အပိုင်း (၅၁၀) – ပိုက်ဆံရှာချင်သော လူဆင်းရဲ
Vol. 006 Ch. 510
သူမ မျက်စိကျသော အရာကို မည်သို့ပင်ဖြစ်စေကာမူ သူတို့ယူပေးမည်။ ထိုသည်မှာ ထိုယောက်ျား နှစ်ယောက်၏ အတွေးဖြစ်သည်။
“တခြားလိုချင်တာရှိဦးမလားကြည့်ဦး” ရှင်းမို သူမအား သတိပေးလိုက်လေသည်။
“အင်း” ရှီမာယူယူ ခေါင်းညိမ့်ပြီးနောက် ပြန်ငုံ့ကာ သေချာစွာထပ်ကြည့်လေသည်။ သူတို့နှစ်ယောက် သည် စာရင်းအားမကြည့်ပဲ သူမကိုသာ စိုက်ကြည့်နေကြသည်။ သူမ မျက်လုံးများ ပိုပို၍ တောက်ပလာသည်ကို ကြည့်ပြီးနောက် သူမနှစ်သက်သော တခြားအရာ ကိုတွေ့လိုက် ပြီဆိုသည်ကို သူတို့သိကြသည်။
သို့သော် သူမ နောက်တစ်ကြိမ်ခေါင်းပြန်မော့လာသောအခါ သူမ အကြည့်သည် တည်ငြိမ်နေသည်။
“ဘာဖြစ်လို့လဲ” ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူ စာရင်းအား အောက်ချလိုက်ပြီး ပြောလေသည် “ကျွန်တော်လိုချင်တဲ့ပစ္စည်း တွေတော့ ရှိ တယ် ဒါပေမဲ့ ပြဿနာရှိနေတယ်”
“ပြဿနာလား ဘယ်လိုလဲ” ရှင်းမို မေးလေသည်။
ဒီလေလံပွဲက ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူက ရမှာမလား။ သူတို့မှာ ပိုက်ဆံရှိနေ သရွေ့တော့ ဘာလို့မရ နိုင်ရမှာလဲ။
ရှီမာယူယူသည် စာရင်းအားညွှန်ပြကာ ပြောလေသည် “ဒီပါဝင်ပစ္စည်းတွေက အရမ်းရှားတယ် ဒီလောက် အများကြီးတစ်ခါတည်း ပေါ်လာတာ ထူးဆန်းတယ် ပထမဟာတွေ မဆိုးသေးဘူး ဒါပေမဲ့ ဒီနောက် ဆုံးနှစ်ခုက အတူတူလေလံတင်မှာဆိုပဲ ပြီးတော့ ဈေးနှုန်းကို ရေးမထားဘူး”
သူမ ပြောသည်ကို ကြားသည်နှင့် သူတို့နှစ်ယောက်လုံး ကြည့်လိုက်ကြသည်။ ပစ္စည်းများအားလုံးတွင် ခေါ်ဈေးများရှိသော်လည်း ထိုပစ္စည်းများတွင် ဈေးနှုန်းမရှိပေ။
ထိုကဲ့သို့ စာရင်းမျိုးသည် ရွှန်းယွမ်ဆိုင်မှ အရေးကြီးသည်ဟု သတ်မှတ်ထားသော လူများကိုသာ ပေးခြင်း ဖြစ်သည်။ တခြားသူများတွင် ထိုနာမည်စာရင်းများ မပါပေ။ အတိုချူပ်လိုက်လျှင် ဈေးနှုန်းကိုလည်း ကိုယ် တိုင် စတင်ရမည်။ လူများသည် သူတို့လိုအပ်သော ပစ္စည်းများတွေ့လျှင် ခေါ်ဈေးကိုမူတည်ကာ ဈေးနှုန်းမြ့င် သွားရမည်ဖြစ် သည်။ ထို့ကြောင့် သူတို့သည် ငွေအမြောက်အမြားပြင်ဆင်ထားရန်လိုသည်။
ရွှန်းယွမ်ဆိုင် မည်မျှ အင်အားကောင်းသည်ကို မည်သူမှ မသိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားသောကြောင့်ဖြစ်သည်။ အနိမ့်ပိုင်းတိုင်းပြည်များ၊ ကမ္ဘာဦးမယ်မြေများ၏ အပြင် ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသ များနှင့် အတွင်းပိုင်းဒေသများတွင်ပင် ရှိကြသည်။
အားလုံးသည် ဈေးခေါ်သည့် ပညာကိုမသိကြသဖြင့် သူတို့စိတ်ထဲတွင် ရွှန်းယွမ်ဆိုင်၏ အင်အားကို လေးစားကြသည်။ မည်သူမှ သူတို့ကို ရန်မစရဲပေ။
အားလုံးသည် ရွှန်းယွမ်ဆိုင်၏ စည်းကမ်းနှင့်ပတ်သတ်သမျှကို သိကြသည်။ အထူးသဖြင့် လေလံပွဲ စည်းကမ်းများကို သိကြသည်။ သူတို့ဈေးခေါ်လိုက်သောဈေးနှုန်းကို ပေးကိုပေးရမည်။ မပေးပါက သူတို့သည် နာမည်ပျက်စာရင်းသွင်းလိုက်သည်။
ရှီမာယူယူ လက်ထဲတွင်ကိုင်ထားသော စာရင်းမှာ ဂျွန်လန်နှင့် တခြားသူများ အထူးတလည်ပို့လိုက် သောစာရင်းဖြစ်သည်။ ထိုစာရင်းသည် ခေါ်ဈေးဖြစ်သည်။ သို့သော် ဈေးနှုန်းမပါသည်မှာ ပြဿနာဖြစ်သည်။
“သူတို့အရင်က လေလံပွဲတွေကို ကြည့်မယ်ဆိုရင် တချို့ရောင်းသူတွေက ပစ္စည်းအပေးအယူ အတွက် တောင်းဆိုမှုတွေရှိတတ်တယ် သူတို့လိုချင်တာကို မပေးဘူးဆိုရင် လေလံပွဲကို မပါတတ်ကြ ဘူး” ရှင်းမို ပြောလေသည်။
ဒီလိုအခြေအနေမျိုးကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို မည်သူမှ မသိကြပေ။ တစ်ဖက်လူ လိုအပ်သော အရာကို မသိပါက အချိန်ကျမှပင် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ထို့နောက်တွင် ရှီမာူယူသည် ထိုပစ္စည်းများ၏ အကြမ်းဖျင်းဈေးနှုန်းကို ခန့်မှန်းလေသည်။ သူမသာ ထိုပစ္စည်းများကို ရယူလိုပါက ကံကောင်းမှုလည်းလိုသေးသည်။
သူမ ထိုနေရာရောက်သည့်အချိန်ကတည်းကပင် ဝိညာဉ်စေတီအတွင်းမှ ကျောက်များကို အများအပြား သုံးစွဲပြီးသည်ဖြစ်သဖြင့် သက်ပြင်းချမိသည်။ တစ်နည်းအားဖြင့် ထိုပိုက်ဆံများ သည် ကျောင်မျိုးနွယ်မှ ရသည့် ပိုက်ဆံ များလည်းဖြစ်သည်။ ကောင်းကင်ကျားအိမ်တော်နှင့် အစိမ်းရောင်နန်းတော်မှ ပေးသော အကျိုးအမြတ် များသည် ရတနာများဖြစ်ကြသည်။ ဖန်ကျောက်များ မပါဝင်ခဲ့ပေ။
သူမ မျက်မှောင်ကြုတ်သွားသည်ကို တွေ့သောအခါ ဝူလင်းယူ ပြောလိုက်သည် “အံ့ဖွယ်နတ်ဆိုး တောင်ကြားမှာ အပေါဆုံးက ဖန်ကျောက်တွေပဲ မင်းက တောင်ကြား သခင်လေးလေ ဘယ်လိုဖြစ်ပြီး ဖန် ကျောက်အတွက်နဲ့ စိတ်ညစ်နေတာလဲ”
ရှီမာယူယူဆွံ့အသွားသည် “ကျွန်တော်ကဖြင့် အဲဒီကို မရောက်ဖူးသေးဘူး အံ့ဖွယ်နတ်ဆိုးတောင်ကြား က ပိုက်ဆံတွေက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
“အ,လိုက်တာ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အပြင်မှာလည်း လုပ်ငန်းတွေ အများကြီးရှိတယ်” ဝူလင်းယူသည် သူမ နဖူးအား တောက်လိုက်လေသည်။
ရှီမာယူယူသည် သူမနဖူးအား ပွတ်ကာ မှင်တက်နေလေသည်။ အံ့ဖွယ်နတ်ဆိုး တောင်ကြား မှလူများသည် သက်ဆိုင်ရာဒေသများတွင် အကောင်းဆုံးသော အရာများကို ထုတ်လုပ်နိုင်သည်ကို သူမ သတိရသွား သည်။ သူတို့သည် ဆေးများဖော်စပ်ခြင်း၊ လက်နက်များဖန်တီးခြင်းနှင့် တည်ဆောက်မှုများ ဆောက်လုပ်ခြင်း များကို ပြုလုပ်ကြသည်။ ထိုကိစ္စများကို တာဝန်ယူသည့် လူများလည်းရှိကာ အပြင်ပိုင်းစီးပွားရေးအဖြစ် လုပ်ကိုင် ကြသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် ပညာရှိစံအိမ်တော်နှင့် ပြိုင်ဆိုင်နိုင်သော အင်အားကြီး ထဲမှ တစ်ခု ဖြစ်လေသည်။ သူတို့၏ အင်အားကို ပြောပြရန်ပင်မလိုတော့ကာ သူတို့၏ အပြင်ပိုင်းစီးပွားရေးမှာလည်း ထိုနည်း လည်းကောင်းပင်။ ထိုသည်မှာ သူမအတွက် အံ့သြစရာဖြစ်ခဲ့ သည်။
ရှီမာယူယူသည် ထိုခဏတွင် ပျော်ရွှင်သွားသော်လည်း တွေဝေစွာဖြင့်ပြောလေသည် “အဲဒါက အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ ကံကောင်းမှုပဲလေ ကျွန်တော်က ဘယ်လိုလုပ် ကိုယ့်ကောင်းကျိုး အတွက် အားလုံးရဲ့ ရတနာတွေကို ယူသုံးရမှာလဲ”
“အမှတ်တရစားသောက်ဆိုင်က မင်းအတွက်ဖွင့်ထားတာ ရှင်းမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး ဒီနှစ် တွေမှာ မင်းသင်ပေးထားတဲ့ ပညာတွေနဲ့ ပိုက်ဆံရှာထားတယ် အဲဒါတွေ အကုန်မင်းအပိုင်ပဲ” ရှင်းမို ပြော လေသည်။
ရှီမာယူယူ ဘဝင်မကျပေ။ သူမ ကိုယ်ပိုင်ပိုက်ဆံကို သုံးသင့်သည်ဟု ခံစားရဆဲပင်။
ဟိုဟိုဒီဒီ စဉ်းစားပြီးနောက်တွင် သူမ ပစ္စည်းများကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ သူမတွင် ပစ္စည်း များရှိနေ၍ တော်သေးသည်။
သူမ စဉ်းစားလိုက်သည့်အရာကို ရအောင်လုပ်သည်။ သူမသည် သူတို့နှစ်ယောက်အား နှင်ထုတ်ကာ ဝိညာဉ်စေတီအတွင်းသို့ တစ်ယောက်တည်းလာလိုက်သည်။ သူမ မျက်မှန်းတန်းမိ သည့်အရာများကို ရွေးချယ ကာ နောက်နေ့မနက်တွင် ရွှန်းယွမ်ဆိုင်သို့ သွားလိုက်သည်။
သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် ဂျွန်လန်နှင့်တွေ့ချင်သည်ဟု ပြောလိုက် သည်နှင့် လူ တစ်ယောက်သည် သူမအား ခြံအနောက်ဘက်တွင် စောင့်ခိုင်းလေ သည်။ တစ်နာရီမျှ စောင့်ပြီးနောက်တွင် ဖုန်များပေရေနေသော ဂျွန်လန် အပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူမနောက်တွင် သန်မာတေသာ အစောင့်များ လိုက်ပါလာသည်။ ပြီးခဲ့သည့်အဖြစ်အပျက် အပြီးတွင် သူမသည် သူမလုံခြုံရေးအတွက် အလေး ပေး လာသည့်ပုံပင်။
သူမသည် ပြုံးကာ ရှီမာယူယူအား အားနာစွာကြည့်ပြီး ပြောလေသည် “ကျွန်မ တောင်းပန်ပါတယ် လေလံပွဲနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေရလို့ပါ၊ အကြာကြီး စောင့်ခိုင်းမိပြီ တကယ်တောင်းပန် ပါတယ်”
ရှီမာယူယူသည် ရှီမန်ဖန်နှင့် စကားပြောနေရာမှ သူမဝင်လာသည်ကို မြင်သည်နှင့် မတ်တတ်ရပ်ကာ လက်အုပ်ချီကာ ပြောလေသည် “ဒီလောက်အလုပ်များနေတာကို ကျွန်တော် တို့နဲ့ ပေးတွေ့တဲ့အတွက်ကို ကျေးဇူးတင်နေပါပြီ”
ရှီမန်ဖန်သည် ဂျွန်လန်အား လက်အုပ်ချီနှုတ်ဆက်ကာ ပြောလေသည် “ဒီနေ့ ခင်ဗျားကိုမတွေ့ရ လောက်တော့ဘူးလို့ ယူယူကတောင်ပြောနေတာ”
တခြားသူများရှေ့တွင် သူသည် သူမအား ယူယူဟုပင် ခေါ်သည်။ သူတို့လူများရှေ့တွင်သာ သူမကို အစ်မဟု အမည်တပ်လေသည်။
“ဘယ်လိုလုပ်ဖြစ်မလဲ၊ ရှင်တို့လာရင် သတင်းပေးဖို့ ကျွန်မလူတွေကိုတောင် မှာထား တာ ထိုင်ရအောင် လေ” ဂျွန်လန်သည် လျှောက်လာကာ ပြောလေသည်။
ရှီမာယူယူနှင့် ရှီမန်ဖန်တို့ ထိုင်လိုက်ကြကာ ပြောလေသည် “မင်းမှာ အချိန်မရှိတော့ အချိန်မဆွဲတော့ ပါဘူး လိုရင်းကိုပဲပြောပါတော့မယ်”
“ကျွန်မလာရင်းနဲ့တောင် စဉ်းစားနေတာ ရှင်တို့ တစ်ခုခုလိုတာများရှိလို့ လာတယ်ဆို တာ မှန်းပြီးသားပါ” ဂျွန်လန် ပြောလေသည် “ကျွန်မကူညီနိုင်တာများရှိမလား”
“ဒီလိုပါ မနေ့က မင်းလူလွှတ်ပြီး စာရင်ပေးခိုင်းလိုက်တယ်လေ အဲထဲမှာ ကျွန်တော် အရေးတကြီးလို နေတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ တော်တော်များများပါနေတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဆေးဖက်ဝင် ပစ္စည်းတွေကလည်း ဈေးမြင့်နေတာ့ အဲဒါကိုရအောင်ယူ မယ်ဆိုရင် ပိုက်ဆံလိုမယ်လို့ တွေးမိလိုက်လို့ပါ”
“အဲဒီတော့” သာမန်လူသာဆိုလျှင် ဂျွန်လန်သည် သူမအား ဖန်ကျောက်များကို ပေးလိုက်မည်ဖြစ်သည်။ သို့သော် သူမနှင့် ရက်အနည်းငယ်နေခဲ့ပြီးနောက်တွင် ရှီမာယူယူကို နားလည်လာသည်။ ထို့ကြောင့်ပင် သူမ နောက်ပြောမည့်စကားကို စောင့်နေလိုက်သည်။
“ကျွန်တော် ဒီရောက်တာမကြာသေးတော့ ဖန်ကျောက်လည်း အများကြီးမရှိဘူး၊ အဲဒါကြောင့် ပစ္စည်း တချို့ကို လေလံတင်လို့ရမလားလို့ပါ” ရှီမာယူယူသည် ရှက်ကိုးရှက်ကန်း နှင့်ပြောလေသည်။
“ပြဿနာမရှိပါဘူး” ဂျွန်လန်သည် ချက်ချင်းပင် သဘောတူလိုက်သည် “ဒီလိုလေလံပွဲ မှာ ပစ္စည်းတွေက တော့ အရည်အသွေးနိမ့်လို့မဖြစ်ဘူး ဒါပေမဲ့ ရှင့်အတွက်တော့ ပြဿနာ မရှိဘူး ထင်ပါတယ် ရှင် ဒီက ပစ္စည်းတွေ ကို ဝင်ရဦးမယ်မလား”
“အင်း”
ရှီမာယူယူသည် မနေ့ညကပြင်ဆင်ထားသော ပစ္စည်းများကို ထုတ်ကာ ဂျွန်လန်အား ပေးကြည့်လိုက် သည်။
ဂျွန်လန်သည် ထိုပစ္စည်းများကို ကြည့်ကာ ရှီမာယူယူ မျက်စိကျသော ပစ္စည်းကို မေးမြန်းလေသည်။ ပစ္စည်းများကို တန်ဖိုးဖြတ်ပြီးနောက်တွင် သူမ ပြောလိုက်သည် “ဒီပစ္စည်း တွေကမဆိုးပါဘူး ဒါပေမဲ့ လေလံပွဲမှာ တော့ ထင်ပေါ်မှာမဟုတ်ဘူး ရှင် ငွေအရေးတကြီးလိုတယ်ဆိုရင်တော့ ကျွန်မမှာအကြံရှိတယ်”