← Chapters

ပြင်ပတာအိုကျင့်ကြံခြင်း ၊ ပြင်ပမှဖြစ်ပြီးအတွင်းပိုင်းမှသိမြင်ခြင်းမဟုတ်

Vol. 95 Ch. 1325

ပြင်ပတာအိုကျင့်ကြံခြင်း ၊ ပြင်ပမှဖြစ်ပြီးအတွင်းပိုင်းမှသိမြင်ခြင်းမဟုတ်

Vol. 95 Ch. 1325

အခန်း (၁၃၂၅) ပြင်ပတာအိုကျင့်ကြံခြင်း ၊ ပြင်ပမှဖြစ်ပြီးအတွင်းပိုင်းမှသိမြင်ခြင်းမဟုတ်

“ရှင်ပြောသလိုဆိုရင်... မဟာကပ်ဘေးကြီးမတိုင်ခင် ကျွန်မတို့တာအိုဝါဒရဲ့ ဒဏ္ဍာရီလာ ကောင်ကင်နတ်ဘုရား(၄)ပါးက အကြီးအကဲ’စော’ ရဲ့ လက်ချက်နဲ့သေသွားတာပေါ့ ၊ သူတို့က အတော်လေးရှေးကျတဲ့နတ်ဘုရားတွေလို့ မှတ်ယူလို့ရတယ်”

ဖန်းယွင်ရှန်းက ဆိုသည်။

“ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးဆိုရင် တန်ခိုးစွမ်းအားမြင့်မားတဲ့ ကျင့်ကြံသူ‌တစ်ယောက်ရဲ့ ကာကွယ်ပေးမှုကိုမရရင် ခေတ်အပြောင်းအလဲမှာ ရှင်သန်ဖို့ မဖြစ်နိုင်ဘူး ၊ အပြောင်းအလဲထဲမှာ ရှင်သန်နိုင်ခဲ့တယ်ပဲ ထားပါဦး ၊ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးရဲ့သက်တမ်းက (၁)ယွမ် သက်တမ်းပဲရှတယ် ၊ ဒါပေမဲ့ သူတို့(၄)ယောက်လုံးက နတ်ဘုရားတွေ အုပ်စိုးတဲ့ခေတ်ကတည်းက နာမည်ကြီးခဲ့ကြတဲ့သူတွေ မဟုတ်လား”

(၁)ယွမ် သက်တမ်းဆိုသည်မှာ နှစ်ပေါင်း “တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာ” ဟု အဓိပ္ပါယ်ရသည်။

သို့သော် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ချီစွမ်းအားငါးမျိုးစုစည်းခြင်းအဆင့်တစ်ခုတည်းဖြင့် ထိုသို့သောသက်တမ်းမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

ကျင့်ကြံသူများအနေဖြင့် အနည်းဆုံး ပန်းနှစ်ပွင့်သရဖူကို ဖွဲ့စည်းနိုင်ရန်လိုအပ်သည်။ သို့မှသာ (၁)ယွမ်ဆိုသော သက်တမ်းအထိ အသက်ရှည်စေမည် ဖြစ်၏။

ထို့ကြောင့် သူတို့အနေဖြင့် အခြား ပြင်းထန်ဒဏ်ရာများ ခံစားရခြင်းမရှိပါက နှစ်ပေါင်း တစ်သိန်းနှစ်သောင်းကိုးထောက်ခြောက်ရာသက်တမ်းကို ရရှိမည် ဖြစ်သည်။

ဤသည်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ပိုင်ဆိုင်သည့် အမြင့်ဆုံးသက်တမ်း ဖြစ်သည်။

မဟာကပ်ဘေးကြီးကို ဖြတ်ကျော်ရခြင်းမရှိသလို ခေတ်အပြောင်းအလဲရင်ဆိုင်ရခြင်းမရှိမှသာ သူတို့အနေဖြင့် ကျင့်ကြံခြင်းအဆင့် ဆက်လက်တက်ရောက်နိုင်မည် ဖြစ်၏။

တစ်ခုတည်းသောခြွင်းချက်မှာ လူသားတို့၏ သက်တမ်းကို အုပ်စိုးသော သက်ရှည်နတ်မင်းဘိုးဘိုး ဖြစ်သည်။

သဘာဝတရား၏နိဘာမများနှင့် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့် များပြားလှစွာသော ဖြစ်စဉ်များက သက်ရှည်နတ်မင်းဘိုးဘိုးတစ်ယောက်တည်းအပေါ်သာ သက်ရောက်မှုမရှိခြင်း ဖြစ်သည်။

နတ်ဆိုးပြန်လည်မွေးဖွားလာသည့်လူသားဖြစ်စေ ၊ မည်သို့သော သိုင်းပညာကိုလေ့ကျင့်သည်ဖြစ်စေ ၊ သို့မဟုတ် မည်သို့သော ဆေးလုံးများ ဆေးဝါးများကိုစားသုံးထားသည်ဖြစ်စေ ထိုက်ရွှီးနတ်ဘုရားအဆင့်ထက်မကျော်လွန်နိုင်ပါက (၁)ယွမ်သက်တမ်းထက်ပိုပြီး နေထိုင်နိုင်မည် မဟုတ်ပေ။

စောမင်ကျန့်လက်ချက်ဖြင့် သေဆုံးသွားသော အမတခုံရုံးမှ ကောင်းကင်နတ်ဘုရား(၄)ပါးမှာ တာအိုဝါဒ၏ ထျန်းကျွင်းနယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။

ကောင်းကင်ဘုံအရှင်’ကျောက်’ __ ကျောက်ကျန်း ၊ နာ့ပေါင်ထျန်းကျွင်း’ချောင်ပေါင်’ ၊ မဟူရာပြစ်ဒဏ်ကြယ်သခင် ‘ကောင်းကျိနန်’ နှင့် ပိရှာယွမ်ကျွင်း’ယွိဟွမ်လုန်’ တို့အားလုံးမှာ နတ်ဘုရားများအုပ်စိုးစဉ်ခေတ်ကာလကတည်းက ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့အနေဖြင့် မိုးကောင်းကင်ခုံရုံး၏ ကောင်းကင်ဘုံနန်းတော်နှင့် နတ်ဘုရားများအုပ်စိုးခြင်းခေတ်ကာလ အဆင့်သတ်မှတ်ချက်များကြောင့် ခေတ်အပြောင်းအလဲတွင် (၂)ကြိမ်တိုင်တိုင် အသက်ရှင်နိုင်ခဲ့ကြသော်လည်း အချိန်ဆိုသည်က ကရုဏာတရား မရှိလှပေ။

ရန်ကျောက်ကဲက...

“သူတို့ (၄)ပါးလုံးက နတ်ဘုရားများအုပ်စိုးတဲ့ခေတ်ကာလကတည်းက နတ်ဘုရားတွေဖြစ်နေတဲ့အတွက် အခြေအနေက နည်းနည်းထူးခြားသွားတယ်”

သူကဆက်ပြောသည်။

“သူတို့ ဆက်ပြီးမကျင့်ကြံနိုင်ဘူးဆိုရင် သူတို့ရဲ့တန်ခိုးစွမ်းအားလည်း တိုးတက်လာမှာမဟုတ်ဘူး ၊ သူတို့ရဲ့သက်တမ်းစီးဆင်းမှုလည်း နှေးကွေးလာလိမ့်မယ်”

“ဒါပေမဲ့ သူတို့က နတ်ဘုရားများအုပ်စိုးခြင်းခေတ်က နတ်ဘုရားတွေမဟုတ်တော့ဘူးဆိုရင် အားလုံးက ပုံမှန်အတိုင်း ဖြစ်နေမှာပဲ ၊ မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရမယ်ဆိုရင် သူတို့ရဲ့အသက်ဓာတ်စွမ်းအားတွေထိခိုက်သွားပြီး သူတို့ရဲ့ လက်ကျန်သက်တမ်း သေချာပေါက် ထိခိုက်မှုရှိမှာပဲ”

ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်ပြီး...

“ယုံကြည်ခြင်းစွမ်းအား အရတနာအလင်းတန်းကနေ သူတို့ရဲ့ သက်တမ်းကိုတိုးမြှင့်ဖို့ မျှော်လင့်မယ်ဆိုရင် အဲဒါက ပိုပြီးတော့တောင် ခက်ခဲလိမ့်ဦးမယ်”

“ဟုတ်တယ်... သူတို့ရဲ့တန်ခိုးစွမ်းအားမြှင့်တင်ဖို့အတွက်ဆိုရင်တော့ ပြဿနာမရှိဘူး ၊ သူတို့ ကိုယ်ပိုင်ကျင့်ကြံခြင်းလောက် စွမ်းအားမကြီးမားဘူးဆိုရင်တောင် အဆင်ပြေနိုင်တယ်”

ဖန်းယွင်ရှန်းက အနည်းငယ် အံ့အားသင့်သွားပြီး...

“အဲဒီလိုလား...”

ရန်ကျောက်ကဲက...

“မင်းက ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့မှတ်ဉာဏ်တွေကို မရရှိခဲ့ဘူး ၊ ပြီးတော့ အမတခုံရုံးနဲ့ပတ်သက်ပြီး နည်းနည်းပဲ သိထားတာ ၊ ငါတို့တွေ သုခဘုံကပြန်လာပြီးကတည်းက အဲဒီကိစ္စတွေကို အများကြီးမပြောဖြစ်ကြဘူးလေ”

“တကယ်တော့ ဒီကိစ္စ ငါပြောဖို့လိုသွားတာ ၊ မင်းလည်းနားလည်ပါတယ် ၊ ငါတို့က အမတခုံရုံးနဲ့ သုခဘုံကလူတွေကို ပြင်ပတာအိုကျင့်ကြံသူတွေအဖြစ် ရည်ညွှန်းကြတယ် ၊ အဓိကအကြောင်းရင်းကတော့ သူတို့ရဲ့ကျင့်ကြံခြင်းက အတွင်းပိုင်းကမဟုတ်ဘဲ အပြင်ပိုင်းကသက်ရောက်မှုရှိတဲ့အတွက်ပဲ”

ဖန်းယွင်ရှန်း၏ လက်ရှိတန်ခိုးစွမ်းအားနှင့် အသိပညာက ယခင်ကနှင့်နှိုင်းယှဉ်လျှင် များစွာကွာခြားနေပြီ ဖြစ်သည်။

အမတခုံရုံးနှင့် ပြင်ပတာအိုကျင့်ကြံသူများအကြောင်းကိုသာ သူမက အနည်းငယ်မျှ သိရှိခြင်း ဖြစ်၏။ ယခု ရန်ကျောက်ကဲ၏စကားကိုကြားသည့်အခါ သူမ ချက်ချင်း သဘောပေါက်သွားသည်။

ရန်ကျောက်ကဲက...

“ငါတို့ရဲ့ကျင့်ကြံခြင်းအဆင့်မြင့်မားလေ သက်တမ်းပိုပြီးရှည်လာလေပဲ ၊ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ငါတို့ကျင့်ကြံတဲ့တာအိုကျင့်စဉ်တွေက ငါတို့ခန္ဓာကိုယ်ကို တိတိကျကျ ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ပဲ ၊ ကျင့်စဉ်စွမ်းအားက ငါတို့ ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကို အဆက်မပြတ်သန့်စင်ပေးနေတဲ့အတွက် ပိုပြီးသန်စွမ်းလာသလို သိမ်မွေ့လာမယ် ၊ ဒါမှ အသက်ပိုရှည်လာတဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှာပေါ့”

ဖန်းယွင်ရှန်းက နားလည်သွားဟန်ဖြင့်...

“ပြင်ပတာအိုကျင့်ကြံသူတွေက ကျွန်မတို့အဆင့်ကိုမီ‌အောင်မစွမ်းဆောင်နိုင်သလို ကျွန်မတို့နဲ့တူညီတဲ့သက်တမ်းကိုလည်း မရနိုင်ဘူးပေါ့”

သူတို့အနေဖြင့် နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး လူသားအဖြစ်ကိုရပ်တန့်ကာ အမတချီစွမ်းအားများကိုသန့်စင်ပြီးနတ်ဘုရားအဖြစ်သို့ရရှိသော်လည်း သူတို့၏ရုပ်ခန္ဓာများကတော့ အတင်းအကျပ်ပြောင်းလဲရယူထားရဆဲ ဖြစ်၏။

သူတို့ခန္ဓာကိုယ်အား သန့်စင်မှု ၊ အရောင်တင်မှု ၊ တိကျစွာထိန်းချုပ်နိုင်မှုများက သူတို့၏ လောကနိယာမတရားကို နားလည်မှုအပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။ သူတို့ပိုင်ဆိုင်သည့်အသိပညာသည် သူတို့နှင့် ကျင့်ကြံခြင်းအဆင့်တူညီသော အခြားတာအိုကျင့်ကြံသူများထက် နည်းပါးလွန်းသည်။

ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...

“သူတို့ကျင့်ကြံထားတဲ့ သိုင်းပညာရဲ့လွှမ်းမိုးမှု ဒါမှမဟုတ် သူတို့စားသုံးထားတဲ့ ဆေးဝါးမျိုးစုံ ၊ ပြီးတော့ ရတနာပစ္စည်းတွေသာမရှိရင် ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ ပျမ်းမျှသက်တမ်းက ငါတို့ စန်းချင်းသုံးပါးအဆက်အနွယ် ကျင့်ကြံသူတွေနဲ့ယှဉ်ရင် အများကြီး နိမ့်ကျသွားလိမ့်မယ် ၊ တကယ်တော့ ကွာခြားချက် ကြီးမားတယ်လို့တောင် ပြောနိုင်တယ်”

သူက ဆက်ပြောသည်။

“သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါတို့ထက်ပိုမြင့်နေမယ်ဆိုရင်တောင်မှ သူတို့သက်တမ်းက ငါတို့လောက်မရှည်နိုင်ဘူး”

“သုခဘုံကတော့ နည်းနည်းပိုပြီး အားကောင်းတယ် ၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာတွေရဲ့သိုင်းပညာကိုက သူတို့ရဲ့ရုပ်ခန္ဓာ အရမ်းမာကျောသွားအောင် လေ့ကျင့်ပေးပြီး သေခြင်းရှင်ခြင်းရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို သင်ပြပေးလို့ပဲ”

“ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ က ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ပြောဖူးတယ်”

ယင်ထျန်းရှအကြောင်းပြောသည့်အချိန် ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။

“သူပြောတာက... “မင်းက နတ်ဘုရားတံခါးကိုတွန်းဖွင့်လိုက်တယ်ဆိုပေမယ့် တကယ်တွန်းဖွင့်လိုက်တဲ့သူက မင်းမဟုတ်ဘူး” တဲ့... ၊ ဒီကိစ္စက တစ်ခုခုကွဲလွဲနေပုံရပေမယ့် ကိစ္စရပ်များစွာကို ရှင်းလင်းပြောပြနိုင်ခဲ့တယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး...

“သူတို့အနေနဲ့ နတ်ဘုရားတံခါးကို ကျော်ဖြတ်ပြီး နတ်ဘုရားအဆင့်ရောက်သွားတဲ့တိုင် သူတို့ကို တခြားသူက ခေါ်လာတာဖြစ်တဲ့အတွက် ကိုယ်တိုင်လျှောက်လှမ်းတာလောက် အတွေ့အကြုံ မများနိုင်ဘူးပေါ့”

ရန်ကျောက်ကဲက အေးဆေးသည့်လေသံဖြင့်...

“ဒါက လုံးဝ အကျိုးမရှိတာမျိုးတော့ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ကောင်းကင်ဘုံအရှင်’ကျောက်’ နဲ့တခြားသူတွေလိုပဲ သူတို့က မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်မှာဖြစ်တယ် ၊ ပြီးတော့ သူတို့က ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားအဆင့်လိုမျိုး ထာဝရတည်ရှိတဲ့သူမျိုးဖြစ်မလာနိုင်ပေမယ့် တန်ခိုးစွမ်းအား မြင့်တက်လာတာကိုတော့ ခံစားရလိမ့်မယ်”

“ဟုတ်တယ်... ဒါက အဓိကအချက်တော့မဟုတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားတွေနဲ့ တန်ခိုးစွမ်းအားအရာမှာ ယှဉ်နိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ အရေးကြီးဆုံးက ပန်းသုံးပွင့်သရဖူဖြစ်တည်ပြီးတဲ့အချိန်... သူတို့ရဲ့ အမတအနှစ်သာရကို အမတပန်းပွင့်သရဖူအဖြစ် ပြောင်းလဲနိုင်ပြီဆိုရင် ထိုက်ရွှီးမူလနတ်ဘုရားရဲ့ အမတစွမ်းအားတွေက သူတို့ကို လုံးဝ ထိခိုက်စေနိုင်မှာ မဟုတ်တော့ဘူး”

ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးအနေဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင်ပြုလုပ်ရန် ခက်ခဲသည်။

ထို့ကြောင့် အစောပိုင်းတိုက်ပွဲတွင် ကျောက်ကျန်း ၊ ကောင်းကျိနန်နှင့် အခြားသူများက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသေးသော စောမင်ကျန့်ကို ယုံကြည်မှုအပြည့်ဖြင့် ဝိုင်းရံထားကြခြင်း ဖြစ်၏။

အကယ်၍ အခြေအနေက တောင်းဆိုလာပါက စောမင်ကျန့်၏ တိုက်ခိုက်မှုများကို သူတို့၏ရုပ်ခန္ဓာဖြင့် တားဆီးထားနိုင်ပြီး စောမင်ကျန့်ကိုသတ်ဖြတ်ရန် အခွင့်အရေးကို ရှာဖွေနိုင်ပေမည်။

သူတို့အားလုံး ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ရှိစဉ်ကနှင့်နှိုင်းယှဉ်ပါက သဘာဝကျစွာပင် အခြေအနေ ကွဲပြားသည်။

မတူညီသောရှုထောင့်မှနေ၍ကြည့်မည်ဆိုလျှင် သူတို့၏သက်တမ်းက ပြောင်းလဲခြင်းမရှိသော်လည်း သေစေနိုင်သော အခြေအနေနှင့်ကြုံတွေ့ရနိုင်ခြေက သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။ ထို့ပြင် အတိုင်းအတာတစ်ခုအထိ သူတို့၏သက်တမ်းကလည်း သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

နတ်ဘုရားအဆင့်ကျင့်ကြံသူများ၏ မတူညီသော ကျင့်ကြံခြင်းအဆင့်များမှာ တစ်ခုနှင့်တစ်ခု ကောင်းကင်ဘုံသို့တက်လှမ်းသည့် ချောက်နက်တစ်ခုပမာ ကွာဝေးကြသည်။ နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးလျှင် တစ်ဆင့်နှင့်တစ်ဆင့်ခြားနားချက်က လွန်စွာကြီးမားသည်။

ရန်ကျောက်ကဲက...

“နောက်ဆုံးမှာ သူတို့တွေရဲ့ သက်တမ်းကုန်ဆုံးခြင်းနဲ့ ရင်ဆိုင်ရရင်တောင် သူတို့အတွက် အကျိုးရှိနေဆဲပါပဲ”

သူက မေးစေ့ကိုပွတ်သပ်လိုက်ရင်း...

“ပြင်ပတာအိုကျင့်ကြံသူတွေထဲမှာ ထာဝရ အကန့်အသတ်မရှိ အသက်ရှည်နေတဲ့ ကောင်းကင်နတ်ဘုရားဆိုတာ မရှိပါဘူး”

“ပြင်ပတာအိုကျင့်ကြံသူဖြစ်တဲ့ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကျင့်ကြံသူက မူလကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် သူတို့အနေနဲ့ သက်တမ်းတိုးလာမှာပဲ ၊ ဒါပေမဲ့ သူတို့သက်တမ်းက အစကတည်းက သိပ်မများဘူး ၊ နိမ့်ပါးနေပြီးသားပဲ”

ခဏမျှစဉ်းစားပြီးနောက် ဖန်းယွင်ရှန်းက...

“တကယ်လို့ ကျင့်ကြံသူတစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး အသက်ဓာတ်စွမ်းအားပျက်ဆီးသွားရင် သူတို့ရဲ့ သက်တမ်းလည်းကျဆင်းသွားလိမ့်မယ် ၊ သာမန်လူတစ်ယော်ကထက်တောင် နည်းချင်နည်းသွားနိုင်တယ် ၊ တကယ်လို့ အဲဒီကျင့်ကြံသူက ပြင်ပတာအိုကျင့်ကြံသူအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် သူတို့ရဲ့ကျင့်ကြံခြင်းလည်းမြင့်တက်လာပြီး ဆုံးရှုံးသွားတဲ့သက်တမ်း ပြန်လည်ရရှိဖို့ အခွင့်အရေးရှိလာနိုင်တယ်”

ရန်ကျောက်ကဲက...

“အမှန်ပဲ... အခွင့်အရေးရလာနိုင်တယ်... ဒါပေမဲ့...”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“... ပြင်ပတာအိုအကြောင်းကို သူတို့ နက်နက်ရှိုင်းရှိုင်းနားလည်ရင်တော့ ဒီအခြေခံသဘောတရားတွေကို ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ ၊ သူတို့ ဘာမှမသိဘူးဆိုရင်တော့ လှည့်စားခံရမှာ မလွဲမသွေပါပဲ”

“အဟက်... ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ လှည့်ကွက်ထဲရောက်သွားရင်တော့ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး”

အမတခုံရုံး စကြာဝဠာတွင်ရှိနေသော မူလနေထိုင်သူများကတော့ ပြင်ပတာအိုကျင့်ကြံခြင်းများကိုသာရရှိမည်ဖြစ်လေရာ သူတို့ကို ထည့်ပြောနေစရာမလိုပေ။

ရန်ကျောက်ကဲက...

“ပြင်ပတာအိုကျင့်ကြံခြင်းကို ငါသဘောမတူပေမယ့် သူတို့ရဲ့ကျင်ကြံခြင်းနောက်ကိုလိုက်ရင် ကျင့်ကြံခြင်းအဆင့်တက်တာ အရှိန်အဟုန်နဲ့လျှင်မြန်မှာရယ် တန်ခိုးစွမ်းအားမြင့်မားတဲ့နေရာကို အမြန်ရောက်လွယ်တာရယ်ဆိုတဲ့အရာတွေက လူတိုင်းကို မျှော်လင့်ချက်ပေးနိုင်တယ် ၊ ဒီတော့ သူတို့နဲ့ပူးပေါင်းတဲ့သူတွေက တစ်ခုကိုစတေးပြီး တစ်ခုကိုရတဲ့ပုံစံမျိုးပဲ ၊ ဒါကြောင့် ကောင်းကင်ဘုံအရှင်’ကျောက်’ နဲ့တခြားသူတွေ သူတို့နဲ့ပူးပေါင်းတာကို ငါ မအံ့သြပါဘူး”

သူ၏မျက်နှာထက်မှ အပြုံးရိပ် ပျောက်ကွယ်သွားသည်။

“ဒါပေမဲ့ ငါ့မှာ သံသယတွေ ရှိနေသေးတယ်”

“ဘုရားလောင်းဖြစ်တဲ့ မီလဲ့ကိုယ်တော်ကို မပြောနဲ့ဦး... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဒီနည်းလမ်းကိုအသုံးပြုပြီး ကောင်းကင်နတ်ဘုရားအဆင့်ကို တက်ရောက်ခဲ့တာဆိုရင်...”

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“ရှေ့ဆက်အဆင့်တက်နိုင်ဖို့အတွက် သူ ဘာလုပ်မလဲ...”

All Chapters