အပိုင်း (၅၁၂) – အပြစ်ကင်းစွာ ရစ်ပတ်ခြင်း
Vol. 006 Ch. 512
ရှီမာယူယူ ကျောက်စိမ်းပုလင်းထုတ်ကာ သူမလက်ထဲထည့်ပြီး ပြောလေသည် “ဒီမှာ မင်းအတွက်”
ကုန်ရှန်ယိသည် ကျောက်စိမ်းပုလင်းအား ကြည့်ကာ ဖွင့်ရန်ပင် မစောင့်နိုင်တော့ပေ။ သူသည် တောက်ပ သော ရွှေရောင်ဆေးလုံးများကို တွေ့သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည် “ယူယူ ဒါက ခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေး ဟုတ်တယ်မလား ဘာလို့ဒီလောက် အများကြီးရှိနေတာလဲ”
“မင်းမှာ အရည်အချင်းမပြည့်ဝသေးတဲ့ မောင်လေးရှိတယ်လို့ ဖန်လေးပြောတယ်၊ မင်းအဲဒါကို အားမရ ဘူးမလား၊ သူက အခုချိန်မှာငယ်သေးတော့ ဒါသူ့အတွက် သုံးလို့ဖြစ်မှာပါ”
ကုန်ရှန်ယိသည် အစပိုင်းတွင် သူ့မောင်အတွက် ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးကို လေလံပွဲတွင် ဝင်ပြိုင်မလို့ဖြစ်သည်။ သူမ အရည်အချင်းသည် မဆိုးလှပေ။ ထို့ကြောင့် သူမ ထိုဆေးအား အသုံးပြုရန် မလိုပေ။ သို့သော် သူမ မောင်လေးသည် မိခင် ဗိုက်အတွင်းကတည်းကပင် ဒဏ်ရာရထားခဲ့သောကြောင့် သူ့အရည်အချင်း မှာ မကောင်းလှ ပေ။ သူမသည် သူ၏ ခန္ဓာကိုယ်ကို ကုသပေးရန် နည်းလမ်းများစွာကို အမြဲတမ်းရှာနေခဲ့သည်။ အကောင်းဆုံးနည်းလမ်းမှာ ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးသုံးရန်ဖြစ်သည်။ သို့သော် သူမ ရှာမရခဲ့ပေ။ ဒီနေ့တွင် သတင်းကြားလိုက်သောအခါ ပျော်ရွှင်ခဲ့သည်။ သူမသည် အားအကုန်သုံးကာ ဝယ်ယူရန်ဖြစ်သည်။ သို့သော် ရှီမာယူယူ သူမအတွက် ဆေးလေးလုံး ပေးမည်ဟု ထင်မထားပေ။
“ကျေးဇူးပဲ ယူယူ” မျက်ရည်များသည် သူမမျက်လုံးထောင့်မှ စတင်စီးကျလာသည်။
“ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဖန်လေးအသက်ကို ကယ်ပေးတာကို တောင် ကျေးဇူးတင်စကားမပြောရသေးဘူး”
ကုန်ရှန်ယိသည် ရှီမန်ဖန်အားကြည့်ရာ သူမမျက်လုံးများတွင် ဝမ်းသာသော အရိပ်အယောင်များ ရှိနေ သေးသည်။ သူမသည် ကျောက်စိမ်းပုလင်းအား တင်းကြပ်စွာကိုင် ကာ ပြောလေသည် “လေလံပွဲစဖို့ အချိန် လိုသေးတယ် ကျွန်မခဏလောက် ပြန်သွားချင်တယ်”
“သွားလိုက်လေ” သူမနှင့် သူမမောင်လေးတို့သည် အလွန်ချစ်ကြကြောင်းကို ရှီမန်ဖန် ရှီမာယူယူအား ပြောပြီးသားဖြစ်သည်။ သူမ ဒီနေ့တွင် ထိုဆေးရပါက စောစောဖြစ်ဖြစ် ပြန် ပေးချင်သည်။ “တစ်ယောက်ကို နှစ် လုံးစားရရင်တော်ပြီ အဲထက်ပိုပြီးစားစရာမလိုဘူး”
“သိပြီ” ကုန်ရှန်ယိ ခေါင်းညိမ့်လေသည်။
ရှီမာယူယူသာ မပြောလျှင် သူမသည် သူ့အား ၄လုံး ကို အကုန်ပေးလိုက်မည်ဖြစ်သည်။
“ဖန်လေး မင်း ရှန်ယိနဲ့ အတူလိုက်သွားသင့်တယ်” ရှီမာယူယူ ပြောလေသည်။
ရှီမန်ဖန်သည် သူမအား ကြည့်ပြီးနောက် ကုန်ရှန်ယိအား ပြန်ကြည့်ကာ ခေါင်းညိမ့်လိုက်လေသည်။
“ဒါဆို ငါတို့အခုပဲသွားလိုက်မယ် လေလံပွဲအချိန်မှီပြန်လာနိုင်အောင်တာ့ လုပ်ကြည့်မယ်” ကုန်ရှန်ယိ သည် စိတ်လှုပ်ရှားကာ ရှီမန်ဖန်၏ လက်မောင်းကို ကိုင်လိုက် လေသည်။
သူတို့သည် ပြန်သွားရမည့်အခြေအနေဖြစ်သည်ကို သူမသိသဖြင့် သွားခိုင်းလိုက် ခြင်းဖြစ်သည်။
မိုဒိဆန်းသည် တစ်ချိန်လုံး တိတ်နေခဲ့သည်။ သူသည် သူတို့ထွက်သွားသည်အထိ စောင့်ပြီး ခုံကို မှီကာ ရှီမာယူယူကို ကြည့်ပြီး ပြောလေသည် “မင်းတကယ်ပဲ ခြင်ဆီနဲ့အကြော သန့်ရှင်းရေးဆေး ရှိလိမ့်မယ်လို့ ငါ တောင် ထင်မထားဘူး”
“တကယ်ပဲ အံ့သြလောက်စရာပဲ” ရှင်းမို ပြောလိုက်သည်။
“အဲဒီခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေးက တကယ်ရှားတယ် အပြင်ပိုင်းဒေသကလူ တစ်ခါ လေလံ အောင်ပြီးတော့ ပိုက်ဆံတွေသုံးလိုက်ရသေးတယ်၊ ဒါပေမဲ့ အဲဒါကလည်း နှစ်တစ်ထောင်မှ တစ်ခါပဲဖြစ်တတ် တာလေ” ဝူလင်းယူသည် မကြာခဏလှည့်ပတ်သွား တတ်သဖြင့် ထိုသတင်းမျိုးကို ကောင်းကောင်းသိသည်။
ပြီးခဲ့သည့်တစ်ခေါက်က လေလံပွဲတွင် တွေ့ခဲ့သော ခြင်ဆီနှင့်အကြောသန့်ရှင်းရေးဆေး အကြောင်းကို ရှီမာယူယူသိသည်။ ထိုတစ်ခေါက်က ဆေးကို ဘေဂုံမျိုးနွယ်က လေလံ အောင်သွားကာ ဘေဂုံအာကို ပေးလိုက် ကြောင်းကို ဘေဂုံထန် ပြောပြခဲ့သည်။
သူမ ဘေဂုံထန်အကြောင်းစဉ်းစားလိုက်သောအခါ သူမ ဘာလုပ်နေသည်ကို ရုတ်တရက်တွေးမိ သွား သည်။ လေလံပွဲရောက်ရန် တစ်လပင် မကြာတော့သောကြောင့် သူတို့ရောက်သည် မရောက်သည်ကို သိချင် မိသည်။
အစပိုင်းတွင် သူမသည် ရှီမန်ဖန်၏ ခန္ဓာကိုယ်အား စမ်းသပ်ရန် စီစဉ်ထားသည်။ သို့သော် အခု သူမရှိ သဖြင့် တခြားအစီအစဉ်သာလုပ်ရတော့သည်။
သူမသည် ရွှန်းယွမ်ဆိုင်သွားကာ ဂျွန်လန်အား ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးကို ပေးလေသည်။ ဂျွန်လန်သည် ခြင်ဆီနှင့် အကြောသန့်ရှင်းရေးဆေးကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားမိလေသည်။ ရှီမာယူယူထွက်သွားသည်နှင့် သူမသည် စီမံရန် ဆွေးနွေးမှုပြုလုပ်လေသည်။
လေလံပွဲကျင်းပရန် နီးနီးလာသည်။ အမှတ်တရ တည်းခိုဆောင်တွင် ရှီမာယူယူနှင့် တခြားသူများ အချိန် အတန်ကြာနေထိုင်ကြသည်။ သို့သော် လူအများ ထွက်သွားသဖြင့် အနောက်ဘက်ခြံဝန်းသည် လွတ်နေခဲ့ လေသည်။ ခြံဝန်းရှိ အိမ်သည် လူ ၂၀ မှ ၃၀အတွင်း နေနိုင်ရာမှ အခု လူ ၄ယောက်သာ နေထိုင်လေသည်။
ခြံဝန်းမှာ တိတ်ဆိတ်နေကာ နေရာများလွတ်နေသည်ကို တချို့လူများတွေ့သောအခါ လာနေချင်ကြ သည်။ သို့သော် ထိုခြံဝန်းသည် အပြင်လူများ တည်းခွင့်မရှိကြောင်း တာဝန်ခံမှ ပြောလေသည်။ သူတို့သည် ဝင်ခွင့်မရှိပေ။
တချို့လူများသည် မျက်နှာများတင်းမာသွားကာ ထွက်သွားကြလေသည်။
ထိုနေ့တွင် လူတစ်ယောက်သည် အနောက်ဘက်ခြံဝန်းကို ငှားရန် တာဝန်ခံအား လာရှာလေသည်။ သူ သည် အတွင်းပိုင်းဒေသမှလာကာ အလွန်ပင် ကပ်သပ်သော လူဖြစ်သည်။
“သခင်လေး ကျုံးကျောင် အဲခြံဝန်းတစ်ခုလုံးကို ငှားထားပြီးသားလူရှိလို့ပါ တခြားသူတွေ အတွက် ငှားပေ လို့မရပါဘူး ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်” တာဝန်ခံသည် တောင်းပန်စကားပြောလေသည်။
“ငှားထားတာပဲရှိတာမလား ဘယ်သူမှမနေဘူးမလား ဒါဆို ငါတို့ကို ငှားပေးလို့ရတာပဲ” ကျုံးကျောင် လူဘာဟုခေါ်သော မျက်လုံးစွေနေသော အမျိုးသားသည်ပြောလေသည်။
“သခင်လေး ကျုံးကျောင် ကျွန်တော်တို့်တကယ်လုပ်ပေးလို့မရလို့ပါ” တာဝန်ခံသည် ပြုံးပြီး ပြောသော လည်း စိတ်ထဲတွင် ဒေါသထွက်နေလေသည်။
“မရဘူးလား ငါတို့ ကျုံးကျောင်မျိုးနွယ်က ဘယ်လိုအင်အားရှိလဲဆိုတာ သိသင့်တယ် ငါတို့က ဒီနေရာ မှာ နေဖို့ကို အစကတည်းက ကောင်းကောင်းပြောနေတာကို ငြင်းရဲတယ်ဟုတ်လား အပြင်ပိုင်းဒေသက တည်းခို ဆောင်က ငါတို့ကို ငြင်းရဲတယ်ဟုတ်လား မင်းတို့ ကျားသစ်ရဲ့ သတ္တိကိုများရထားတားလား၊ ငါ မင်းတို့ နေရာကို ဖျက်ဆီး ပစ်လို့ရတယ်ဆိုတာ ယုံတယ်မလား”
“မင်းတို့ ငါ့နေရာကို ဘယ်လိုဖျက်ဆီးပစ်မလဲဆိုတာ ကြည့်ချင်သေးတယ်” ရှင်းမို၏ အေးစက်သော အသံသည် သူ့နောက်မှ ထွက်လာလေသည်။ ထိုအသံကြောင့် ကျုံးကျောင်လူဘာသည် အနည်းငယ် လန့်သွား လေသည်။
ကျုံးကျောင်လူဘာသည် လှည့်ကြည့်ရာ ခြံဝန်းအနောက်မှ လူတစ်ယောက် ထွက်လာ သည်ကို တွေ့ လိုက်ရသည်။ သူသည် ပြုံးပြီးပြောလေသည် “သခင်ကြီးရှင်း ဒီမှာဘာလာ လုပ်တာလဲ”
“ဒါငါ့ တည်းခိုဆောင်ပဲ ဒီမှာရှိနေတာ ထူးဆန်းလို့လား” ရှင်းမိသည် ကျုံးကျောင်ဘူ ဘာအား အနည်းငယ် စိုက်ကြည့်လိုက်လေသည် “မင်းက ဒီမှာ ငါ့နေရာကိုဖျက်ဆီးပစ်မယ်လို့ ကြုံးဝါးနေတာ အဲဒါ ဘာအဓိပ္ပာယ်လဲ”
ကျုံးကျောင်လူဘာသည် ထိုအကြည့်အားတွေ့ပြီးနောက် ချွေးအေးများပြန်လာ လေသည် “ဒီအတိုင်းပဲ နောက်လိုက်တာပါ”
စကားပြောပြီးနောက်တွင် သူသည် ရှင်းမို၏ အဖြေကို မစောင့်တော့ပဲ ထွက်သွားလေသည်။ သူလှည့် ထွက်လာသော်လည်း အေးစက်သော အကြည့်ကို ခံစားရဆဲပင်ဖြစ်သည်။ သူသည် ရှင်းမို၏ အကြည့်ဖြစ် မည်ဟု ထင်သောကြောင့် တက်သုတ် ပြေးလေသည်။
ရှီမာယူယူ၏ မျက်လုံးများမှ အမုန်းတရားများကို ရှင်းမိုတွေ့သောအခါ သူမ ပခုံးကိုပုတ်လိုက်သည်။
ရှီမာယူယူသည် သူမအကြည့်ကို ပြန်ရုတ်သိမ်းကာ လက်များကို တင်းကြပ်စွာ ပိုက်လိုက်သည်။ သူမ သည် အသံနှိမ့်ကာ ပြောလိုက်သည် “ငါသူ့ကို သေချာပေါက် သတ်မယ်”
“ကောင်းပြီ ဒါပေမဲ့ မခုတော့မရဘူး” ရှင်းမို ပြောလိုက်သည် “ကျုံးကျောင်မျိုးနွယ်က ဒီတစ်ခါကို လူကြီး တွေ လွှတ်လိုက်တယ် သူက အုပ်ချုပ်သူအဆင့်ကိုတောင် ဖြတ်နိုင်တော့မှာ မင်းအခု လှုပ်ရှားရင် ထိခိုက်မှာပဲ”
ရှီမာယူယူသည် နားလည်ကြောင်းပြရန် ခေါင်းညိမ့်လိုက်လေသည်။
ကျုံးကျောင်မျိုးနွယ်သည် လူများလွှတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် လမ်းတစ်ဝက်တွင် ရှီမန်ဖန်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ဒီတစ်ကြိမ်တွင် သူတို့သည် သူတို့အကြီးအကဲကို လွှတ်လိုက်လေသည်။ အကြောင်းအရင်းတစ်ခုမှ လေလံပွဲကို ဝင်ပြိုင်ရန် နှင့် နောက်အကြောင်းအရင်းမှာ လူသတ်သမားကို ရှာရန် ဖြစ် သည်။
အသတ်ခံရသောလူများမှာ အတွင်းပိုင်းလူများမဟုတ်သော်လည်း ကျုံးကျောင်မျိုးနွယ် ၏ ဂုဏ်သိက္ခာ ထိခိုက်ရသည်။ သူတို့သာ သူတို့မျိုးနွယ်ဝင်များကို သတ်သွားသူကို မဖမ်းနိုင်ပါက တခြားသူများအလွယ်တကူ ပင် အထင်သေးနိုင်သည်။
ရှီမာယူယူသည် ကျုံးကျောင်လူနှင့် အရင်ကပင် သိကျွမ်းခဲ့သည်။ သူမသည် ကျုံးကျောင်ဟန်ယူနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်လုံး ၏ နာမည်တွင် ယူ ပါကာ မျိုးနွယ်၏ မျိုးဆက်များတွင် အရည်အချင်းရှိသူများ လည်းဖြစ်ကြသည်။ ထို့အပြင် သူတို့မျိုးနွယ်များ၏ ဆက်ဆံရေးမှာ မဆိုးလှသောကြောင့် သူမသည် ကျုံးကျောင်မျိုးနွယ်သို့သွားကာ ကျုံးကျောင်ဟန်ယူနှင့် တပူးပူးတတွဲတွဲ ရှိခဲ့ သည်။ ထို့ကြောင့်ပင် သူမသည် ကျုံးကျောင်မျိုးနွယ်နှင့် ရင်းနှီးခဲ့သည်။
“ကျုံးကျောင်ဟန်ယူ အခုဘယ်လိုနေလဲ”
ရှင်းမိုသည် ဝူလင်းယူအား ကြည့်ကာ ပြောလေသည် “သူမက တောင်ပိုင်းကန္တာရ ပညာရှိစံအိမ်တော် ကိုဝင်သွားတယ် သူမက ပညာရှိစံအိမ်တော်က စံအိမ်တော်သခင်ရဲ့ ချစ်ခင်မှုကိုရခဲ့တယ်လေ သူမ ရာထူးလည်း မြင့်တာပဲ”
ရှီမာယူယူ အေးစက်စွာ ရယ်မောလေသည် “သူမ အိပ်မက်က အမြဲတမ်းပဲ ပညာရှိစံအိမ်တော်ကို ဝင်ချင် ခဲ့တာပဲလေ အခု တကယ်ရသွားပြီပေါ့ ပညာရှိစံအိမ်တော် တကယ်ကို မူလအစပဲ”
သူမကို သတ်ခဲ့သော ကျုံးကျောင်ဟန်ယူသည် ပညာရှိစံအိမ်တော်ကို ဝင်သွားခဲ့သည်။ သူမကို သတ်ရန် ကြိုးစားခဲ့သော နာလန်လန်သည်လည်း ပညာရှိစံအိမ်တော်တွင် ရှိသည်။ ဆိုလိုသည်မှာ သူမသည် ပညာရှိ စံအိမ်တော်နှင့် သွားရမည့် လမ်းမှာရှည်လျားဦးမည်။
သူမ ထိုအကြောင်းအားတွေးမိသည်နှင့် ဝူလင်းယူအား အလိုလိုကြည့်မိသည်။
ဝူလင်းယူသည် သူမအား မတရားသလို ပြန်ကြည့်လေသည်။ ဒါ သူနှင့်ဘာမှမဆိုင်ဘူး လေ။ သူက အပြစ်ကင်းတာကို လာပြီးရစ်ပတ်ပြန်ပြီ…