← Chapters

အပိုင်း (၅၀၇) – သူတို့အသက်များခြိမ်းခြောက်ခံရခြင်း

Vol. 006 Ch. 507

အပိုင်း (၅၀၇) – သူတို့အသက်များခြိမ်းခြောက်ခံရခြင်း

Vol. 006 Ch. 507

မိုဒိဆန်းသည် ဒီနေရာတွင် လုပ်ငန်းကိစ္စများပြီးသွားပြီဖြစ်သဖြင့် ရှီမာယူယူနှင့် တခြားသူများသည် ရွှန်းယွမ်ဆိုင် လေလံပွဲကျင်းပမည့် ထိပ်တန်းမြို့တော်သို့ သွားရန်စီစဉ်ကြ လေသည်။

ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ဖြတ်လမ်းတည်ဆောက်မှုအား အသုံးပြုလျှင် မူးဝေနိုင်သည်။ သို့သော် ထိပ်တန်းမြို့တော်မှာ ဝေးလွန်းသဖြင့် ၃ရက်မှ ၅ရက်အတွင်း မရောက်နိုင်ပေ။ သည်လိုနှင့် သူတို့သည် ဖြတ် လမ်းတည်ဆောက်မှုကို မသုံးမဖြစ်သုံး ရတော့သည်။

ကံကောင်းသည်မှာ မိုဒိဆန်းကူညီပေးသော မျိုးနွယ်မှာ ထိုနေရာတွင် လွှမ်းမိုးမှုအရှိဆုံး မျိုးနွယ်ဖြစ်လေ သည်။ သူတို့သည် ထိပ်တန်းမြို့တော်တွင် ဖြတ်လမ်းတည်ဆောက်မှု ပညာကို သင်ယူထားသဖြင့် နယ်နိမိတ် များအကြောင်းကို သိကာ ထိုနေရာတွင် ဖြတ်လမ်း တည်ဆောက်မှုကို တာဝန်ယူထားသူများ ဖြစ်ကြသည်။ မိုဒိဆန်း၏အကူအညီဖြင့် သူမသည် အချိန်ရက်ပိုင်းမျှ အဝေးရောက် ဖြတ်လမ်းတည်ဆောက်မှုကို ဖန်တီးလေ သည်။

ဝူလင်းယူသည် ဝင်ပေါက်ဖန်တီးကာ သူတို့အားခေါ်သွားနိုင်သည်ဟု ပြောသော်လည်း သူမသည် လုပ် စရာလည်းမရှိကာ ထိုအခွင့်အရေးကိုအမိအရဆုပ်ကိုင်ရမည်ဟု ရှီမာယူယူ တွေးခဲ့သည်။ သူမသည် ထိုအကွာ အဝေးလောက်ရှိသော ဖြတ်လမ်းတည်ဆောက်မှုကို မလုပ်ဖူးသဖြင့် ကြိုးစားကြည့်ချင်သည်။

“မင်း ပြန်ဝင်စားပြီးတော့ အများကြီးသင်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူးပဲ” မိုဒိဆန်းသည် ရှီမာယူယူ၏ ပြန်လည်ဝင်စားခြင်းကို သိနေပြီဖြစ်သည်။ သူမသည် သားရဲ ထိန်းကျောင်းသူသခင်နှင့် တည်ဆောက်မှုသခင် ဖြစ်  ကြောင်းကိုလည်း သိပြီဖြစ်လေသည်။ သူသည် အလွန်အံ့သြသွားခဲ့ရသည်။

“အရင်ကထက်နည်းနည်းပိုသိလာတာပဲှရိတာပါ အရင်ကတည်းက အဂ္ဂိရတ်ပညာကို စိတ်ဝင်စားပြီး  တော့ အခုက ပြန်စသင်ဖို့ အခွင့်အရေးရလာပြီး ပိုလေ့လာတာနဲ့အမျှ ပိုကောင်း လာတာပေါ့” ရှီမာယူယူ ပြော လိုက်သည်။

“ငါ မင်းအကြောင်းကြားတုန်းက မင်းအတွက် ခါးသီးစရာတွေချည်းလို့ထင်ခဲ့တာ ဒါပေမဲ့ မင်းက အမြတ် ရအောင်လုပ်သွားတယ်” မိုဒိဆန်း ပြောလေသည် “ပြောပါဦး မင်းလိုလူက တိုင်းပြည်တစ်ခုလုံးမှာ အရမ်း နာမည် ကြီးခဲ့မှာပဲ၊ င့ါတစ္ဆေအရည်အချင်းကတော့ မင်းကြောင့် မှေးမှိန်သွားတော့မှာပဲ”

“တော်ပြီ ငါနည်းနည်းပဲသိတာပါ မင်းနဲ့တွေ့ပြီး သိပ်မကြာဘူးဖြစ်သွားခဲ့တာပဲ ငါ့ကို ဟိုနေရာ ဒီနေရာ  ထောက်ပြပေးပေါ့ ဟုတ်ပြီလား” သူမ ပြုံးပြီးပြောလိုက်သည်။

“ကောင်းပါပြီ” မိုဒိဆန်းသည် လျင်မြန်စွာပင် သဘောတူလိုက်သည်။

သူသည် အစတည်းကပင် ရှီမာယူယူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကာ သူမအား မိတ်ဆွေ  ကောင်းတစ်ယောက်ကဲ့သို့ သဘောထားခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ၏ အမူးလွန်တတ်သော အကျင့်  ကြောင့် သူမအား မကယ်နိုင်လိုက်သည်ကို လွန်စွာ နောင်တရသည်။ အခု သူမသည် အသက်ရှင်လျက် ပြန်လာ  ပြီဖြစ်ရာ လုပ်သင့် လုပ်ထိုက်သည်များကို သိသည်။

သူတို့ တည်ဆောက်မှုကို ဖန်တီးပြီးချိန်တွင် ကုန်ရှန်ယိသည် အလွန်အံ့သြမိလေသည်။

တစ္ဆေအရည် အချင်း မိုဒိဆန်းထက် ရှီမာယူယူတွင် တစ္ဆေအရည်အချင်းပိုရှိကြောင်း ပြောလေသည်။

“ဒါက အရှက်မရှိတဲ့ ဒိဆန်းနဲ့ရှိနေလို့မဟုတ်ဘူးလား သူကသာ တော်တော်များများကို လုပ်နေတာပါ ငါက တစ်ခါတစ်ခါ ကူပေးတာပဲရှိတယ်” ရှီမာယူယူ ပြောလေသည်။

“ဒီလောက်ဝေးတာကို နယ်နိမိတ်တွေမှန်တယ်ဆိုတာ သေချာရဲ့လား၊ တွေ့ကရာနေရာ ကို ပို့လိုက်မှာ  တော့မဟုတ်ပါဘူးနော်” ဝူလင်းယူသည် မျက်ခုံးများ ပင့်လိုက်သည်။

“အဟွတ် အဟွတ်” ရှီမာယူယူသည် ချောင်းနှစ်ချက်ဟန့်လိုက်လေသည်။ “ကျွန်တော်တို့ နယ်နိမိတ်  တွေသိရင်တောင် ဝေးလွန်းတယ်လို့ အရှက်မရှိ တဲ့ဒိဆန်းက ပြောတယ် အပြောင်းအလဲ တော့ နည်းနည်းရှိတာ ပေါ့ ဒါပေမဲ့ အများကြီးပြောင်း တာတော့မဟုတ်ပါဘူး”

“အစ်မရဲ့ ဖြတ်လမ်းတည်ဆောက်မှုမှာ ဘာပြဿနာမှမရှိလောက်ပါဘူးနော်” ရှီမန်ဖန် သည် အနည်း ငယ် စိုးရိမ်စွာ မေးလိုက်လေသည်။

“မရှိပါဘူး အစ်မကိုသာယုံလိုက်” ရှီမာယူယူသည် ရှီမန်ဖန်၏ ပခုံးကိုပုတ်လိုက်လေ သည် “အားလုံးရဲ့ အသက်နဲ့ ငါကဘယ်လိုလုပ် ကစားမလဲ အဲလိုဆိုရင် ငါ့ကိုမယုံရင်တောင် အရှက်မရှိတဲ့ဒိဆန်းကိုတော့ ယုံရမယ် မလား”

“ပုံမှန်ဖြတ်လမ်းတည်ဆောက်မှုတွေထက်တော့ မမူးလောက်ပါဘူးနော် ဟုတ်တယ် မလား”

“မမူးလောက်ပါဘူး” ရှီမာယူယူသည် မသေမချာ ပြောလေသည်။

သူမ လုပ်သော ဖြတ်လမ်းတည်ဆောက်မှုများသည် မမူးတတ်ပေ။ သို့သော် ဒီလောက်ဝေးသည့်  ဖြတ်လမ်းကို မလုပ်ဘူးသဖြင့် ရလဒ်ကဘယ်လိုဖြစ်လာမလဲကို မသိနိုင် ပေ။

သူတို့ခံစားရသော စိုးရိမ်မှုများကို ဖိနှိပ်ကာ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှု ပေါ်သို့ တက်လိုက်ကြသည်။ ရှီမာယူယူ အသက်သွင်းပြီးသော်အခါ သူတို့သည် ပျောက်ကွယ်သွားလေသည်။ သူတို့ ထွက်သွားသည် နှင့် တည်ဆောက်မှုသည် အမှုန်ဖြစ်သွား လေသည်။

ထိုနေရာနှင့် ကီလိုမီတာ သောင်းချီသော နေရာတစါခုတွင် လူတစ်စုသည် တောင်ကြားမှ ကွင်းပြင်ဆီသို့ ပြေးလာနေကြလေသည်။ သူတို့သည် ထိပ်တန်းမြို့တော်သို့ မရပ်မနားပြေးကြ လေသည်။

ဝိညာဉ်သားရဲသည် သူတို့အား ကျောပေါ်တင်ကာ ကွင်းပြင်များဆီသို့ ပြေးနေလေသည်။ ကျောပေါ်ရှိ လူများသည် လှည့်ပြီး ကြည့်ကြလေသည်။ သူတို့ကို လိုက်လာသော လူများကို မြင်သောအခါ သူ့အမူအရာသည်  ပြောင်းသွားလေသည်။

“သခင်လေး သခင်မလေး ခဏတော့ ဒီလူတွေကို ရပ်ဖို့ ကြိုးစားကြည့်မယ် သခင်လေးတို့က ပြေးဖို့ပဲ အာရုံစိုက်ထားပါ ပြန်လှည့်မလာနဲ့ လာကယ်မှာကိုပဲစောင့်နေ” သတ်လတ်ပိုင်း အမျိုးသားတစ်ယောက်သည် သူ့ သခင်ကို ပြောလေသည်။

“သူတို့မှာလူအရမ်းများတယ် နေခဲ့လည်းဘာအသုံးဝင်မျာလဲ လူတွေအများကြီးဆုံးရှုံး ပြီးပြီ ဦးလေး ပြန် သွားမယ်ဆိုရင် အသေခံတာနဲ့အတူတူပဲ” အလယ်တွင် အကာကွယ်ခံထား ရသော အမျိုးသမီးသည် အော်လိုက်  လေသည်။

“သခင်လေးနဲ့ သခင်မလေး မသေဖို့က အရေးကြီးတာပါ သခင်မလေးတို့သာ လုံခြုံမယ်ဆိုရင် ကျွန်တော်တို့ သေတာက ဘာမှမဟုတ်ဘူး” သတ်လတ်ပိုင်းအရွယ်အမျိုးသား ပြောလေသည်။

“ဟုတ်တယ်” တခြားသူများသည် ထောက်ခံကြလေသည်။

“အရင်ဆုံး ပြေးဖို့သာ လုပ်ကြပါ” ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသားသည် တခြားသူများကို ကြည့် လိုက်လေသည်။ သူတို့အဖွဲ့သည် ဝိညာဉ်သားရဲများ၏ ကျောပေါ်တက်ပြီး မိုးပေါ်တွင် စောင့်ကြလေသည်။

“ဦးလေးကျုံး” အမျိုးသမီးသည် အော်လိုက်သော်လည်း ဝိညာဉ်သားရဲသည် သူတို့အားခေါ် ဆောင်ကာ အဝေးသို့ ပျံသွားလေသည်။

“အစ်မ ငါတို့အခုသွားရင်တောင် သေမှာပဲ သူတို့ကို ဘာမှမဟုတ်ပဲအသေခံခိုင်းလို့ မရဘူးလေ” ထို လူငယ်လေးသည် ပြောလေသည်။

“ဂျွန်ဟွေ သူ့ကိုတွေ့လို့ကတော့ အရှင်မထားဘူး” ထိုအမျိုးသမီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ အောက်မှလူများကို ငုံ့ကြည့်ကာ ပါးပြင်ပေါ်သို့ မျက်ရည်များ ကျလာလေသည်။

သူတို့နောက်လိုက်လာသော လူများသည် နီးနီးလာကာ တိုက်ပွဲတိုက်နေကြသည်ကို သူမ ကြည့်နေခဲ့ သည်။ သူမတို့လူများသည် လျင်မြန်စွာပင် တစ်ဝက်လောက်အသတ်ခံရကာ သုံးယောက်မှ ငါးယောက်သည် အသက်လုကာ ခုခံနေရသည်။

လူအနည်းငယ်သာ ကျန်တော့သည်ကို တခြားသူများတွေ့သောအခါ ထိုမောင်နှမ နှစ်ယောက် နောက် သို့ လျင်မြန်စွာ လိုက်ကြလေသည်။

“အစ်မ သူတို့ကို သွားတိုက်မယ်” လူငယ်လေးသည် မတ်တတ်ရပ်ကာ ပြောလေသည်။

“အရူး ငါကပိုသန်မာတာ ငါသွားသင့်တာပေါ့”

“အစ်မ အဖေနဲ့ အမေက အစ်မကို အများကြီးမျှော်လင့်ထားတာ အစ်မက င့ါလိုမဟုတ်ဘူး ပိုသန်မာ တယ် အဲဒါကြောင့် အသက်ရှင်နေရမယ်”

“မဖြစ်ဘူး မင်းက ငါတို့်မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးပဲ မင်းက မိသားစု နာမည်ကို ထိန်းသိမ်းရမယ် မင်းသာအသက်ရှင်မယ်ဆိုရင် ဂျွန်ဟွေနဲ့ ဂျွန်မျိုးနွယ်ကို သေချာပေါက် တိုက်ထုတ်ရမယ် ဒီနေ့  သေသွားတဲ့ လူတွေအတွက် မင်းပဲ လက်တုန့်ပြန် ပေးနိုင်မှာ နားလည်လား”

“ဟား ဟား မင်းတို့မောင်နှမတွေ ရန်ဖြစ်မနေကြနဲ့တော့ ဘယ်သူမှ ဒီနေ့ ထွက်မသွား ရဘူး” အား  ကောင်းသော အသံတစ်သံသည် အနောက်မှ ထွက်လာလေသည်။ သူတို့သည် လျင်မြန်စွာ မှီလာကာ မြေပေါ် သို့ ဆင်းသက်လိုက်လေသည်။ မောင်နှမနှစ်ယောက်သည် အဝိုင်းခံလိုက်ရ လေသည်။

သူတို့မျက်နှာပေါ်မှ လူသတ်မည့်အကြည့်များကို တွေ့သောအခါ မောင်နှမနှစ်ယောက် သည် ရင်ခုန်သံ များမြန်လာသည်။ ထိုအခြေအနေကို ကြည့်ရသည်မှာ ထိုနေရာမှ အသက်ရှင်လျက်ထွက်သွားရန်မှာ မလွယ်ကူ နိုင်ပေ။

တစ်ဖက်တွင် ကျန်ခဲ့သောလူများကို ရှင်းပြီးသွားသော အစောင့်များသည် မောင်နှမအား လာဝိုင်းကြ လေသည်။

“ငါ ဒီဝိုင်းထားတာကို ဖောက်ဖို့ နည်းလမ်းရှာမယ် ငါ့ကိုငါ စတေးပြီး သူတို့ကို နှောင့်နှေးအောင် လုပ် လိုက်မယ်” ထိုမိန်းကလေးသည် ပြတ်သားစွာ ပြောလေသည်။

“အစ်မ” ကောင်လေးသည် မျက်လုံးပြူးကာ အော်လေသည်။ သူမ ပြတ်သားစွာ ဆုံးဖြတ်ထားသည်ကို သူသည် နာကျင်သောမျက်လုံးများဖြင့် ကြည့်လေသည်။

“သူမကိုယ်သူမ စတေးဖို့အခွင့်အရေးမပေးနိုင်ဘူး မြန်မြန်သွား” အမျိုးသားတစ်ယောက် အော်လိုက်  လေသည်။

ထိုစကားကို အမျိုးသမီးကြားသည်နှင့် ချက်ချင်းပင် သူမခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအင်ထည့်ကာ စတေးရန်လုပ်လေသည်။ သို့သော် သူမ စတင်ရုံရှိသေးသည် ဝိညာဉ်သားရဲ စီးလာသော တစ်စုံတစ်ယောက်သည်  ဖြတ်လိုက်ရာ သူမလဲသွားပြီး ပါးစပ်မှ သွေးများအန် ထွက်လာလေသည်။

“အစ်မ” ကောင်လေးသည် ခုန်ဆင်းကာ အမျိုးသမီးလေးအား ဆွဲထူလိုက်သည်။ သူသည် ထိုလူတစ်စု အား မုန်းတီးစွာ ကြည့်လိုက်သည်။

သူတို့က တကယ်ပဲ ဒီနေ့သေရတော့မှာလား။

ထိုအချိန်တွင် လေဟာပြင်ဝင်ပေါက်တစ်ခုပွင့်ကာ လူနှစ်ယောက်ကျလာပြီး နောက်ထပ် သုံးယောက် ထွက်လာလေသည်။ သူတို့သည် လျင်မြန်စွာ သူတို့နှစ်ယောက်အား ဆွဲထူလေသည်။

ရုတ်တရက်ရောက်လာသောလူများသည် ခေါင်းမော့ကြည့်နေသော သူတို့ကို ကြည့်နေလေသည်။

ဝူလင်းယူသည် လဲကျသွားသော ရှီမာယူယူကို ဆွဲထူနေသည်ကို သူတို့မြင်သောအခါ ထိုကောင်လေး သည် အော်လိုက်မိလေသည်။

“ယူယူ”

All Chapters