Chapters

နောက်အရိုးစု ၃

Vol. 57 Ch. 887

နောက်အရိုးစု ၃

Vol. 57 Ch. 887

မိစ္ဆာပူးခံရသော ဘက်ကင်ဟမ်မှာ နေအဆင့်သို့ရောက်လာသော်လည်း ဖေးထက်အားနည်းဆဲဖြစ်သည်။ ဖေးက အဆင့်တက်စ နေအဆင့်စွမ်းအင်နှင့်အသားမကျသေးသူမဟုတ်ဘဲ နေစွမ်းအင်နှင့် တိုက်ခိုက်ရေးအတွေ့အကြုံကျင်လည်နေသူဖြစ်နေပြီဖြစ်သည်။

ဖေးမှာ အနီရောင်မြူများနှင့် ရစ်ပတ်ခံရသော်လည်း မခုခံသလို ထိခိုက်ခြင်းလည်းမရှိပေ။ သူသာအစကတည်းက အားကုန်သုံးပါက သုံးကွက်အတွင်းအနိုင်ရနိုင်၏။

ထိုလုပ်ရပ်အတွက် ဖေးတွငိအကြောင်းပြချက်ရှိသည်။ တိုက်ကြီး၌ အမှောင်မိစ္ဆာတစ်ဖွဲ့က ပိုပိုလှုပ်ရှားလာပြီး အပြောင်းအလဲများကို တွန်အားပေးဖြစ်ပေါ်နေစေကြောင်းတွေ့ရသည်။ ထိုအဖွဲ့က အသစ်ဖြစ်ပြီး အလျှင်အမြန်ကြီးထွားလာခြင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တိုက်ကြီး၏ ဆရာသခင်များ သတိမပြုမိသေးခြင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုအဖွဲ့က စတင်၍ ထိန်းချုပ်က အစီအစဉ်တစ်ခုကိုအကောင်အထည်ဖော်နေပုံရပေသည်။

၎င်းက အရေးကြီးသောအရာဖြစ်သည်။ ဖေးသာ ၎င်းကိုယခုရင်ဆိုင်ရပါက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်၏။ ထို့ကြောင့် ထိုအဖွဲ့နုစဉ်အခါ၌ သူထိုအဖွဲ့အကြောင်း ကောင်းကောင်းသိထားရမည်ဖြစ်သည်။

ဘက်ကင်ဟမ်ကို နာရီဝက်ကြာအောင် အချိန်ဆွဲတိုက်ခိုက်နေရင်း ထို မိစ္ဆာစွမ်းအားကို ရင်းနှီးကျွမ်းဝင်အောင်ဖေးကြိုးစားနေ၏။ သူက ထိုစွမ်းအား၏ အရင်းအမြစ်၊ အားနည်းချက်နှင့် ပျိုးစေ့ချထားခံရသူများ အပူးကပ်မခံရမှီ ပျိုးစေ့ချထားခံရမှုကိုသိနိုင်အချက်များကို ဖော်ထုတ်ရန်ကြိုးစားနေ၏။

ယခုတော့ သူ့မေးခွန်းများအတွက် ဖေးအဖြေတစ်ချို့ထုတ်နိုင်ပြီဖြစ်သည်။ ဓားတစ်လက်၏ ကိုယ်တွင်းရှိ ရွှေရောင်အရိုးစုနှင့် ဤသွေးအရိုးစုက မတူညီကြောင်းသေချာသွားပြီဖြစ်သည်။ ဘက်ကင်ဟမ်နှင့် ဓားတစ်လက်တို့၏ ကိုယ်တွင်းရှိ အရိုးစုများ၏ မိစ္ဆာစွမ်းအင်မှာတူညီသော်လည်း အမတေခြင်းကကွဲပြားလှ၏။

" ဂီး ဂီး " ဘက်ကင်ဟမ်က မိစ္ဆာတစ်ကောင်လို မျက်လုံးများနီရဲပြီး ပြန်လည်တိုက်ခိုက်ရန်ကြိုးစားရုန်းကန်နေ၏။

ဖေးထံမှ ရွှေရောင်စွမ်းအင်၏ ဖိနှိပ်မှုမရှိရာ သူ့အတွင်းရှိ မိစ္ဆာစွမ်းအင်များ စတင်၍ ထွက်ပေါ်လာတော့သည်။ သူ့ကြွက်သားများ၌ အလုံးကြီးများတစ်လုံးပြီးတစ်လုံးထွက်ပေါ်လာကာ ကိုယ်တွင်းမှာ မွန်စတားတစ်ကောင်ပေါက်ကွဲထွက်လာတော့မည်အလားထင်သွားရသည်။

ထောက် ထောက် ထောက်

နောက်အခိုက်အတန့်တွင်တော့ ဘက်ကင်ဟန်၏ ခြေဆစ် လက်ဆစ်များတွင် အဟန့်အတားများပေါ်ထွက်လာပြီး တစ်ခုချင်းစီကျိုးပျက်သွား၏။ ထို့နောက်တွင် သူက လည်ပင်းနှင့် ခါးရှိ အချုပ်အနှောင်ကို ဆွဲဖြတ်လိုက်ရာ ၎င်းက စက္ကူဖြင့်ပြုလုပ်ထားသကဲ့သို့ကျိုးပျက်သွားသည်။ အချုပ်အနှောင်များကျိုးပျက်သွားသည်နှင့် ဘက်ကင်ဟန်မှာ ဖေးထံသို့ပြေးဝင်လာ၏။

ဖေးကတော့ ခေးအော့ပလ္လင်ပေါ်တွင် မေးစေ့ကိုပွတ်သပ်ရင်းထိုင်နေသည်။ သူက နေရာမှ ရွေ့ပင်မရွေ့ပေ။

ရုတ်တရက် ပလက်ဖောင်းပေါ်မှ စုပ်အားတစ်ခုထွက်ပေါ်လာပြီး ဘက်ကင်ဟမ်ကို စုပ်ယူနေ၏။ ဘက်ကင်ဟမ်မှာ ယခုနမှ ပြေးဝင်လာသည့်အခြေအနေတွင်ရှိသော်လည်း ယခုတော့ ပလက်ဖောင်း၏ စုပ်ယူမှုကြောင့် ခြေများကပ်နေပြီး ခေါင်းပင်မမော့နိုင်တော့ပေ။ သူက အလွန်အမင်းနာကျင်သည့်အခြေအနေတွင် ကျရောက်နေဟန်ရှိ၏။

ခေးအော့ပလ္လင်မှာ ဖန်တီးထားသည့် ပလက်ဖောင်းပေါ်တွင် ပတ်ပတ်လည် ရှစ်မီတာအတွင်း ဖေးမှာပြိုင်ဘက်ကင်းသည်။ ထိုနေရာလေးအတွင်း၌ ဖေးမှာ နတ်ဘုရားဖြစ်ပြီး ပြိုင်ဘက်ကိုအနိုင်ယူနိုင်ရန် နည်းလမ်းများစွာရှိသည်။

" မွန်းစတားကောင် ခုထိ ကိုယ့်ကိုယ်ကို ထုတ်မပြသေးဘူးလား " ဖေး၏ မျက်လုံးအတွင်းမှ ရွှေရောင်းအလင်းများ ထွက်ပေါ်လာပြီး ဖေးက ခန်းနားစွာအော်ဟစ်လိုက်၏။

ထို့နောက် ဘက်ကင်ဟမ်၏ ကိုယ်မှာ အလင်းများတောက်ကလာပြီး အသားအမျှင်လွှာများပျောက်သွားသကဲ့သို့ ဖောက်ထွင်းမြင်ရသည့်ကိုယ်ဖြစ်ပေါ်လာသည်။ အနီရောင်အလင်းတန်းကိုဖြတ်ပြီး ဖေး ဘက်ကင်ဟမ်၏ကိုယ်ထဲတွင် အရိုးစုနှစ်ခုရှိနေသည်ကိုမြင်နေရ၏။

တစ်ခုကတော့ ဘက်ကင်ဟမ်၏ ကိုယ်ပိုင်အရိုးစုဖြစ်သည်။ နောက်တစ်ခုကတော့ နီရဲနေပြီး ဂျယ်လီတုန်းကဲ့သို့ ဘက်ကင်ဟမ်၏ကိုယ်ထဲတွင် ယိမ်းယိုင်လှုပ်ရှားနေ၏။ ၎င်းက ကြောက်စရာကောင်းပြီး ဘက်ကင်ဟမ်၏အရိုးကိုစုပ်ယူနေသောမျှော့ကြီးလို ဘက်ကင်ဟမ်၏အရိုးစုနှင့်ဖြည်းညှင်းစွာပေါင်းစည်းနေသည်။

End