← Chapters

အပိုင်း (၅၁၁) – အမြန်ဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်း

Vol. 006 Ch. 511

အပိုင်း (၅၁၁) – အမြန်ဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်း

Vol. 006 Ch. 511

ရှီမာယူယူ ဂျွန်လန်အား ကြည့်ကာ မေးလိုက်သည် “ဘာအကြံလဲ”

“တကယ်တော့ ဒီပစ္စည်းတွေရဲ့ အဆင့်ကလည်း မနိမ့်ပါဘူး ဒီတစ်ခေါက်လေလံပွဲမှာက ပထမအဆင့် ဒုတိယအဆင့် ပစ္စည်းတွေမပါလို့ပါ၊ အဲဒါကြောင့် ရှင့်အတွက် ဈေးအများကြီး မရမှာစိုးလို့ပါ.. ရှင့်မှာ ပြိုင်ဘက် ကင်း ပစ္စည်းကိုထုတ်နိုင်မယ်ဆိုရင် အဆင့်မမြင့်ရင်တောင်မှ ပိုက်ဆံများများရှာနိုင်မယ်လေ” ဂျွန်လန်သည် နှစ်ပေါင်းများစွာ လေလံပွဲကျင်းပခဲ့သဖြင့် သူမ ထင်မြင်ချက်ကိုပြောလေသည်။

“ပြိုင်ဘက်ကင်း ပစ္စည်း…” ဂျွန်လန် ပြောသောစကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ရှီမာယူယူ ခံစားရ သည်။ သူမ စိတ်ထဲတွင် ပြိုင်ဘက်ကင်းသည့် ပစ္စည်းကို စဉ်းစား ကြည့်မိသည်။

“ဥပမာအနေနဲ့ ရှင် လအနောက်တိုင်းပြည်မှာတုန်းက လေလံပွဲဝင်ခဲ့တဲ့ ခြင်ဆီနဲ့ အကြောအမျှင် ရှင်းလင်းတဲ့ဆေးတွေလိုပေါ့ အဆင့်မမြင့်ပေမယ့် လေလံပွဲမှာ တင်လိုက်တော့ ဈေးရတယ်လေ” ဂျွန်လန်  ပြောလိုက်သည်။

“ခြင်ဆီနဲ့ အကြောရှင်းလင်းဆေးဟုတ်လား” ရှီမာယူယူ မှင်တက်သွားသည်။ သူတို့သည် ဆန့်ကျင်ရေး  ဆေး၁၀၀ အကြောင်းကို ပြောနေသည်ကို နောက်မှပင် သဘော ပေါက်လေသည် “ဂျွန်လန် ကျွန်တော် ဆန့်ကျင်ရေးဆေးတစ်ရာ ထုတ်မယ်ဆိုရင် ဘယ်လောက်ရနိုင်လဲ”

ဂျွန်လန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလေသည် “ရှင် လေးလုံးလောက်ထုတ်ရင် ဒီကပစစည်း တစ်ဝက်လောက်တော့ ဝယ်လို့ရမယ်”

“တစ်ဝက်ဟုတ်လား” ရှီမာယူယူသည် ပင့်သက်ရှိုက်လိုက်သည်။ သူမသည် ဆန့်ကျင်ရေးဆေး တစ်ရာထက် တန်ဖိုးရှိသော ပစ္စည်းများကို ထုတ်ခဲ့သည်။ သို့သော် ဆန့်ကျင်ရေးဆေးတစ်ရာ လေးလုံးနှင့် ပင် မယှဉ်နိုင်ပေ။

“ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ရှင်ပေးခဲ့တဲ့ ဆေးနည်းရခဲ့တော့ အဂ္ဂိရတ် ပညာရှင်အသင်းကို ပေးလိုက် တာ သူတို့အဲဒါကို လေ့လာခဲ့ကြတယ်၊ ရွှေမြွေအသီးက ရှာရတာခက်တယ်လို့ ထင်တယ်၊ ကျွန်မတို့ အချိန် အတော်ကြာရှာခဲ့တယ် ပြီးတော့ အဲဒါနဲ့ အာနိသင်တူတဲ့ တခြားပစ္စည်းကို ထည့်သုံးမလို့လုပ်သေးတယ် ဒါပမေဲ့ အဲဒါနဲ့ လုံးဝဖော်လို့မရဘူးဖြစ်နေတယ်” မျိုးနွယ်သည် ဆေးနည်းရသော်လည်း ထိုသို့ဖြစ်ခဲ့သည်ကို ဂျွန်လန် ခံပြင်းမိသည်။

“ဆန့်ကျင်ရေးဆေးတစ်ရာရဲ့ အဓိက ကျောရိုးကလည်း ရွှေမြွေအသီးပဲလေ၊ တခြား ဆေးဖက်ဝင်ပစ္စည်း နဲ့ အစားထိုးလို့မရဘူးဆိုတာ သဘာဝပဲလေ” ရှီမာယူယူ ပြောလေသည်။

“ရှင်ပြောတဲ့အတိုင်းဆိုရင် ရှင့်မှာ ခြင်ဆီနဲ့  အကြောသန့်ရှင်းရေး ဆေးရှိတယ်ပေါ့” ဂျွန်လန် မေးလေ သည်။

“ကျွန်တော်အရင်က ရွှေမြွေအသီးရခဲ့တုန်းက နည်းနည်းဖော်ထားတာရှိတယ်” ရှီမာယူယူ ပြောလိုက် သည် “အစတုန်းကတော့ ဒီဆေးက အဆင့်နိမ့်လွန်းတယ်ဆိုပြီး အများကြီး မပြင်ထားမိဘူး”

“တကယ်လား” ဂျွန်လန်သည် စိတ်လှုပ်ရှားစွာ ပြောလေသည် “ရှင့်မှာတကယ်ပဲ ခြင်ဆီနဲ့ အကြော သန့်ရှင်းရေးဆေးရှိတာလား အဲဒါတွေကို လေလံတင်မလား”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ ဆန့်ကျင်ရေးဆေးတစ်ရာသည် သူမအတွက် ဖြေရှင်းရန်မခက်ပေ။ ထို့အပြင် ဝိညာဉ်စေတီအတွင်းတွင် ရွှေမြွေအသီးများရှိသေးသည်။ သူမ ပြန်ပြီး ဆေးဖော်ရန်ပင်။

သူမ ခေါင်းညိမ့်သည်ကို ကြည့်ပြီး ဂျွန်လန်သည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကာ ပြောလေသည် “အမှန်အတိုင်းပြောရရင် ကျွန်မတို့ မောင်နှမက ရှင်ပေးလိုက်တဲ့ ဆေးနည်းကြောင့် မြန်မြန်ပြန်လာရတာ အဲဒါ  တော့ ပြောပြီးသားနော်၊ ဒါပေမဲ့ ဒီနှစ်တွေမှာ ဒီဆေးကို အောင်မြင် အောင်မဖော်နိုင်ကြတော့ အဲဆေးနည်းက မှန်ရဲ့လားဆိုတာ အကုန်လုံးကမေးခွန်းထုတ်နေကြတာ ကျွန်မတို့ကိုလည်း တခြားသူတွေက သံသယဝင်ကြ တာပဲ ရှင်သာတကယ်ပဲ ခြင်ဆီနဲ့အကြောသန့်ရှင်းရေးဆေး ထုတ်လိုက်မယ်ဆိုရင် အဲလူတွေ ဆွံ့အသွားကြမှာ ပဲ”

“ဒါဆို ဆေးနည်းနည်းဖော်လိုက်ဦးမယ် မနက်ဖြန်ကို ပို့ပေးလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

ရွှန်းယွမ်ဆိုင်တွင် ဂျွန်လန်၏ အဆင့်မနိမ့်သည်ကို သူမ တွေ့ရသည်။ သူမသည် အရည်အချင်းရှိကာ သန်မာသည်။ မဟုတ်လျှင် အသက်ငယ်ငယ်နှင့် ဒီလိုကြီးမားသော လေလံပွဲကို တာဝန်ယူနိုင်မည် မဟုတ်ပေ။  ဂျွန်လန်သည် နောက်ပိုင်းတွင် ရွှန်းယွမ်ဆိုင်၏ အထွတ်အထိပ် ရောက်မည်ဟု ထင်မိသည်။ သူမသာ အားစိုက်ပြီး အနည်းငယ် ကူညီပေးလိုက်လျှင် အနာဂတ်တွင် အကျိုးအမြတ်ရနိုင်သည်။

“ဒါဆိုရင် ဒီပစ္စည်းတွေကို သိမ်းခိုင်းလိုက်တော့မယ်နော် လေလံပွဲကျရင် လေလံတင် ပေးပါမယ်” ဂျွန်လန် ပြောလေသည်။

“ဒါဆို မင်းကိုပဲဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ဂျွန်လန်သည် လက်ခုပ်တီးလိုက်ရာ အစေခံမိန်းကလေးများ ဝင်လာသည်။ ဂျွန်လန် သည် ပစ္စည်းများကို  ပေးလိုက်လေသည်။

ပုံမှန်ဆိုလျှင် လေလံပွဲတွင် ပစ္စည်းများကို အကဲဖြတ်သူရှိသည်။ သို့သော် ရှီမာယူယူသည် ဂျွန်လန်အ ဖြေရှင်းနိုင်မည်ဟု ယုံသည်။ ဂျွန်လန်သည် သူမကို အမြတ် မထုတ်နိုင်ပေ။ “ဒါကိစ္စအပြင် တခြားကိစ္စရှိသေးလို့”

“ပြောပါ”

ရှီမာယူယူသည် ဆေးဖက်ဝင်ပစ္စည်းသုံးမျိုးအား ညွှန်ပြကာ ပြောလေသည် “ဒီပစ္စည်း သုံးခုက…’

ဂျွန်လန်သည် သူမဆိုလိုသည်ကို ချက်ချင်းပင်နားလည်သွားကာ ပြောလေသည် “ဒီပစ္စည်းတေါက လူတစ်ယောက်တည်းက ရောင်းတာပါ၊ သူက ပိုက်ဆံအတွက်လေလံ တင်တာမဟုတ်ပဲ ပစ္စည်းချင်းလဲချင်တယ် လို့ပြောတယ်”

“သူ ဘာပစ္စည်းနဲ့လဲချင်တယ်ဆိုတာ ပြောလား” ရှီမာယူယူ စိုးရိမ်စွာ မေးလေသည်။

ဂျွန်လန် ခေါင်းရမ်းကာ ပြောလေသည် “သူမပြောဘူး လေလံပွဲစတော့မှပဲ လိုအပ်တာပြောမယ်လို့ ပြောတယ်”

“သြော်” ရှီမာယူယူသည် အနည်းငယ်စိတ်ပျက်သွားသည်။ အစပိုင်းတွင် တစ်ဖက်လူ၏ တောင်းဆိုချက် ကို အရင်သိရမည်ဟု မျှော်လင့်ထားသည်။ သို့သော် မဖြစ်နိုင်ဘူးထင်သည်။ “အဲလိုဆိုရင်တော့ ကျွန်တော်တို့ သွားပါတော့မယ် မနက်ဖြန်ကို ဆေးပို့ပေးလိုက်ပါမယ်”

“ကျွန်မလိုက်ပို့ပါမယ်”

ရွှန်းယွမ်ဆိုင်၏ တံခါးပွင့်သွားကာ ရှီမာယူယူနှင့် ရှီမန်ဖန်တို့ ထွက်သွားသည်ကို ဂျွန်လန် စောင့်ကြည့်နေ ခဲ့သည်။ သူမသည် ဘေးမှ သူမလူများကို ပြောလိုက်သည် “ငါ့အမိန့်ကို သွားပြောလိုက် ခြင်ဆီနဲ့အကြော သန့်ရှင်းရေးဆေး ပါမယ်ဆိုတဲ့အကြောင်း သတင်းလွှင့် လိုက်ပါလို့”

“သခင်မလေး ခြင်ဆီနဲ့အကြော သန့်ရှင်းရေးဆေးကို အရင်ကြည့်ရဦးမယ်လေ သတင်းလွှင့်လိုက်လို့ အဲသခင်လေးက ဆေးမဖော်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ” သူမဘေးမှ အစောင့်သည် မေးခွန်းထုတ်လေ သည်။

“မလိုဘူး ငါသူ့ကိုယုံတယ်” ဂျွန်လန် ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဆေးဖက်ဝင်ပစ္စည်းတွေက သူ့အတွက် အရေးကြီးလို့ ဝယ်ချင်လို့ ပိုက်ဆံရဖို့ ရောင်းတာပဲ…”

ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးသည် သူမအား လျင်မြန်စွာ ပိုက်ဆံရနိုင်သော အရာပင်ဖြစ်သည်။

သူမဘေးမှလူများသည် သူမ သခင်မလေးသည် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်ကို တွေ့သောအခါ သူမ အမိန့်ကို လိုက်နာရုံအပြင်မရှိတော့ပေ။ သူတို့သည် ခြင်ဆီနှင့်အကြော သန့်ရှင်းရေးဆေးအကြောင်းကို သတင်း လွှင့်လိုက်လေသည်။ သို့သော် ရွှန်းယွမ်ဆိုင်မှ လွှင့်သည့်ပုံမျိုးမဟုတ်ပဲ လျှို့ဝှက်သတင်းအနေနဲ့ လွှင့်ခြင်း ဖြစ် သည်။ သူတို့သည် လျှို့ဝှက်နည်းလမ်းကို သုံးခဲ့သည်။

ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေး သတင်းသည် ထိပ်တန်းမြို့တော်တွင် ပြန့်သွားလေသည်။  လေလံပွဲစတင်ရန် မလိုတော့သဖြင့် အင်အားကြီးအများစုသည် ထိုနေရာ တွင် ရောက်နှင့်ပြီး ဖြစ်လေသည်။ သူတို့ သည် ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေး အကြောင်းကြားသောအခါ သံသယများရှိသော်လည်း ပိုက်ဆံစု ထားရန် သူတို့လူများကို မှာကြားလေသည်။

ရှေးဟောင်းကမ္ဘာဦးနယ်မြေများတွင် ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးပေါ်မလာခဲ့ သည်မှာ အချိန် အတော်ကြာပြီဖြစ်သည်။ ထိုဆေး၏ အဆင့်မှာ မမြင့်သော်လည်း တိုင်းပြည်တစ်ခုလုံးသည် မျက်စိကျလောက်  သောဆေးဖြစ်သည်။ ထိုဆေးသည် ဂိုဏ်းများ၏ အုတ်မြစ်နှင့် ဆိုင်သော ဆေးဖြစ်သောကြောင့်ဖြစ်သည်။

လူငယ်မျိုးဆက်များသာ ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးစားလိုက်ပါက သူတို့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲပစ်နိုင်သည်။ ပါရမီရှင်က ပါရမီရှင်ဖြစ်လာမယ့် နည်းပဲမဟုတ်လား။

သည်လိုနှင့် အင်အားကြီးများသည် ပိုက်ဆံစုဆောင်းထားကာ ခြင်ဆီနှင့် အကြော သန့်ရှင်း ရေးဆေး ကို ဝယ်ရန်လုပ်ကြလေသည်။

ကုန်ရှောင်ယိသည်လည်း လိုချင်မိသည်။ သူမသည် မနက်ပိုင်းအပြင်သွားရာတွင် ခြင်ဆီနှင့် အကြော သန့်ရှင်းရေးဆေး သတင်းအကြောင်းကို ကြားလာခဲ့သည်။ သူမသည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး စိတ်လှုပ်ရှား စွာ ပြောလေသည် “အဲဒါတကယ်ပဲ ခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေးပဲ ကုန်တောင်ကြားသာ အဲဒါကို ရရင် ကောင်းမှာပဲ မဟုတ်သေးဘူး ကျွန်မလူတွေကို ဖန်ကျောက်တွေပြင်ခိုင်းထားရမယ်၊ ကျောက် တစ်သန်း  လောက်ဆို လောက်ပါ့မလား”

သူမ ပြောသည်ကို ရှီမာယူယူ ကြားသောအခါ သူမအား မျက်လုံးပြူးဖြင့် ကြည့်မိလေသည်။ သူမ လူများကို ဖန်ကျောက်သွားယူရန် အမိန့်ပေးသည်ကို မြင်သောအခါ သူမသည် အလျင်စလိုတားလိုက်ရသည်။ သူမ ပြုံးပြီး ပြောလိုက်သည် “ငါ မင်းအတွက် နည်းနည်းပေးလို့ရတယ် ဘာလို့သူတို့နဲ့ လုယူနေမှာလဲ”

ကုန်ရှန်ယိသည် ခေတ္တမျှ ငြိမ်သွားလေသည်။ ရှီမန်ဖန်သည် ဘေးမှ ပြောလေသည် “အစ်မက ဆေးဖော်  ပြီးပြီ မင်းအတွက် ၂လုံးချန်ထားတယ်”

ကုန်ရှန်ယိသည် နောက်ဆုံးတွင် နားလည်သွားသည်။ သူမသည် ရှီမာယူယူအား အံ့သြစွာ ကြည့်လိုက် သည် “အစ်မက ခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေးကို ဖော်တဲ့လူလား”

ရှီမာယူယူ ပြုံးပြီး ခေါင်းညိမ့်လိုက်လေသည်။

“ဘုရားရေ” ကုန်ရှန်ယိသည် သူမရင်ဘတ်တွင် လက်တင်လိုက်သည်။ သူမသည် အမှန်တကယ်ပင် လန့်သွားသလိုပင်။ သူမသည် ပြုံးပြီးပြောလေသည် “ယူယူ တကယ်ပဲ ကျွန်မအတွက် ၂လုံးချန်ထားပေးတာ လား”

All Chapters