ဂုဏ်သတင်း ၂
Vol. 58 Ch. 891
ထိုသတင်းကောင်းက ရန်သူများ၏ ဖိနှိပ်မှုကိုခံနေရသော ဇင်းနစ်ပြည်သားများကို မျှော်လင့်ချက်ရသွားစေ၏။ ၎င်းက အမှောင်နက်ထဲ၌ အလင်းစလေးကိုတွေ့ရသကဲ့သို့ဖြစ်သည်။
အမိန့်ပင်မပေးရဘဲ စစ်ဘေးဒုက္ခသည်များ သင်းကွဲစစ်သည်များ ပဏ္ဏာဆက်နိုင်ငံများ၏ နိုဘယ်များ အင်ပါယာ၏အရာရှိများ ကြေးစားစစ်သည်များမှာ ဘုရင်အလက်ဇန္ဒား၏ ကာကွယ်မှုကိုရရန် ဒီရေကဲ့သို့ ဘိုင်ဇန်တိုင်းပြည်သို့ တလိပ်လိပ်တက်လာကြ၏။
မြို့တော် ပီတာဘက်၌ လွန်ခဲ့သောငါးရက်ကဖြစ်ခဲ့သောအဖြစ်အပျက်များမှာ ပြိုင်ဘက်ကင်းစာဆိုတော် မတ်ရာဇီနှင့် သူ့လူများကြောင့် အင်ပါယာအနှံ့ပျံ့နှံ့သွားပြီဖြစ်ပေသည်။ အင်ပါယာ၏ သတင်ပျံ့နှံ့စေမှုကြောင့် အားလုံးသိနေကြပြီဖြစ်သည်။
အင်ပါယာဆယ်ခုမဟာမိတ်မှကျူးကျော်လာသည့် အင်ပါယာအတွက်ခက်ခဲနေချိန် နေအဆင့်အရှင်တစ်ပါးထွက်ပေါ်လာပြီး အင်ပါယာကိုကာကွယ်ပေးခြင်းက အရေးပါလှသည်။ ဖေးမှာ လက်ရှိ၌ အင်ပါယာအတွက် စိတ်ပိုင်းဆိုင်ရာထောက်တိုင်ကြီးဖြစ်နေပြီဖြစ်သည်။
ဇင်းနစ်သားမျအားလုံးမှ အစွမ်းထက်ဆရာသခင်ရှိနေသ၍ ဇင်းနစ်မှာ အသိမ်းခံရမည်မဟုတ်ဘဲ ရန်သူများမှာ ကျူးကျော်မှုအတွက် ကြီးမားသော တန်ကြေးပြန်ပေးရမည်ဟု ယုံကြည်ထားကြ၏။
မျှော်လင့်ချက်၏ စွမ်းအားက ကြီးမားလှသည်။ နှစ်ရက်အတွင်း ဘိုင်ဇန်တိုင်းပြည်၌ လူနှစ်သိန်းကျော်စုမိသွားခဲ့၏။
စစ်ဒဏ်ကို အလူးအလဲခံရင်း ပျက်စီးခဲ့ရသော ဘိုင်ဇန်တိုင်းပြည်လေးမှာ ယခုတော့နွေဦးမှ မြက်ပင်လေးများကဲ့သို့ ပြန်လည် စည်ပင်လာပြီဖြစ်သည်။
ပျော်ရွှင်အောင်ပွဲခံနေသော ဇင်းနစ်သားများနှင့်မတူသည်က တောင်ပိုင်းတွင်အမျိုးမျိုးသော စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သည့် အင်ပါယာဆယ်ခုမဟာမိတ်တပ်များဖြစ်၏။ ၎င်းတို့မှာ ထိပ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။
ဇင်းနစ်ပြည်၏ သိုင်းသူတော်စင် ဘိုင်ဇန်တိုင်းသို့ ရောက်လာသည်ကိုကြားသည်နှင့် ပတ်ပတ်လည်ရှိ မဟာမိတ်တပ်များမှာ ဆားတွေ့သည့်တီအလား ကီလိုမီတာ၁၀၀ကို ချက်ချင်းဆုတ်ကွာလိုက်ကြ၏။
ချက်ချင်းပင် တောင်ပိုင်း၌ ပြည်သူများကို သတ်ဖြတ်နေမှုအားလျော့ချကာ ချက်ချင်းပင် ခက်နိမ့်နိမ့်နေ၍ လွတ်မြောက်ရန်ကြိုးပမ်းကြသည်။ အချို့သော မဟာမိတ်တပ်မှလူများကတော့ သံသယဝင်နေကြ၏။
သူတို့က ဘုရင်အလက်ဇန္ဒားမှာ စိန့်ပီတာဘတ်တိုက်ပွဲပြီးနောက် ထိုနေရာတွင်ပဲ ဆက်ရှိနေမည်ဟုထင်ကြသည်။ သူ့လို အသက်ပေါင်းများစွာအပေါ်လွှမ်းမိုးနိုင်သူက တောင်ပိုင်းသို့အဘယ့်ကြောင့်လာမည်နည်း။ မည်သူများအသက်ကို ကယ်တင်ရန်လား။ ၎င်းက ဟာသဆန်သောအတွေးသာဖြစ်၏။ လူတိုင်း၏ အတွေးက ဇင်းနစ်တော်ဝင်မိသားစုအတွက် ဇင်းနစ်အင်ပါယာ၏ မြို့တော်ကို ကာကွယ်ရန်က အရေးပါဆုံးဟူ၍ဖြစ်သည်။
ထို့ကြောင့် မဟာမိတ်တပ်မှာ အဆင့်၆စစ်သည်ဆယ်ဦးပါသော အသေခံတပ်ဖွဲ့ကာ ဒုက္ခသည်အဖြစ်ဟန်ဆောင်ကာ ဘိုင်ဇန်တိုင်းသို့လွှတ်လိုက်သည်။ ၎င်းတို့က မပေါ်စေရန်အလို့ငှာ ဒုက္ခသည်များအကြားမိတ်ဆွေပင်ဖွဲ့ထားသေးသည်။
ကံဆိုးသည်က ရွှေရောင်ဆံပင်နှင့်လူငယ်လေး တံတိုင်းပေါ်တွင်ပေါ်လာပြီး မြားဆယ်စင်းပစ်ကာ သူလျှို့များကိုရှင်းပစ်လိုက်ခြင်းဖြစ်၏။ သူလျှိုဆယ်ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။ နောက်ဆုံးတစ်ဦးက အသက်ရှင်ကျန်ခဲ့သော်လည်း မြေတွင် ငုတ်ရိုက်ခံရသလို မြားနှင့်ပစ်စိုက်ခံထားရ၏။
ထို့နောက်တွင်တော့ ရွှေရောင်ဆံပင်နှင့်လူငယ်လေးမှာ တစ်ခါမျှ ရောက်မလာဘူးသကဲ့သို့ပြန်ပျောက်သွားသည်။ ၎င်းက ချမ်းဘော့ဒ်ဘုရင်၏အစောင့် ချမ်းဘော့၏သူတော်စင်၁၂ပါးထဲမှ ဖာနန်ဒိုတောရက်ဖြစ်သည်။ လေ၏သားတော် တောရက်မှာ ချမ်းဘော့ဒ်ဘုရင်အနား အမြဲလိုရှိသည်ဖြစ်ရာ ချမ်းဘော့ဒ်ဘုရင် ဘိုင်ဇန်တိုင်းသို့ရောက်နေသည်မှာ သေချာသွားပြီဖြစ်၏။
End