မင်းတစ်ယောက်ထဲအဖြစ် ဘယ်ချိန်ထိတောင့်ခံနိုင်မှာလဲ ၁
Vol. 58 Ch. 892
ဤ စမ်းသပ်မှုပြီးနောက် အင်ပါယာဆယ်ခုညွန့်ပေါင်းတပ်များမှာ အပြင်းအထန်ထိုးစစ်ဆင်ခံရလာ၏။ အထူးသဖြင့် လေစိမ်းနယ်ထဲတွင်ဖြစ်သည်။ တိုက်ပွဲများစွာဆက်ဖြစ်နေသော်လည်း စိန့်ပီတာဘတ်တိုက်ပွဲလောက် အရေးမပါတော့ပေ။ ကျန်ရှိသော အော်မွန်သားများနှင့် လီယွန်သားများမှာ ဆက်လက်တိုက်ခိုက်နေသော်လည်း အောင်မြင်မှုသိပ်မရှိဘဲ နယ်မြေများကို လက်လွှတ်နေရသည်။ လေစိမ်းနယ်ကိုတော့ လုံးဝလက်လွှတ်လိုက်ကြပြီဖြစ်သည်။
လူတစ်ယောက်ထဲက ထိုသို့စွမ်းဆောင်နိုင်ခဲ့သည်မှာ မယုံနိုင်စရာဖြစ်၏။ လူတစ်ယောက်က စစ်သည်သိန်းချီထက်ပင် ပို၍စွမ်းနေသေးသည်။
သုံးရက်အတွင်းတွင် ဘိုင်ဇန်တိုင်းမှာ ဤစစ်ပွဲ၌ လေစိမ်းနယ်၏ ဗဟိုချက်ဖြစ်လာ၏။ ဒုက္ခသည်အမြောက်အများနှင့် စစ်ရှုံးစစ်သည်များမှာ ဘိုင်ဇန်းတိုင်ပြည်သို့ ရောက်လာကြသည်။ ၎င်းက ဘိုင်ဇန်တိုင်းအတွက် သတင်းကောင်းဖြစ်သည်။ လူငယ်အများအပြားရောက်လာခြင်းက စစ်တပ်အတွက် စစ်သည်လိုအပ်မှုကို ဖြည့်ဆည်းပေး၏။
ဧကရာဇ် ရက်ဆင် ထုတ်ပြန်ထားသောအမိန့်ကြောင့် ကွန်စတန်တင်းမှာ သူလိုသလောက်စစ်သည်စုဆောင်းနိုင်ပေသည်။ ဒုက္ခသည်များအတွက် ဝဝလင်းလင်းစားရပြီး ကျူးကျော်သူမိစ္ဆာများကို ပြန်တိုက်နိုင်သည်က မဆိုးလှပေ။ တကယ်တော့ ဒုက္ခသည်များမှာ ကျူးကျော်သူများကြောင့် ၎င်းတို့၏မိသားစု ချစ်ရသူများကိုဆုံးရှုံးခဲ့ရပြီဖြစ်ရာ ၎င်းတို့အနေနှင့် ကျူးကျော်သူများကို နိုင်သမျှသတ်ဖြတ်၍ လက်စားချေလိုသည်။
ဖေးရောက်ပြီး ဒုတိယနေ့တွင်ပဲ ကွန်စတန်တင်းက စစ်တပ်သည်ကို စတင်တည်ဆောက်နေပြီဖြစ်သည်။ ၎င်းက သူနှင့် သူ့တိုင်းပြည် ပိုမိုအစွမ်းထက်အင်အားကြီးလာရန် အခွှင့်အလမ်းဖြစ်၏။
ဘိုင်ဇန်တိုင်းမှာ ပြည်ငယ်လေးဖြစ်ပြီး နယ်မြေမကျယ်ပြောသော်လည်း စစ်မဖြစ်ခင်တစ်နှစ်အလိုလောက်ကစ၍ အရင်းအမြစ်များ စုဆောင်းမိခဲ့သည်။ ထို့ကြောင့် ချမ်းဘော့ဒ်၏ ကူညီမှုနှင့်အတူ အတော်လေး ကြွယ်ဝသည်ဟု ဆိုနိုင်၏။
ကွန်စတန်တင်းကဲ့သို့သော ထင်မြတ်သည်ခေါင်းဆောင်အောက်၌ ဘိုင်ဇန်တိုင်းမှာ ၎င်းတို့၏ ကြွယ်ဝမှုကို မြို့တော်ပြင်ပသို့ ပို့ထားပြီးပြီဖြစ်သည်။ ထို့ကြောင့် မြောက်များစွာသော ဒုက္ခသည်များရောက်လာသည့်တိုင် ဘိုင်ဇန်တိုင်းမှာ ၎င်းတို့ကိုကျွေးမွေးရန် လက်နက်တပ်ဆင်ရန်အခက်အခဲမရှိပေ။
ထိုပင် ဖေးမှာ ရေတပ်တိုက်ပွဲ၌ မည်သည့်အရာကိုမျှမယူခဲ့ရာ ထိုတိုက်ပွဲမှရသော လက်နက်ခဲယမ်းချပ်ဝတ်များက ဘိုင်ဇန်တိုင်း၏ စစ်ဂိုထောင်တွင် တောင်လိုပုံနေ၏။
ရရှိထားသော စစ်သင်္ဘော ၇၀အနက် သုံးလေးဆယ်မှာ အနည်ငယ်သာပျက်စီးသည်ဖြစ်ရာ ၎င်းတို့ကို အချိန်ခနယူပြင်ရုံမျှနှင့် တိုက်ပွဲဝင်နိုင်နေပြီဖြစ်သည်။ လက်ထဲတွင် လက်နက်ရိက္ခာအပြည့်ရှိရာ ဘိုင်ဇန်တိုင်းမှာ ရက်အနည်းငယ်အတွင်း လူ၁၀၀၀၀နှင့် တိုက်သင်္ဘော၁၅၀ကျော်သော တပ်ကိုထောင်နိုင်ခဲ့၏။
သိုင်းသူတော်စင်ရောက်နေသည်ဖြစ်ရာ ဘိုင်ဇန်တိုင်း၏ အဆင့်ကလည်းအနည်းငယ်မြင့်လာပြီး မူဝါဒများကလည်းနောက်ပြန်ခြင်းအလျင်းမရှိဘဲ ရှေ့အမြန်တိုးတက်နေသည်။ ဘိုင်ဇန်တိုင်းမြို့တော်ရှိလူတိုင်း၏ စိတ်ဓာတ်ရေးရာမှာတက်ကြွနေပြီး သိုင်းသူတော်စင်အပေါ်ယုံကြည်မှုအပြည့်ရှိကြ၏။ သိုင်းသူတော်စင်၏ ခေါင်းဆောင်မှုနောက်လိုက်ရင်း ရန်သူများကို တန်ပြန်တိုက်ခိုက်လိုနေပြီဖြစ်သည်။
ကွန်စတန်တင်း ဤရက်အတွင်း အလွန်အလုပ်များနေ၏။ ဖေးကို မနက် ည တစ်နေ့နှစ်ကြိမ် နှုတ်ဆက် အကြံတောင်းချိန်မှလွဲ၍ တစ်ချိန်လုံး သူ၏တိုင်းပြည်ကိုကွပ်ကဲနေရသည်။ အစွမ်းထက်ရဲရင့်သော်လည်း စည်းကမ်းသိပ်မရှိသော ကြေးစာများမှာ တပ်တွင်းရောက်လာပြီး ရာထူးရှိသူများဖြစ်လာ၍ ကြည်းတပ် ရေတပ်ကို စနစ်တကျဖြစ်စေရန် သူကြိုးစားနေရ၏။
ဘိုင်ဇန်တိုင်းတစ်မြို့လုံးတက်ကြွနေကြသည်။ သိုင်းသူတော်စင်က မျက်နှာတစ်ကြိမ်မှ ထွက်မပြသော်လည်း ၎င်း၏ လက်ရုံး လေ၏သားတော် တောရက်က မြိုထဲတွင်ပေါ်လာတတ်ရာ သိုင်းသူတော်စင်ရှိမရှိကို မည်သူမျှသံသယမဖြစ်မိပေ။
နေအဆင့်အရှင်တစ်ပါးရှိနေသည်ဖြစ်ရာ သံမဏိမြို့ရိုးမဆိုထားနှင့် ရွံ့မြို့ရိုးနှင့်ပင် ဖြစ်ပါစေ အားလုံးကလုံခြုံပေသည်။
ဇင်းနစ်တောင်ပိုင်း၌ စစ်ပွဲကိုသက်ရောက်နိုင်သော အင်အားစုတစ်ခုက တဖြည်းဖြည်း မြင့်တက်လာနေသည်။
End