← Chapters

အပိုင်း (၅၁၄) – ကျောက်များဖြင့် လောင်းကစားခြင်း

Vol. 006 Ch. 514

အပိုင်း (၅၁၄) – ကျောက်များဖြင့် လောင်းကစားခြင်း

Vol. 006 Ch. 514

အားလုံးသည် နားရန် ထွက်သွားကြလေသည်။ ရှင်းမိုပိုင်ဆိုင်သော ခြံဝန်းသည် သူတို့နေနိုင်လောက်  အောင် ကြီးမားသဖြင့် လူအများထပ်ရောက်လာသော်လည်း ကျဉ်းကြပ်မှု မဖြစ် စေပေ။

ရှီမာယူယူသည် ရှီမန်ဖန်အား နေခဲ့ခိုင်းလေသည်။ အားလုံးထွက်သွားသောအခါ သူမသည် သူ့အား မျက်နှာဖုံးချွတ်ခိုင်းလေသည်။

“မဆိုးပါဘူး မင်းမျက်နှာက အနာရွတ်တွေက တဖြည်းဖြည်းပါးသွားတယ် နည်းနည်းပဲရှိတော့တယ် ဒါပေမဲ့ မင်းက နှစ်အများကြီးမျက်နှာဖုံးအုပ်ထားတော့ ပုံမှန်မဟုတ်ပဲ ဖြူဖျော့နေတယ်” ရှီမာယူယူသည် ရှီမန်ဖန် ၏ မျက်နှာကိုကျေနပ်စွာ ကြည့်လေသည် “အချိန်တစ်ခုကြာရင်တော့ လုံးဝပျောက်သွားမှာပါ အဲအချိန်ကျရင် တစ်နေ့လုံးမျက်နှာဖုံးတပ်စရာ မလိုတော့ဘူး”

ရှီမန်ဖန်သည် မျက်နှာဖုံးဝင်ရခြင်း မဝတ်ရခြင်းကို ဂရုမစိုက်ပေ။ အရင်ကဆိုလျှင် သူ၏ အသွင်အပြင် နှင့် အသံပြန်ကောင်းလာမည့် နေ့ရောက်လာမည်ကို မမျှော်လင့်ခဲ့ပေ။ သူသည် တစ်သက်လုံး မျက်နှာဖုံးဝတ် ရမည်ဟု သူ့ကိုယ်သူ သတ်မှတ်ပြီးသားဖြစ်သည်။ ထို့အပြင် ကျုံးကျောင်မျိုးနွယ်နှင့် ရင်ယန်နန်းတော်တို့ သိလျှင် သူ အနည်းငယ် ဒုက္ခဖြစ်နိုင်သည်။

“အစ်မ ဒါအစ်မအတွက်” ရှီမန်ဖန်သည် ဖန်သားကတ်များကိုထုတ်ကာ သူမအားပေး လေသည်။

ရှီမာယူယူသည် ထိုဖန်သားကတ်များကို ယူကာကြည့်ပြီး သူ့ဘက်သို့ အံ့သြစွာ လှည့်လိုက်လေသည်။

“ဒီလောက်ပိုက်ဆံအများကြီးဘယ်ကရတာလဲ”

အလယ်အလတ် ဖန်ကျောက် တစ်သန်း… ထိုသည်မှာ နည်းသော ပမာဏမဟုတ်ပေ။

“ဒီကိစ္စတွေမဖြစ်ခင်ကို အမေက ငါ့ကိုပေးထားတာ” ရှီမန်ဖန် ပြောလေသည်။

“မင်းယူထား ဘာလို့ငါ့ကိုပေးတာလဲ” ရှီမာယူယူသည် ဖန်ကတ်အား သူ့ကို ပြန်ပေးလိုက်သည်။

“ဒါတွေကို လေလံပွဲမှာ သုံးလို့ရအောင်လို့လေ” ရှီမန်ဖန်သည် ပြန်မယူပေ “နင် ဝယ်ချင်တာတွေများ တယ် မလား ခြင်ဆီနဲ့ အကြောသန့်ရှင်းရေးဆေးရောင်းတာက ပိုက်ဆံရနိုင်တယ်လို့ ဂျွန်လန်ပြောပေမယ့် ပိုက်ဆံပိုရှိထားတာကောင်းတာပေါ့၊ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဆေးဖက်ဝင်ပစ္စည်းတွေကို ငါ့အတွက်ဝယ်တာပဲလေ အဲအတွက် ငွေနည်းနည်း တောင် မစိုက်ခိုင်းတော့ဘူးလား”

ရှီမန်ဖန် ခေါင်းမာနေသည်ကို ရှီမာယူယူကြည့်ပြီးနောက် ဖန်ကတ်ကိုယူလိုက်သည်။

“မင်းပြောတာမှန်တယ် ငါတို့ ပိုက်ဆံတော့လိုတယ် ရွန်ယွမ်ဆိုင်ကရမယ့် ပိုက်ဆံကိုမှီခို လို့ မရဘူး” သူမ  ပြောလိုက်သည်။ “ငါတို့ ပိုက်ဆံရှာဖို့ နည်းလမ်းကိုစဉ်းစားမယ်ဆိုရင် ဒါအကောင်းဆုံး နည်းလမ်းပဲ”

လွန်ခဲ့သည့် နှစ်ရက်က ဂျွန်ထန်သည် သူမအားရှာကာ အလယ်အလတ်ကျောက် သုံးသန်းပေးခဲ့သည်။ သူမတွင် ပိုက်ဆံနည်းနေသည်ကို သိသဖြင့် သူမကို ပိုက်ဆံအရင် ပေးနှင့်မည်ဟု ပြောသည်။ လေလံပွဲမှ ပိုက်ဆံ ထပ်ရပါက သူမကို ထပ်ပေးမည်ဖြစ်သည်။ ပိုက်ဆံထိုထပ်နည်းရပါက သူမကို အကြွေးပေးထားမည်ဟု ပြော  လေသည်။

သူမ ပစ္စည်းသည် လေလံပွဲတွင် မည်မျှတန်ကြေးရမည်ကို မသိသေးသောကြောင့် အစပိုင်းတွင် ရှီမာ ယူယူ သဘောမတူပေ။ သို့သော် သူမ ပစ္စည်း၏ တန်ရာတန်ကြေးသည် ထိုမျှပမာဏရှိမည်ဟု ပြောလာသဖြင့် သူမလက်ခံလိုက်သည်။

အခုတော့ ရှီမန်ဖန်၏ ၁သန်းနှင့်ဆိုပါက သူမတွင် အလယ်အလတ်ကျောက် ၆သန်းရှိ နေလေပြီ။ ထိုပမာဏ သည် သူမ မျက်စိကျသော ဈေးအသက်သာဆုံးပစ္စည်း၏ ဆယ်ဆရှိသည်။ ဒီတစ်ခေါက်တွင် ပစ္စည်း များစွာပါဝင်သဖြင့် တခြားသူများနှင့် ပြိုင်စရာပင်မလိုပေ။ သူမလက်ထဲတွင် ပိုက်ဆံများ လုံလောက်စွာရှိထား သည်။ သို့သော် တခြားသူများ လိုအပ်ပါကလည်း သူမ ပြိုင်ပေးမည်ဖြစ်ကာ ထိုအချိန်တွင် ပိုက်ဆံလုံလောက မည်မှာ မသေချာတော့ပေ။

“မလောက်သေးဘူး ငါပိုက်ဆံထပ်ရှာရဦးမယ်” ရှီမာယူယူပြောလိုက်သည် “ငါမဖြစ်နိုင်တော့ဘူးဆို လည်း ရှင်းမိုတို့ဆီက ချေးရတော့မှာပဲ”

သူမသည် တစ်ဖက်လူဆီမှ ချေးငှားရသည်ကို မနှစ်သက်ပေ။ ထိုအကျင့်သည် သူမအရင်ဘဝမှ အခုထိ စွဲလာသော အကျင့်ဖြစ်သည်။ သို့သော် လေလံပွဲစသည်အထိ ပိုက်ဆံမလုံလောက်ပါကလည်း မတတ်နိုင်ပေ။

“မိုဒိဆန်းရှိနေတာပဲမလား သူ့ကို ကျောက်တွေကို လောင်းခိုင်းရင်ရတာပဲ အဲဒါက ပိုက်ဆံရလွဝ်တယ်” ရှီမန်ဖန် ပြောလေသည်။

သူပြောသည်ကို ကြားသည်နှင့် ရှီမာယူယူ သူမနဖူးကိုရိုက်ကာ ပြောလေသည် “ဟုတ်သားပဲ ဘယ်လိုလုပ် မေ့သွားရတာလဲ”

ကျောက်များလောင်းကစားခြင်း…. သူမသည် ထိုအရာနှင့် မစိမ်းပေ။ အရင်ကဆိုလျှင် လူတချို့  လောင်းကစားသည်ကို မြင်ဖူးသည်။ ထိုကစားပွဲသည် လူများသည် ကျောက်တုံး အတွင်းတွင် ကျောက်စိမ်း  ဖြစ်သည် ဝိညာဉ်ကျောက်ဖြစ်သည်ကို လောင်းခြင်းဖြစ်သည်။

သူမ ရှီမန်ယူယူဘဝက လူများ ကျောက်များကို လောင်းကစားလုပ်ကြသည်ကို မြင်ဖူးသည်။ သို့သော် သူမသည် ကြည့်ရှုသူသပ်သပ်သာဖြစ်သည်။ သူမသည် ကြည့်ရုံမျှသာ ကြည့်ခဲ့သည်။ သာမန်ကျောက်တုံးမှ ရှားပါးသောကျောက်များ ရသွားကာ အမြတ်ရလိုက်သည့် လူများကိုလည်း တွေ့ဖူးသည်။

ထိုအချိန်က သူမသည် ပွဲကြည့်သူသာဖြစ်သည်။ အခု သူမ လုပ်တော့မည်ဆိုပါက ကျွမ်းကျင်မှု လိုသည်။

“မိုဒိဆန်းကိုသွားရှာရမလား” သူမ စိတ်လှုပ်ရှားနေသည်ကို ရှီမန်ဖန်တွေ့သောအခါ ပြုံးပြီး မေးလိုက်  လေသည်။

“အင်း” မိုဒိဆန်းသည် ထိုနယ်ပယ်တွင် ကျွမ်းကျင်သဖြင့် ရှီမာယူယူ ခေါ်သွားချင်သည်။ သို့သော် သူမ သည် ချက်ချင်းပင် ရှီမန်ဖန်အား တားလိုက်ကာ “ထားလိုက်တော့ နောက်မကျ အောင် မနက်ဖြန်သွားမှ ြဖ်စမယ် ငါတို့ အဘိုးနဲ့ တခြားသူတွေလည်း အတွေ့အကြုံရအောင် ခေါ်သွားကြမယ်”

“အင်း မိုဒိဆန်းကိုတော့ အရင်သွားပြောလိုက်မယ် သူအချိန်ရှိရင်တော့ လိုက်ခဲ့လိမ့်မယ်”

“သွားလိုက်” ရှီမန်ဖန် မျက်နှာဖုံးဝတ်ကာ ထွက်သွားသည်ကို ရှီမာယူယူမြင်ပြီးသည်နှင့် ထကာ ခန်းမမှ ထွက်သွားလေသည်။ ဘေဂုံထန်၏ အခန်းကို သူမသိသဖြင့် လျှောက်သွားကာ တံခါးခေါက်လိုက်လေသည်။

ဘေဂုံထန်တံခါးဖွင့်လိုက်ရာ ရှီမာယူယူအားတွေ့သည်နှင့် ဝင်ခွင့်ပြုလိုက်လေသည်။

“နင့်မောင်နဲ့ စကားပြောပြီးပြီလား” ဘေဂုံထန်သည် တံခါးပိတ်ပြီး သူမဘေးဝင်ထိုင်ကာ မေးလေ သည်။

“အင်း ငါသူ့ကို အခုပဲ စစ်ဆေးပြီးတာ” ရှီမာယူယူ ပြောလိုက်သည်။

“နင့်အမျိုးကို ဒီလောက်မြန်မြန်ရှာတွေ့မယ်လို့ ထင်မထားဘူး ဂုဏ်ပြုရမယ့် ကိစ္စပဲ” ဘေဂုံထန် ပြော  လေသည်။

“ဟုတ်တယ် ငါတကယ်ပျော်တယ် သူသေသွားပြီလို့ ထင်ခဲ့တာ သူနဲ့ တွေ့ရလိမ့်မယ်လို့ တွေးတောင် မတွေးမိဘူး သူ့ခန္ဓာကိုယ်အခြေအနေက အခက်တွေ့နေတာပဲရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“နင်နည်းလမ်းရှာတွေ့မှာပါ ငါနင့်ကိုယုံတယ်” ဘေဂုံထန်သည် သူမအား နှစ်သိမ့်လေသည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် “ပွင့်ပွင့်လင်းလင်းပြောရရင် ငါ သူ့ပြဿနာကို ဖြေရှင်းပေးဖို့ နည်းလမ်းမရှိသေးဘူး ဒါပေမဲ့ ငါအချိန်တော့ရသေးတယ် ဒီအချိန်တွင်ကို နည်းလမ်းသေချာပေါက် စဉ်းစား ရမယ်”

“နင့်ဆရာနဲ့ တခြားသူတွေကို မေးကြည့်ရင်ရော သူတို့မှာ အကြံတော့ရှိမလားပဲ” ဘေဂုံထန် ပြောလိုက် သည် “ဒီကမ္ဘာမှာ ထူးဆန်းတဲ့လူတွေအများကြီးရှိတာပဲ နည်းလမ်း တော့ရှိမှာပါ”

“ဟုတ်တယ်” ရှီမာယူယူ ပြုံးပြီး ပြောလေသည် “ဟုတ်သားပဲ နင့်အမေက နင့်နဲ့ ဘယ်လိုဖြစ်လို့ မလိုက်ခဲ့ တာလဲ၊ သူမနဲ့ နင့်မောင်ရော ဘယ်လိုနေလဲ ရိချုံနန်းတော်က ဘေဂုံမျိုးနွယ်ကို တိုက်ဖို့ လှုပ်ရှားနေပြီလား”

“ငါ့အမေနဲ့ မောင်လေးနဲ့က အခုတော့ အဆင်ပြေသွားပါပြီ အခုအိမ်မှာနားနေကြတယ်” ဘေဂုံထန် ပြော  လေသည် “ဒါပေမဲ့ ရင်မျိုးနွယ်၊ ဘေဂုံမျိုးနွယ်နဲ့ ရိချုံနန် းတော်က နောက်ပိုင်းပိုတင်းမာလာတယ် သူတို့က ဓားနဲ့  စောင့်နေမယ်လို့ ပြောလို့ အဲဒါရှင်းနေရတာနဲ့ ငါတို့်နောက်ကျနေတာ”

“သူတို့ ရင်မျိုးနွယ်နဲ့ တိုက်ခိုက်မှာတော့မဟုတ်ဘူးမလား”

“အခုထိတော့မဟုတ်သေးဘူး သိမ်းငှက်ဘုရင်က ရင်မျိုးနွယ်မှာ ၂ရက်လောက် နေသွားတာ ရင်မျိုးနွယ် နဲ့ သိမ်းငှက်ဘုရင်ဆက်ဆံရေးကိုကြည့်ပြီးတော့ သူတို့ လက်လွတ်စပယ် မလှုပ်ရှားရဲပါဘူး” ဘေဂုံထန် ပြောလေ သည်။

ထို့နောက်တွင် သူမသည် တချို့ကိစ္စများ ဆက်ပြောပြီးနောက် မနက်ဖြန်သွားမည့်  ကျောက်  လောင်းကစားပွဲအကြောင်းကို တခြားသူများကိုသွားပြောလေသည်။ အားလုံးသည် သွားလိုကြသည်။

အားလုံးသည် အနိမ့်တိုင်းပြည်မှ လာကြသဖြင့် ကျောက်လောင်းကစားဆိုသည့် အဓိပ္ပာယ်ကို မသိကြ ပေ။ သို့သော် ထိုလောင်းစကားသည် မျိုးနွယ်တစ်ခုလုံးကို ကျရှုံးစေခြင်း သို့မဟုတ် အောင်မြင်အောင် လုပ်ပေး နိုင်သည်ဟု ပြောလိုက်သည်နှင့် အားလုံးက စိတ်ဝင်စားကြကာ မနက်ကို လိုက်ရန်ပြင်ဆင်ကြသည်။

ရှီမာယူယူသည် ကျောက်လောင်းကစားပွဲကို မနက်ဖြန်သွားမည်ဟု ကြားသည်နှင့် ရှင်းမိုနှင့် မိုဒိဆန်း တို့ သည်လည်း သူမနှင့်လိုက်ချင်ကြသည်။ ဝူလင်းယူကိုတော့ ပြောစရာပင်မလိုပေ။ သူသည် အလိုလို ပါပြီးသား  ဖြစ်သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် နောက်နေ့မနက်တွင် ထွက်ခွာကြလေသည်။

လမ်းပေါ်တွင် လူများသည် အုပ်စုလိုက်ရှိနေကြကာ ဂိုဏ်းသို့မဟုတ် မျိုးနွယ်တူအဖွဲ့များ ဖြစ်ကြသည်။

လမ်းလျှောက်ပြီးခေတ္တအကြာတွင် ဖက်တီးကျူသည် ထူးခြားသော တံခါးအား ညွှန်ပြကာ ပြောလေ သည် “ကျောက်ပြခန်း ယူယူဒါက တာဝန်ခံပြောလိုက်တဲ့ ကျောက်လောင်း ကစားလုပ်တဲ့နေရာလား”

All Chapters