ဘာလို့လဲ ၁
Vol. 58 Ch. 894
ဘက်ကင်ဟန်၏ စကားကြောင့် ဖေးပြုံးမိသွားသည်။
“ ဒီဘုရင် ဘက်ကင်ဟန်က စိတ်ဝင်စားစရာပဲ သူက သုံ့ပန်းဆိုပေမယ့် သုံ့ပန်းနဲ့မတူဘူး လွှတ်ပေးဖို့မတောင်းပန်ပဲ ငါ့ကိုနားချနေတယ် “
ရိုးရှင်းသောစိတ်ထားသာရှိသည့် ဟက်စကီးက ပေါက်သွားရ ဘက်ကင်ဟန်းကိုထိုးမည်ပြု၏။ ၎င်းကိုတားပြီးနောက် ဖေး ဘက်ကင်ဟန်ကိုပြုံးကာပြောလိုက်သည်။ “ မင်း လီယွန်အင်ပါယာအကြောင်းမပြောချင်ဘူးဆိုတော့ ထားပါ ငါတို့စကားလမ်းကြောင်းပြောင်းရအောင် အရိုးစုနီအကြောင်းပြောကြမယ် အဲ့အရိုးစုကို မင်းဘယ်မှာတွေခဲ့တာလဲ ဘယ်လိုစာချုပ်မျိုးမင်းတို့ထိုးခဲ့တာလဲ “
ထိုကဲ့သို့ မေးခွန်းမျိုး အလက်ဇန္ဒားမေးလာမည်ဟု မထင်ထား၍ ဘက်ကင်ဟန် အံ့ဩသွားသည်။
တစ်ခနလောက်တွေးပြီးနောက် နှုတ်ဆိတ်နေရန်သာ သူဆုံးဖြတ်လိုက်သည်။
ဘက်ကင်ဟန်မှာ တည်ငြိမ်နေဟန်ဆောင်ထားသော်လည်း အတွင်းစိတ်တွင်တော့ ဤပုဂ္ဂိုလ်ကျော်ကိုလန့်ကြောင်းဝန်ခံသည်။ ၎င်းက သူ သုံ့ပန်းဖြစ်နေ၍မဟုတ်ပဲ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အဆင့်ကွာခြားချက်ကြောင့်ဖြစ်သည်။ သူ့အနေနှင့် စကားများများမပြောရန်ဆုံးဖြတ်ထားသည်။ သို့မှသာ လီယွန်အင်ပါယာကို ဘေးဖြစ်စေမည့်စကားမျိုး လွှတ်မထွက်သွားမည်ဖြစ်၏။
ဖေးက ပြုံးလျက်ပြောလိုက်သည်။ “ ဒီကိစ္စက လီယွန်အင်ပါယာကို မထိခိုက်စေရဘူးလို့ ငါအာမခံပါတယ် မင်းအင်ပါယာအတွက်စိုးရိမ်တာငါနားလည်ပါတယ် ငါလည်းမင်းကိုရန်သူဆိုပေမယ့် တိုင်းပြည်အတွက်စတေးရဲတာကြောင့် လေးစားတယ် မင်းမပြောလည ငါ့မှာသိနိုင်တဲ့နည်းလည်းတွေအများကြီးပါ ဥပမာဆိုရင် စိတ်ဝိညာဉ်ရှာဖွေတာမျိုးပေါ့ “
ထိုသို့ပြောပြီးနောက် ဖေးအနားရှိ ပေါင်၅၀၀ခန့်လေးသော ကျောက်တုံးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုကျောက်တုံးမှာ ရုတ်တရက်လေထဲမြောက်သွား၏။
ဘက်ကင်ဟန်လည်း လုံးဝထိပ်လန့်သွားသည်။ သူစစ်သည်တော်စွမ်းအားပြန်မရသေးသော်လည်း စွမ်းအားများအကြောင်းကိုတော့ နားလည်နိုင်စွမ်းမဆူံရှုံးသေးပေ။ ချမ်းဘော့ဒ်ဘုရင်က မည်သည့်စစ်သည်တော်စွမ်းအား၊ မည်သည့်မှော်စွမ်းအားမျှမသုံးဘဲ စိတ်ဝိညာဉ်စွမ်းအားသီးသန့်သာသုံးခြင်းဖြစ်သည်။
ဒဏ္ဌာရီများအရ စိတ်ဝိညာဉ်နည်းစနစ်များ၌ ကျွမ်းကျင်သောဆရာသခင်များမှာ တစ်ဖက်လူမှလက်မခံသော်လည်း နည်းစနစ်များကိုသုံး၍ ၎င်းတို့သိလိုသည်ကိုရှာဖွေနိုင်၏။ သို့သော်လည်း ထိုနည်းလမ်းများက ရက်စက်ကြမ်းကြုပ်သည်ဖြစ်ရာ အရှာဖွေခံရသူများအဖို့ စိတ်ဝိညာဉ်မပြည့်မစုံဖြစ်ခြင်း၊ စိတ်ဝိညာဉ်ပြိုကွဲခြင်းများဖြစ်နိုင်သည်။ ထိုဖြစ်စဉ်ပြီးနောက်တွင်တော့ အသိစိတ်များဆုံးရှုံးကာ အလောင်းကောင်းသတ္တဝါများသကဲ့သို့ တစ်ဘဝလုံးနေသွားကြရမည်ဖြစ်သည်။
ဘက်ကင်ဟန်မှာ ချမ်းဘော့ဒ်ဘုရင် ကျောက်တုံးကို စိတ်ဝိညာဉ်စွမ်းအားဖြင့် မ သည်ကိုမြင်သည်နှင့် အလက်ဇန္ဒားမှာ စိတ်ဝိညာဉ်ကျွမ်းကျင်သူဖြစ်ကြောင်း ဝိညာဉ်ရှာဖွေရေးနည်းစနစ်ကို တတ်ကျွမ်းသူဖြစ်ကြောင်း သိလိုက်၏။
ဘက်ကင်ဟန်လည်း ရှော့ရသွားသည်။ သူ့အနေနှင့် စိတ်မပါသော်လည်း သူ့ကိုယ်တွင်းရှိ အနီရောင်အရိုးစုနှင့် မည်ကဲ့သို့ စိတ်ဝိညာဉ်ပဋိညာန်ချုပ်ဆိုဖြစ်ခဲ့ပုံကို အတိကျပြောပြသည်။ ၎င်းက လီယွန်အင်ပါယာနှင့်မသက်ဆိုင်၍ သူနောင်တမရပေ။
ဖေးအားလုံးကို ဂရုတစိုက်နားထောင်သည်။ အလုံးစုံကြားသိပြီးနောက် သူမေးလိုက်၏။ “ ဒီတော့ လီယွန်အင်ပါယာက တပ်တွေနဲ့မထွက်လာခင် မင်းဘယ်တုန်းကမှ်မြင်ဖူးတဲ့ဆရာသခင်နဲ့ဆုံခဲ့တယ် ပြီးတော့သူနဲ့သဘောတူညီမှုရခဲ့ပြီး အဲ့မျိုးစေ့ကိုကိုယ်တွင်းမှာပျိုးထောင်ခဲ့တယ် အရေးကြုံတာနဲ့ အဲ့တာကိုအသက်သွင်းရင် မင်းစွမ်းအားထက်အဆတစ်ရာပိုတဲ့စွမ်းအားကိုရမယ် “
“ ဟုတ်တယ် “ ဘက်ကင်ဟန်က ခေါင်းြငိမ့်သည်။
“ မင်းသူ့ကိုတစ်ခါမှမတွေ့ဖူးပဲ ဘာလို့ယုံလိုက်တာလဲ ဘာလို့သူနဲ့ပဋိညာန်ချုပ်ဆိုခဲ့တာလဲ အဲ့တာက ထောင်ချောက်တစ်ခုဖြစ်လာမယ်လို့မထင်မိဘူးလား “
“ သူက ငါ့ထက်ပိုအစွမ်းထက်တယ် နေအဆင့်အရှင်ဖြစ်နိုင်တယ် ငါသူ့ကိုမခုခံနိုင်ဘူး သူက နောက်ဆက်တွဲဆိုးကျိုးအပါအဝင် အရာအားလုံးကိုရှင်းပြထားပြီးသား ငါကလည်း ငါလိုအပ်တာကိုလည်းသိတယ် ငါဇင်းနစ်ကိုချီကထဲက အဆိုးဆုံးအတွက် ကြိုပြင်ဆင်ထားခြင်တယ်လေ “
“ အဆိုးဆုံးအတွက်လား.......”
End