ဂုဏ်သတင်း ၁
Vol. 58 Ch. 890
" မင်းကိုယ်မှာ ဒဏ်ရာတွေ တော်တော်များနေတာပဲ " ဖေး မျက်မှောင်ကြုတ်ကာပြောလိုက်၏။ ကွန်စတန်တင်း၏ ကိုယ်၌ အတွင်းပုန်းကွယ်ဒဏ်ရာများ အပြင်ဒဏ်ရာများစွာကို သူမြင်နေရသည်။
ကွန်စတန်တင်း၏ ကိုယ်တွင်းရှိ အင်္ဂါများစွာမှာ ခုနှစ်ဆင့်လက်သီးချက်ကြောင့် နေရာများရွေ့သွားသည်။ ထိုအတွင်းဒဏ်ရာများအပြင် ရက်ပေါင်းများစွာ တိုက်ပွဲဆင်နွှဲခဲ့၍ ရခဲ့သော အပြင်ဒဏ်ရာများလည်းရှိနေ၏။
ကြောက်စရာအကောင်းဆုံးက ဘယ်ပုခုံးမှ ညာတင်ပါးအထိ ထုတ်ချင်းပေါက်သွားသော ဒဏ်ရာဖြစ်သည်။ ကွန်စတန်တင်းကိုနှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားစေ၏။ ဒဏ်ရာကိုသွေးတိတ်စေရန် ပတ်တီးများပတ်ထားသော်လည်း ယခုတော့ ညစ်ပေနေပြီဖြစ်သည်။
" ကျွန်တော် အသက်ရှင်တာတောင် အတော်ကံကောင်းနေပြီ ဒီဒဏ်ရာတွေကတော့ ကြာရင်ပျောက်မှာပဲ အရှင်မင်းကြီးသာပေါ်မလာရင် ဘိုင်ဇန်တိုင်းလည်းအမြစ်ပြုတ်မယ် အင်ပါယာရဲ့တောင်ဘက်ပိုင်းကလည်း ရန်သူ့လက်ကျသွားမယ် " ကွန်စတန်တင်းကဆိုသည်။
ဖေး သူ၏ သိုလှောင်လက်စွပ်ထဲမှ အနီရောင်ကျန်းမာခြင်းဆေးရည်ကိုထုတ်ယူလိုက်၏။ ထို့နောက် ကွန်စတန်တင်းထံ ကမ်းပေးလိုက်သည်။ " အရင်ဆုံးကုဦး ပြီးမှစကားပြောကြတာပေါ့ "
ဒိုင်ယာဘလိုကမ္ဘာ၏ ကျန်းမာခြင်းဆေးရည်က အပြင်ဒဏ်ရာများကိုကုသရာ၌ ဆန်းကြယ်သောအာနိသင်ရှိသော်လည်း အချို့ဒဏ်ရာများအတွက်တော့ ပိုသန်မာသည့်အပေါ်မူတည်ရာ ဆေးတမျိုးထဲဖြစ်သော်လည်း ပိုသန်မာသူကပိုမြန်မြန်ပျောက်ကင်းနိုင်ခြင်းလည်းရှိပေသည်။ သို့သော်လည်း ဒဏ်ရာပိုကြီးလေလေ ရန်သူပိုအစွမ်းထက်လေလေ ပျောက်ကင်းရန်ဆေးအာနိသင်များများလို၍ ဆေးပမာဏများများပိုသုံးရတတ်သည်။
ကျန်းမာခြင်းဆေးရည်တစ်ပုလင်းက ကွန်စတန်တင်း၏ ကိုယ်ပေါ်ရှိ အပြင်ဒဏ်ရာအသေးစားများကိုသာ ပျောက်ကင်းရန်တက်နိုင်ပေသည်။
ဒဏ်ရာအသေးစားများပျောက်သွားသည်နှင့် ဖေးမှာ အလင်းသူရဲကောင်းပုံစံပြောင်း၍ တောင်ဆုပဏ္ဏာချွေခြင်း နည်းစနစ်ကိုသုံးလိုက်ပေသည်။
" ဟ " ဖေးမာန်သွင်းသံနှင့်အတူ နတ်ဘုရားလို သူ့ခန္တာကိုယ်မှအလင်းတန်းများထွက်လာပြီး သင်္ဘောတစ်ခုလုံး လွှမ်းခြုံသွား၏။ ထို့နောက် အားလုံး တိုက်ပွဲအတွင်း၌ ကုန်ဆုံးခဲ့သော အားအင်များ ပြန်ပြည့်ဖြိုးသွားသည်။
ထို့နောက်ဖေးမှာ သူ့ရွှေရောင်အလင်းတန်းများထွက်နေသော လက်နှင့် ကွန်စတန်တင်း၏ ဒဏ်ရာများအပေါ်သပ်ချလိုက်၏။ ထိုအလင်းတန်းများ၏ အောက်တွင် ကွန်စတန်တင်းကိုယ်တွင်း၌ ကျန်ရစ်ခဲ့သော မီးဓာတ်စစ်သည်တော်စွမ်းအားများမှာ အနက်ရောင် မီးခိုးများအဖြစ် ဒဏ်ရာများမှတိုးထွက်လာသည်။
ဤကဲ့သို့ အကြိမ်ရည်များစွာလုပ်ပြီးနောက် ကွန်စတန်တင်းကိုယ်ပေါ်မှ ပြင်းထန်သောအပြင်ဒဏ်ရာများမှာ ကုသပြီးဖြစ်သွားသည်။
" ဟူး အတော်ပြဿနာများတာပဲ ကံဆိုးတာက ငါ့အလင်းသူရဲကောင်းပုံစံက အဆင့်နိမ့်နေတာ သာမန်အဆင့်ပဲရှိသေးတယ် ငါသာ အလင်းသူရဲကောင်းပုံစံကို အိပ်မက်ဆိုးအဆင့်ထိယူနိုင်ရင် အဲ့တာရဲ့ကုသနိုင်စွမ်းကတအားမြင့်လာမှာ ဒီလိုဒဏ်ရာမျိုးတွေကို အရှင်းကုနိုင်မှာ ငါတော့ ငါ့ပုံစံတွေကြားမှာ စွမ်းအားတွေအဆင့်ညီမျှအောင်လုပ်ရမယ် " ထိုသို့တွေးပြီး ဖေးက လူရိုင်းစစ်သည်ပုံစံသို့ပြန်ပြောင်းလိုက်၏။
ကွန်စတန်တင်းမှာ ခုနှစ်ဆင့်လက်သီးကိုအတင်းကျင့်ရာ သူ့အတွင်း၌ ဒဏ်ရာများစုထားသလိုဖြစ်နေသည်။ ၎င်းက အတော်လေးပြင်းထန်လှပြီး သာမန်ဆရာဝန်များ ဘုန်းတော်ကြီးများအနေနှင့် ဘာမျှ တတ်နိုင်မည်မဟုတ်ပေ။ လူရိုင်းစစ်သည်တော်၏ နေအဆင့်အရှင်စွမ်းအားကသာ အနည်းငယ်အကူအညီပေးနိုင်မည်ဖြစ်သည်။
ရက်အနည်းငယ်လောက် ဖေး ဘိုင်ဇန်တိုင်းတွင်ဆက်နေခဲ့သည်။ သူက စစ်သည်များ၏ အဟုန်နှင့် စိတ်ဓာတ်ကိုမြှင့်တင်ပေးရန်ဖြစ်ရာ သူကိုယ်သူဖုံးကွယ်ခြင်းမပြုခဲ့ပေ။
မကြာခင်မှာပင် လေစိမ်းနယ်မှ ဇင်းနစ်သားများအားလုံးက ဘိုင်ဇန်တိုင်းပြည်သတင်းကိုသိသွားကြသည်။ အားလုံး ဘိုင်ဇန်တိုင်းမှာ တောင်ပိုင်းတွင် ပထမဆုံးနိုင်ပွဲရပြီး လီယွန်ရေတပ်၏ လေးပုံတစ်ပုံကိုဖျက်ဆီးနိုင်ခဲ့ကြောင်းကြားသိလိုက်ကြ၏။
အရေးကြီးဆုံးက စစ်နတ်ဘုရားလာရောက်ကူညီ၍ ဘိုင်ဇန်တိုင်းပြည်အနိုင်ရကြောင်းကို အားလုံးသိကြရခြင်းဖြစ်သည်။
End