Chapters

ထပ်မံဆုံတွေ့ခြင်း ၂

Vol. 57 Ch. 889

ထပ်မံဆုံတွေ့ခြင်း ၂

Vol. 57 Ch. 889

ဖေးပြန်ရောက်လာချိန်တွင်တော့ ပင်လယ်တွင်းရှိတိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ချမ်းဘော့သားများနှင့် ဘိုင်ဇန်တိုင်းသားများ တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းနေကြ၏။

ချမ်းဘော့ဒ်နှင့် ဘိုင်ဇန်တိုင်း ညွှန့်ပေါင်းတပ်က အနိုင်ရရှိပြီဖြစ်သည်။ ဤတိုက်ပွဲက အလှည့်အပြောင်းအလွန်များပြီး နှစ်ဘက်လုံးမှလည်း အကြံကိုယ်စီရှိကာ ရန်သူက အကွက်ထဲဝင်လာပြီဟာကိုယ်စီတွေးကြ၏။ နောက်ဆုံးတွင်တော့ ရုတ်ချည် ဘုရင်အလက်ဇန္ဒားပေါ်ထွက်လာပြီး ရလာဒ်ကိုတွေးနေစရာမလိုတော့ပေ။

တိုက်ပွဲကိုရှင်းလင်းပြီးနောကိ ရလာဒ်များအဖြေထွက်လာသည်။ လီယွန်စစ်သင်္ဘော၅၀ကျော်အဖျက်ဆီးခံရပြီး ၇၀ကျော်အဖမ်းခံလိုက်ရ၏။ တိုက်ပွဲတွင် ရန်သူတပ်မှ တပ်သားနှင့် သင်္ဘောသား ၆၀၀၀လောက်သုံ့ပန်းအဖြစ်ရခဲ့သည်။ ၎င်းက ကြီးမားသောအနိုင်ရရှိမှုကြီးဖြစ်သည်။

ဘိုင်ဇန်တိုင်းပြည်မှာလည်း အတော်လေးအထိနာခဲ့သည်။ စစ်သည်၂၀၀၀ကျော်အနက် ၁၀၀၀အောက်သာရှင်ကျန်ခဲ့ပြီး ၃၀၀လောက် ဒုက္ခိတဖြစ်သွားသည်။ ၂၀၀လောက်လည်း ရေထဲပြုတ်ကျသွားပြီး သေသည်ရှင်သည်မသိပေ။ ရှင်ရန် ရာနှုန်းက မရှိသလောက်ပင်နည်းပါး၏။

ဘုရင်ကွန်စတန်တင်းအတွက် တစ်ခုထဲသော ဝမ်းသာစရာက ဘိုင်ဇန်တိုင်းပြည်၌ ရန်သူများအမြစ်ပြုတ်သွားပြီဖြစ်သလို အရင်အမြစ်များစွာလည်း ရလိုက်ခြင်းဖြစ်သည်။

ဘိုင်ဇန်တိုင်းအင်ပါယာမှာ အကြီးအကျယ်ထိခိုက်ခဲ့ရသော်လည်း ကျန်ရှိသောစစ်သည်များမှာ လက်ရွေးစင်တကာ့ လက်ရွေးစင်များဖြစ်ကြသည်။ ဤတိုက်ပွဲပြီးနောက် သူတို့ ရန်သူဆယ်ဦးကို တစ်ဦးခြင်းထိပ်တိုက်ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကောင်းမွန်လမ်းမှန်စွာ ဆောင်ရွက်သွားပါက ဘိုင်ဇန်တိုင်းပြည်အနေနှင့် သန်မာသောတပ်ကြီးတစ်ခုထပ်မံရလာမည်ဖြစ်သည်။

တိုက်ပွဲပြီးနောက် ကွန်စတန်တင်းမှာ ချက်ချင်းပင် သိုင်းသူတော်စင်ကို တွေ့ချင်၍ တွေ့ခွှင့်သွားတောင်း၏။

“ ဘုရင် ကွန်စတန်တင်း သင်္ဘောထဲဝင်လာခဲ့ပါ သိုင်းသူတော်စင်က ခင်ဗျားကိုတွေ့ခွှင့်ပြုတယ် ဒီနေရာမှာထိုင်စောင့်ပါ “ တောရက်က ကွန်စတန်တင်းကို ယဉ်ကျေးစွာပြောသည်။

“ အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ်မစ္စတာ ဖာနန်ဒို “

ကွန်စတန်တင်းမှာ တိုင်းပြည်၏ ဘုရင်ဖြစ်သော်လည်း တောရက်ကို တလေးတစားဆက်ဆံသည်။ ပထမဆုံးအနေနှင့် တောရက်က သိုင်းသူတော်စင်၏ လူယုံတော်ဖြစ်သကဲ့သို့ လအဆင့်လက်ရွေးစင်လည်းဖြစ်ပေသည်။ မည်သည့်အချက်ကမဆို အဆင့်သုံးပဏ္ဏာဆက်နိုင်ငံဘုရင်ထက် အဆင့်မြင့်နေ၏။

နှစ်ယောက်သားနှုတ်ဆက်ပြီးနောက် အတူတူ အလက်ဇန္ဒားသင်္ဘော၏ ထိန်းချုပ်ခန်းသို့လျှောက်ကြသည်။

လမ်းတစ်လျှောက် မြင်ရသောမြင်ကွင်းများကြောင့် ကွန်စတန်တင်း အံ့ဩရသည်။ ဤဝေလပြန်ပြောင်းသင်္ဘောက အခြားသင်္ဘောများနှင့်မတူပေ။ အတွင်းပိုင်း အပြင်ပိုင်း အဆင်အပြင်နှစ်မျိုးလုံးက ကွန်စတန်တင်းအတွက် အမြင်သစ်ဖြစ်သည်။ ၎င်းကရိုးရှင်းသော်လည်း လှပ၏။ ကွန်စတန်တင်း နန်းတော်ထဲရောက်နေသလိုခံစားရသည်။ ယနေ့တိုက်ပွဲ၌ ဤသင်္ဘောက များများစားစားပါဝင်မတိုက်ခဲ့သော်လည်း ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ရှိမည်ကို သံသယဝင်စရာမလိုပေ။

“ ဟားဟား ကွန်စတန်တင်း ထပ်‌တွေ့ပြန်ပြီ “ ဖေး ကွန်စတန်တင်းကို တွေ့တွေ့ခြင်း အရေးကြီးပုဂ္ဂိုလ်လို လုပ်မနေဘဲ နွေးနွေးထွေးထွေး ပွေ့ဖက်နှုတ်ဆက်လိုက်၏။ သူက မိတ်ဆွေများအပေါ်ကြီးကျယ်နေခြင်းမရှိပေ။

ကွန်စတန်တင်းမှာ ဖေးကို မည်သို့မည်ပုံ အလေးပြုရမည်ကိုတွေးလာသော်လည်း ဖေး၏ ဖက်လင်းတကဲနှုတ်ဆက်မှုကြောင့် အစီအစဉ်ပျက်သွားသည်။

“ မင်း ခုနှစ်ဆင့်လက်သီးကို ဒီအဆင့်ထိ ကျင့်ပြီးတာလား အံ့ဩစရာပဲ “ ဖေးက အကြည့်တစ်ချက်နှင့် ကွန်စတန်တင်းမည်သည့်အဆင့်ထိကျင့်ထားသည်ကို သိလိုက်၏။

ခုနှစ်ဆင့်လက်သီးမှာ အခြားသူများကိုဒဏ်ရာရစေရန် မိမိကိုယ်မိမိအရင် အနာရစေသည်ဖြစ်ရာ အဆင့်မြင့်မြင့်ကျင့်ရန်ခက်ခဲလှသည်။ ထို့ကြောင့် အဆင့်မြင့်မြင့်ကျင့်နိုင်သော ကွန်စတန်တင်းမှာ အတော်လေးပါရမီရှိကြောင်းသိနိုင်၏။

သို့သော်လည်း ခနအကြာတွင် ဖေးမျက်မှောင်ကြုတ်မိသွားသည်။

End