အပိုင်း (၅၁၃) – နောက်ဆုံးတော့ရောက်လာခဲ့ပြီ
Vol. 006 Ch. 513
ဝူလင်းယူ စွပ်စွဲခံရသည့် အကြည့်ကို ရှီမာယူယူ မြင်သောအခါ သူနှင့်မဆိုင်သည်ကို လည်း သိသည်။ သူပင်လျှင် ထိုအဘိုးကြီး၏ အပိုဆောင်းတစ်ခုအနေနှင့် နေနေရသည် မဟုတ်လား။ သူသည်လည်း နစ်နာသူပင် ဖြစ်သည်။ ထို့အပြင် သူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ သစ္စာတော်ခံဖြစ်သည်။ သူသည် ပညာရှိစံအိမ်တော် ကို တစ်ခါမှ မကူညီဖူးပေ။
သို့သော် ပညာရှိစံအိမ်တော်ကြောင့် ကျုံးကျောင်နှင့် ရင်ယန်နန်းတော်တို့ကို တိုက်ခိုက်၍ မဖြစ်နိုင် ကြောင်းကို တွေးလိုက်လျှင် သူ့ကို အပြစ်တင်မြဲပင်ဖြစ်သည်။
ဝူလင်းယူသည် သက်ပြင်းချလိုက်သည်။ သူသည် သူ့နောက်က ပညာရှိစံအိမ်တော်နှင့် ပတ်သတ်သည့် ကိစ္စများကို လျင်မြန်စွာ ဖြေရှင်းရန်လိုပြီထင်သည်။ မဟုတ်လျှင် သူသည် မဆိုင်ပဲ ရှုပ်ထွေးစွာပါဝင်သွားလိမ့် မည်။ ဒီကောင်မလေးသည် သူ့အား အချိန်ရတိုင်း အပြစ်တင်မည်ဆိုပါက အများအပြားဆုံးရှုံးသွားနိုင်သည်။
ထိုအချိန်တွင် လူတစ်စုသည် အပြင်မှဝင်လာလေသည်။ သူတို့သည် ဆိုင်တာဝန်ခံအား အော်လိုက် သည် “တာဝန်ခံ ဒီမှာအခန်းရသေးလား”
“တောင်းပန်ပါတယ် ဧည့်သည်တို့ ကျွန်တော်တို့မှာ အခန်းကျန်တာမရှိတော့ပါဘူး” တာဝန်ခံ ပြောလိုက် သည်။
မိုဒိဆန်းနှင့် ရှင်းမိုတို့သည် ရှီမာယူယူနှင့် တခြားသူများရှေ့တွင် ပိတ်ရပ်ထားလေသည်။ သူမသည် ရင်းနှီးသောအသံကြားသည်နှင့် မိုဒိဆန်းနောက်မှ ထွက်လာလေသည်။ သူမ သူတို့ကိုလှည့်ပြီး ပြောလေသည် “မင်းတို့ အခုမှမလာရင် ငါမင်းတို့ကိုလာရှာတော့မလို့”
“ယူယူ မင်းတကယ်ပဲဒီရောက်နေတာပဲ” ဖက်တီးကျူသည် ရှီမာယူယူအား မြင်သည်နှင့် ပြုံးပြီးပြော လိုက်လေသည် “မင်းဒီကိုရောက်နေမှာ သေချာတယ်ဆိုပြီး ယူလင်းပြောလို့ သူပဲဒီကိုခေါ်လာတာ၊ မင်းဒီမှာ တကယ်ရှိနေမှန်းဘယ်လိုသိမှာလဲ”
“ဒါပေါ့ ဒီမှာအခန်းမရှိတော့တာတော့ နှမြောစရာပဲ” ဝေကျိရွှီ ပြောလိုက်သည်။
“အခန်းတွေရှိတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့လာမယ်ဆိုတာ သိလို့ အခန်းတွေပြင်ထား ပေးတယ် မဟုတ်ရင် တစ်မြို့လုံးက တည်းခိုဆောင်တွေကို သွားပြီး အခန်းရှိလားလို့ မေးလိုက်ပါလား”
“ဟားဟား ဒါဆို ငါတို့က မင်းကိုကျေးဇူးတင်ရမှာပဲ” ဖက်တီးကျူသည် ပြုံးပြီး ပြောလေသည် “ငါတို့ ဒီကို ရောက်ကတည်းက တည်းခိုဆောင်တော်တော်များများမှာ အခန်းတွေမရှိတော့ဘူးလို့ ပြောနေတာကြားခဲ့တယ်”
ရှီမာယူယူ ပြုံးပြီး ခေါင်းရမ်းလိုက်လေသည်။ သူမသည် ရှီမာလိုင်ဘေးလာကာ ပြောလိုက်သည် “အဘိုး သမီးနောက်လိုက်ခဲ့ပါ”
သူမ ပြောပြီးသည်နှင့် အားလုံးကို အနောက်ဘက်ခြံဝန်းသို့ခေါ်သွားလေသည်။ သူတို့သည် ခြံဝန်းအား မြင်သောအခါ အားလုံးအံ့သြသွားကြလေသည်။
“ယူယူ ဒီခြံဝန်းတစ်ခုလုံးကို ဘယ်လိုများ ငှားလိုက်နိုင်တာလဲ”
ရှီမာယူယူသည် ရှင်းမိုအားကြည့်ပြီးပြောလေသည် “ဒါက ရှင်းမိုတဲ့ ငါ့ရဲ့သူငယ်ချင်း ကောင်းပေါ့ ဒါက သူ့ရဲ့တည်းခိုဆောင်ပဲ အဲဒါကြောင့် ဒီလိုနေရာကောင်းကို အေးဆေးငှား လို့ရတာ” ပြောပြီးနောက်တွင် သူမသည် မိုဒိဆန်းအား ညွှန်ပြပြီး ပြောလေသည် “ဒါကမိုဒိဆန်း တဲ့ ငါကတော့ အရှက်မရှိတဲ့ မိုလို့ခေါ်တယ် သူကလည်း ငါ့ သူငယ်ချင်းပဲ”
အားလုံးသည် သူတို့နှစ်ယောက်အား လက်အုပ်ချီနှုတ်ဆက်လေသည်။
“ဒါက ငါ့အဘိုး ငါ့အစ်ကိုကြီး အစ်ကိုလတ်…” ရှီမာယူယူသည် အားလုံးနှင့် မိတ်ဆက် ပေးလေသည်။
ရှင်းမိုနှင့် မိုဒိဆန်းတို့သည် အားလုံးကို ခေါင်းညိမ့်နှုတ်ဆက်လေသည်။ ယဉ်ကျေးသော အပြုအမူဖြင့် နှုတ်ဆက်ကြခြင်းဖြစ်သည်။
“ယူယူ မင်းသူငယ်ချင်းတွေရောက်နေမှာတော့ စကားပြောကြီဦးပေါ့၊ မိုဒိဆန်း လင်းယူနဲ့ ငါကတော့ သွားသောက်လိုက်ဦးမယ်” သူမသည် သူတို့နှင့် သေချာ စကားပြောချင်သည်ကို ရှင်းမို သိသဖြင့် ပြောလိုက် သည်။
“အိုခေ သွားကြလေ”
သူတို့သုံးယောက်သည် ထွက်သွားကြရာ ဝူလင်းယူသည် သူတို့နှင့်အဆင်ပြေပါ့ မလားဟု ရှီမာယူယူ တွေးမိနေသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မသိမသာ ပြိုင်နေကြသည်လေ။
သို့သော် သူမသည် ယောကျ်ားလေးများ၏ လောကကိုမသိသောကြောင့် မမေးတော့ပေ။ သူမသည် အားလုံးကို ခန်းမဆီသို့ ခေါ်သွားကာ စကားပြောကြလေသည်။
“ယူယူ သူတို့နှစ်ယောက်က သာမာန်ပုံစံတော့မဟုတ်ဘူး သူတို့က မင်းအတွက် သာမန်လူတော့ မဟုတ် ဘူးမလား” ဖက်တီးကျူသည် စပ်စုစွာမေးလိုက်လေသည်။
ရှီမာယူယူသည် ရှီမာလိုင်နှင့် တခြားသူများ သူမကိုကြည့်နေပုံကို ကြည့်လိုက်သည်။ ဘေဂုံထန်တို့အား သူမသည် ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်းကို ပြောပြသည့်အချိန်တွင် သူတို့သည် ဝိညာဉ် စေတီအတွင်းမှ ကြား မည်မှာ သေချာသည်။ ထို့ကြောင့်ပင် သူမသည် ရှီမာယူယူ အစစ်မဟုတ်တော့ပဲ သူမခန္ဓာကိုယ်ကို ငှားနေရသူ ဖြစ်သည်ကို သိနေလိမ့်မည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမကို ရှီမာယူယူကဲ့သို့ ဆက်ဆံမည်ဖြစ်ကြောင်းကို ရှီမာယူရန် ပြောခဲ့ဖူးသည်။ သူမသည် သူတို့၏ မိသားစုဝင်ဖြစ်ကာ ရှီမာယူယူ အစစ်အမှန် ဖြစ်သည်။
“သူတို့က ငါသိခဲ့ဖူးတဲ့ သူငယ်ချင်းတွေပါ သူတို့က အတွင်းပိုင်းဒေသက” ရှီမာယူယူ ပြောလိုက်သည်။
“ညီလေး ၅ အရင်က မင်း…” ရှီမာယူလီသည် ရှီမာယူယူအား ကြည့်ပြီးပြောရာမှ ရပ်တန့်သွားလေ သည်။
“ညီလေး၄” ရှီမာယူရန်သည် ရှီမာယူလီအားကြည့်လိုက်သည်။
ရှီမာယူယူသည် စိတ်ထဲမထားသလိုပြုံးပြကာ ပြောလိုက်သည် “အစ်ကိုလေး ကျွန်တော့် အတိတ် အကြောင်းကို သိချင်တာလား”
“ညီလေး ၅ သူ့ကိုဂရုစိုက်မနေနဲ့” ရှီမာယူရှင်းပြောလေသည်။
“မစိုးရိမ်ပါနဲ့” သူတို့သည် သူတို့မေးလိုက်သော စကားတစ်ခွန်းသည် သူအား နာကျင်စေမည်ကို စိုးရိမ် နေခြင်းဖြစ်သည်ကို သူမ သိသည်။ သူမအဆင့်တက်စဉ်က လဲကျသွားခဲ့သည်ကို အားလုံးက မြင်ခဲ့သဖြင့် ကြောက်မိကြသည်။ သို့သော် သူတို့သည် သူမ၏ မိသားစုဖြစ်ကာ သူငယ်ချင်းကောင်းများဖြစ်ကြသည်။ သူတို့ကို ပြောပြရန် ပြဿနာမရှိပေ။
သည်လိုနှင့် ရှီမာယူယူသည် သူ၏ အတိတ်နှင့်ပတ်သတ်သမျှကို ပြောပြီပြီး သူမ၏ ရန်သူသည် လက်ရှိ တွင် မည်မျှအင်အားကြီးနေပြီဖြစ်ကြောင်း သူတို့သည် မည်သူများ ဖြစ်ကြောင်းနှင့် ကျွမ်းကျင်သော လူလိမ်များ ဖြစ်ကြောင်းကို ပြောပြလေသည်။
သူမသည် ရှီမန်ဖန်အား ရှာတွေ့ခဲပြီးဖြစ်သဖြင့် အခုလက်ရှိအခြေအနေအား လက်ခံနိုင်ခြင်းဖြစ်သည်။ ဒီ အကြောင်းများ ပြန်ပြောရခြင်းသည် သူမအားနာကျင် စေသော်လည်း အရင်ကလောက်တော့ မခံစားရတော့ပေ။
သူမ၏ ဇာတ်ကြောင်း နားထောင်ပြီးချိန်တွင် အားလုံးသည် အံ့သြကြကာ စိတ်မကောင်း ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူမသည် အကြောင်းအရင်းမရှိ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုမျှလောက် ယုတ်မာ ခြင်းကို ခံခဲ့ရသည်။ သူတို့သည်လက်ရှိတွင် အားနည်းနေကာ သူမအတွက် လက်စားချေမပေးနိုင်သေးပေ။
ထိုအချိန်တွင် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် လျှောက်လာရာ အိမ်ထဲတွင် လူအများ အပြားရှိနေ သည်ကို မြင်သည်နှင့် အံ့သြသွားကြလေသည်။
“ယူယူ” ရှီမန်ဖန်သည် ရှီမာယူယူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“ဖန်လေး ဒါက ငါအရင်ကပြောတဲ့ ငါ့မိသားစုနဲ့ သူငယ်ချင်းတွေလေ” ရှီမာယူယူ ပြုံးပြီး ပြောလိုက် လေသည်။ “ဒါက ငါ့အဘိုး ဒါက…”
သူမသည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့နှင့် အိမ်ထဲရှိ တစ်ယောက်ချင်းစီနှင့် မိတ်ဆက်ပေး လေသည်။
“ဟားဟား အစ်ကိုကြီး ဒီကအစ်ကိုကြီးက အစ်ကို့ကို အစ်မလို့ခေါ်တယ် ဒါပေမဲ့ အစ်ကိုက ယူရွှီနဲ့ တခြား သူတွေကို အစ်ကိုလို့ခေါ်ပြီး အဲအစ်ကိုတွေက ဒီအစ်ကိုကြီး ထက်တောင် နှစ်၁၀၀လောက်ငယ်နေတယ် အဲဒါဆိုရင် အစ်ကိုကြီးတို့ အစ်ကိုလေးတို့ ခေါ်ရတော့မှာလား” တုလေးသည် ဘေးမှ ပြောလေသည်။
သူ ထိုအတိုင်းပြောလိုက်မှပင် ရှီမာယူယူသည် ငေးငိုင်သွားလေသည်။ ရှီမန်ဖန်သည် သူမအား အစ်မဟု ခေါ်သည်။ သို့သော် သူမသည် ရှီမာယူရွှီနှင့် တခြားသူများကို အစ်ကိုဟု ခေါ်ရမည်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်း ကြမလဲ။
“အဟွတ်အဟွတ် ဒါကိုဒီအတိုင်းပဲထားလိုက်ကြတာပေါ့” ရှီမာလိုင်သည် ချောင်းဟန့်ကာ ပြောလိုက် လေသည်။
ရှီမန်ဖန်သည် ရှီမာယူယူ၏ အပြုအမူကို မြင်သောအခါ ပြောလိုက်သည် “အစ်မက အဘိုးကို အဘိုးလို့ ခေါ်မှတော့ ကျွန်တော်လည်း အဘိုးလို့ခေါ်ပါတယ်၊ ပြီးတော့ သူမရဲ့ အစ်ကိုတွေကတော့…”
“နာမည်ပဲခေါ်ပါ” ရှီမာယူမင် ပြောလေသည်။
သူသည် ရှီမာယူယူ၏ မောင်ဖြစ်သော်လည်း သူသည် သူတို့ထက်ပင် အားကောင်း သည်။ သူတို့ကို ဘယ်လိုလုပ် ယဉ်ကျေးခိုင်းရမလဲ။
ရှီမာယူယူသည်လည်း ခေါင်းညိမ့်ကာ ပြောလေသည် “နာမည်လည်းကောင်းပါတယ်”
“အိုခေ” ရှီမန်ဖန် ခေါင်းညိမ့်လေသည်။
“လေလံပွဲက ၃ရက်နေရင် စတော့မယ် မင်းတို့အချိန်မှီရောက်မလာဘူးထင်နေတာ မင်းရဲ့ လည်ချောင်း က နည်းနည်းသက်သာလာပြီလို့ကြားတယ် ငါစမ်းပြီးရင် ဆေးလည်း လုပ်ပေးမယ်” ရှီမန်ဖန်၏ လည်ချောင်းမှာ အရင်ကကဲ့သို့ အက်ကွဲခြင်းမရှိတော့ကာ ပုံမှန်အသံအတိုင်း ပြန်ရနေပြီဖြစ်ကြောင်းကို ရှီမာယူယူကြားခဲ့သည်။ ဆိုလိုသည်မှာ သူသည် မကြာခင်ကို ပြန်ကောင်းတော့မည်ဟု…
“အင်း” ရှီမန်ဖန်သည် အစ်မဖြစ်သူ၏ စကားကို အမြဲလိုက်နာခဲ့ကာ ထိုနှစ်များတွင် များစွာ ပြောင်းလဲ ခဲ့သော်လည်း သူမနှင့် ဆက်ဆံရေးသည်အရင်ကကဲ့သို့ပင် ရှိနေသေးသည်။
ရှီမာယူယူသည် ကုန်ရှန်ယိဘက်လှည့်ကာ မေးလေသည် “မင်းမောင်လေး ဘယ်လိုနေလဲ”
“သူ ခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေးစားပြီးတော့ ခန္ဓာကိုယ် ပြောင်းလဲတာကို စပြီးခံစားမိနေပြီ တောင်ကြားက သူ့အတွက် ပြင်ပေးထားတာနဲ့ ပေါင်းလိုက်ရင် သူ ၈၀ရာခိုင်နှုန်းလောက် ပြောင်းလဲသွားတယ် ကျွန်မအဖေက မှာလိုက်တယ် ရှင်တို့ကို တစ်ရက်လောက် ဧည့်သည်အဖြစ် ဖိတ်မယ်တဲ့” ကုန်ရှန်ယိသည် အားရပါးရပြုံးကာ ပြောလေသည်။
“ငါလည်း တစ်နေ့ကို အခွင့်အရေးရှာပြီးသွားပါမယ်” ရှီမာယူယူ ပြုံးပြီးပြောလေသည် “မြန်မြန်သွားနားရ အောင် ခဏနေရင် စာရင်းကြည့်ရအောင်ယူလာပေးမယ် လိုချင်တာ ရှိမလားလို့ ကြည့်ကြပေါ့၊ လိုချင်တာ ရှိရင် မြန်မြန်ပြင်ဆင်ထားရအောင်လေ”