← Chapters

ထပ်မံဆုံတွေ့ခြင်း ၁

Vol. 57 Ch. 888

ထပ်မံဆုံတွေ့ခြင်း ၁

Vol. 57 Ch. 888

ခေးအော့ပလ္လင်(ဖရိုဖရဲပလ္လင်)၏ ဖိနှိပ်မှုအောက်၌ ဘက်ကင်ဟန်ကိုယ်တွင်းရှိ ဂျယ်လီကဲ့သို့သောအရိုးစုမှာ စတင်ကြောက်ရွံ့လာ၏။ ၎င်းက ဘက်ကင်ဟန်နှင့် တစ်သားထဲပေါင်းစပ်မည့်အစား ဘက်ကင်ဟန်ကို စွန့်ခွာပြေးရန်ကြိုးစားလာသည်။

ဘက်ကင်ဟန်၏ ကိုယ်ပေါ်မှ အဖြူရောင်အလင်းမှာပိုပိုတောက်ပလာပြီး နောက်ဆုံးတွင်ဂျယ်လီကဲ့သို့သော အရိုးစုမှာ ဘက်ကင်ဟန်ကိုယ်မှ လုံးဝကွဲကွာသွား၏။

၎င်းက လုံးဝ လူပုံစံအရိုးစုဖြစ်ပြီး ခန္ဓာဗေဒအရိုးအပြည့်အစုံဖြစ်ကာ တစ်ရိုးမျှလွဲနေ ကျန်နေခြင်းမရှိပေ။ ၎င်းမှ သွေးကဲ့သို့ရဲရဲနီစေးပျစ်သောအရည်များကျနေပြီး သွေးတော့မဟုတ်ချေ။ ၎င်းက ဖေးတစ်ခါမျှ မမြင်ဘူးသောအရာမျိုးဖြစ်သည်။ အရိုးစု၏ မျက်တွင်းတွင်တော့ အနီရောင်မီးတောက်တစ်ခုရှိပြီး ၎င်းက အသိညာဏ်ပေးစွမ်းပုံရ၏။ ထိုမီးတောက်ထံမှ စိတ်ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုကို ဖေးခံစားရသည်။

ထိုအရိုးစု၌ အခြေခံသက်ရှိအသိစိတ်တော့ရှိပုံရသည်။ ၎င်းက ဖေးကိုကြောက်ရွံ့နေသည်။ ၎င်းက ဘက်ကင်ဟန်၏ ကိုယ်မှ ထွက်ထွက်ခြင်း ဦးတည်ရာတစ်ဖက်ကို ပြေးရန်အားထုတ်သည်။ လက်ကိုဝှေ့ယမ်းပြီး ခေးအော့ပလ္လင်မှပိတ်ထားသော နေရာလပ်ကိုချိုးဖြတ်၍ ဟင်းလင်ပြင်ထဲထွက်ပြေးရန်ကြိုးစား၏။

ဓားတစ်လက်ကို ပူးထားသောရွှေအရိုးစုထွက်ပြေးမှု ကြုံပြီးကထဲက ဖေးမှာ ထိုအရာအတွက်ပြင်ဆင်ပြီးထားပြီဖြစ်၍ အရိုးစုအတွက်ကံဆိုးသွားသည်။ ထို့ကြောင့် အတွေးတစ်ချက်နှင့်ပင် အနီရောင်အရိုးစုက ခေးအောပလ္လင်၏ ပလက်ဖောင်းသို့ ညက်ညက်ကြေအောင်ဖိချခံလိုက်ရသည်။

ယခုတော့ ၎င်းက မြေပေါ်တွင် လုံးဝပိပြားနေပြီဖြစ်သည်။‌

ထို့နောက် ဖေး လက်ကိုဝှေ့ယမ်းပြီး ကျိုးကြေနေသော အရိုးစုကို သူ့ထံဝဲပျံစေလိုက်၏။ အတော်ကြာအောင် လေ့လာပြီးသည့်တိုင် မည်သည့် ပစ္စည်းမှပြုလုပ်ထားမှန်း မသိသေးပေ။ ထူးထဲပြီး စေးကပ်သောအရာက အပေါ်ယံသုံးပုံနှစ်ပုံကို ဖုံးလွှမ်းနေပြီး အတွင်းပိုင်း၌ မိစ္ဆာစွမ်းအင်များစီးဆင်းနေသည်။ ၎င်းက ရှားပါးသော ထိပ်တန်းအဆင့် မှော်စွမ်းအင်နှင့် စစ်သည်စွမ်းအင်တို့ပေါင်းစပ်ပါဝင်နေသည်။ ဂျယ်လီကဲ့သို့အရာအတွင်းတွင်တော့ မာကျောသောအရိုးတစ်ခုရှိကာ ၎င်းကကျိုးကြေနေပြီး အဖြူရောင်အမှုန့်များထွက်နေ၏။

ဖေးလည်း အရိုးစုမှ သတင်းအချက်အလက်မရနိုင်သေးသည်ဖြစ်ရာ နောက်ထပ်အရိုးစုအစအနများကို ဂရုတစိုက်သိမ်းယူလိုက်သည်။ ပြန်ပြီးသိပ္ပံရူးနှစ်ယောက်ကို မေးကြည့်ရမည်ဖြစ်သည်။

ထို့နောက် ဖေးမှာ သွေးရောင်အရိုးစု၏ ဝိညာဉ်လှုပ်ခတ်မှုလှိုင်းအား ဝိညာဉ်စွမ်းအင်အသုံးပြု၍ ဆက်သွယ်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်းထံမှ မည်သည့်တုန့်ပြန်မှုမှ ပြန်မရခဲ့ပေ။

ဓားတစ်လက်ကိုဝင်ပူးသော ရွှေရောင်အရိုးစုနှင့်ယှဉ်ပါက ဤသွေးအရိုးစုမှ အကြိုပုံစံသို့မဟုတ် လျှော့ချထားသော ပုံစံနှင့်ပိုဆင်ပေသည်။ ၎င်း၏ စိတ်ဝိညာဉ်လှုပ်ခတ်မှုက သတ်ဖြတ်လိုစိတ်သာရှိပြီး ဖေး၏ မည်သည်ဆက်သွယ်မှုကိုမျှ လက်မခံဘဲငြင်းဆန်နေ၏။

ဖေး ဆန်းကြယ်သောခရမ်းရောင် စာလိပ်မှရသော ဝိညာဉ်ရှာဖွေသည့်နည်းစနစ်ကိုသုံးရန် အရိုးစု၏ မျက်လုံးများအတွင်း ဝိညာဉ်စွမ်းအင်ပို့လွှတ်တော့ ၎င်းက တစ်စုံတစ်ခုကိုအာရုံခံမိသည့်အလား အရိုးခေါင်းတစ်ခုလုံး ပေါက်ကွဲကာ လေထဲတွင် အမှုန့်များဖြစ်ကာ ပျောက်ကွယ်သွားသည်။

ကျန်ရှိသည့်အရိုးပိုင်းများမှာ မားသားဘုတ်မရှိတော့သည့် ကွန်ပျူတာအလား လှုပ်ရှားမှုမရှိ အသက်မဲ့ငြိမ်သက်သွား၏။ အနီရောင်ဂျယ်ကဲ့သို့သောအရာများမှာ လေထုထဲသို့ အငွေ့ပျံပျောက်ကွယ်သွားပြီး အဖြူရောင်အရိုးစုသာ ကျန်ရစ်ခဲ့တော့သည်။

“ အမ် “ သတိလစ်နေသော ဘုရင်ဘက်ကင်ဟမ်မှာ ငြီးငြူလာပြီး ၎င်း၏ လက်ညှိုးလေးမှာ လှုပ်ရှားလာ၏။

ဘက်ကင်ဟန်မှာ သေဆုံးသွားခြင်းမရှိပေ။ သူ၏ အသက်စွမ်းအင်များမှာ ဖြည်းငြင်းစွာ ပြန်လည်ပြည့်ဖြိုးလာသည်။ သူ၏ အထွတ်အထိပ်အခြေအနေသို့ပြန်မရောက်သော်လည်း သုံးနှစ်သားကလေးလောက်သာအားပြန်ရသည့်တိုင် သူ့အသက်ကတော့ရှင်နေသေးပါသည်။ သူ၏ အသိစိတ်က ရှင်းရှင်းလင်းလင်း ပြန်မဖြစ်သေးသည့်တိုင် ဓားတစ်လက်ကဲ့သို့တော့ ပျောက်ကွယ်မသွားခဲ့ပေ။

၎င်းက ဖေးကိုအံ့ဩစေခဲ့သည်။

“ ငါသူ့ကိုယ်ထဲက အရိုးစုလျှို့ဝှက်ချက်ကို ရှာနိုင်မလားဘဲ အတော်လေးအံ့ဩစရာကောင်းတယ် သူ့ကို အဆ၁၀၀မက သန်မာသွားစေပြီး နေအဆင့်ကိုရောက်သွားစေတာ ဘယ်လိုနည်းလမ်းမျိုးပါလိမ့် အဲ့လိုအရိုးစုမျိုး၁၀၀၀ရှိရင် တစ်တိုက်လုံးကိုသိမ်းပစ်လို့ရတယ် “ ဖေး တွေးရုံမျှနှင့် ကြက်သီးထသွားသည်။

အခြေအနေက သူထင်သည်ထင်ပိုဆိုးနေ၏။

ထို့နောက် သူ သတိလစ်နေသော ဘက်ကင်ဟမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ ကြည့်ရတာ ဒီကောင် တစ်နေရာရာမှာ အသုံးဝင်လောက်တယ် “

End

All Chapters