← Chapters

အပိုင်း (၅၀၈) – ကယ်တင်ခြင်း

Vol. 006 Ch. 508

အပိုင်း (၅၀၈) – ကယ်တင်ခြင်း

Vol. 006 Ch. 508

တစ်စုံတစ်ယောက်သည် သူမနာမည်ကို ခေါ်လိုက်သည်ကို ရှီမာယူယူကြားသောအခါ သူတို့အား ကြည့် လိုက်လေသည်။ သူတို့အားမြင်သောအခါ အံ့သြသွားလေသည်။

“ဂျွန်လန် ဂျွန်ထန် ဘယ်လိုလုပ်ဒီရောက်နေတာလဲ”

ရှီမန်ဖန်သည် ဂျွန်လန်နှင့် ဂျွန်ထန်အားကြည့်ကာ မေးလေသည် “အစ်မ သူတို့ကို သိတာလား”

ရှီမာယူယူ ခေါင်းညိမ့်ကာပြောလေသည် “အဲလိုပဲဆိုပါတော့”

ဂျွန်လန်သည် ရှီမာယူယူအား မမှတ်မိပေ။ သူတို့ ရွန်းယွမ်ဆိုင်တွင်တွေ့စဉ်က သူမသည် ဝတ်ရုံဝတ် ထားသဖြင့် သူမကို မမြင်လိုက်ရပေ။ သို့သော် ဂျွန်ထန်သည် သူတို့ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွင် အတူ ကုန်ဆုံးခဲ့သည်ကို ဆက်တိုက်သတိရနေခဲ့သည်။

သူတို့နောက်ကို လိုက်သောသူများသည် ဂျွန်လန် ရှီမာယူယူတို့ကို သိသည်ကို တွေ့သည်နှင့် ပြောလေ သည် “ဒီသတင်းက လျှို့ဝှက်ထားမှဖြစ်မယ် အကုန်လုံးကိုသတ်”

“ဟုတ်ကဲ့”

“ရှင်တို့ မြန်မြန်ပြေးတော့” ဂျွန်လန်သည် သူမရင်ဘတ်ကို ဖိကာ အော်လေသည်။

“မင်းတို့နဲ့ ဘာမှမဆိုင်ပေမယ့် မင်းတို့က ကံဆိုးပြီး မမြင်သင့်တာကို မြင်လိုက်တာကိုး၊ တစ်ယောက်မှ လွတ်လို့မဖြစ်ဘူး အကုန်လုံးကို သတ်” လူတစ်ယောက်သည် အမိန့်ပေး လေသည်။

“ရဲကြတာပဲ ငါ့ကို သတ်ချင်တယ်လို့ ပြောရဲတဲ့လူက ဒီကမ္ဘာဦးနယ်မြေမှာ နည်းနည်းပဲရှိတယ်” မိုဒိဆန်း သည် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလေသည်။

“ငါ့ကို ဓားရှည်တွေနဲ့ ရွယ်တာကို အမုန်းဆုံးပဲ” ကုန်ရှန်ယိသည် ထိုလူများကို ကြည့်ရင်းနှင့်  ခေါင်းလောင်းထုတ်ကာ နှစ်ကြိမ်မျှ လှုပ်ရမ်းလိုက်လေသည်။

“ကုန်တောင်ကြား” လူတစ်ယောက်သည် ကုန်ရှန်ယိလက်ထဲမှ ခေါင်းလောင်းကို မြင်သောအခါ ချက်ချင်းပင် မှတ်မိလေသည်။

“တုံးအနေတာတော့မဟုတ်ဘူးပဲ” ကုန်ရှန်ယိသည် သူ့အား မငြင်းပေ။

သူတို့သည် ကုန်ရှန်ယိ၏ သရုပ်မှန်ကို သတိထားမိသောအခါ မျက်နှာများပျက်သွား ကြလေသည်။ သို့သော် ဒီနေ့ကိစ္စများသည် လူသိခံ၍ မဖြစ်ပေ။ သူတို့သည် ကုန်တောင်ကြားမှ လူများဖြစ်နေရင်တောင် သူတို့ ကို လွှတ်ပေးလို့မရပေ။

“တိုက်ကြ”

တစ်ဖက်သည် ၁၀ယောက်မှ ၂၀ယောက်ကြားရှိသည်။ ရှီမာယူယူမှလွဲပြီး သူတို့ လေးယောက် သည် လှုပ်ရှားကြသည်။ တစ်ယောက်ကို လူနည်းနည်းလောက် တာဝန်ယူလိုက်သည်နှင့် အချိန်အတိုအတွင်း ဖြေရှင်း  ပြီးဖြစ်လေသည်။

ရှီမာယူယူသည် ဂျွန်လန်နှင့် ဂျွန်ထန်ဘေးလာလိုက်သည်။ သူတို့မှင်တက်နေသည်ကို သူမတွေ့လိုက် ရာ သတိပေးလိုက်လေသည် “မင်းအစ်မကို သောက်ဖို့ဆေး မပေးတော့ဘူးလား”

“ဟုတ်သားပဲ” ထိုအခါမှသာ ဂျွန်ထန်သည် ဂျွန်လန်အား ဆေးပေးကာ ပြောလေသည် “ဒီကို ဘယ်လို ရောက်တာလဲ ဘယ်တုန်းကရောက်တာလဲ”

“လနည်းနည်းတော့ရှိပြီ” ရှီမာယူယူသည် ဂျွန်ထန်ထုတ်လိုက်သော ဆေးများကို ကြည့်ကာ မျက်မှောင် ကြုတ်လိုက်သည်။ ဂျွန်လန်အား တိုက်မည့်ဆေးကို မြင်လိုက်သည်နှင့် သူမသည် သူ့လက်အားဆုပ်ကိုင်လိုက် သည်။

“ဘာဖြစ်လို့လဲ” မောင်နှမနှစ်ယောက်သည် သူမအား နားမလည်သလိုကြည့် လိုက်ကြသည်။

“ဒီနေ့အနံ့တွေက မဟုတ်သေးဘူး” ရှီမာယူယူသည် ဂျွန်ထန်၏ လက်ထဲမှ ဆေးများကို ယူလိုက်ကာ သေချာစွာ အနံ့ရှုကြည့်လေသည်။ ထို့နောက်တွင် သူမ မြေပေါ်သို့ ပစ်လိုက်ကာ “ပါဝင်ပစ္စည်းအပို ၂ခု ထည့်ထား တယ် မင်းစားလိုက်ရင် အသက်ကယ်မှာမဟုတ်ဘူး မင်းကိုသေစေလိမ့်မယ်”

“ဘာ” မောင်နှမနှစ်ယောက်လုံး မှင်တက်သွားလေသည်။

“အစောကြီးကတည်းက ပြင်ဆင်ထားတာနေမှာ” ဂျွန်ထန်သည် မုန်းတီးစွာ ရေရွတ်လေသည်။

ရှီမာယူယူသည် ဆေးထုတ်ကာ ဂျွန်လန်အား ပေးပြီးနောက် ပြောလေသည် “မင်းဘယ်လောက်ပဲ ဒဏ်ရာရထားထား ဒီဆေးကိုသောက်လိုက်တာနဲ့ ချက်ချင်းပဲ သတ်ပစ်နိုင်တယ် ဒီနေ့က အဆိပ်လိုပဲ၊ ဂျွန်လန် မင်းကတော့ ကံကောင်းလို့ အသက်ရှည် တော့မယ် ငါတို့နဲ့တွေ့သွားလို့လေ”

“ရှင်ကျွန်မကိုသိတာလား” ဂျွန်လန်သည် ရှီမာယူယူအား သံသယဖြင့်ကြည့် လိုက်လေသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင်တော့ ထိုလူကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

“အစ်မ သူက အရင်က ငါပြောဖူးတဲ့သူလေ ယိလင်းတိုင်းပြည် ရှီမာမျိုးနွယ်က ရှီမာယူယူလေ” ဂျွန်ထန်  ပြောလေသည်။

ရှီမာယူယူ ပြုံးလိုက်သည် “ငါတို့အရင်ကတွေ့ဖူးပါတယ်”

“တွေ့ဖူးလား” ဂျွန်လန်တင် အံ့သြသွားသည်မဟုတ်ပေ။ ဂျွန်ထန်ပင်လျှင် သူမအား နားမလည်စွာ ကြည့် လိုက်သည်။

“လအနောက်တိုင်းပြည်မှာတုန်းက မင်းငါ့ကို အပြာရောင်ကတ်ပေးခဲ့တယ်လေ” ရှီမာယူယူ ပြောလိုက် သည်။

“ရှင်ကအဲတုန်းက လျှို့ဝှက်လူလား” ဂျွန်လန်သည် အံ့သြစွာ အော်မိလေသည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“ရှင်က အဲတုန်းကလူဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ” ဂျွန်လန် ပြုံးလေသည်။

“မင်းတို့က ယိလင်းတိုင်းပြည်ရဲ့ ရွန်းယွမ်ဆိုင်ကလူတွေမလား  ဘယ်လိုလုပ်ဒီရောက် နေတာလဲ” သူမ သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်မတို့က အစကတည်းက ကမ္ဘာဦးနယ်မြေကလူတွေပါ ငယ်တုန်းကို အဲဒီမှာသွားပြီး လေ့ကျင့်ခိုင်း ထားလို့” ဂျွန်လန်သည် ရှီမာယူယူပေးသော ဆေးကိုစားပြီးနောက် နေထိုင်ကောင်းသွား သည်ကို ခံစားရလေ သည်။ “အခုပြောမှပဲ ကျွန်မတို့ ဒီကိုစောစော ပြန်လာဖြစ်သွားတာက ရှင့်ကြောင့်ပဲ”

“ငါ့ကြောင့်ဟုတ်လား” ရှီမာယူယူ နားမလည်ပေ။

“ဟုတ်တယ်” ဂျွန်ထန်သည် ရှီမာယူယူ၏ ပခုံးကိုပုတ်ပြီး ပြောလေသည် “အစ်မက လျှို့ဝှက်လူဆီက ဆန့်ကျင်ရေး ဆေး ၁၀၀ ဆေးရတုန်းက မျိုးနွယ်အတွက် အထောက်အကူ အများကြီးဖြစ်ခဲ့တယ် ဒီလိုနဲ့ မစ်ရှင် မြန်မြန်ပြီးသွားပြီးတော့ ဒီကိုပြန်ရောက်လာတာပဲ၊ မင်းက အဲတုန်းကလျှို့ဝှက်လူဆိုမှတော့ မင်းကြောင့်ပဲပေါ့”

ထိုကိစ္စပြီးသည်နှင့် သူတို့သည်ယိလင်းတိုင်းပြည်မှ ထွက်သွားခဲ့လေသည်။ ထို့ကြောင့်ပင် နောက်ပိုင်း နှစ်များတွင် သူမသည် သူတို့သတင်းမကြားခဲ့ရခြင်းဖြစ်သည်။

သူတို့စကားပြောနေချိန်တွင် ဝူလင်းယူနှင့် တခြားသူများသည် အလောင်းများကို ရှင်းလင်းနေကြသည်။ ရှီမာယူယူတို့ စိတ်အားထက်သန်စွာ စကားပြောနေသည်ကို တွေ့သောအခါ မေးမြန်းစစ်ဆေးရန် လူနှစ်ယောက် အား အရှင်ထားလိုက်သည်။

“အစ်မ ငါတို့ပြီးပြီ” ရှီမန်ဖန် လျှောက်လာသည်။ ရှီမာယူယူသည် မတ်တတ်ရပ်လိုက်သည်နှင့် ဂျွန်လန် သည် ဂျွန်ထန်အား ထူပြီး ရပ်လိုက်သည်။

“ကျွန်မတို့ကို ကယ်ပေးတဲ့အတွက်ကျေးဇူးပါ” ဂျွန်ထန်သည် ကျေးဇူးတင်စကား ပြောလေသည်။

သူတို့သာ ထိုနေရာမှ ဖြတ်မသွားခဲ့ပါက သူတို့မောင်နှမနှစ်ယောက်သည် ထိုနေရာတွင်ပင် သေသွား မည်ဖြစ်သည်။

“ရှင်တို့က ယူယူရဲ့ မိတ်ဆွေတွေပဲ ကယ်ပေးရတာ ပြဿနာမဟုတ်ပါဘူး” ကုန်ရှန်ယိ ပြောလိုက် သည်။

“နှစ်ယောက်ကို အရှင်ထားထားတယ် သူတို့ကို မေးချင်တာများရှိလား” ရှီမန်ဖန် မေးလိုက်သည်။

“သူတို့ကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာ သိတယ်၊ ဒါပေမဲ့ တစ်ယောက်တည်းဆိုရင် သူတို့ကို မသတ်နိုင်ဘူး” ဂျွန်လန် ပြောလေသည် “သူတို့ကို သတ်ပြီးလက်စားချေရမယ်”

“သူတို့ကို သတ်လိုက်ရအောင် ဦးလေးကျုံးနဲ့ တခြားသူတွေအတွက် လက်စားချေရမယ်” ဂျွန်ထန်သည် ဂျွန်လန်ကိုလွှတ်ကာ လျှောက်သွားပြီး ထိုနှစ်ယောက်အား သတ်လိုက်လေသည်။

ဂျွန်လန်သည် အလောင်းများကို မုန်းတီးသောအကြည့်ဖြင့် ကြည့်နေလေသည်။ သို့သော် သူမသည် မျိုသိပ်ကာ ရှီမာယူယူနှင့် တခြားသူများကို မေးလိုက်သည် “သခင်မလေးကုန် ဒီမှာဘာလာလုပ်ကြတာလဲ”

“ကျွန်မတို့ ရွန်းယွမ်ဆိုင်ရဲ့ လေလံပွဲကို ဝင်ပါမလို့လေ၊ ဖြတ်လမ်းတည်ဆောက်မှုက ဒီကိုပို့လိုက်တာပဲ” ကုန်ရှန်ယိ ပြောလေသည် “ထိပ်တန်းမြို့တော်ကို သွားမယ့်လမ်း ကိုများသိကြလား”

“ထိပ်တန်းမြို့တော်က လေလံပွဲကို သွားမလို့မလား” ဂျွန်ထန် ပြန်ဖြေလေသည် “ဒီကနေတော့ ဝေး  သေးတယ် ဒါပေမဲ့ သားရဲပျံစီးမယ်ဆိုရင်တော့ ဒီရက်ပိုင်းအတွင်း ရောက်နိုင် ပါတယ်”

“ရှင်တို့လည်း သွားကြမလို့လား” ကုန်ရှန်ယိမေးလေသည်။

“ငါပြောတာမမှားဘူးဆိုရင် မင်းတို့က စီစဉ်တဲ့သူတွေဖြစ်မယ်” ရှီမာယူယူ ပြောလိုက် သည်။

“ရှင်တို့က ဂျွန်မျိုးနွယ်ကလား”

ဂျွန်လန် ခေါင်းညိမ့်လိုက်ကာ ပြောလေသည် “ဟုတ်ပါတယ် ကျွန်မက ဂျွန်လန် ဒါကတော့ ကျွန်မမောင် ဂျွန်ထန်ပါ၊ ကျွန်မတို့လည်း ထိပ်တန်းမြို့တော်က လေလံပွဲကို သွားကြမလို့ပဲ ဒါပေမဲ့ လမ်းတစ်ဝက်ရောက်တော့  ချောင်းတိုက်ခံလိုက်ရတယ်”

“တိုက်ဆိုင်လိုက်တာ” ကုန်ရှန်ယိသည် သက်ပြင်းချလေသည်။

“ငါတို့လည်း ထိပ်တန်းမြို့တော်ကို သွားမှာဆိုတော့ အတူသွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သည်လိုနှင့် အားလုံးသည် သားရဲပျံများခေါ်ထုတ်ကာ ထိုနေရာသို့ သွားကြလေသည်။ ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ဖြတ်လမ်းတည်ဆောက်မှုကြောင့် မူးဝေခြင်းကို သားရဲပျံစီးရင်းနှင့် အနားယူကြလေသည်။

ရက်အနည်းငယ်အကြာတွင် ရှီမာယူယူတို့သည် ထိပ်တန်းမြို့တော်ကို ရောက်ကြလေ သည်။ ထိုမြို့ သည် အတွင်းပိုင်းဒေသတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။

သူတို့မြို့အတွင်းဝင်သည်နှင့် ဂျွန်မျိုးနွယ်ဝင်များသည် ဂျွန်လန်နှင့် ဂျွန်ထန်တို့အား တွေ့ကြလေသည်။ သည်လိုနှင့် သူတို့သည်လမ်းခွဲကြလေသည်။

သူတို့ထွက်သွားသည်နှင့် ဂျွန်လန်သည် ရှီမာယူယူအား ဖိတ်စာပေးကာ ထိုဖိတ်စာသည် အထူး ဧည့်သည် များအတွက်ဖြစ်သည်ဟု ပြောသွားလေသည်။ ရှီမာယူယူသည် ထုံးစံအတိုင်း သိမ်းလိုက်လေသည်။ အရင်ကဆိုလျှင် သူတို့တွင် ဖိတ်စာမရှိခဲ့ပေ။ ထိုဖိတ်စာရှိမှပင် တက်ရောက်နိုင်မည်ဖြစ်သည်။

ထို့အပြင် ဂျွန်မျိုးနွယ်သည် သူတို့တည်းခိုရန် နေရာပါစီစဉ်ပေးလေသည်။ ထိုတည်းခိုဆောင် သည် အမှတ်တရစားသောက်ဆိုင်နှင့် ချိတ်ဆက်ထားသည့် စီးပွားရေး ဖြစ်သည်။ ရှီမာယူယူ စဉ်းစားပြီးနောက် သဘော တူလိုက်လေသည်။

သူတို့အား လမ်းပြသောသူသည် လေလံပွဲအတွက်လိုမည့် နာမည်ပြား ယူဆောင်လာမည့် လူလွှတ်လိုက် မည်ဟု ပြောလေသည်။ သည်လိုနှင့် ရှီမာယူယူသည် တံခါးခေါက်သံကြားသောအခါ နာမည်ပြားရောက်နေသည် ဟု ထင်လိုက်မိသည်။ သူမသည် အဝင်ပေါက်တွင် ရပ်နေသော လူကိုတွေ့လိုက်သည်နှင့် အံ့သြသဖြင့် ခေတ္တမျှ  အေးခဲသွားလေသည်။

All Chapters