုမြင်ကွင်းက လီယွန်၏ စစ်သည်များကိုထိပ်လန့်သွားစေသည်။ အားလုံး လက်စတုန်းခံရတော့မည်ကိုသိရာ စစ်သင်္ဘောအတွင်းရှိ မှော်အစီအရင်များကို စတင်တော့သည်။ စိမ်းပြာရောင် အပြာရောင် မှော်မီးတောက်များတောက်လောင်လာပြီး သင်္ဘောကြီးမှ လေးမှထွက်သော မြားသဖွယ် ပြေးထွက်လာသည်။ အချိန်တိုအတွင်း အရှိန်အလွန်မြန်လာပြီး သမုဒ္ဒရာတွင်း၌ အဖြူရောင်တန်းလေးသာချန်ပြီး ထွက်ခွာလာ၏။

လီယွန်၏ စစ်သင်္ဘောများက အလင်းတန်းများအလား မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်ယံရှိ သွေးမြူများမှာလဲ ပြန့်ကျဲပျောက်ကွယ်သွားပြီဖြစ်သည်။

ဘုရင်အလက်ဇန္ဒားမှာ လေထဲ၌ ဝတ်ရုံများ ဆံပင်များ တဖျပ်ဖျပ်လူလွန်းရင် ရပ်နေ၏။ သူ၏ လက်ထဲတွင်တော့ သတိလစ်နေသော ဘက်ကင်ဟန်ကို ကိုင်ဆွဲထားသည်။ ဘက်ကင်ဟန်မှာ သတိလစ်နေသည့်တိုင် ရုန်းကန်တိုက်ခိုက်နေဆဲဖြစ်သည်။

ထိုသို့ရုန်းကန်လှုပ်ရှားရင်း သူ၏ ချောမောခန့်ညားသောမျက်နှာက မဲမှောင်ကြမ်းကြုတ်လာ၏။ သံမှ ထွင်းထားသော လူပုံအလားပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများက သွေးသို့ရဲရဲနီးလာပြီး ပါးစပ်မှ အနက်ရောင်အခိုးအငွေ့များထွက်လာသည်။ သူ၏ သွားများသည်လည်း ဓားကဲ့သို့ဖြူဖွေးထက်ရှလာ၏။

သူ့ကိုယ်မှ စွမ်းအားများက နေအဆင့်၌ရှိနေသေးသည်။ သို့သော်လည်း သူမည်မျှ ရုန်းကန်ပါစေ ဖေး၏ပိုမိုအစွမ်းထက်သောချုပ်ကိုင်မှုကြောင့် မလွတ်မြောက်နိုင်ဖြစ်နေ၏။ နောက်ဆုံး၌ ဘက်ကင်ဟန်မှာ ပြန်တိုက်ရန် ခွန်အားပင်မရှိတော့ပေ။

သူ၏ မိစ္ဆာဝင်ပူးခံရသော ပုံစံကဆက်ရှိဆဲဖြစ်သော်လည်း ကိုယ်တွင်းရှိထိုအရာက ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေသည်။ လက်သီးဆုပ်ခန့်ရှိသော အလုံးတစ်လုံး ဘက်ကင်ဟန်၏ ကိုယ်တွင်ပေါ်ပေါ်လာသော်လည်း ၎င်းမလွတ်မြောက်နိုင်ရန် ဖေးကရွှေရောင်စွမ်းအင်ဖြင့် ဖိဖိချနေသည်။

ဘက်ကင်ဟန်ကို ဆုပ်ကိုင်ထားရင် ဤတိုက်ပွဲမှ နားလည်မှုတစ်ချို့ရလိုက်သည်ဟု ဖေးခံစားလိုက်ရသည်။

ဖေးငုံ့ကြည့်လိုက်တော့ လီယွန်စစ်သင်္ဘော များလွတ်မြောက်သွားပြီဖြစ်သည်။ အစင်း ၂၀၀ရှိသည့်အနက် ၁၀၀လောက်မှာ မိုးကုတ်စက်ဝိုင်းအတွင်းတိုးဝင်ပျောက်ကွယ်သွားရာ လိုက်ဖမ်းရန်မဖြစ်နိုင်တော့ပေ။

ဘက်ကင်ဟမ်၏ စတေးမှုက အလကားမဖြစ်ခဲ့ပေ။ သူ လီယွန်ရေတပ် လွတ်မြောက်ရန်အတွက် အချိန်ဆွဲပေးနိုင်ခဲ့၏။ ဖေးချက်ချင်းပင် မလွတ်မြောက်သေးသော စစ်သင်္ဘောများ၏ အရှေ့၌ ထွက်ပေါ်လာသည်။

ထို့နောက် သူ့လက်ကို ဖိချလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက ရေပြင်ပေါ်သို့ပြေးထွက်သွား၏။ ရေပြင်၌ မီတာဆယ်ချီသောလှိုင်းများပေါ်ထွက်လာပြီး ကျန်ရှိသော သင်္ဘော၆၀,၇၀ဆယ်ခန့်မှာ ဇကောထဲအလိမ့်ခံရသော ဆီးသီးများကဲ့သို့ဖြစ်သွားကာ အတွင်းရှိသင်္ဘောသားများမှာလည်း မည်သူမျှ မတ်မတ်မရပ်နိုင်တော့ပေ။

ဖေးထပ်မံ၍ လက်သီးချက်များ ထိုးလိုက်ရာ ပင်လယ်ပြင်၌ လှိုင်းများပိုပိုထန်လာသည်။ လီယွန်စစ်သင်္ဘောများမှာ ပိုမိုလှုပ်ခါလာသည်ဖြစ်ရာ သင်္ဘောသားများလည်း ဘာမှမလှုပ်ရှားနိုင်ဖြစ်နေ၏။ နောက်ဆုံး အစီအရင် လေးငါးခုလောက် အသက်သွင်းပြီးမှ သင်္ဘောများတည်ငြိမ်သွားသည်။ ထိုအချိန်တွင်တော့ သင်္ဘောများမှာ ထွက်ပြေးရန်အချိန်မလုံလောက်တော့ပေ။

ဖေးကျန်သည့်တိုက်ပွဲများကိုတော့ ဝင်မပါတော့ပေ။

လအဆင့်လကိရွေးစင် တောရက်နှင့် အခင်ဗိဗ် အခြားသော အစွမ်းထက်ဆရာသခင်များဖြစ်သည့် ဘုရင်ကွန်စတန်တင်းနှင့် ချမ်းဘော့မှဆိုင်ရာတို့ရှိနေရာ လီယွန်များအဖို့ အရေအတွက်သာသော်လည်း စိတ်ဓာတ်ရေးရာပိုင်းတွင် နိမ့်ကျသွား၏။ တိုက်ပွဲက မနက်မှ နေ့လည်အထိဆက်ဖြစ်ပွားနေပြီး နောက်ဆုံးတွင် လီယွန်များ ရှုံးနိမ့်သွားသည်။

ဖေးကတော့ လက်ဇန္ဒားစစ်သင်္ဘောထံ ပြန်မသွားပေ။ ဘက်ကင်ဟန်ကိုကိုင်ထားရင်း သာမာန်ဆရာသခင်များ မရပ်တည်နိုင်သော လေကြမ်းသည့် ကောင်းကင်ထက်မီတာ၁၀၀၀၀အထိ တက်သွားလိုက်၏။

ထို့နောက် ခေးအော့ပလ္လင်ကိုဆင့်ခေါ်လိုက်ပြီး ဖေး၏ ဆန္ဒအောက်တွင်ပဲ ပလ္လင်၏ အခြေပလက်ဖောင်းမှာ မီတာ၄၀လောက်ထိပြန့်ကျဲသွားသည်။ ထို့နောက် သိပ္ပံရူးဓာတ်ခွဲခန်းမှ ဖန်တီးသည့် အတုပ်အနှောင်များကိုထုတ်ယူ၍ ဘက်ကင်ဟမ်၏ ခြေချင်း လက်ကောက်ဝတ် လည်မျိုတို့တွင် တပ်ဆင်လိုက်ကာ ဘက်ကင်ဟမ်၏ စွမ်းအားများကို ချိပ်ပိတ်လိုက်၏။

ထို့နောက် ဘက်ကင်ဟမ်ကို မေးခွန်းများထုတ်တော့သည်။ တိုက်ပွဲက ၅၀-၅၀ဟု ထင်ရခဲ့သော်လည်း ဖေးအလွယ်လေးအနိုင်ယူနိုင်ပေသည်။

End