Chapters

မင်းတစ်ယောက်ထဲအဖြစ် ဘယ်ချိန်ထိတောင့်ခံနိုင်မှာလဲ ၂

Vol. 58 Ch. 893

မင်းတစ်ယောက်ထဲအဖြစ် ဘယ်ချိန်ထိတောင့်ခံနိုင်မှာလဲ ၂

Vol. 58 Ch. 893

ဖေး ဘိုင်ဇန်တိုင်းပြည် မြို့တော်၏ ဟော်တယ်၌ ဆက်နေနေ၏။

ဘိုင်ဇန်တိုင်းပြည့်ရှင် ကွန်စတန်တင်း၏ နန်းတော်တွင်လာရောက်နေရန် ဖိတ်ခေါ်မှုကို သူငြင်းပယ်ထားသည့်အပြင် ပြည်တွင်းရေများတွင်လည်း သိပ်ဝင်မစွတ်ဖက်ခဲ့ပေ။ ကွန်စတန်တင်းအကြံတောင်းလျှင်ပင် သူအတိအလင်းမပြောပဲ အရိပ်အမွက်သာပြ၏။ သို့မှသာ ဘုရင်ငယ်လေး ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် အင်အားစု‌ကိုထိန်းချုပ်နိုင်လာမည်ဖြစ်သည်။

တောင်ဘက်ပိုင်း၌ ဘိုင်ဇန်တိုင်းပြည်ကို အင်အားစုကြီးတစ်ခုအဖြစ်ဖန်တီးရင်း တောင်ပိုင်း၌ အင်ပါယာဆယ်ခုမဟာမိတ်တပ်များ၏ လှုပ်ရှားမှုကို တားဆီးပြီး ဇင်းနစ်၏ရပ်တည်မှုကိုခိုင်မာစေရန်အတွက်ပြင် ဘုရင်ဘက်ကင်ဟမ်ထံမှ သတင်းများရရန်လည်း ဤနေရာ၌ ဖေးနေနေသေးခြင်းဖြစ်သည်။

ရက်အနည်းငယ်မျှ စောင့်ကြည့်ပြီးနောက် ဘုရင်ဘက်ကင်ဟမ်၏ ပြန်လည်ကောင်းမွန်လာမှုက လျှင်မြန်လှသည်ကို ဖေးတွေ့လိုက်ရ၏။ ဘက်ကင်ဟမ်က သုံးရက်အတွင်း သာမာန်လူတစ်ဦးအခြေအနေလောက် ပြန်လည်ကျန်းမာလာခဲ့သည်။

အစောပိုင်းအားနည်းနေခြင်းမှလွဲ၍ အနီရောင်အရိုးစုထွက်ခွာခြင်းက ဘေးထွက်ဆိုးကျိုးအဖြစ် သူ့အတွက်များစွာ မထိခိုက်ခဲ့ပေ။ ထိုရှာတွေ့မှုကြောင့် ဖေးအံ့ဩပြီး သိလိုစိတ်ပိုပြင်းသွား၏။

လေးရက်မြောက်နေ့၏ ညနေခင်း၌ ဖေး လီယွန်သုံ့ပန်း ဘက်ကင်ဟမ်နှင့် သူ့အဆောင်ဝန်း၌တွေ့ဆုံသည်။ ဘက်ကင်ဟန်က ရသမျှ လီယွန်သုံ့ပန်းထဲတွင် ဂုဏ်သိက္ခာအရှိဆုံးဖြစ်၏။

လေးရက်လောက်အနားပြီးနောက် အသက်နှစ်ဆယ့်လေးနှစ်အရွယ် ဘက်ကင်ဟန်မှာ ဖြူလျောခြင်းမရှိဘဲ အသားအရည်များပုံမှန်ပြန်ဖြစ်လာသည်။ သူ့မျက်နှာကလည်း ပြန်လည်ပြည့်ဖောင်းလာပြီး တပ်မှူးချုပ်အသွင်ပြန်ရလာ၏။

သူက သာမန်ဖျင်ကြမ်းနှင့်အဝတ်ကိုသာ ဝတ်ထားသေားသော်လည်း သူ၏ခေါင်းမာမှုများက အထင်းသားပင်ဖြစ်သည်။ သူက လှံတစ်ချောင်းလို မတ်မတ်ထရပ်လာ၏။ ဖေး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဟတ်စကီးရောက်လာပြီး ဘက်ကင်ဟမ်၏ ကိုယ်မှ အတုပ်အနှောင်များကိုဖြေပေးသည်။

ဘက်ကင်ဟမ်မှာ သူ့အခြေအနေကို နားလည်သည်။ ထို့ကြောင့် ထွက်ပြေးရန်မကြိုးစားပေ။ ရှေ့သို့တန်းတန်းလျှောက်လာပြီး ကုလားထိုင်တွင် ရဲရဲရင့်ရင့် ဝင်ထိုင်ကာ ဖေးကို မခန့်သည့်ဟန်ဖြင့်ကြည့်နေ၏။

ရန်သူများဖြစ်စော်လည်း ဖေးမှာ ဘက်ကင်ဟန်၏ ရဲတင်းပုံကို သဘောကျသွားသည်။ လီယွန်ရေတပ်ကို ကွပ်ကဲစဉ်ကလည်း ဘက်ကင်ဟမ်က မှန်ကန်သော ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့၏။ အဆိုးဆုံးအခြေအနေတွင်ပင် ဟန်မပျက်ခဲ့ပေ။ နာမည်ကျော်မင်းသားဂိုမီနှင့်ယှဉ်လျှင်ပင် ဘက်ကင်ဟမ်ကပို၍ တော်ဝင်ဆန်သေးသည်။

“ ငါက အကျဉ်းသားဆိုပေမယ့် ငါ့ဆီကနေဘာမှသိရမယ်မထင်နဲ့ ငါက လီယွန်အင်ပါယာရဲ့စစ်ဆင်ရေးသတင်းတွေ ဘာတစ်ခုမှပြောပြမှာမဟုတ်ဘူး “ ထိုသို့ပြောပြီး သူက ကေသနေသည်။ ထို့နောက် တဖန်စကားစပြီး ဖေးကိုစည်းရုံးသည်။ “ မင်းက နေအဆင့်အရှင်ဆိုလဲ ဘာဖြစ်လဲ ဘာလုပ်နိုင်မှာလဲ ငါတို့အင်ပါယာက ဂျူနင်ဟို နေအဆင့်ကိုရောက်နေတာ နှစ်တွေကြာနေပြီ မဟာမိတ် အဆင့်ရှစ် အော်မွန်အင်ပါယာမှာလည်း ‌နေအဆင့်ဆယ်ချီရှိသေးတယ် မင်းတစ်ယောက်ထဲနဲ့ အင်ပါယာဆယ်ခုကို ဘယ်လိုယှဉ်နိုင်မှာလဲ လီယွန်အတွက်သာအမှုထမ်းစမ်းပါ မင်းဒါဆိုအသက်ရှင်ခွှင့်ရရင်ရမှာ “

End